ဖားကန့်တွင် KIA၊ PDF အဖွဲ့က ပစ်ခတ်သည့် လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲကာ အရပ်သား တစ်ဦးသေဆုံး၍ (၅) ဦးထက် မနည်းဒဏ်ရာရ

478

သန့်ဇင်(NP News)-ဖေဖော်ဝါရီ ၁၅
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအတွင်းသို့ KIA၊ PDF အဖွဲ့က ပစ်ခတ်သည့်လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲကာ အရပ်သားတစ်ဦးသေဆုံး ၍ (၅) ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက NP News ကိုပြောသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဖေဖော်ဝါရီ ၁၄ ရက်) နံနက်ပိုင်းက ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ ရပ်ကွက် (၅)နှင့် ရပ်ကွက် (၂) အတွင်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“လက်နက်ကြီးနဲ့ပစ်တာ။ အရင်တုန်းက လုံးခင်းရဲစခန်းတို့ အေးမြသာယာရဲစခန်းတို့ပေါ့။ မြောက်ကုန်း အထက်ပေါ့။ အဲဒီဘက်ကဝင်ပြီး တော့ ရဲစခန်းဘက်ကို သိမ်းတာ။ ရဲစခန်းဘက်ကိုပစ်တာ။ ရဲစခန်းကိုကမရတော့ မြောက်ကုန်းဘက်ကိုပစ်တာ။ မြောက်ကုန်းရဲ့ဒီဘက်က လုံးခင်းရွာပေါ့။ အဲဒီမှာ လာမှန်တာပေါ့ ”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အသက် (၃၀) ဝန်းကျင်အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသား၊ အမျိုးသမီး (၅) ဦးထက်မနည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“ထိတဲ့လူလည်းထိတယ်။ မနေ့ကတော့ လက်နက်ကြီးကျလို့ တစ်ယောက်ထိတယ်။ အဲဒါ လုံးခင်းရဲစခန်းနားကပေါ့။ ကျန်တာတွေ တော့ဆေးရုံတင်လိုက်ရတယ်”ဟု ၎င်းကဆက်ပြောသည်။
ထို့ပြင် လုံးခင်းကျေးရွာအနီးတွင်လည်း ယမန်နေ့က လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့သည့်အပြင် ယင်းဒေသအနီး တစ်ဝိုက်၌ KIA၊ PDF ပူးပေါင်းအဖွဲ့က ထောင်ထားသည့် မြေမြှုပ်မိုင်းများကြောင့်လည်း ဒေသများစွာ သွားလာရေး အခက်အခဲကြုံ တွေ့နေရကြောင်း သိရသည်။

Zawgyi Version:
ဖားကန႔္တြင္ KIA၊ PDF အဖြဲ႕က ပစ္ခတ္သည့္ လက္နက္ႀကီးက်ည္မ်ားက်ေရာက္ေပါက္ကြဲကာ အရပ္သား တစ္ဦးေသဆုံး၍ (၅) ဦးထက္ မနည္းဒဏ္ရာရ
သန႔္ဇင္(NP News)-ေဖေဖာ္ဝါရီ ၁၅
ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္၊ လုံးခင္းေက်း႐ြာအတြင္းသို႔ KIA၊ PDF အဖြဲ႕က ပစ္ခတ္သည့္လက္နက္ႀကီးက်ည္မ်ား က်ေရာက္ ေပါက္ကြဲကာ အရပ္သားတစ္ဦးေသဆုံး ၍ (၅) ဦးထက္မနည္း ဒဏ္ရာရရွိခဲ့ေၾကာင္း ေဒသခံအမ်ိဳးသားတစ္ဦးက NP News ကိုေျပာသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ေဖေဖာ္ဝါရီ ၁၄ ရက္) နံနက္ပိုင္းက ဖားကန႔္ၿမိဳ႕နယ္၊ လုံးခင္းေက်း႐ြာ၊ ရပ္ကြက္ (၅)ႏွင့္ ရပ္ကြက္ (၂) အတြင္းတြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
“လက္နက္ႀကီးနဲ႔ပစ္တာ။ အရင္တုန္းက လုံးခင္းရဲစခန္းတို႔ ေအးျမသာယာရဲစခန္းတို႔ေပါ့။ ေျမာက္ကုန္း အထက္ေပါ့။ အဲဒီဘက္ကဝင္ၿပီး ေတာ့ ရဲစခန္းဘက္ကို သိမ္းတာ။ ရဲစခန္းဘက္ကိုပစ္တာ။ ရဲစခန္းကိုကမရေတာ့ ေျမာက္ကုန္းဘက္ကိုပစ္တာ။ ေျမာက္ကုန္းရဲ႕ဒီဘက္က လုံးခင္း႐ြာေပါ့။ အဲဒီမွာ လာမွန္တာေပါ့ ”ဟု ေဒသခံအမ်ိဳးသားတစ္ဦးက ေျပာသည္။
အဆိုပါ လက္နက္ႀကီးက်ည္က်ေရာက္ေပါက္ကြဲမႈေၾကာင့္ အသက္ (၃၀) ဝန္းက်င္အမ်ိဳးသားတစ္ဦး ေသဆုံးခဲ့ၿပီး အမ်ိဳးသား၊ အမ်ိဳးသမီး (၅) ဦးထက္မနည္း ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
“ထိတဲ့လူလည္းထိတယ္။ မေန႔ကေတာ့ လက္နက္ႀကီးက်လို႔ တစ္ေယာက္ထိတယ္။ အဲဒါ လုံးခင္းရဲစခန္းနားကေပါ့။ က်န္တာေတြ ေတာ့ေဆး႐ုံတင္လိုက္ရတယ္”ဟု ၎ကဆက္ေျပာသည္။
ထို႔ျပင္ လုံးခင္းေက်း႐ြာအနီးတြင္လည္း ယမန္ေန႔က လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္မႈမ်ားျဖစ္ေပၚခဲ့သည့္အျပင္ ယင္းေဒသအနီး တစ္ဝိုက္၌ KIA၊ PDF ပူးေပါင္းအဖြဲ႕က ေထာင္ထားသည့္ ေျမျမႇဳပ္မိုင္းမ်ားေၾကာင့္လည္း ေဒသမ်ားစြာ သြားလာေရး အခက္အခဲႀကဳံ ေတြ႕ေနရေၾကာင္း သိရသည္။