PDF ကြောင့် ကန့်ဘလူတွင် ဓာတ်ဆီတစ်လီတာ ကျပ် (၂၂၀၀၀) အထိ စျေးတက်နေသော်လည်း ဝယ်မရ

1591

ထိုက်စံ(NP News)- ဖေဖော်ဝါရီ ၁၆
PDF ကြောင့် ကန့်ဘလူမြို့တွင် ဓာတ်ဆီတစ်လီတာ ကျပ် (၂၂၀၀၀) ထိ စျေးမြင့်တက်နေသော်လည်း ဝယ်ရခက်နေသည့် အပြင် အခြေခံ စားသောက်ကုန်များပြတ်လတ်နေကြောင်း ဒေသခံတစ်ဉီးက NP News သို့ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် သို့ ဝင်မည့် ကုန်ကားများအား အကြမ်းဖက်အဖွဲ့မှ ပိတ်ထားသဖြင့် မြို့တွင်းရှိ ဓါတ်ဆီဈေးနှုန်းမှာ အဆမတန်မြင့်မားလာသည့် အပြင် ဆား၊ အချိုမှုန့် အစရှိသည့် အခြေခံစားသောက်ကုန်များ ပြတ်လတ်နေခြင်း ဖြစ်ကြောင်း သိရသည်။
“ဆီက (၂၂၀၀၀)ဖြစ်နေတာ။ (၂၀၀၀)တက်သွားပြန်ပြီ ။ဘာမှစားလို့မရဘူး။ ဆီ၊ ဆား ၊ ငပိ ဒီမှာ ပြတ်နေတယ်”ဟု ၎င်းကပြောသည်။
ထိုသို့ ဆီဈေး မြင့်တက်သောကြောင့် မြို့နေပြည်သူများမှာ သွားရေးလာရေးခက်ခဲနေပြီး လမ်းပေါ် ဆိုင်ကယ်စီးသူပင် နည်းပါးနေသော အခြေအနေဖြစ်ကြောင်း ၎င်းကပြောသည်။
“တစ် မြို့လုံးမှာ ဆိုင်ကယ်တွေ့ရင် တွေ့တဲ့သူသည် ဘာလဲဆို့တော့ နဂိုက စုထားတဲ့ ဟာတွေလောက်ပဲ။ ဆိုင်ကယ်(၁၀)စီး ပဲ။ (၁၀) စီးတောင် ပြည့်ချင်မှပြည့်မှာ ။ တစ်နေကုန်တွေ့တဲ့ ဆိုင်ကယ်ပြောတာ” ဟု ၎င်းက ပြောသည်။
ထို့ပြင်အကြမ်းဖက်အဖွဲ့မှ ဆိုင်ကယ်ဖြင့် ကုန်များသည်လာသည့် မြို့နေပြည်သူများကိုလည်း သယ်ဆောင်လာသည့် ကုန်များအားသိမ်း၍ ရိုက်နှက်မှုများလည်း ရှိကြောင်းသိရသည်။
“မနေ့ကလည်း နည်းနည်း မှောင်ခိုသွင်းတဲ့ ကောင်လေးတွေကိုလည်း လူပဲလွှတ်တာ။ ဖုန်းတွေ သိမ်းတယ်။ ဆိုင်ကယ်တွေ သိမ်းတယ်။ ဆီပုံးတွေ သိမ်းတယ်။ အဲဒီလို သိမ်းပြီး အရိုက်ခံရတယ်။ PDF က ရိုက်လွှတ်လိုက်လို့” ဟု ၎င်းက ဖြစ်စဉ်တစ်ခု ကို ပြောသည်။
လက်ရှိတွင် ကန့်ဘလူသို့ ဝင်မည့် ကုန်ကားများအား PDF အဖွဲ့မှ ပိတ်ထားသည် မှာ (၂)လကျော် ရှိပြီဖြစ် ကြောင်းသိရသည်။

Zawgyi Version:
PDF ေၾကာင့္ ကန႔္ဘလူတြင္ ဓာတ္ဆီတစ္လီတာ က်ပ္ (၂၂၀၀၀) အထိ ေစ်းတက္ေနေသာ္လည္း ဝယ္မရ
ထိုက္စံ(NP News)- ေဖေဖာ္ဝါရီ ၁၆
PDF ေၾကာင့္ ကန႔္ဘလူၿမိဳ႕တြင္ ဓာတ္ဆီတစ္လီတာ က်ပ္ (၂၂၀၀၀) ထိ ေစ်းျမင့္တက္ေနေသာ္လည္း ဝယ္ရခက္ေနသည့္ အျပင္ အေျခခံ စားေသာက္ကုန္မ်ားျပတ္လတ္ေနေၾကာင္း ေဒသခံတစ္ဉီးက NP News သို႔ေျပာသည္။
စစ္ကိုင္းတိုင္းေဒသႀကီး၊ ကန႔္ဘလူၿမိဳ႕နယ္ သို႔ ဝင္မည့္ ကုန္ကားမ်ားအား အၾကမ္းဖက္အဖြဲ႕မွ ပိတ္ထားသျဖင့္ ၿမိဳ႕တြင္းရွိ ဓါတ္ဆီေဈးႏႈန္းမွာ အဆမတန္ျမင့္မားလာသည့္ အျပင္ ဆား၊ အခ်ိဳမႈန႔္ အစရွိသည့္ အေျခခံစားေသာက္ကုန္မ်ား ျပတ္လတ္ေနျခင္း ျဖစ္ေၾကာင္း သိရသည္။
“ဆီက (၂၂၀၀၀)ျဖစ္ေနတာ။ (၂၀၀၀)တက္သြားျပန္ၿပီ ။ဘာမွစားလို႔မရဘူး။ ဆီ၊ ဆား ၊ ငပိ ဒီမွာ ျပတ္ေနတယ္”ဟု ၎ကေျပာသည္။
ထိုသို႔ ဆီေဈး ျမင့္တက္ေသာေၾကာင့္ ၿမိဳ႕ေနျပည္သူမ်ားမွာ သြားေရးလာေရးခက္ခဲေနၿပီး လမ္းေပၚ ဆိုင္ကယ္စီးသူပင္ နည္းပါးေနေသာ အေျခအေနျဖစ္ေၾကာင္း ၎ကေျပာသည္။
“တစ္ ၿမိဳ႕လုံးမွာ ဆိုင္ကယ္ေတြ႕ရင္ ေတြ႕တဲ့သူသည္ ဘာလဲဆို႔ေတာ့ နဂိုက စုထားတဲ့ ဟာေတြေလာက္ပဲ။ ဆိုင္ကယ္(၁၀)စီး ပဲ။ (၁၀) စီးေတာင္ ျပည့္ခ်င္မွျပည့္မွာ ။ တစ္ေနကုန္ေတြ႕တဲ့ ဆိုင္ကယ္ေျပာတာ” ဟု ၎က ေျပာသည္။
ထို႔ျပင္အၾကမ္းဖက္အဖြဲ႕မွ ဆိုင္ကယ္ျဖင့္ ကုန္မ်ားသည္လာသည့္ ၿမိဳ႕ေနျပည္သူမ်ားကိုလည္း သယ္ေဆာင္လာသည့္ ကုန္မ်ားအားသိမ္း၍ ႐ိုက္ႏွက္မႈမ်ားလည္း ရွိေၾကာင္းသိရသည္။
“မေန႔ကလည္း နည္းနည္း ေမွာင္ခိုသြင္းတဲ့ ေကာင္ေလးေတြကိုလည္း လူပဲလႊတ္တာ။ ဖုန္းေတြ သိမ္းတယ္။ ဆိုင္ကယ္ေတြ သိမ္းတယ္။ ဆီပုံးေတြ သိမ္းတယ္။ အဲဒီလို သိမ္းၿပီး အ႐ိုက္ခံရတယ္။ PDF က ႐ိုက္လႊတ္လိုက္လို႔” ဟု ၎က ျဖစ္စဥ္တစ္ခု ကို ေျပာသည္။
လက္ရွိတြင္ ကန္႔ဘလူသို႔ ဝင္မည့္ ကုန္ကားမ်ားအား PDF အဖြဲ႕မွ ပိတ္ထားသည္ မွာ (၂)လေက်ာ္ ရွိၿပီျဖစ္ ေၾကာင္းသိရသည္။