အီရန်ရဲ့သန့်စင်ထားတဲ့ ယူရေနီယမ်အားလုံးကို ဖယ်ရှားပစ်ရမယ်လို့ အစ္စရေးဝန်ကြီးချုပ်ပြော

780
Pika (NP News) - ဖေဖော်ဝါရီ ၁၇
အမေရိကန်နဲ့အီရန်ကြားက ဘယ်လိုသဘောတူညီချက်မှာမဆို အီရန်ကသန့်စင်ထားတဲ့ယူရေနီယမ်အားလုံးနဲ့ အီရန်ရဲ့ယူရေနီယမ်သန့်စင်နိုင်စွမ်းတွေကို ဖယ်ရှားတာတွေ ပါဝင်ရမယ်လို့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အမေရိကန်နဲ့ ဒုတိယအကြိမ်လုပ်ဆောင်မယ့် နျူကလီးယားဆွေးနွေးပွဲအတွက် ဆွစ်ဇာလန်ကို အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ်အာဂရာချီသွားရောက်နေတဲ့အချိန်မှာပဲနေတန်ရာဟုက ယခုလိုမှတ်ချက်ပြုပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒါ့ပြင် အမေရိကန်နဲ့ အီရန်ကြား ဘယ်လိုသဘောတူညီချက်မှာမဆိုအချက်ပေါင်းများစွာပါဝင်ဖို့ လိုအပ်တယ်လို့ လည်း နေတန်ရာဟုက ပြောကြားခဲ့ပါတယ်။ နေတန်ရာဟု က “ပထမတစ်ချက်က အီရန်ရဲ့သန့်စင်ထားတဲ့ ယူရေနီယမ်အားလုံးကို ဖယ်ရှားပစ်ရပါမယ်။ ဒုတိယအချက်က အီရန်ရဲ့ယူရေနီယမ်သန့်စင်နိုင်စွမ်းကိုလည်း ဖယ်ရှားပစ်ရပါမယ်။ ယူရေနီယမ်သန့်စင်နိုင်မယ့် ပစ္စည်းကိရိယာတွေနဲ့အခြေခံအဆောက်အဦးတွေအားလုံးကို ဖယ်ရှားပစ်ရပါမယ်။ တတိယအချက်ကတော့ ပဲ့ထိန်းဒုံးကျည်ပြဿနာကို ဖြေရှင်းဖို့ပဲဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
Zawgyi Version;
အီရန္ရဲ႕သန႔္စင္ထားတဲ့ ယူေရနီယမ္အားလုံးကို ဖယ္ရွားပစ္ရမယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၁၇
အေမရိကန္နဲ႔အီရန္ၾကားက ဘယ္လိုသေဘာတူညီခ်က္မွာမဆို အီရန္ကသန႔္စင္ထားတဲ့ယူေရနီယမ္အားလုံးနဲ႔ အီရန္ရဲ႕ယူေရနီယမ္သန႔္စင္ႏိုင္စြမ္းေတြကို ဖယ္ရွားတာေတြ ပါဝင္ရမယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
အေမရိကန္နဲ႔ ဒုတိယအႀကိမ္လုပ္ေဆာင္မယ့္ န်ဴကလီးယားေဆြးေႏြးပြဲအတြက္ ဆြစ္ဇာလန္ကို အီရန္ႏိုင္ငံျခားေရးဝန္ႀကီး အာဘတ္စ္အာဂရာခ်ီသြားေရာက္ေနတဲ့အခ်ိန္မွာပဲေနတန္ရာဟုက ယခုလိုမွတ္ခ်က္ျပဳေျပာဆိုခဲ့တာျဖစ္ပါတယ္။
ဒါ့ျပင္ အေမရိကန္နဲ႔ အီရန္ၾကား ဘယ္လိုသေဘာတူညီခ်က္မွာမဆိုအခ်က္ေပါင္းမ်ားစြာပါဝင္ဖို႔ လိုအပ္တယ္လို႔ လည္း ေနတန္ရာဟုက ေျပာၾကားခဲ့ပါတယ္။ ေနတန္ရာဟု က “ပထမတစ္ခ်က္က အီရန္ရဲ႕သန႔္စင္ထားတဲ့ ယူေရနီယမ္အားလုံးကို ဖယ္ရွားပစ္ရပါမယ္။ ဒုတိယအခ်က္က အီရန္ရဲ႕ယူေရနီယမ္သန႔္စင္ႏိုင္စြမ္းကိုလည္း ဖယ္ရွားပစ္ရပါမယ္။ ယူေရနီယမ္သန႔္စင္ႏိုင္မယ့္ ပစၥည္းကိရိယာေတြနဲ႔အေျခခံအေဆာက္အဦးေတြအားလုံးကို ဖယ္ရွားပစ္ရပါမယ္။ တတိယအခ်က္ကေတာ့ ပဲ့ထိန္းဒုံးက်ည္ျပႆနာကို ေျဖရွင္းဖို႔ပဲျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါ တယ္။