ပထမဆုံး မြန်မာ-ကိုရီးယား ပူးပေါင်း ရိုက်ကူးထုတ်လုပ်မည့် All Pass ရုပ်သံဇာတ်လမ်းတွဲအတွက် သရုပ်ဆောင်များ၏ အမည်စာရင်း ထုတ်ပြန်

 1879

သန့်မင်းအိမ်(NP News)-ဖေဖော်ဝါရီ ၁၉

ပထမဆုံးအနေဖြင့် မြန်မာ-ကိုရီးယား ပူးပေါင်း ရိုက်ကူးထုတ်လုပ်မည့် All Pass လူငယ်ဒရာမာ ရုပ်သံဇာတ်လမ်းတွဲအတွက် သရုပ်ဆောင် များ၏ အမည်စာရင်း ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အဆိုပါ ဇာတ်လမ်းတွဲအတွက် မြန်မာနိုင်ငံဘက်မှ သရုပ်ဆောင်ရွေးချယ်ခြင်းအား ကိုရီးယားနိုင်ငံ မှ ဒါရိုက်တာအဖွဲ့ဖြင့် ၂၀၂၅ ခုနှစ် အောက်တိုဘာလ၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများအတွင်း လူတွေ့စစ်ဆေးခြင်း (Audition) (၃) ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရုပ်ရှင်ရွှေကြိုအနုပညာရှင်များ ဖြစ်ကြသည့် လင်းလက်ခွန်းချို၊ ပြည့်စုံ၊ စီဆမ်ကျော်ဇော၊ မေ့ချစ်သက်၊ သူရိန်မင်းခန့်၊ ဖြိုးဟန်ကျော်၊ မိုးဖူးဖူးခင်တို့နှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းအနုပညာရှင်များ ဖြစ်ကြသည့် အိန္ဒြာစိုးစံ၊ ကျော်သက်အောင်၊ ရာဇာအောင်နှင့် မြနန္ဒာတို့အား ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကိုရီးယားနိုင်ငံဘက်မှ ရုပ်သံဇာတ်လမ်းတွဲများစွာ ရိုက်ကူးထားရှိသည့် နာမည်ကြီး သရုပ်ဆောင်များ ဖြစ်ကြသော Mo Gun- hoo၊ Park San- ha၊ Cho Chan- Hyung တို့ကို အဓိက သရုပ်ဆောင်များအဖြစ် ရွေးချယ်ထားပြီး Song Jung- hwan၊ Jang Eun- Youn၊ Lee Je- na၊ Cho Won- hyung၊ Yoo Jun –hyuk နှင့် Lee See- yoon တို့ကို လူတွေ့စစ်ဆေးခြင်း (Audition) ပြုလုပ်၍ ရွေးချယ်ခဲ့ကာ ၎င်းတို့မှာ မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီ ၉ ရက်နှင့် ၁၃ ရက်တို့တွင် လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ရုပ်သံဇာတ်လမ်းတွဲကို ထူးချွန်ဆုရရှိထားသူ ဒါရိုက်တာ ရှင်ကီဝန်း ဦးဆောင်၍ လူငယ်များ အတွေးအခေါ်မှန်ကန်ပြီး ဘဝအောင်မြင်ရေးအတွက် အရည်အချင်းများ တိုးတက်လာစေရန်၊ ကန့်သတ်ချက်များအကြားမှ ရုန်းကန်ကြိုးပမ်း ဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ မြန်မာနိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့တွင် အပြန်အလှန်သွားရောက်ရိုက်ကူးမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် လာမည့် မတ်လအပြီး ထုတ်လုပ်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ကိုရီးယားနိုင်ငံ IHQ Channel တို့တွင် ထုတ်လွှင့်ပြ သသွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version

ပထမဆုံး ျမန္မာ-ကိုရီးယား ပူးေပါင္း ႐ိုက္ကူးထုတ္လုပ္မည့္ All Pass ႐ုပ္သံဇာတ္လမ္းတြဲအတြက္ သ႐ုပ္ေဆာင္မ်ား၏ အမည္စာရင္း ထုတ္ျပန္

သန႔္မင္းအိမ္(NP News)-ေဖေဖာ္ဝါရီ ၁၉

ပထမဆုံးအေနျဖင့္ ျမန္မာ-ကိုရီးယား ပူးေပါင္း ႐ိုက္ကူးထုတ္လုပ္မည့္ All Pass လူငယ္ဒရာမာ ႐ုပ္သံဇာတ္လမ္းတြဲအတြက္ သ႐ုပ္ေဆာင္ မ်ား၏ အမည္စာရင္း ထုတ္ျပန္လိုက္ေၾကာင္း သိရသည္။

အဆိုပါ ဇာတ္လမ္းတြဲအတြက္ ျမန္မာႏိုင္ငံဘက္မွ သ႐ုပ္ေဆာင္ေ႐ြးခ်ယ္ျခင္းအား ကိုရီးယားႏိုင္ငံ မွ ဒါ႐ိုက္တာအဖြဲ႕ျဖင့္ ၂၀၂၅ ခုႏွစ္ ေအာက္တိုဘာလ၊ ၂၀၂၆ ခုႏွစ္ ဇန္နဝါရီလႏွင့္ ေဖေဖာ္ဝါရီလမ်ားအတြင္း လူေတြ႕စစ္ေဆးျခင္း (Audition) (၃) ႀကိမ္ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

႐ုပ္ရွင္ေ႐ႊႀကိဳအႏုပညာရွင္မ်ား ျဖစ္ၾကသည့္ လင္းလက္ခြန္းခ်ိဳ၊ ျပည့္စုံ၊ စီဆမ္ေက်ာ္ေဇာ၊ ေမ့ခ်စ္သက္၊ သူရိန္မင္းခန႔္၊ ၿဖိဳးဟန္ေက်ာ္၊ မိုးဖူးဖူးခင္တို႔ႏွင့္ ျမန္မာ့အသံႏွင့္ ႐ုပ္ျမင္သံၾကားမွ ဝန္ထမ္းအႏုပညာရွင္မ်ား ျဖစ္ၾကသည့္ အိျႏၵာစိုးစံ၊ ေက်ာ္သက္ေအာင္၊ ရာဇာေအာင္ႏွင့္ ျမနႏၵာတို႔အား ေ႐ြးခ်ယ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ကိုရီးယားႏိုင္ငံဘက္မွ ႐ုပ္သံဇာတ္လမ္းတြဲမ်ားစြာ ႐ိုက္ကူးထားရွိသည့္ နာမည္ႀကီး သ႐ုပ္ေဆာင္မ်ား ျဖစ္ၾကေသာ Mo Gun- hoo၊ Park San- ha၊ Cho Chan- Hyung တို႔ကို အဓိက သ႐ုပ္ေဆာင္မ်ားအျဖစ္ ေ႐ြးခ်ယ္ထားၿပီး Song Jung- hwan၊ Jang Eun- Youn၊ Lee Je- na၊ Cho Won- hyung၊ Yoo Jun –hyuk ႏွင့္ Lee See- yoon တို႔ကို လူေတြ႕စစ္ေဆးျခင္း (Audition) ျပဳလုပ္၍ ေ႐ြးခ်ယ္ခဲ့ကာ ၎တို႔မွာ ျမန္မာႏိုင္ငံသို႔ ေဖေဖာ္ဝါရီ ၉ ရက္ႏွင့္ ၁၃ ရက္တို႔တြင္ ေလေၾကာင္းခရီးျဖင့္ ေရာက္ရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါ ႐ုပ္သံဇာတ္လမ္းတြဲကို ထူးခြၽန္ဆုရရွိထားသူ ဒါ႐ိုက္တာ ရွင္ကီဝန္း ဦးေဆာင္၍ လူငယ္မ်ား အေတြးအေခၚမွန္ကန္ၿပီး ဘဝေအာင္ျမင္ေရးအတြက္ အရည္အခ်င္းမ်ား တိုးတက္လာေစရန္၊ ကန႔္သတ္ခ်က္မ်ားအၾကားမွ ႐ုန္းကန္ႀကိဳးပမ္း ေဆာင္႐ြက္တတ္ေစရန္ရည္႐ြယ္၍ ျမန္မာႏိုင္ငံႏွင့္ ကိုရီးယားႏိုင္ငံတို႔တြင္ အျပန္အလွန္သြားေရာက္႐ိုက္ကူးမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ေနာက္ လာမည့္ မတ္လအၿပီး ထုတ္လုပ္၍ ျမန္မာ့အသံႏွင့္ ႐ုပ္ျမင္သံၾကားႏွင့္ ကိုရီးယားႏိုင္ငံ IHQ Channel တို႔တြင္ ထုတ္လႊင့္ျပ သသြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.