အခြေခံလူတန်းစားအချို့ တရုတ်နှစ်သစ်ကူးပွဲတော်ကို အကျဉ်းချုံးကျင်းပ

317

ပြည့်ဖြိုး (NP News)-ဖေဖော်ဝါရီ ၂၂
Photo: Forbes.com
ယခုနှစ်တွင်ကျရောက်သော တရုတ်နှစ် သစ်ကူးပွဲတော်အတွင်း အခြေခံလူတန်းစားများမှာ စီးပွားရေးအခြေ အနေကြောင့် မိသားစုအတွင်းမှာသာ နှစ်သစ်ကူးပွဲကို အကျဉ်းချုံးကျင်းပခဲ့ကြောင်းသိရ သည်။
ဖေဖော်ဝါရီ(၁၆)ရက်နှင့်(၁၇)ရက်တို့တွင် တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်အတွင်း တရုတ်နွယ်ဖွား မြန်မာ နိုင်ငံသားများအနေဖြင့် ဘိုးဘွားများ အားကန်တော့ခြင်း၊ တရုတ်ဘုရားကျောင်းများတွင် သွားရောက် ပူဇော်ပသခြင်း များကိုပြုလုပ်ပြီး အိမ်များ တွင် စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကျွေးမွေးခြင်း များ ပြုလုပ်ကြခြင်းဖြစ်သည်။
ယခုနှစ်တွင် အခြေခံလူတန်းစားများအနေဖြင့် နေအိမ်များတွင် ဧည့်ခံကျွေးမွေးခြင်းဆောင် ရွက်ရာတွင် မိတ်ဆွေအပေါင်းအသင်းများအား ဖိတ်ကြားနိုင်ခြင်းမရှိဘဲ မိသားစုအတွင်း၌သာ အကျဉ်းချုံးကျင်းပခဲ့ကြကြောင်း သိရ သည်။
“နှစ်ကူးပွဲကို အိမ်မှာ အလှူကြီးကြီးမား မားမလုပ်နိုင်တာ မနှစ်ကတည်းကပဲ၊ ဒီနှစ်မှာလည်း ကုန်ဈေးနှုန်း တွေက ဆက်တိုက်တက်နေတာ။ ဝင်ငွေ ကလည်း မကောင်းဘူး ၊ ဆိုင်ကလည်းအရောင်းအဝယ် မဖြစ်တော့ ငွေအပိုများ များမရှိဘူးလေ၊ မိသားစုထဲမှာပဲ စုပေါင်းကန်တော့ပြီး အစားအသောက်နည်းနည်း နဲ့ နှစ်ကူးလိုက်တာ၊ မိတ်ဆွေတွေကို တောင်မဖိတ်နိုင်တော့ အားနာစရာကောင်းတာပေါ့”ဟု တောင်ဥက္က လာပမြို့နယ်မှ တရုတ်နွယ်ဖွားတစ်ဦးကပြောသည်။
တရုတ်နှစ်ကူးပွဲတော်အတွင်း ရန်ကုန်မြို့ရှိ တရုတ်တန်းနှင့်လသာမြို့နယ်တစ်ဝိုက်တွင် ပျော်ပွဲရွှင်ပွဲများနှင့် အလှူအတန်းများရှိသော်လည်း ကျန်မြို့ နယ်များတွင် နှစ်သစ်ကူးပွဲတော်အခမ်းအနား ကျင်းပမှုမရှိကြောင်း ရန်ကုန်မြို့ခံ များထံမှသိရသည်။
“ကျွန်တော်တို့ အခြေခံလူတန်းစားတွေနေတဲ့ တောင်ဒဂုံမြို့နယ်မှာဆိုရင် တရုတ်ဘုရား ကျောင်းမှာတောင် နှစ်ကူးပွဲမလုပ်နိုင်ဘူး၊ အရင်က နှစ်တိုင်း တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေဦးဆောင်ပြီး အလှူငွေထည့်ကြတာ၊ ဒီနှစ်တွေမှာ စီးပွားရေးမ ကောင်းတော့ ဘယ်လုပ်ငန်းရှင်မှ ဘုရားကျောင်းကို မလာဘူး”ဟု တောင်ဒဂုံမြို့နယ်ရှိ တရုတ် ဘုရား ကျောင်းဂေါပကတစ်ဦးကပြောသည်။
နှစ်သစ်ကူးပွဲတော်ပြုလုပ်ရန် အဓိကလိုအပ်သော အစားအသောက်များဖြစ်သည့် ခေါက်ဆွဲကြော်၊ ဖက် ထုပ်ကြော်၊ ကြက်သား၊ ဝက်သားနှင့် ငါးဈေးနှုန်းများမှာ ယခင်နှစ်များထက် နှစ်ဆခန့်မြင့်တက်နေရာ အလှူအတန်း ကြီးကြီးမားမားပြုလုပ်ရန် အခက်အခဲ ရှိကြောင်း ၎င်းကဆက်ပြောသည်။
“ကျွန်တော်တို့လို ရွှေလုပ်ငန်းရှင်တွေတောင် အရင်နှစ်တွေတုန်းကလို နှစ်ကူးပွဲကြီးကြီးမားမား မလုပ်နိုင် တော့ဘူး၊ အိမ်မှာ ဆွေမျိုးတွေနဲ့ ဆိုင်ကအလုပ်သမားတွေလောက်ပဲဖိတ်ပြီး နှစ်ကူးလိုက်ရတာ။ စီးပွားရေးမကောင်း တော့ အရင်လိုမလုပ်နိုင်တော့ဘူး”ဟု လသာမြို့နယ်မှ ရွှေဆိုင်ပိုင်ရှင်တစ်ဦးကဆိုသည်။
မြန်မာနိုင်ငံသည် ယခုနှစ်များအတွင်း စီးပွားရေးတိုးတက်မှုနှေးကွေးနေသည့်အပြင် ငွေကြေး ဖောင်းပွမှုမြင့် မားပြီး အထွေထွေကုန်ဈေးနှုန်းများမြင့် တက်နေရာ အခြေခံလူတန်းစားအပါအဝင် စီးပွားရေးလုပ်ငန်းရှင်များပါ အလှူအတန်း ကြီးကြီးမားမားပြု လုပ်ရန် အခက်အခဲများကြုံတွေ့နေရကြောင်းသိရ သည်။

Zawgyi Version:
အေျခခံလူတန္းစားအခ်ိဳ႕ တ႐ုတ္ႏွစ္သစ္ကူးပြဲေတာ္ကို အက်ဥ္းခ်ဳံးက်င္းပ
ျပည့္ၿဖိဳး (NP News)-ေဖေဖာ္ဝါရီ ၂၂
Photo: Forbes.com
ယခုႏွစ္တြင္က်ေရာက္ေသာ တ႐ုတ္ႏွစ္ သစ္ကူးပြဲေတာ္အတြင္း အေျခခံလူတန္းစားမ်ားမွာ စီးပြားေရးအေျခ အေနေၾကာင့္ မိသားစုအတြင္းမွာသာ ႏွစ္သစ္ကူးပြဲကို အက်ဥ္းခ်ဳံးက်င္းပခဲ့ေၾကာင္းသိရ သည္။
ေဖေဖာ္ဝါရီ(၁၆)ရက္ႏွင့္(၁၇)ရက္တို႔တြင္ တ႐ုတ္႐ိုးရာႏွစ္သစ္ကူးပြဲေတာ္အတြင္း တ႐ုတ္ႏြယ္ဖြား ျမန္မာ ႏိုင္ငံသားမ်ားအေနျဖင့္ ဘိုးဘြားမ်ား အားကန္ေတာ့ျခင္း၊ တ႐ုတ္ဘုရားေက်ာင္းမ်ားတြင္ သြားေရာက္ ပူေဇာ္ပသျခင္း မ်ားကိုျပဳလုပ္ၿပီး အိမ္မ်ား တြင္ စားေသာက္ဖြယ္ရာမ်ားျဖင့္ ဧည့္ခံေကြၽးေမြးျခင္း မ်ား ျပဳလုပ္ၾကျခင္းျဖစ္သည္။
ယခုႏွစ္တြင္ အေျခခံလူတန္းစားမ်ားအေနျဖင့္ ေနအိမ္မ်ားတြင္ ဧည့္ခံေကြၽးေမြးျခင္းေဆာင္ ႐ြက္ရာတြင္ မိတ္ေဆြအေပါင္းအသင္းမ်ားအား ဖိတ္ၾကားႏိုင္ျခင္းမရွိဘဲ မိသားစုအတြင္း၌သာ အက်ဥ္းခ်ဳံးက်င္းပခဲ့ၾကေၾကာင္း သိရ သည္။
“ႏွစ္ကူးပြဲကို အိမ္မွာ အလႉႀကီးႀကီးမား မားမလုပ္ႏိုင္တာ မႏွစ္ကတည္းကပဲ၊ ဒီႏွစ္မွာလည္း ကုန္ေဈးႏႈန္း ေတြက ဆက္တိုက္တက္ေနတာ။ ဝင္ေငြ ကလည္း မေကာင္းဘူး ၊ ဆိုင္ကလည္းအေရာင္းအဝယ္ မျဖစ္ေတာ့ ေငြအပိုမ်ား မ်ားမရွိဘူးေလ၊ မိသားစုထဲမွာပဲ စုေပါင္းကန္ေတာ့ၿပီး အစားအေသာက္နည္းနည္း နဲ႔ ႏွစ္ကူးလိုက္တာ၊ မိတ္ေဆြေတြကို ေတာင္မဖိတ္ႏိုင္ေတာ့ အားနာစရာေကာင္းတာေပါ့”ဟု ေတာင္ဥကၠ လာပၿမိဳ႕နယ္မွ တ႐ုတ္ႏြယ္ဖြားတစ္ဦးကေျပာသည္။
တ႐ုတ္ႏွစ္ကူးပြဲေတာ္အတြင္း ရန္ကုန္ၿမိဳ႕ရွိ တ႐ုတ္တန္းႏွင့္လသာၿမိဳ႕နယ္တစ္ဝိုက္တြင္ ေပ်ာ္ပြဲ႐ႊင္ပြဲမ်ားႏွင့္ အလႉအတန္းမ်ားရွိေသာ္လည္း က်န္ၿမိဳ႕ နယ္မ်ားတြင္ ႏွစ္သစ္ကူးပြဲေတာ္အခမ္းအနား က်င္းပမႈမရွိေၾကာင္း ရန္ကုန္ၿမိဳ႕ခံ မ်ားထံမွသိရသည္။
“ကြၽန္ေတာ္တို႔ အေျခခံလူတန္းစားေတြေနတဲ့ ေတာင္ဒဂုံၿမိဳ႕နယ္မွာဆိုရင္ တ႐ုတ္ဘုရား ေက်ာင္းမွာေတာင္ ႏွစ္ကူးပြဲမလုပ္ႏိုင္ဘူး၊ အရင္က ႏွစ္တိုင္း တ႐ုတ္စီးပြားေရးလုပ္ငန္းရွင္ေတြဦးေဆာင္ၿပီး အလႉေငြထည့္ၾကတာ၊ ဒီႏွစ္ေတြမွာ စီးပြားေရးမ ေကာင္းေတာ့ ဘယ္လုပ္ငန္းရွင္မွ ဘုရားေက်ာင္းကို မလာဘူး”ဟု ေတာင္ဒဂုံၿမိဳ႕နယ္ရွိ တ႐ုတ္ ဘုရား ေက်ာင္းေဂါပကတစ္ဦးကေျပာသည္။
ႏွစ္သစ္ကူးပြဲေတာ္ျပဳလုပ္ရန္ အဓိကလိုအပ္ေသာ အစားအေသာက္မ်ားျဖစ္သည့္ ေခါက္ဆြဲေၾကာ္၊ ဖက္ ထုပ္ေၾကာ္၊ ၾကက္သား၊ ဝက္သားႏွင့္ ငါးေဈးႏႈန္းမ်ားမွာ ယခင္ႏွစ္မ်ားထက္ ႏွစ္ဆခန႔္ျမင့္တက္ေနရာ အလႉအတန္း ႀကီးႀကီးမားမားျပဳလုပ္ရန္ အခက္အခဲ ရွိေၾကာင္း ၎ကဆက္ေျပာသည္။
“ကြၽန္ေတာ္တို႔လို ေ႐ႊလုပ္ငန္းရွင္ေတြေတာင္ အရင္ႏွစ္ေတြတုန္းကလို ႏွစ္ကူးပြဲႀကီးႀကီးမားမား မလုပ္ႏိုင္ ေတာ့ဘူး၊ အိမ္မွာ ေဆြမ်ိဳးေတြနဲ႔ ဆိုင္ကအလုပ္သမားေတြေလာက္ပဲဖိတ္ၿပီး ႏွစ္ကူးလိုက္ရတာ။ စီးပြားေရးမေကာင္း ေတာ့ အရင္လိုမလုပ္ႏိုင္ေတာ့ဘူး”ဟု လသာၿမိဳ႕နယ္မွ ေ႐ႊဆိုင္ပိုင္ရွင္တစ္ဦးကဆိုသည္။
ျမန္မာႏိုင္ငံသည္ ယခုႏွစ္မ်ားအတြင္း စီးပြားေရးတိုးတက္မႈေႏွးေကြးေနသည့္အျပင္ ေငြေၾကး ေဖာင္းပြမႈျမင့္ မားၿပီး အေထြေထြကုန္ေဈးႏႈန္းမ်ားျမင့္ တက္ေနရာ အေျခခံလူတန္းစားအပါအဝင္ စီးပြားေရးလုပ္ငန္းရွင္မ်ားပါ အလႉအတန္း ႀကီးႀကီးမားမားျပဳ လုပ္ရန္ အခက္အခဲမ်ားႀကဳံေတြ႕ေနရေၾကာင္းသိရ သည္။