မြန်မာ - ထိုင်းနယ်စပ် ထီးခီးသို့ အွန်လိုင်းငွေလိမ်လုပ်ငန်းများပြောင်းရွေ့နေ

3790

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၂၄
မြန်မာ-ထိုင်းနယ်စပ် တနင်္သာရီတိုင်းဒေသကြီး ထီးခီးမြို့သို့ ကရင်ပြည်နယ်မှ အွန်လိုင်းငွေ လိမ်လုပ်ငန်းများ ပြောင်းရွှေ့လာနေပြီဖြစ်ကြောင်း သိရှိသူတစ်ဦးက NP News သို့ပြောသည်။
လက်ရှိတွင် ထီးခီးနယ်စပ်ဝန်းကျင်၌ အွန်လိုင်းငွေလိမ်လုပ်ငန်းများလုပ်ကိုင်ရန် မြေညှိခြင်းနှင့် အဆောက်အအုံအသစ်များ အပြိုင်အဆိုင် ဆောက်လုပ်နေကြကြောင်းသိရကာ အချို့အွန်လိုင်းလိမ် လည်လုပ်ငန်းများမှာ BGF မှ KNA အဖြစ်ပြောင်းလဲသွားသူတို့၏နယ်မြေများတွင် ပြန်လည်အစပြုနေ သည်ဟုသိရပြီး အချို့မှာ စောအေဝမ်းကဲ့သို့ DKBA အချို့၏ စောင့်ရှောက်မှုအောက်တွင်ရှိနေကြောင်း သိရသည်။ “အမှန်ကတော့ တရုတ်တွေအကုန်လုံးက ဘုရားသုံးဆူမှာထားထားတာရှိတယ်။ အလုပ် မလုပ်ဘဲနဲ့။ ဘုရားသုံးဆူမှာလည်း ဆိုက်အသစ်တွေစနေပြီ။ ထီးခီးဝန်းကျင်မှာလည်း မြေညှိလုပ်ငန်း တွေနဲ့ အဆောက်အအုံအသစ်တွေဆောက်နေတာရှိတယ်။ အဲဒါက KNU ရဲ့ KK Park ကနေပြောင်းတဲ့ အဖွဲ့တွေပေါ့”ဟု အထက်ပါသတင်းရင်းမြစ်ကပြောသည်။
အဆိုပါပြောင်းရွှေ့မှုများအတွက် အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်သူခေါင်းဆောင်များဘက်မှ သယ်ယူစရိတ်နှင့် နေရာချထားရေးအတွက် ထိုင်းဘတ်ငွေ သိန်း(၃၀)မှ သိန်း(၄၀)သိန်းဝန်းကျင်အထိ အကုန်အကျခံနေရကြောင်းလည်း ၎င်းကဆိုသည်။
“အဲဒီမှာ အွန်လိုင်းငွေလိမ်သူဌေးနဲ့ သယ်ယူစရိတ်က ဘတ်ငွေ သိန်း(၃၀)၊ သိန်း(၄၀)လောက် ရှိ တယ်။ အခုထီးခီးမှာ အွန်လိုင်းငွေလိမ်လုပ်ငန်းပြန်စမယ်ဆိုတာက KNU ရဲ့ လေးကေ့ကော်ခြံဝင်းက လူ တွေကိုဖြိုလိုက်လို့ KNU ကလူတွေကပို့တာ။ ထီးခီးမှာသွားဆောက်တယ်ဆိုတာကလည်း လေးကေ့ ကော်မှာဖြိုခံရတဲ့အွန်လိုင်းငွေလိမ်လုပ်ငန်းရုံတွေကို ထီးခီးနဲ့ ဘုရားသုံးဆူမှာ အေဝမ်းတို့ပေါင်းပြီး လုပ် တာ”ဟု ၎င်းကပြောသည်။ ထို့ကြောင့် အွန်လိုင်းငွေလိမ်လုပ်ငန်းများသည် ထီးခီးနှင့် မေတ္တာမြို့ဝန်း ကျင်ရှိ တောင်တန်းဒေသများတွင် ပိုမိုကျယ်ပြန့်လာနိုင်ကြောင်းလည်း ၎င်းကသုံးသပ်ထားသည်။
“အဲဒီတော့ အဲဒီလုပ်ငန်းတွေက ထီးခီးနဲ့ မေတ္တာနဲ့မှာ ကျယ်ပြန့်လာနိုင်တယ်။ ဘာလို့ဆိုရင် တပ် ကအဲဒီနေရာကိုဝင်ဖို့မလွယ်ဘူး။ မေတ္တာက ထီးခီးအောက်နားလေးမှာပဲ။ ထားဝယ်နဲ့တောင်သိပ် မဝေး ဘူး။ မြို့ဆိုပေမယ့် မြို့နယ်ခွဲလောက်ရှိမယ်။ အဲဒီနားလေးကတောင်တွေကို KNU က စိုးမိုးထားတာကိုး။ အဲဒီမှာ အွန်လိုင်းငွေလိမ်လုပ်ငန်းစင်တာတွေထပ်ဆောက်လိမ့်မယ်။ နိုင်ငံရေးအလှည့်အပြောင်းမှာ နယ်စပ်ပေါက်တွေမှာ အဲဒါတွေ သေချာပေါက်လုပ်မှာ။ ထိုင်းနိုင်ငံကလည်းမတားနိုင်ဘူး” ဟု ၎င်းက ပြောသည်။ လက်ရှိတွင် DKBA မှ ဗိုလ်အေ ဝမ်းထိန်းချုပ်ထားသည့်သဘောရှိသော ဘုရားသုံးဆူမြို့တွင် လည်း အွန်လိုင်းငွေလိမ်လုပ်ငန်းများ ဆက်လက်လည်ပတ်နေကြောင်းသိရသည်။

Zawgyi Version;
ျမန္မာ - ထိုင္းနယ္စပ္ ထီးခီးသို႔ အြန္လိုင္းေငြလိမ္လုပ္ငန္းမ်ားေျပာင္းေ႐ြ႕ေန
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၂၄
ျမန္မာ-ထိုင္းနယ္စပ္ တနသၤာရီတိုင္းေဒသႀကီး ထီးခီးၿမိဳ႕သို႔ ကရင္ျပည္နယ္မွ အြန္လိုင္းေငြ လိမ္လုပ္ငန္းမ်ား ေျပာင္းေ႐ႊ႕လာေနၿပီျဖစ္ေၾကာင္း သိရွိသူတစ္ဦးက NP News သို႔ေျပာသည္။
လက္ရွိတြင္ ထီးခီးနယ္စပ္ဝန္းက်င္၌ အြန္လိုင္းေငြလိမ္လုပ္ငန္းမ်ားလုပ္ကိုင္ရန္ ေျမညႇိျခင္းႏွင့္ အေဆာက္အအုံအသစ္မ်ား အၿပိဳင္အဆိုင္ ေဆာက္လုပ္ေနၾကေၾကာင္းသိရကာ အခ်ိဳ႕အြန္လိုင္းလိမ္ လည္လုပ္ငန္းမ်ားမွာ BGF မွ KNA အျဖစ္ေျပာင္းလဲသြားသူတို႔၏နယ္ေျမမ်ားတြင္ ျပန္လည္အစျပဳေန သည္ဟုသိရၿပီး အခ်ိဳ႕မွာ ေစာေအဝမ္းကဲ့သို႔ DKBA အခ်ိဳ႕၏ ေစာင့္ေရွာက္မႈေအာက္တြင္ရွိေနေၾကာင္း သိရသည္။ “အမွန္ကေတာ့ တ႐ုတ္ေတြအကုန္လုံးက ဘုရားသုံးဆူမွာထားထားတာရွိတယ္။ အလုပ္ မလုပ္ဘဲနဲ႔။ ဘုရားသုံးဆူမွာလည္း ဆိုက္အသစ္ေတြစေနၿပီ။ ထီးခီးဝန္းက်င္မွာလည္း ေျမညႇိလုပ္ငန္း ေတြနဲ႔ အေဆာက္အအုံအသစ္ေတြေဆာက္ေနတာရွိတယ္။ အဲဒါက KNU ရဲ႕ KK Park ကေနေျပာင္းတဲ့ အဖြဲ႕ေတြေပါ့”ဟု အထက္ပါသတင္းရင္းျမစ္ကေျပာသည္။
အဆိုပါေျပာင္းေ႐ႊ႕မႈမ်ားအတြက္ အြန္လိုင္းေငြလိမ္လုပ္ငန္းလုပ္ကိုင္သူေခါင္းေဆာင္မ်ားဘက္မွ သယ္ယူစရိတ္ႏွင့္ ေနရာခ်ထားေရးအတြက္ ထိုင္းဘတ္ေငြ သိန္း(၃၀)မွ သိန္း(၄၀)သိန္းဝန္းက်င္အထိ အကုန္အက်ခံေနရေၾကာင္းလည္း ၎ကဆိုသည္။
“အဲဒီမွာ အြန္လိုင္းေငြလိမ္သူေဌးနဲ႔ သယ္ယူစရိတ္က ဘတ္ေငြ သိန္း(၃၀)၊ သိန္း(၄၀)ေလာက္ ရွိ တယ္။ အခုထီးခီးမွာ အြန္လိုင္းေငြလိမ္လုပ္ငန္းျပန္စမယ္ဆိုတာက KNU ရဲ႕ ေလးေက့ေကာ္ၿခံဝင္းက လူ ေတြကိုၿဖိဳလိုက္လို႔ KNU ကလူေတြကပို႔တာ။ ထီးခီးမွာသြားေဆာက္တယ္ဆိုတာကလည္း ေလးေက့ ေကာ္မွာၿဖိဳခံရတဲ့အြန္လိုင္းေငြလိမ္လုပ္ငန္း႐ုံေတြကို ထီးခီးနဲ႔ ဘုရားသုံးဆူမွာ ေအဝမ္းတို႔ေပါင္းၿပီး လုပ္ တာ”ဟု ၎ကေျပာသည္။ ထို႔ေၾကာင့္ အြန္လိုင္းေငြလိမ္လုပ္ငန္းမ်ားသည္ ထီးခီးႏွင့္ ေမတၱာၿမိဳ႕ဝန္း က်င္ရွိ ေတာင္တန္းေဒသမ်ားတြင္ ပိုမိုက်ယ္ျပန႔္လာႏိုင္ေၾကာင္းလည္း ၎ကသုံးသပ္ထားသည္။
“အဲဒီေတာ့ အဲဒီလုပ္ငန္းေတြက ထီးခီးနဲ႔ ေမတၱာနဲ႔မွာ က်ယ္ျပန႔္လာႏိုင္တယ္။ ဘာလို႔ဆိုရင္ တပ္ ကအဲဒီေနရာကိုဝင္ဖို႔မလြယ္ဘူး။ ေမတၱာက ထီးခီးေအာက္နားေလးမွာပဲ။ ထားဝယ္နဲ႔ေတာင္သိပ္ မေဝး ဘူး။ ၿမိဳ႕ဆိုေပမယ့္ ၿမိဳ႕နယ္ခြဲေလာက္ရွိမယ္။ အဲဒီနားေလးကေတာင္ေတြကို KNU က စိုးမိုးထားတာကိုး။ အဲဒီမွာ အြန္လိုင္းေငြလိမ္လုပ္ငန္းစင္တာေတြထပ္ေဆာက္လိမ့္မယ္။ ႏိုင္ငံေရးအလွည့္အေျပာင္းမွာ နယ္စပ္ေပါက္ေတြမွာ အဲဒါေတြ ေသခ်ာေပါက္လုပ္မွာ။ ထိုင္းႏိုင္ငံကလည္းမတားႏိုင္ဘူး” ဟု ၎က ေျပာသည္။ လက္ရွိတြင္ DKBA မွ ဗိုလ္ေအ ဝမ္းထိန္းခ်ဳပ္ထားသည့္သေဘာရွိေသာ ဘုရားသုံးဆူၿမိဳ႕တြင္ လည္း အြန္လိုင္းေငြလိမ္လုပ္ငန္းမ်ား ဆက္လက္လည္ပတ္ေနေၾကာင္းသိရသည္။