အီရန်အစိုးရ ပြုတ်ကျသည်အထိ တိုက်ခိုက်သွားမည်ဟု ထရမ့် ကြေညာ

 686

ALynn (NP News)- ဖေဖော်ဝါရီ ၂၈

သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံအပေါ် အကြီးအကျယ်စစ်ဆင်ရေးစတင်ကြောင်း စနေနေ့မှာ ကြေညာခဲ့ပြီးနောက် အီရန်ရဲ့စစ်တပ်ကို ချေမှုန်းဖို့၊ နျူကလီးယားအစီအစဉ်ကို အမြစ်ဖြတ်ဖို့နဲ့ အစိုးရအပြောင်းအလဲဖြစ်အောင် လုပ်ဆောင်သွားမယ်လို့လည်း ကတိပြုပြောကြားခဲ့ပါတယ်။
အီရန်နိုင်ငံ မြို့တော်တီဟီရန်မှာ ပြင်းထန်တဲ့ ပေါက်ကွဲသံတွေ ဟိန်းထွက်သွားခဲ့ပြီး သမ္မတနန်းတော်နဲ့ အမျိုးသားလုံခြုံရေးကောင်စီရုံးတွေ တည်ရှိရာ ရပ်ကွက်အတွင်းက မီးခိုးတွေ တက်လာတာကို တွေ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။
အစ္စရေးနဲ့ ပူးပေါင်းလုပ်ဆောင်တဲ့ အဆိုပါတိုက်ခိုက်မှုကြောင့် ဖြစ်လာနိုင်တဲ့ လက်တုံ့ပြန်မှုတွေရဲ့ အတိုင်းအတာအပေါ် ဒေသတွင်းမှာ စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပါတယ်။
အီရန်က အစ္စရေးနိုင်ငံဘက်ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ရာမှာ အစ္စရေးရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်က ကြားဖြတ်ဟန့်တားနိုင်ခဲ့တာကြောင့် ကောင်းကင်ယံမှာ ပေါက်ကွဲသံကြီးတွေ ကြားခဲ့ရပါတယ်။
အမေရိကန်စစ်အခြေစိုက်စခန်းတွေရှိရာ ဘာရိန်းနိုင်ငံမှာ လေကြောင်းရန်သတိပေး ဥဩသံတွေ မြည်ဟီးခဲ့သလို ဂျော်ဒန်၊ ကာတာနဲ့ ယူအေအီးနိုင်ငံတွေမှာရှိတဲ့ အမေရိကန်သံရုံးတွေကလည်း ဝန်ထမ်းတွေအားလုံးကို ဘေးကင်းရာမှာ ခိုလှုံနေထိုင်ကြဖို့ ညွှန်ကြားခဲ့ပြီး အဆိုပါနိုင်ငံတွေရှိ အမေရိကန်နိုင်ငံသားတွေကိုလည်း ထိုနည်းတူ လုပ်ဆောင်ဖို့ အကြံပြုထားပါတယ်။
အမေရိကန်ဦးဆောင်တဲ့ ယခုစစ်ဆင်ရေးရဲ့ အတိုင်းအတာဟာ ပြီးခဲ့တဲ့နှစ်က ထရမ့်ကြီးကြပ်ခဲ့တဲ့ အီရန်နျူကလီးယားအစီအစဉ်အပေါ် တိုက်ခိုက်မှုထက် ပိုကြီးပါတယ်။
ယခုတစ်ကြိမ်မှာတော့ ထရမ့်က အီရန်ရဲ့ ဒုံးကျည်စက်မှုလုပ်ငန်းကို မြေလှန်ပစ်မယ်၊ ရေတပ်ကို ဖျက်ဆီးပစ်မယ်လို့ ကတိပြုထားပြီး စစ်ပွဲကို ရှောင်လွှဲနိုင်မယ့် သဘောတူညီချက်တစ်ခုရဖို့ အီရန်ဘက်က ငြင်းဆန်ခဲ့တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့ပြင် အမေရိကန်ရဲ့ စစ်ရေးတိုက်ခိုက်မှုတွေ ပြီးဆုံးသွားတဲ့အခါ လက်ရှိအစိုးရကို ဖြုတ်ချကြဖို့ အီရန်ပြည်သူတွေကို သူက တိုက်တွန်းခဲ့ပါတယ်။ "ဒါဟာ ခင်ဗျားတို့ ရယူပိုင်ဆိုင်ရမယ့် အခွင့်အရေးပဲ။ မျိုးဆက်ပေါင်းများစွာအတွင်း ဒါဟာ ခင်ဗျားတို့အတွက် တစ်ခုတည်းသော အခွင့်အရေး ဖြစ်လာနိုင်ပါတယ်" လို့ သူက ပြောကြားခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းတလွှားမှာရှိတဲ့ စစ်အခြေစိုက်စခန်းတွေနဲ့ လေယာဉ်တင်သင်္ဘောတွေက တိုက်လေယာဉ်တွေဟာ အီရန်အပေါ် ဒါဇင်နဲ့ချီတဲ့ တိုက်ခိုက်မှုတွေကို ပြုလုပ်နေကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောပါတယ်။ လောလောဆယ်မှာတော့ အမေရိကန်ဟာ အီရန်နိုင်ငံအတွင်းက စစ်ရေးပစ်မှတ်တွေကိုသာ အဓိကထား တိုက်ခိုက်နေတာဖြစ်ကြောင်း သိရပါတယ်။
ယခုတိုက်ခိုက်မှုဟာ အီရန်ခေါင်းဆောင်ပိုင်းအနေနဲ့ အမေရိကန်ရဲ့ တောင်းဆိုချက်တွေကို မလိုက်လျောရင် တိုက်ခိုက်မယ်လို့ ထရန့်က အကြိမ်ကြိမ် ခြိမ်းခြောက်ခဲ့ပြီး တင်းမာမှုတွေ မြင့်တက်လာခဲ့ရာကနေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ အမေရိကန်နဲ့ အီရန်အရာရှိတွေဟာ ကြာသပတေးနေ့က တီဟီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီး နောက်ဆုံးအဆင့် ကြားဝင်စေ့စပ် ညှိနှိုင်းမှုတွေ လုပ်ခဲ့ပေမယ့် သဘောတူညီချက် မရရှိခဲ့တာကြောင့် ယခုလို တိုက်ခိုက်မှုတွေ ဖြစ်လာရတာလို့ ယူဆရပါတယ်။

Zawgyi Version;
အီရန္အစိုးရ ျပဳတ္က်သည္အထိ တိုက္ခိုက္သြားမည္ဟု ထရမ့္ ေၾကညာ
ALynn (NP News)- ေဖေဖာ္ဝါရီ ၂၈
သမၼတ ေဒၚနယ္ထရမ့္က အီရန္ႏိုင္ငံအေပၚ အႀကီးအက်ယ္စစ္ဆင္ေရးစတင္ေၾကာင္း စေနေန႔မွာ ေၾကညာခဲ့ၿပီးေနာက္ အီရန္ရဲ႕စစ္တပ္ကို ေခ်မႈန္းဖို႔၊ န်ဴကလီးယားအစီအစဥ္ကို အျမစ္ျဖတ္ဖို႔နဲ႔ အစိုးရအေျပာင္းအလဲျဖစ္ေအာင္ လုပ္ေဆာင္သြားမယ္လို႔လည္း ကတိျပဳေျပာၾကားခဲ့ပါတယ္။
အီရန္ႏိုင္ငံ ၿမိဳ႕ေတာ္တီဟီရန္မွာ ျပင္းထန္တဲ့ ေပါက္ကြဲသံေတြ ဟိန္းထြက္သြားခဲ့ၿပီး သမၼတနန္းေတာ္နဲ႔ အမ်ိဳးသားလုံၿခဳံေရးေကာင္စီ႐ုံးေတြ တည္ရွိရာ ရပ္ကြက္အတြင္းက မီးခိုးေတြ တက္လာတာကို ေတြ႕ရေၾကာင္း ေဒသခံေတြက ေျပာပါတယ္။
အစၥေရးနဲ႔ ပူးေပါင္းလုပ္ေဆာင္တဲ့ အဆိုပါတိုက္ခိုက္မႈေၾကာင့္ ျဖစ္လာႏိုင္တဲ့ လက္တုံ႔ျပန္မႈေတြရဲ႕ အတိုင္းအတာအေပၚ ေဒသတြင္းမွာ စိုးရိမ္ပူပန္မႈေတြ ျမင့္တက္ေနပါတယ္။
အီရန္က အစၥေရးႏိုင္ငံဘက္ကို ဒုံးက်ည္ေတြနဲ႔ ပစ္ခတ္ခဲ့ရာမွာ အစၥေရးရဲ႕ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္က ၾကားျဖတ္ဟန႔္တားႏိုင္ခဲ့တာေၾကာင့္ ေကာင္းကင္ယံမွာ ေပါက္ကြဲသံႀကီးေတြ ၾကားခဲ့ရပါတယ္။
အေမရိကန္စစ္အေျခစိုက္စခန္းေတြရွိရာ ဘာရိန္းႏိုင္ငံမွာ ေလေၾကာင္းရန္သတိေပး ဥဩသံေတြ ျမည္ဟီးခဲ့သလို ေဂ်ာ္ဒန္၊ ကာတာနဲ႔ ယူေအအီးႏိုင္ငံေတြမွာရွိတဲ့ အေမရိကန္သံ႐ုံးေတြကလည္း ဝန္ထမ္းေတြအားလုံးကို ေဘးကင္းရာမွာ ခိုလႈံေနထိုင္ၾကဖို႔ ၫႊန္ၾကားခဲ့ၿပီး အဆိုပါႏိုင္ငံေတြရွိ အေမရိကန္ႏိုင္ငံသားေတြကိုလည္း ထိုနည္းတူ လုပ္ေဆာင္ဖို႔ အႀကံျပဳထားပါတယ္။
အေမရိကန္ဦးေဆာင္တဲ့ ယခုစစ္ဆင္ေရးရဲ႕ အတိုင္းအတာဟာ ၿပီးခဲ့တဲ့ႏွစ္က ထရမ့္ႀကီးၾကပ္ခဲ့တဲ့ အီရန္န်ဴကလီးယားအစီအစဥ္အေပၚ တိုက္ခိုက္မႈထက္ ပိုႀကီးပါတယ္။
ယခုတစ္ႀကိမ္မွာေတာ့ ထရမ့္က အီရန္ရဲ႕ ဒုံးက်ည္စက္မႈလုပ္ငန္းကို ေျမလွန္ပစ္မယ္၊ ေရတပ္ကို ဖ်က္ဆီးပစ္မယ္လို႔ ကတိျပဳထားၿပီး စစ္ပြဲကို ေရွာင္လႊဲႏိုင္မယ့္ သေဘာတူညီခ်က္တစ္ခုရဖို႔ အီရန္ဘက္က ျငင္းဆန္ခဲ့တာေၾကာင့္ ျဖစ္တယ္လို႔ ဆိုပါတယ္။
ဒါ့ျပင္ အေမရိကန္ရဲ႕ စစ္ေရးတိုက္ခိုက္မႈေတြ ၿပီးဆုံးသြားတဲ့အခါ လက္ရွိအစိုးရကို ျဖဳတ္ခ်ၾကဖို႔ အီရန္ျပည္သူေတြကို သူက တိုက္တြန္းခဲ့ပါတယ္။ "ဒါဟာ ခင္ဗ်ားတို႔ ရယူပိုင္ဆိုင္ရမယ့္ အခြင့္အေရးပဲ။ မ်ိဳးဆက္ေပါင္းမ်ားစြာအတြင္း ဒါဟာ ခင္ဗ်ားတို႔အတြက္ တစ္ခုတည္းေသာ အခြင့္အေရး ျဖစ္လာႏိုင္ပါတယ္" လို႔ သူက ေျပာၾကားခဲ့ပါတယ္။
အေရွ႕အလယ္ပိုင္းတလႊားမွာရွိတဲ့ စစ္အေျခစိုက္စခန္းေတြနဲ႔ ေလယာဥ္တင္သေဘၤာေတြက တိုက္ေလယာဥ္ေတြဟာ အီရန္အေပၚ ဒါဇင္နဲ႔ခ်ီတဲ့ တိုက္ခိုက္မႈေတြကို ျပဳလုပ္ေနေၾကာင္း အေမရိကန္အရာရွိတစ္ဦးက ေျပာပါတယ္။ ေလာေလာဆယ္မွာေတာ့ အေမရိကန္ဟာ အီရန္ႏိုင္ငံအတြင္းက စစ္ေရးပစ္မွတ္ေတြကိုသာ အဓိကထား တိုက္ခိုက္ေနတာျဖစ္ေၾကာင္း သိရပါတယ္။
ယခုတိုက္ခိုက္မႈဟာ အီရန္ေခါင္းေဆာင္ပိုင္းအေနနဲ႔ အေမရိကန္ရဲ႕ ေတာင္းဆိုခ်က္ေတြကို မလိုက္ေလ်ာရင္ တိုက္ခိုက္မယ္လို႔ ထရန႔္က အႀကိမ္ႀကိမ္ ၿခိမ္းေျခာက္ခဲ့ၿပီး တင္းမာမႈေတြ ျမင့္တက္လာခဲ့ရာကေန ေပၚေပါက္လာတာျဖစ္ပါတယ္။ အေမရိကန္နဲ႔ အီရန္အရာရွိေတြဟာ ၾကာသပေတးေန႔က တီဟီရန္ရဲ႕ န်ဴကလီးယားအစီအစဥ္နဲ႔ ပတ္သက္ၿပီး ေနာက္ဆုံးအဆင့္ ၾကားဝင္ေစ့စပ္ ညႇိႏႈိင္းမႈေတြ လုပ္ခဲ့ေပမယ့္ သေဘာတူညီခ်က္ မရရွိခဲ့တာေၾကာင့္ ယခုလို တိုက္ခိုက္မႈေတြ ျဖစ္လာရတာလို႔ ယူဆရပါတယ္။

Related news

© 2021. All rights reserved.