စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် စည်းကမ်းသတ်မှတ်ချက်များ ထုတ်ပြန်

1586

သုတကျော် (NP News) - မတ် ၃
စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် စည်းကမ်းသတ်မှတ်ချက်များကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ယနေ့ (မတ်လ ၃ ရက်) ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
လက်ရှိကမ္ဘာ့နိုင်ငံရေးအခြေအနေများအရ အရှေ့အလယ်ပိုင်းဒေသအတွင်း၌ စစ်ရေး ပဋိပက္ခများကြောင့် လောင်စာဆီတင်သွင်းသည့်သင်္ဘောများဖြင့် သယ်ယူပို့ဆောင်ရာ ရေလမ်းကြောင်း တစ်လျှောက်တွင် အတားအဆီး၊ အဟန့်အတားပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အထက်ပါအခြေအနေများကြောင့် စက်သုံးဆီခြိုးခြံချွေတာရေး နှင့် ဖူလုံမှုရှိစေရေးအတွက် ၂ဝ၂၆ ခုနှစ်၊ မတ်လ ၇ ရက်မှစတင်၍ ပုဂ္ဂလိကယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များနှင့် သယ်ယူပို့ဆောင်ရေးယာဉ်များအတွက် စည်းကမ်းသတ်မှတ်ချက်များ ထုတ်ပြန်ခဲ့သည်။
လစဉ် "စုံ" ရက်များတွင် စုံနံပါတ်အက္ခရာပါသောယာဉ်များ (ဥပမာ- 2A/---- 4A/---စသည်ဖြင့်)၊ “မ” ရက်များတွင် မနံပါတ်အက္ခရာပါသောယာဉ်များ (ဥပမာ-1A/----3A/---- စသည်ဖြင့်) စသည့် ပုဂ္ဂလိကပိုင်ယာဉ်များသာ မောင်းနှင်အသုံးပြုရန် ဖြစ်ပြီးEV မော်တော်ယာဉ်/EV မော်တော်ဆိုင်ကယ်များ နေ့စဉ်မောင်းနှင်နိုင်ကြောင်း ဖော်ပြထားသည်။
နေ့စဉ် အများပြည်သူသယ်ယူပို့ဆောင်ရေးမော်တော်ယာဉ်များ၊ အငှားယာဉ်များ၊ စက်သုံးဆီသယ်ယူပို့ဆောင်သည့်ယာဉ်များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်များ၊ ကုန်စည်ပို့ဆောင်ရေးယာဉ်များ၊ လူနာတင်ယာဉ်/နိဗ္ဗာန်ယာဉ်များနှင့် စည်ပင်အမှိုက်သိမ်း ယာဉ်များ အသုံးပြုနိုင်ကြောင်း နှင့် စက်သုံးဆီလုပ်ငန်းရှင်များသာမက အများပြည်သူအနေဖြင့် စက်သုံးဆီများ ဝယ်ယူ စုဆောင်းခြင်းနှင့် ဈေးနှုန်းမြှင့်တင်၍ ရောင်းချခြင်းများ လုံးဝမပြုလုပ်ရန်လည်း အသိပေးထားသည်။
အထက်ပါစည်းကမ်းသတ်မှတ်ချက်များသည် ထပ်မံ၍ တစ်စုံတစ်ရာ ထုတ်ပြန်မှု မရှိသည့်အချိန်အထိ အတည်ဖြစ်ကြောင်းနှင့် အဆိုပါစည်းကမ်းသတ်မှတ်ချက်များအား ဖောက်ဖျက် ကျူးလွန်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

Zawgyi Version;
စက္သုံးဆီ ၿခိဳးၿခံေခြၽတာသုံးစြဲေရးအတြက္ စည္းကမ္းသတ္မွတ္ခ်က္မ်ား ထုတ္ျပန္
သုတေက်ာ္ (NP News) - မတ္ ၃
စက္သုံးဆီ ၿခိဳးၿခံေခြၽတာသုံးစြဲေရးအတြက္ စည္းကမ္းသတ္မွတ္ခ်က္မ်ားကို အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီက ယေန႔ (မတ္လ ၃ ရက္) ညပိုင္းတြင္ ထုတ္ျပန္ခဲ့သည္။
လက္ရွိကမာၻ႔ႏိုင္ငံေရးအေျခအေနမ်ားအရ အေရွ႕အလယ္ပိုင္းေဒသအတြင္း၌ စစ္ေရး ပဋိပကၡမ်ားေၾကာင့္ ေလာင္စာဆီတင္သြင္းသည့္သေဘၤာမ်ားျဖင့္ သယ္ယူပို႔ေဆာင္ရာ ေရလမ္းေၾကာင္း တစ္ေလွ်ာက္တြင္ အတားအဆီး၊ အဟန႔္အတားပိတ္ဆို႔မႈမ်ား ျဖစ္ေပၚလ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
အထက္ပါအေျခအေနမ်ားေၾကာင့္ စက္သုံးဆီၿခိဳးၿခံေခြၽတာေရး ႏွင့္ ဖူလုံမႈရွိေစေရးအတြက္ ၂ဝ၂၆ ခုႏွစ္၊ မတ္လ ၇ ရက္မွစတင္၍ ပုဂၢလိကယာဥ္မ်ား၊ လုပ္ငန္းသုံးယာဥ္မ်ားႏွင့္ သယ္ယူပို႔ေဆာင္ေရးယာဥ္မ်ားအတြက္ စည္းကမ္းသတ္မွတ္ခ်က္မ်ား ထုတ္ျပန္ခဲ့သည္။
လစဥ္ "စုံ" ရက္မ်ားတြင္ စုံနံပါတ္အကၡရာပါေသာယာဥ္မ်ား (ဥပမာ- 2A/---- 4A/---စသည္ျဖင့္)၊ “မ” ရက္မ်ားတြင္ မနံပါတ္အကၡရာပါေသာယာဥ္မ်ား (ဥပမာ-1A/----3A/---- စသည္ျဖင့္) စသည့္ ပုဂၢလိကပိုင္ယာဥ္မ်ားသာ ေမာင္းႏွင္အသုံးျပဳရန္ ျဖစ္ၿပီးEV ေမာ္ေတာ္ယာဥ္/EV ေမာ္ေတာ္ဆိုင္ကယ္မ်ား ေန႔စဥ္ေမာင္းႏွင္ႏိုင္ေၾကာင္း ေဖာ္ျပထားသည္။
ေန႔စဥ္ အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရးေမာ္ေတာ္ယာဥ္မ်ား၊ အငွားယာဥ္မ်ား၊ စက္သုံးဆီသယ္ယူပို႔ေဆာင္သည့္ယာဥ္မ်ား၊ ေဆာက္လုပ္ေရးလုပ္ငန္းသုံးယာဥ္မ်ား၊ ကုန္စည္ပို႔ေဆာင္ေရးယာဥ္မ်ား၊ လူနာတင္ယာဥ္/နိဗၺာန္ယာဥ္မ်ားႏွင့္ စည္ပင္အမႈိက္သိမ္း ယာဥ္မ်ား အသုံးျပဳႏိုင္ေၾကာင္း ႏွင့္ စက္သုံးဆီလုပ္ငန္းရွင္မ်ားသာမက အမ်ားျပည္သူအေနျဖင့္ စက္သုံးဆီမ်ား ဝယ္ယူ စုေဆာင္းျခင္းႏွင့္ ေဈးႏႈန္းျမႇင့္တင္၍ ေရာင္းခ်ျခင္းမ်ား လုံးဝမျပဳလုပ္ရန္လည္း အသိေပးထားသည္။
အထက္ပါစည္းကမ္းသတ္မွတ္ခ်က္မ်ားသည္ ထပ္မံ၍ တစ္စုံတစ္ရာ ထုတ္ျပန္မႈ မရွိသည့္အခ်ိန္အထိ အတည္ျဖစ္ေၾကာင္းႏွင့္ အဆိုပါစည္းကမ္းသတ္မွတ္ခ်က္မ်ားအား ေဖာက္ဖ်က္ က်ဴးလြန္ပါက တည္ဆဲဥပေဒမ်ားႏွင့္အညီ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။