အီရန်ရဲ့နောက်တက်လာမယ့်ခေါင်းဆောင်က အီရန်နိုင်ငံအတွင်းကပဲ ဖြစ်သင့်တယ်လို့ ဒေါ်နယ်ထရမ့်ပြော

279

Pika (NP News) - မတ် ၄
အီရန်ရဲ့နောက်တက်လာမယ့်ခေါင်းဆောင်က အီရန်နိုင်ငံအတွင်းကပဲ ဖြစ်သင့်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။
အီရန်နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ရီဇာပါလာဗီက အလားအလာရှိတဲ့ အနာဂါတ်ခေါင်းဆောင်တစ်ဦးဖြစ်သလား ဆိုတဲ့မေးခွန်းတွေကို ဒေါ်နယ်ထရမ့်က တုံ့ပြန်ဖြေကြားခဲ့တယ်လို့လည်း သိရပါတယ်။
ဒေါ်နယ်ထရမ့်က “အီရန်ကို ဦးဆောင်ဖို့အတွက် သူတို့နိုင်ငံတွင်းက တစ်စုံတစ်ယောက်က ပိုပြီးသင့်လျော်နိုင်ပါ တယ်” လို့ ပြောခဲ့ပါတယ်။ ဒါ့ပြင် အရင်ခေါင်းဆောင်ဟောင်းထက် ပိုပြီးဆိုးရွားတဲ့လူတစ်ယောက်က အာဏာ လွှဲပြောင်းယူသွားမှာကို မဖြစ်စေချင်ကြောင်းလည်း ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က “ဟုတ်ပါတယ်။ ကျွန်တော်တို့ အဲဒီလိုမျိုး လုံးဝမဖြစ်စေချင်ပါဘူး” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အီရန်အပေါ် တိုက်ခိုက်မှုတွေဟာ အလားအလာရှိတဲ့ ခေါင်းဆောင်အသစ် တွေလို့ယူဆရတဲ့လူပုဂ္ဂိုလ်တွေကို သတ်ပစ်ခဲ့တာဖြစ်တယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က “ကျွန်တော်တို့ ခန့်မှန်းထားတဲ့အလားအလာရှိတဲ့လူတွေအများစုက သေဆုံးသွားခဲ့ပါပြီ။ ကျွန်တော်တို့မှာ နောက်ထပ်စာရင်းတွေရှိပါသေးတယ်။ အဲဒီလူတွေလည်း တိုက်ခိုက်မှုတွေအတွင်းမှာ သေဆုံးသွားလောက်ပါပြီ” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
အီရန္ရဲ႕ေနာက္တက္လာမယ့္ေခါင္းေဆာင္က အီရန္ႏိုင္ငံအတြင္းကပဲ ျဖစ္သင့္တယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - မတ္ ၄
အီရန္ရဲ႕ေနာက္တက္လာမယ့္ေခါင္းေဆာင္က အီရန္ႏိုင္ငံအတြင္းကပဲ ျဖစ္သင့္တယ္လို႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။
အီရန္ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူ ရီဇာပါလာဗီက အလားအလာရွိတဲ့ အနာဂါတ္ေခါင္းေဆာင္တစ္ဦးျဖစ္သလား ဆိုတဲ့ေမးခြန္းေတြကို ေဒၚနယ္ထရမ့္က တုံ႔ျပန္ေျဖၾကားခဲ့တယ္လို႔လည္း သိရပါတယ္။
ေဒၚနယ္ထရမ့္က “အီရန္ကို ဦးေဆာင္ဖို႔အတြက္ သူတို႔ႏိုင္ငံတြင္းက တစ္စုံတစ္ေယာက္က ပိုၿပီးသင့္ေလ်ာ္ႏိုင္ပါ တယ္” လို႔ ေျပာခဲ့ပါတယ္။ ဒါ့ျပင္ အရင္ေခါင္းေဆာင္ေဟာင္းထက္ ပိုၿပီးဆိုး႐ြားတဲ့လူတစ္ေယာက္က အာဏာ လႊဲေျပာင္းယူသြားမွာကို မျဖစ္ေစခ်င္ေၾကာင္းလည္း ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ေဒၚနယ္ထရမ့္က “ဟုတ္ပါတယ္။ ကြၽန္ေတာ္တို႔ အဲဒီလိုမ်ိဳး လုံးဝမျဖစ္ေစခ်င္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ အေမရိကန္နဲ႔ အစၥေရးတို႔ရဲ႕ အီရန္အေပၚ တိုက္ခိုက္မႈေတြဟာ အလားအလာရွိတဲ့ ေခါင္းေဆာင္အသစ္ ေတြလို႔ယူဆရတဲ့လူပုဂၢိဳလ္ေတြကို သတ္ပစ္ခဲ့တာျဖစ္တယ္လို႔လည္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။
ေဒၚနယ္ထရမ့္က “ကြၽန္ေတာ္တို႔ ခန႔္မွန္းထားတဲ့အလားအလာရွိတဲ့လူေတြအမ်ားစုက ေသဆုံးသြားခဲ့ပါၿပီ။ ကြၽန္ေတာ္တို႔မွာ ေနာက္ထပ္စာရင္းေတြရွိပါေသးတယ္။ အဲဒီလူေတြလည္း တိုက္ခိုက္မႈေတြအတြင္းမွာ ေသဆုံးသြားေလာက္ပါၿပီ” လို႔ ေျပာခဲ့ပါတယ္။