သက်ကြီးပုဂ္ဂိုလ်စောင့်ရှောက်မှုလုပ်ငန်းများအရေးပါမှုကို လူငယ်များအား အသိပညာပေးခြင်း ဆောင်ရွက်ရန်လို

 138

စော(NP News)- မတ် ၄

သက်ကြီးပုဂ္ဂိုလ်စောင့်ရှောက်မှုလုပ်ငန်းများအရေးပါမှုကို လူငယ်များအား အသိပညာပေးခြင်း ဆောင်ရွက်ရန်လိုကြောင်း မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောကြားခဲ့သည်။

ယမန်နေ့( မတ်လ ၃ရက်)က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပသော မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ၏ နဝမအကြိမ်မြောက်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် သက်ကြီးပုဂ္ဂိုလ်များသည် အသက်အရွယ်အပိုင်းအခြား ကြောင့် ဝင်ငွေရရှိမှု နည်းပါးခြင်း၊ နာတာရှည်ရောဂါအပါအဝင် မသန်စွမ်းမှုဆိုင်ရာများနှင့် ကြုံတွေ့ရခြင်း၊ မိသားစုဖွဲ့စည်းပုံ ပြောင်းလဲမှုကြောင့် အထီးကျန်ဆန်မှုများ ခံစားနေရခြင်း၊ သဘာဝဘေး အန္တရာယ်နှင့် အရေးပေါ်အခြေအနေများတွင် ထိခိုက်လွယ်ခြင်းတို့ကို ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် သက်ကြီးပုဂ္ဂိုလ်များအတွက် ကျန်းမာရေး ဝန်ဆောင်မှုများ တိုးချဲ့ခြင်း၊ ရပ်ရွာအခြေပြု စောင့်ရှောက်မှုစနစ်များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း၊ ကဏ္ဍအလိုက် သက်ကြီးပုဂ္ဂိုလ် များပါဝင်နိုင်ရေး အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ သဘာဝဘေး အန္တရာယ်နှင့် အရေးပေါ်အခြေအနေများတွင် သက်ကြီးပုဂ္ဂိုလ်များအတွက် အထူးကာကွယ်ရေးအစီအစဉ်များ ထည့်သွင်းပေးခြင်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ထပ်မံပြောကြားခဲ့သည်။

အလားတူ မိသားစုအခြေပြုစောင့်ရှောက်မှုကို အားပေးမြှင့်တင်ခြင်းနှင့် လူငယ်များအား သက်ကြီးပုဂ္ဂိုလ်စောင့်ရှောက်မှုလုပ်ငန်းများ အရေးပါမှုကို အသိ ပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီသည် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေအရဖွဲ့စည်းထားသည့် ကော်မတီတစ်ရပ်ဖြစ်သည့်အတွက် ဥပဒေက အပ်နှင်းထားသော တာဝန်နှင့် ဝတ္တရားများအတိုင်း သက်ကြီးပုဂ္ဂိုလ်များ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အခွင့်အရေးများကို ဖော်ဆောင်ပေးကြရမည်ဖြစ်ကြောင်း အကြံပြုပြောကြားခဲ့သည်။

Zawgyi version:

ေစာ(NP News)- မတ္ ၄
သက္ႀကီးပုဂၢိဳလ္ေစာင့္ေရွာက္မႈလုပ္ငန္းမ်ားအေရးပါမႈကို လူငယ္မ်ားအား အသိပညာေပးျခင္း ေဆာင္႐ြက္ရန္လိုေၾကာင္း ျမန္မာႏိုင္ငံသက္ႀကီး႐ြယ္အိုမ်ားဆိုင္ရာေကာ္မတီဥကၠ႒ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပည္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာစိုးဝင္းက ေျပာၾကားခဲ့သည္။
ယမန္ေန႔( မတ္လ ၃ရက္)က လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပည္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန စုေပါင္း အစည္းအေဝးခန္းမ၌ က်င္းပေသာ ျမန္မာႏိုင္ငံ သက္ႀကီး႐ြယ္အိုမ်ားဆိုင္ရာေကာ္မတီ၏ နဝမအႀကိမ္ေျမာက္အစည္းအေဝးတြင္ ျပည္ေထာင္စုဝန္ႀကီးက အထက္ပါကဲ့သို႔ေျပာၾကားခဲ့ျခင္း ျဖစ္သည္။
အဆိုပါအစည္းအေဝးတြင္ သက္ႀကီးပုဂၢိဳလ္မ်ားသည္ အသက္အ႐ြယ္အပိုင္းအျခား ေၾကာင့္ ဝင္ေငြရရွိမႈ နည္းပါးျခင္း၊ နာတာရွည္ေရာဂါအပါအဝင္ မသန္စြမ္းမႈဆိုင္ရာမ်ားႏွင့္ ႀကဳံေတြ႕ရျခင္း၊ မိသားစုဖြဲ႕စည္းပုံ ေျပာင္းလဲမႈေၾကာင့္ အထီးက်န္ဆန္မႈမ်ား ခံစားေနရျခင္း၊ သဘာဝေဘး အႏၲရာယ္ႏွင့္ အေရးေပၚအေျခအေနမ်ားတြင္ ထိခိုက္လြယ္ျခင္းတို႔ကို ရင္ဆိုင္ေနရေၾကာင္း ေျပာၾကားခဲ့သည္။
ထို႔ျပင္ သက္ႀကီးပုဂၢိဳလ္မ်ားအတြက္ က်န္းမာေရး ဝန္ေဆာင္မႈမ်ား တိုးခ်ဲ႕ျခင္း၊ ရပ္႐ြာအေျချပဳ ေစာင့္ေရွာက္မႈစနစ္မ်ား ဖြံ႕ၿဖိဳးတိုးတက္ေအာင္ ေဆာင္႐ြက္ျခင္း၊ က႑အလိုက္ သက္ႀကီးပုဂၢိဳလ္ မ်ားပါဝင္ႏိုင္ေရး အခြင့္အလမ္းမ်ား ဖန္တီးေပးျခင္း၊ သဘာဝေဘး အႏၲရာယ္ႏွင့္ အေရးေပၚအေျခအေနမ်ားတြင္ သက္ႀကီးပုဂၢိဳလ္မ်ားအတြက္ အထူးကာကြယ္ေရးအစီအစဥ္မ်ား ထည့္သြင္းေပးျခင္းေဆာင္႐ြက္ေပးရမည္ျဖစ္ေၾကာင္း ထပ္မံေျပာၾကားခဲ့သည္။
အလားတူ မိသားစုအေျချပဳေစာင့္ေရွာက္မႈကို အားေပးျမႇင့္တင္ျခင္းႏွင့္ လူငယ္မ်ားအား သက္ႀကီးပုဂၢိဳလ္ေစာင့္ေရွာက္မႈလုပ္ငန္းမ်ား အေရးပါမႈကို အသိ ပညာေပးျခင္းတို႔ကို ေဆာင္႐ြက္ေပးရမည္ ျဖစ္ေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားခဲ့သည္။
ထို႔ေၾကာင့္ ျမန္မာႏိုင္ငံ သက္ႀကီး႐ြယ္အိုမ်ားဆိုင္ရာေကာ္မတီသည္ သက္ႀကီး႐ြယ္အိုမ်ားဆိုင္ရာ ဥပေဒအရဖြဲ႕စည္းထားသည့္ ေကာ္မတီတစ္ရပ္ျဖစ္သည့္အတြက္ ဥပေဒက အပ္ႏွင္းထားေသာ တာဝန္ႏွင့္ ဝတၱရားမ်ားအတိုင္း သက္ႀကီးပုဂၢိဳလ္မ်ား၏ ဘဝဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ အခြင့္အေရးမ်ားကို
ေဖာ္ေဆာင္ေပးၾကရမည္ျဖစ္ေၾကာင္း အႀကံျပဳေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.