အီရန်ကိုဟန့်တားရန် နယ်သာလန်က အဆင့်မြင့် စစ်သင်္ဘော ဖြန့်ကျက်ချထား

317

Pika (NP News)-မတ် ၅
အမေရိကန်-နှင့်-အီရန်နိုင်ငံ ကြား စစ်ပွဲ ဖြစ်ပွားနေချိန်တွင် နယ်သာလန်နိုင်ငံသည် ၎င်း၏ အဆင့်မြင့် လေကြောင်းရန်ကာကွယ်ရေး ဖရီးဂိတ်စစ်သင်္ဘောဖြစ်သော HNLMS Evertsen အား မြေထဲပင်လယ်အရှေ့ပိုင်းသို့ စေလွှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။အဆိုပါဖြန့်ကြက်ချထားမှုသည် အီရန်၏ ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုများမှ ရန်မှ မဟာမိတ် ရေတပ်တပ်ဖွဲ့များ၊ အထူးသဖြင့် ပြင်သစ်နိုင်ငံ၏ Charles de Gaulle လေယာဉ်တင်သင်္ဘောအုပ်စုကို အကာအကွယ်ပေးရန် ဖြစ်ကြောင်းသိရသည်။နယ်သာလန်သည်
ပြင်သစ်တို့ ဦးဆောင်နေသော ဥရောပမဟာမိတ်တပ်ပေါင်းစုတွင် ပူးပေါင်းပါဝင်လာခြင်း ဖြစ်ကြောင်းသိရသည်။
နယ်သာလန်အစိုးရ၏ ယခုခြေလှမ်းသည် ပြင်သစ်အစိုးရ၏ တိုက်ရိုက်တောင်းဆိုချက်အရ ပေါ်ပေါက်လာခြင်းဖြစ်သည်။ HNLMS Evertsen သည် သာမန်စစ်သင်္ဘောတစ်စင်းမဟုတ်ဘဲ၊ အဆင့်မြင့် ပဲ့ထိန်းဒုံးကျည် ခြေရာခံစနစ်နှင့် လေကြောင်းရန်ကာကွယ်ရေး စွမ်းဆောင်ရည်များတပ်ဆင်ထားသည့် De Zeven Provinciën-class ဖရီးဂိတ်သင်္ဘောဖြစ်ကြောင်း သိရသည်။အီရန်၏ လက်တုံ့ပြန်မှုများကြောင့် ပါရှန်ပင်လယ်ကွေ့အတွင်း နယ်သာလန်အလံလွှင့်ထူထားသည့် ကုန်တင်သင်္ဘော အစီး ၁၀၀ နီးပါး ပိတ်မိနေသလို၊ ရေနံတင်သင်္ဘောများ တိုက်ခိုက်ခံရကာ အမှုထမ်းအချို့ သေဆုံးမှုများလည်း ရှိလာခဲ့ကြောင်း သိရသည်။စစ်ပွဲအခြေအနေများကြောင့် ကမ္ဘာ့ရေနံဈေးကွက်တွင် စိုးရိမ်ပူပန်မှုများ မြင့်တက်လာပြီး ရေနံစိမ်းဈေးနှုန်းများ စံချိန်တင် မြင့်တက်လျက်ရှိသည်။

Zawgyi Version:
အီရန္ကိုဟန္႔တားရန္ နယ္သာလန္က အဆင့္ျမင့္ စစ္သေဘၤာ ျဖန္႔ၾကက္ခ်ထား
Pika (NP News)-မတ္ ၅
အေမရိကန္-ႏွင့္-အီရန္ႏိုင္ငံ ၾကား စစ္ပြဲ ျဖစ္ပြားေနခ်ိန္တြင္ နယ္သာလန္ႏိုင္ငံသည္ ၎၏ အဆင့္ျမင့္ ေလေၾကာင္းရန္ကာကြယ္ေရး ဖရီးဂိတ္စစ္သေဘၤာျဖစ္ေသာ HNLMS Evertsen အား ေျမထဲပင္လယ္အေရွ႕ပိုင္းသို႔ ေစလႊတ္လိုက္ၿပီျဖစ္ေၾကာင္း သိရသည္။အဆိုပါျဖန္႔ၾကက္ခ်ထားမႈသည္ အီရန္၏ ဒုံးက်ည္ႏွင့္ ဒ႐ုန္းတိုက္ခိုက္မႈမ်ားမွ ရန္မွ မဟာမိတ္ ေရတပ္တပ္ဖြဲ႕မ်ား၊ အထူးသျဖင့္ ျပင္သစ္ႏိုင္ငံ၏ Charles de Gaulle ေလယာဥ္တင္သေဘၤာအုပ္စုကို အကာအကြယ္ေပးရန္ ျဖစ္ေၾကာင္းသိရသည္။နယ္သာလန္သည္
ျပင္သစ္တို႔ ဦးေဆာင္ေနေသာ ဥေရာပမဟာမိတ္တပ္ေပါင္းစုတြင္ ပူးေပါင္းပါဝင္လာျခင္း ျဖစ္ေၾကာင္းသိရသည္။
နယ္သာလန္အစိုးရ၏ ယခုေျခလွမ္းသည္ ျပင္သစ္အစိုးရ၏ တိုက္႐ိုက္ေတာင္းဆိုခ်က္အရ ေပၚေပါက္လာျခင္းျဖစ္သည္။ HNLMS Evertsen သည္ သာမန္စစ္သေဘၤာတစ္စင္းမဟုတ္ဘဲ၊ အဆင့္ျမင့္ ပဲ့ထိန္းဒုံးက်ည္ ေျခရာခံစနစ္ႏွင့္ ေလေၾကာင္းရန္ကာကြယ္ေရး စြမ္းေဆာင္ရည္မ်ားတပ္ဆင္ထားသည့္ De Zeven Provinciën-class ဖရီးဂိတ္သေဘၤာျဖစ္ေၾကာင္း သိရသည္။အီရန္၏ လက္တုံ႔ျပန္မႈမ်ားေၾကာင့္ ပါရွန္ပင္လယ္ေကြ႕အတြင္း နယ္သာလန္အလံလႊင့္ထူထားသည့္ ကုန္တင္သေဘၤာ အစီး ၁၀၀ နီးပါး ပိတ္မိေနသလို၊ ေရနံတင္သေဘၤာမ်ား တိုက္ခိုက္ခံရကာ အမႈထမ္းအခ်ိဳ႕ ေသဆုံးမႈမ်ားလည္း ရွိလာခဲ့ေၾကာင္း သိရသည္။စစ္ပြဲအေျခအေနမ်ားေၾကာင့္ ကမာၻ႔ေရနံေဈးကြက္တြင္ စိုးရိမ္ပူပန္မႈမ်ား ျမင့္တက္လာၿပီး ေရနံစိမ္းေဈးႏႈန္းမ်ား စံခ်ိန္တင္ ျမင့္တက္လ်က္ရွိသည္။