သီပေါတံတားကို မော်တော်ယာဉ်များ အမြန်ဆုံး ဖြတ်သန်းခွင့်ပြုရန် ဒေသခံများ လိုလားနေ

 415

သန့်မင်းအိမ် (NP News) - မတ်၇

ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့ကို TNLA လက်မှ တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးသည့်နောက် အဆိုပါ မြို့နယ်အတွင်း ရှိ သီပေါတံတားကို မော်တော်ယာဉ်များ အမြန်ဆုံးဖြတ်သန်းခွင့်ပြုရန် ဒေသခံများ လိုလားနေကြောင်း NP News က မေးမြန်းထားချက်များအရ သိရသည်။

မော်တော်ယာဉ် ဖြတ်သန်း အသုံးပြုခွင့် မပေးသည့်အတွက် ဒေသခံများအနေဖြင့် အခြားနေရာမှ မူလကြာချိန်ထက် ကွေ့ပတ်မောင်းနေရသည့်အနေအထားရှိကာ သီပေါမြို့သာမက အခြား အခြားမြို့များ အတွက်လည်း အခက်အခဲများရှိကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“လားရှိုးထိကတော့ လမ်းပွင့်ပါတယ်။ လားရှိုးထိက ပြဿနာမရှိဘူး။ လားရှိုးထိ လမ်းပွင့်တယ်။ ဒါပေမယ့် ဒီတံတားတစ်ခုတည်း ပိတ်တာပေါ့။ အကယ်၍ စစ်ဆေးရေးလုပ်ပြီးတော့မှ ပေးဖြတ်မယ်ဆိုရင်တောင်မှ ရပါတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။
တပ်မတော်က ပြန်လည်ဝင်ရောက်စဉ် ပြည်သူများက ကြိုဆိုခဲ့ကြပြီး လိုအပ်သည့်အကူအညီလည်း ပေးအပ်ခဲ့ကြကြောင်း နှင့် အဆိုပါ တံတားကို ဖြတ်သန်းခွင့်ပေးပါက ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးများ အဆင်ပြေသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“သွားရေးလာရေးလည်း ရှိတယ်၊ ဟိုဘက်ကမ်း ဒီဘက်ကမ်းတောင်မှ မလွယ်ကူတဲ့ဟာကို၊ အောက်ပြည်အောက်ရွာဆင်းဖို့ မပြောနဲ့တော့။ အပေါ်တက်ဖို့လည်း မပြောနဲ့တော့။ ဒီကျန်းမာရေးကိစ္စတွေကအစပေါ့နော်။ အရမ်းသွားရေးလာရေး ဒုက္ခများတာပေါ့။ ဥပမာ မန္တလေးကို ဆေးကုသွားမယ်ဆိုရင်တောင်မှ ဘယ်လိုနည်းနဲ့မှ မသွားနိုင်ဘူး၊ လူနာလည်း ကွင်းပတ်သွားနေရတာနဲ့တင် အသက်ထွက်တော့မယ်။ လမ်းတွေက တော်တော်ဆိုးဆိုးဝါးဝါးဖြစ်တာ။ ရက်ကလည်း ကြာတယ်။ ညမအိပ်သင့်ဘဲနဲ့ ညအိပ်ရတာတွေ ရှိတယ်ဆိုတော့လေ။ ကုန်ကျစရိတ်က အများကြီး ပိုကုန်တာပေါ့။ ခရီးလည်း ကြာတယ်၊ ပိုက်ဆံလည်း ပိုကုန်တယ်၊ အချိန်လည်း ကုန်တယ်၊ လူလည်း ပင်ပန်းတယ် အဲဒီလိုမျိုးတွေ အများကြီးရှိတယ်” ဟု အခြားဒေသခံတစ်ဦးက ဆိုသည်။
တံတား ဖြတ်သန်းခွင့်ပေးပါက ကုန်စည်စီးဆင်းမှု အတွက်လည်း အဆင်ပြေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ဒီဒေသခံတင်တင်မဟုတ်ဘူး၊ ဒီအောက်ပြည်အောက်ရွာ သွားတဲ့ဟာတွေအစ၊ ဒီကုန်ပစ္စည်းတွေက ဒီတရုတ်ပြည်ကနေ စီးဆင်းလာတဲ့ဟာတွေပဲ။ ပြီးတော့ လူတကာအတွက် တော်တော်များများ တစ်နိုင်ငံလုံးနီးနီးပါပဲနော် အဲဒီတံတားဖွင့်ရင် တော်တော်များများကို အဆင်ပြေသွားနိုင်တယ်လေ။ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတစ်ခု ဖြစ်နေတာကိုး” ဟု ၎င်းက ဆိုသည်။

Zawgyi Version;
သီေပါတံတားကို ေမာ္ေတာ္ယာဥ္မ်ား အျမန္ဆုံး ျဖတ္သန္းခြင့္ျပဳရန္ ေဒသခံမ်ား လိုလားေန
သန႔္မင္းအိမ္ (NP News) - မတ္၇
ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ သီေပါၿမိဳ႕ကို TNLA လက္မွ တပ္မေတာ္က ျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီးသည့္ေနာက္ အဆိုပါ ၿမိဳ႕နယ္အတြင္း ရွိ သီေပါတံတားကို ေမာ္ေတာ္ယာဥ္မ်ား အျမန္ဆုံးျဖတ္သန္းခြင့္ျပဳရန္ ေဒသခံမ်ား လိုလားေနေၾကာင္း NP News က ေမးျမန္းထားခ်က္မ်ားအရ သိရသည္။

ေမာ္ေတာ္ယာဥ္ ျဖတ္သန္း အသုံးျပဳခြင့္ မေပးသည့္အတြက္ ေဒသခံမ်ားအေနျဖင့္ အျခားေနရာမွ မူလၾကာခ်ိန္ထက္ ေကြ႕ပတ္ေမာင္းေနရသည့္အေနအထားရွိကာ သီေပါၿမိဳ႕သာမက အျခား အျခားၿမိဳ႕မ်ား အတြက္လည္း အခက္အခဲမ်ားရွိေၾကာင္း ေဒသခံတစ္ဦးက ဆိုသည္။
“လားရႈိးထိကေတာ့ လမ္းပြင့္ပါတယ္။ လားရႈိးထိက ျပႆနာမရွိဘူး။ လားရႈိးထိ လမ္းပြင့္တယ္။ ဒါေပမယ့္ ဒီတံတားတစ္ခုတည္း ပိတ္တာေပါ့။ အကယ္၍ စစ္ေဆးေရးလုပ္ၿပီးေတာ့မွ ေပးျဖတ္မယ္ဆိုရင္ေတာင္မွ ရပါတယ္” ဟု ေဒသခံတစ္ဦးက ဆိုသည္။
တပ္မေတာ္က ျပန္လည္ဝင္ေရာက္စဥ္ ျပည္သူမ်ားက ႀကိဳဆိုခဲ့ၾကၿပီး လိုအပ္သည့္အကူအညီလည္း ေပးအပ္ခဲ့ၾကေၾကာင္း ႏွင့္ အဆိုပါ တံတားကို ျဖတ္သန္းခြင့္ေပးပါက က်န္းမာေရး၊ လူမႈေရး၊ စီးပြားေရးမ်ား အဆင္ေျပသြားမည္ျဖစ္ေၾကာင္း ၎က ဆိုသည္။
“သြားေရးလာေရးလည္း ရွိတယ္၊ ဟိုဘက္ကမ္း ဒီဘက္ကမ္းေတာင္မွ မလြယ္ကူတဲ့ဟာကို၊ ေအာက္ျပည္ေအာက္႐ြာဆင္းဖို႔ မေျပာနဲ႔ေတာ့။ အေပၚတက္ဖို႔လည္း မေျပာနဲ႔ေတာ့။ ဒီက်န္းမာေရးကိစၥေတြကအစေပါ့ေနာ္။ အရမ္းသြားေရးလာေရး ဒုကၡမ်ားတာေပါ့။ ဥပမာ မႏၲေလးကို ေဆးကုသြားမယ္ဆိုရင္ေတာင္မွ ဘယ္လိုနည္းနဲ႔မွ မသြားႏိုင္ဘူး၊ လူနာလည္း ကြင္းပတ္သြားေနရတာနဲ႔တင္ အသက္ထြက္ေတာ့မယ္။ လမ္းေတြက ေတာ္ေတာ္ဆိုးဆိုးဝါးဝါးျဖစ္တာ။ ရက္ကလည္း ၾကာတယ္။ ညမအိပ္သင့္ဘဲနဲ႔ ညအိပ္ရတာေတြ ရွိတယ္ဆိုေတာ့ေလ။ ကုန္က်စရိတ္က အမ်ားႀကီး ပိုကုန္တာေပါ့။ ခရီးလည္း ၾကာတယ္၊ ပိုက္ဆံလည္း ပိုကုန္တယ္၊ အခ်ိန္လည္း ကုန္တယ္၊ လူလည္း ပင္ပန္းတယ္ အဲဒီလိုမ်ိဳးေတြ အမ်ားႀကီးရွိတယ္” ဟု အျခားေဒသခံတစ္ဦးက ဆိုသည္။
တံတား ျဖတ္သန္းခြင့္ေပးပါက ကုန္စည္စီးဆင္းမႈ အတြက္လည္း အဆင္ေျပမည္ျဖစ္ေၾကာင္း ၎က ဆိုသည္။ “ဒီေဒသခံတင္တင္မဟုတ္ဘူး၊ ဒီေအာက္ျပည္ေအာက္႐ြာ သြားတဲ့ဟာေတြအစ၊ ဒီကုန္ပစၥည္းေတြက ဒီတ႐ုတ္ျပည္ကေန စီးဆင္းလာတဲ့ဟာေတြပဲ။ ၿပီးေတာ့ လူတကာအတြက္ ေတာ္ေတာ္မ်ားမ်ား တစ္ႏိုင္ငံလုံးနီးနီးပါပဲေနာ္ အဲဒီတံတားဖြင့္ရင္ ေတာ္ေတာ္မ်ားမ်ားကို အဆင္ေျပသြားႏိုင္တယ္ေလ။ သယ္ယူပို႔ေဆာင္ေရးလမ္းေၾကာင္းတစ္ခု ျဖစ္ေနတာကိုး” ဟု ၎က ဆိုသည္။

Related news

© 2021. All rights reserved.