နီပေါတွင် လူငယ်များ ဦးဆောင်သော ဆန္ဒပြပွဲများဖြစ်ခဲ့ပြီးနောက် လပိုင်းအကြာတွင် ရွေးကောက်ပွဲပြန်ကျင်းပ

119

ဂျန်ဇက် (NP News) - မတ် ၇
နီပေါနိုင်ငံတွင် ပြီးခဲ့သည့်နှစ် စက်တင်ဘာလက ဝန်ကြီးချုပ် ကေပီ ရှာမာ အိုလီ ဦးဆောင် သောအစိုးရအဖွဲ့ကို ပြတ်ကျစေခဲ့သည့် ဆန္ဒပြပွဲများ ဖြစ်ခဲ့ပြီးနောက် လပိုင်းအကြာတွင်ရွေးကောက်ပွဲကို ပထမဆုံးအကြိမ်ပြန်လည်ကျင်းပ ခဲ့ကြောင်းသိရသည်။ နီပေါနိုင်ငံတွင် (၂၀၂၅)ခုနှစ် စက်တင်ဘာလက နီပေါလူငယ်များ ဦးဆောင်သော ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ရာ လူပေါင်း (၇၇)ဦးသေဆုံးခဲ့သလို လူ ပေါင်း (၂၀ဝဝ)ကျော် ဒဏ်ရာရခဲ့ကြောင်းသိရသည်။ လူငယ်များ၏ ဆန္ဒပြပွဲများကြောင့်လွှတ်တော်ကို ဖျက်သိမ်းခဲ့ရသလို အစိုးရအဖွဲ့ကလည်းရာထူးမှပြုတ်ကျခဲ့ကာ နီပေါ တရားရေး ဝန်ကြီးဟောင်း ဆူရှီလာကာ ကီဦးဆောင်သော ယာယီအစိုးရအဖွဲ့က နိုင်ငံကို ဦးဆောင်ခဲ့ရကြောင်းသိရသည်။
ဆူရှီလာကာကီဦးဆောင်သော နီပေါ ယာယီအစိုးရအဖွဲ့သည် မတ်လ(၆)ရက်တွင် နိုင်ငံအတွင်းရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးခဲ့ပြီး နီပေါပြည်သူအများအပြားမဲပေးခဲ့ကြောင်းသိရသည်။
နီပေါပြည်သူများသည် လွှတ်တော်ကိုယ်စားလှယ် ပေါင်း (၂၇၅)ဦးကိုရွေးချယ်ရန်အတွက် ဆန္ဒမဲပေး ရွေးချယ်ခဲ့ ကြကြောင်းသိရသည်။ နီပေါယာယီအစိုး ရအဖွဲ့သည် ရွေးကောက်ပွဲကျင်းပမှုနှင့်ဆက်နွှယ်ပြီး ဆန္ဒမဲပေးခဲ့သူများကို သုံးရက်ကြာ အားလပ်ရပ် ခွင့်ပြုပေးခဲ့ကြောင်းသိရသည်။ ကနဦးမဲရေတွက်မှု များအရ နီပေါရက်ပါ အဆိုတော်ဟောင်း တစ်ဦးဖြစ် သော ဘာလန်ဒရာရှာ ဦးဆောင်သော ပါတီက မဲအများဆုံးဖြင့် ဦးဆောင်နေကြောင်းသိရသည်။ အသက် (၃၅)နှစ်အရွယ် နီပေါ ရက်ပါ အဆိုတော် ဟောင်းသည် ခက်မန်ဒူ မြို့တော်ဝန်ဟောင်းဖြစ်ပြီး ဝန်ကြီးချုပ်နေရာအတွက် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ ဘာလန်ဒရာရှာ ဦးဆောင်သော Rastriya Swatantra သည် ကနဦးမဲ ရေတွက်မှုများတွင် လွှတ်တော်နေရာပေါင်း အနည်းဆုံး (၃၇)နေရာရရှိထားပြီးရာထူးမှဖြုတ်ချခံလိုက်ရသော ဝန်ကြီးချုပ် ဟောင်း အိုလီ၏ ကွန်မြူနစ်ပါတီသည် လွှတ်တော်ကိုယ်စားလှယ်အများဆုံးရရှိထားသည့် ပါတီ သုံးခုထဲတွင်ပါဝင်နေ ကြောင်းသိရသည်။
နီပေါလွှတ်တော်ကိုယ်စားလှယ် (၂၇၅)ဦးအနက် (၁၆၅)နေရာကို တိုက်ရိုက်မဲပေးရွေးချယ် မည်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်ပေါင်း (၁၁၀)ဦးကိုအချိုးကျကိုယ်စားပြုစနစ်ဖြင့် ရွေးချယ်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
နီေပါတြင္ လူငယ္မ်ား ဦးေဆာင္ေသာ ဆႏၵျပပြဲမ်ားျဖစ္ခဲ့ၿပီးေနာက္ လပိုင္းအၾကာတြင္ ေ႐ြးေကာက္ပြဲျပန္က်င္းပ
ဂ်န္ဇက္ (NP News) - မတ္ ၇
နီေပါႏိုင္ငံတြင္ ၿပီးခဲ့သည့္ႏွစ္ စက္တင္ဘာလက ဝန္ႀကီးခ်ဳပ္ ေကပီ ရွာမာ အိုလီ ဦးေဆာင္ ေသာအစိုးရအဖြဲ႕ကို ျပတ္က်ေစခဲ့သည့္ ဆႏၵျပပြဲမ်ား ျဖစ္ခဲ့ၿပီးေနာက္ လပိုင္းအၾကာတြင္ေ႐ြးေကာက္ပြဲကို ပထမဆုံးအႀကိမ္ျပန္လည္က်င္းပ ခဲ့ေၾကာင္းသိရသည္။ နီေပါႏိုင္ငံတြင္ (၂၀၂၅)ခုႏွစ္ စက္တင္ဘာလက နီေပါလူငယ္မ်ား ဦးေဆာင္ေသာ ဆႏၵျပပြဲမ်ား ျဖစ္ပြားခဲ့ရာ လူေပါင္း (၇၇)ဦးေသဆုံးခဲ့သလို လူ ေပါင္း (၂၀ဝဝ)ေက်ာ္ ဒဏ္ရာရခဲ့ေၾကာင္းသိရသည္။ လူငယ္မ်ား၏ ဆႏၵျပပြဲမ်ားေၾကာင့္လႊတ္ေတာ္ကို ဖ်က္သိမ္းခဲ့ရသလို အစိုးရအဖြဲ႕ကလည္းရာထူးမွျပဳတ္က်ခဲ့ကာ နီေပါ တရားေရး ဝန္ႀကီးေဟာင္း ဆူရွီလာကာ ကီဦးေဆာင္ေသာ ယာယီအစိုးရအဖြဲ႕က ႏိုင္ငံကို ဦးေဆာင္ခဲ့ရေၾကာင္းသိရသည္။
ဆူရွီလာကာကီဦးေဆာင္ေသာ နီေပါ ယာယီအစိုးရအဖြဲ႕သည္ မတ္လ(၆)ရက္တြင္ ႏိုင္ငံအတြင္းေ႐ြးေကာက္ပြဲ ျပန္လည္က်င္းပေပးခဲ့ၿပီး နီေပါျပည္သူအမ်ားအျပားမဲေပးခဲ့ေၾကာင္းသိရသည္။
နီေပါျပည္သူမ်ားသည္ လႊတ္ေတာ္ကိုယ္စားလွယ္ ေပါင္း (၂၇၅)ဦးကိုေ႐ြးခ်ယ္ရန္အတြက္ ဆႏၵမဲေပး ေ႐ြးခ်ယ္ခဲ့ ၾကေၾကာင္းသိရသည္။ နီေပါယာယီအစိုး ရအဖြဲ႕သည္ ေ႐ြးေကာက္ပြဲက်င္းပမႈႏွင့္ဆက္ႏႊယ္ၿပီး ဆႏၵမဲေပးခဲ့သူမ်ားကို သုံးရက္ၾကာ အားလပ္ရပ္ ခြင့္ျပဳေပးခဲ့ေၾကာင္းသိရသည္။ ကနဦးမဲေရတြက္မႈ မ်ားအရ နီေပါရက္ပါ အဆိုေတာ္ေဟာင္း တစ္ဦးျဖစ္ ေသာ ဘာလန္ဒရာရွာ ဦးေဆာင္ေသာ ပါတီက မဲအမ်ားဆုံးျဖင့္ ဦးေဆာင္ေနေၾကာင္းသိရသည္။ အသက္ (၃၅)ႏွစ္အ႐ြယ္ နီေပါ ရက္ပါ အဆိုေတာ္ ေဟာင္းသည္ ခက္မန္ဒူ ၿမိဳ႕ေတာ္ဝန္ေဟာင္းျဖစ္ၿပီး ဝန္ႀကီးခ်ဳပ္ေနရာအတြက္ ပါဝင္ယွဥ္ၿပိဳင္ခဲ့ျခင္းျဖစ္ ေၾကာင္းသိရသည္။ ဘာလန္ဒရာရွာ ဦးေဆာင္ေသာ Rastriya Swatantra သည္ ကနဦးမဲ ေရတြက္မႈမ်ားတြင္ လႊတ္ေတာ္ေနရာေပါင္း အနည္းဆုံး (၃၇)ေနရာရရွိထားၿပီးရာထူးမွျဖဳတ္ခ်ခံလိုက္ရေသာ ဝန္ႀကီးခ်ဳပ္ ေဟာင္း အိုလီ၏ ကြန္ျမဴနစ္ပါတီသည္ လႊတ္ေတာ္ကိုယ္စားလွယ္အမ်ားဆုံးရရွိထားသည့္ ပါတီ သုံးခုထဲတြင္ပါဝင္ေန ေၾကာင္းသိရသည္။
နီေပါလႊတ္ေတာ္ကိုယ္စားလွယ္ (၂၇၅)ဦးအနက္ (၁၆၅)ေနရာကို တိုက္႐ိုက္မဲေပးေ႐ြးခ်ယ္ မည္ျဖစ္ၿပီး လႊတ္ေတာ္ကိုယ္စားလွယ္ေပါင္း (၁၁၀)ဦးကိုအခ်ိဳးက်ကိုယ္စားျပဳစနစ္ျဖင့္ ေ႐ြးခ်ယ္ျဖစ္ေၾကာင္း သိရသည္။