KIA သာ ခြိမ်းခြောက်မှုမရှိလျှင် လေဆိပ်တိုက်ခိုက်နှင့်ပတ်သက်၍ မြစ်ကြီးနားမြို့ခံအများအပြား ဆန္ဒထုတ်ဖော်ကြလိမ့်မည်ဟု ဒေသခံပြော

150

သုတကျော်(NP News)-မတ် ၈
KIA သာ ခြိမ်းခြောက်မှုမရှိလျှင် လေဆိပ်တိုက်ခိုက်နှင့်ပတ်သက်၍ မြစ်ကြီးနားမြို့ခံ အများအပြား ဆန္ဒထုတ် ဖော်ကြလိမ့်မည် ဖြစ်ကြောင်း မြို့ခံများက NP News သို့ ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက် ညပိုင်းက မြစ်ကြီးနားလေဆိပ်မှ မန္တလေးမြို့သို့ ထွက်ခွာရန်အတွက် ခရီးသည်များတင်ဆောင်ပြီး ပြန်လည်ထွက်ခွာမည့် မြန်မာအမျိုးသား လေကြောင်း လိုင်း(MNA) မှ ATR-72-600 အမျိုးအစား ခရီးသည်တင်လေယာဉ်တစ်စင်းကို KIA အဖွဲ့နှင့် PDF အဖွဲ့တို့က FPV suicide drone များဖြင့် တိုက်ခိုက်ခဲ့ရာ လေယာဉ်၏ ခေါင်းပိုင်း၊ ကိုယ်ထည် အလယ်ပိုင်းနှင့် နောက်မြီးပိုင်းတို့တွင် ဗုံးစထိမှန်၍ ထိခိုက် ပျက်စီးခဲ့သည်။
ယင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းများက ကန့်ကွက်ကြောင်း စာများ ထုတ်ပြန်ခဲ့ရာ ကချင်ပြည်နယ်၊ ရှမ်းမျိုးနွယ်စုများ စာပေနှင့် ယဉ်ကျေးမှုအသင်း၊ မြစ်ကြီးနားမြို့ရှိ အစ္စလာမ်ဘာသာ ရေးဆိုင်ရာ အဖွဲ့အစည်း(၃)ခုနှင့် ဝတ်ပြု ကျောင်းတော်များ၊ ဂျိန်းဖော့ရိုးရာယဉ်ကျေးမှုအဖွဲ့ချုပ်၊ လာချိဒ်စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီ၊ မြန်မာနိုင်ငံလီဆူစာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီ၊ မြန်မာနိုင်ငံရဝမ်စာပေနှင့် ယဉ်ကျေးမှုအသင်း၊ လော် ဝေါ်စာပေနှင့်ယဉ်ကျေးမှုအသင်းတို့လည်း ပါဝင်ခဲ့ သည်။
ထိုသို့ လေဆိပ်တိုက်ခိုက်သည့် ဖြစ်စဉ်ပြီးသည့်နောက် ယခု သတင်းရေးသားချိန် မတ်လ (၄) ရက်အထိ လေဆိပ်ကိုပိတ်ထားရာ မြို့ခံများအနေ ဖြင့် အခက်အခဲများတွေ့နေကြရကြောင်း သိရသည်။
“ကားလမ်းကလည်းကြာတယ်။ မြို့ခံ တွေက လေဆိပ်ကိုပဲအားကိုးနေရတာ။ အခုတော့ ပိတ်သလို ဖြစ်သွားတာ ပေါ့” ဟု မြို့ခံတစ်ဦးက ဆိုသည်။ ထို့ပြင် ယင်းနှင့်ပတ်သက်၍ မြို့ခံအချို့ ကလည်း ဖေဖော်ဝါရီလ ၂၇ ရက် နံနက်ပိုင်းတွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
“ခြိမ်းခြောက်မှုသာမရှိရင် ဆန္ဒပြကြမှာပေါ့။ (၈၀)ရာခိုင်နှုန်းလောက်က မကြိုက်ကြတာ။ KIA လုပ်ရပ်တွေကို မကြိုက်ကြတာ” ဟု အခြားမြို့ ခံတစ်ဦးက ဆိုသည်။
မြစ်ကြီးနားမြို့မှ လုပ်ငန်းရှင် အချို့သည်လည်း စီးပွားရေးလုပ်ငန်းလုပ်ရာတွင် အစိုးရနှင့် KIA နှစ်ဖက်ကို ဆက်ဆံနေရခြင်းမှာလည်း အချက် တစ်ချက်အဖြစ် ပါဝင်နေကြောင်း သိရသည်။
“မပြရဲကြတာ အဲဒါလည်းပါတယ်။ ကြောက်တာပေါ့” ဟု ၎င်းက ဆိုသည်။
မြစ်ကြီးနား လေဆိပ်တွင် ခရီးသည်တင် လေယာဉ်ကို တိုက်ခိုက်သည့်ကိစ္စနှင့်ပတ်သက်၍ KIA က ငြင်းဆိုသော်လည်း ယင်းမှာ ယုတ္တိမရှိသော ဖြစ်စဉ်သာဖြစ်ကြောင်း အခြားမြို့ခံတစ်ဦးက ဆိုသည်။
“ရယ်ရတယ်လေ။ KIA က လုပ်တယ် ဆိုတာ လူတိုင်းသိတယ်။ အဲဒါကို ဗြောင်ငြင်းတာက သူတို့ အကြောင်း၊ သူတို့ အဖွဲ့အစည်းက ဘာဆိုတာ ဖော်ပြတာပဲ” ဟု အခြား ဒေသခံတစ်ဦးက ဆိုသည်။

Zawgyi Version:
KIA သာ ၿခိမ္းေျခာက္မႈမရွိလွ်င္ ေလဆိပ္တိုက္ခိုက္ႏွင့္ပတ္သက္၍ ျမစ္ႀကီးနားၿမိဳ႕ခံအမ်ားအျပား ဆႏၵထုတ္ေဖာ္ၾကလိမ့္မည္ဟု ေဒသခံေျပာ
သုတေက်ာ္(NP News)-မတ္ ၈
KIA သာ ၿခိမ္းေျခာက္မႈမရွိလွ်င္ ေလဆိပ္တိုက္ခိုက္ႏွင့္ပတ္သက္၍ ျမစ္ႀကီးနားၿမိဳ႕ခံ အမ်ားအျပား ဆႏၵထုတ္ ေဖာ္ၾကလိမ့္မည္ ျဖစ္ေၾကာင္း ၿမိဳ႕ခံမ်ားက NP News သို႔ ေျပာသည္။
ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ ၂၀ ရက္ ညပိုင္းက ျမစ္ႀကီးနားေလဆိပ္မွ မႏၲေလးၿမိဳ႕သို႔ ထြက္ခြာရန္အတြက္ ခရီးသည္မ်ားတင္ေဆာင္ၿပီး ျပန္လည္ထြက္ခြာမည့္ ျမန္မာအမ်ိဳးသား ေလေၾကာင္း လိုင္း(MNA) မွ ATR-72-600 အမ်ိဳးအစား ခရီးသည္တင္ေလယာဥ္တစ္စင္းကို KIA အဖြဲ႕ႏွင့္ PDF အဖြဲ႕တို႔က FPV suicide drone မ်ားျဖင့္ တိုက္ခိုက္ခဲ့ရာ ေလယာဥ္၏ ေခါင္းပိုင္း၊ ကိုယ္ထည္ အလယ္ပိုင္းႏွင့္ ေနာက္ၿမီးပိုင္းတို႔တြင္ ဗုံးစထိမွန္၍ ထိခိုက္ ပ်က္စီးခဲ့သည္။
ယင္းႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံရွိ အဖြဲ႕အစည္းမ်ားက ကန႔္ကြက္ေၾကာင္း စာမ်ား ထုတ္ျပန္ခဲ့ရာ ကခ်င္ျပည္နယ္၊ ရွမ္းမ်ိဳးႏြယ္စုမ်ား စာေပႏွင့္ ယဥ္ေက်းမႈအသင္း၊ ျမစ္ႀကီးနားၿမိဳ႕ရွိ အစၥလာမ္ဘာသာ ေရးဆိုင္ရာ အဖြဲ႕အစည္း(၃)ခုႏွင့္ ဝတ္ျပဳ ေက်ာင္းေတာ္မ်ား၊ ဂ်ိန္းေဖာ့႐ိုးရာယဥ္ေက်းမႈအဖြဲ႕ခ်ဳပ္၊ လာခ်ိဒ္စာေပႏွင့္ ယဥ္ေက်းမႈ ဗဟိုေကာ္မတီ၊ ျမန္မာႏိုင္ငံလီဆူစာေပႏွင့္ ယဥ္ေက်းမႈဗဟိုေကာ္မတီ၊ ျမန္မာႏိုင္ငံရဝမ္စာေပႏွင့္ ယဥ္ေက်းမႈအသင္း၊ ေလာ္ ေဝၚစာေပႏွင့္ယဥ္ေက်းမႈအသင္းတို႔လည္း ပါဝင္ခဲ့ သည္။
ထိုသို႔ ေလဆိပ္တိုက္ခိုက္သည့္ ျဖစ္စဥ္ၿပီးသည့္ေနာက္ ယခု သတင္းေရးသားခ်ိန္ မတ္လ (၄) ရက္အထိ ေလဆိပ္ကိုပိတ္ထားရာ ၿမိဳ႕ခံမ်ားအေန ျဖင့္ အခက္အခဲမ်ားေတြ႕ေနၾကရေၾကာင္း သိရသည္။
“ကားလမ္းကလည္းၾကာတယ္။ ၿမိဳ႕ခံ ေတြက ေလဆိပ္ကိုပဲအားကိုးေနရတာ။ အခုေတာ့ ပိတ္သလို ျဖစ္သြားတာ ေပါ့” ဟု ၿမိဳ႕ခံတစ္ဦးက ဆိုသည္။ ထို႔ျပင္ ယင္းႏွင့္ပတ္သက္၍ ၿမိဳ႕ခံအခ်ိဳ႕ ကလည္း ေဖေဖာ္ဝါရီလ ၂၇ ရက္ နံနက္ပိုင္းတြင္ ဆႏၵထုတ္ေဖာ္ခဲ့ၾကသည္။
“ၿခိမ္းေျခာက္မႈသာမရွိရင္ ဆႏၵျပၾကမွာေပါ့။ (၈၀)ရာခိုင္ႏႈန္းေလာက္က မႀကိဳက္ၾကတာ။ KIA လုပ္ရပ္ေတြကို မႀကိဳက္ၾကတာ” ဟု အျခားၿမိဳ႕ ခံတစ္ဦးက ဆိုသည္။
ျမစ္ႀကီးနားၿမိဳ႕မွ လုပ္ငန္းရွင္ အခ်ိဳ႕သည္လည္း စီးပြားေရးလုပ္ငန္းလုပ္ရာတြင္ အစိုးရႏွင့္ KIA ႏွစ္ဖက္ကို ဆက္ဆံေနရျခင္းမွာလည္း အခ်က္ တစ္ခ်က္အျဖစ္ ပါဝင္ေနေၾကာင္း သိရသည္။
“မျပရဲၾကတာ အဲဒါလည္းပါတယ္။ ေၾကာက္တာေပါ့” ဟု ၎က ဆိုသည္။
ျမစ္ႀကီးနား ေလဆိပ္တြင္ ခရီးသည္တင္ ေလယာဥ္ကို တိုက္ခိုက္သည့္ကိစၥႏွင့္ပတ္သက္၍ KIA က ျငင္းဆိုေသာ္လည္း ယင္းမွာ ယုတၱိမရွိေသာ ျဖစ္စဥ္သာျဖစ္ေၾကာင္း အျခားၿမိဳ႕ခံတစ္ဦးက ဆိုသည္။
“ရယ္ရတယ္ေလ။ KIA က လုပ္တယ္ ဆိုတာ လူတိုင္းသိတယ္။ အဲဒါကို ေျဗာင္ျငင္းတာက သူတို႔ အေၾကာင္း၊ သူတို႔ အဖြဲ႕အစည္းက ဘာဆိုတာ ေဖာ္ျပတာပဲ” ဟု အျခား ေဒသခံတစ္ဦးက ဆိုသည္။