မြေရှားထုတ်လုပ်မှု နှစ်စဉ်တိုးတက်နေသော်လည်း နိုင်ငံတော်မှ အကျိူးခံစားခွင့် မရရှိခဲ့ဟုဆို

312

Pearl (NP News)-မတ် ၉
မြန်မာ - တရုတ်နယ်စပ် ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်၊ ပန်ဝါဒေသ အပါအဝင် မြေရှားထုတ်လုပ်ရရှိနိုင်သည့် နယ်စပ်ဒေသ များတွင် မြေရှားထုတ်လုပ်မှု နှစ်စဉ်တိုးတက်နေသော်လည်း နိုင်ငံတော်မှအကျိုးခံစားခွင့်မရရှိခဲ့ကြောင်း သိရှိသူတစ်ဦးက NP News ပြောသည်။
(၂၀၁၈) ခုနှစ်၊ (၂၀၁၉) ခုနှစ်နှင့် (၂၀ ၂၀) ပြည့်နှစ်များအတွင်း ကမ္ဘာ့မြေရှားထုတ်လုပ်မှု အများ ဆုံး (၅) နိုင်ငံတွင် မြန်မာနိုင်ငံအနေဖြင့် အ ဆင့်(၃) တွင်ရပ်တည်နေပြီး (၂၀၁၈) ခုနှစ်တွင် တန်ချိန် (၅၀ဝဝ)၊ (၂၀၁၉) ခုနှစ်တွင် တန်ချိန် (၂၅၀ဝဝ)၊ (၂၀၂၀) ပြည့်နှစ်တွင် တန်ချိန် (၃၀ဝဝဝ) ထုတ်လုပ်ခဲ့ရာ (၂၀၂၀) ပြည့်နှစ်တွင် ထုတ်လုပ်ခဲ့သည့် တန်ချိန် (၃၀ဝဝဝ)၏ တန်ဖိုးသည် အမေရိကန်ဒေါ်လာ သန်း ပေါင်း (၈၁၀ဝ) ( ၈ ဒသမ ၁ ဘီလျံ) ရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင်လည်း မြေရှားသတ္တုအများစုထွက်ရှိရာ ပန်ဝါဒေသကို KIA က ထိန်းချုပ်ထားပြီး မြေရှားများ အလွန်အကျွံ တူးဖော်၍ တရုတ်ဘက်သို့ ပို့ဆောင်နေကြောင်းသိရပြီး UWSA ကလည်း ၎င်း တို့ထိန်းချုပ်ဒေသတွင် မြေရှားတူးဖော်ခြင်းများရှိနေသည်။
“ပန်ဝါမှာတူးနေကြတာ ဟိုးအရင်ကတည်းက တဖြည်းဖြည်းချင်းလူသိလာတာ (၂၀၁၈)၊ (၂၀၁၉) မှာ စသိလာတာ၊ တရုတ်ကလည်း အဲဒီမှာ အထိုင်ချပြီးတော့ တူးတာ။ နိုင်ငံတော်အစိုးရက တရားဝင် ဘာစာချုပ်မှ မရှိဘူး။ (၂၀၂၀) တစ်ခုတည်းကို (၈ ဒသမ ၁) ဘီလျံ။ ရှေ့မှာက တန် (၅၀ဝဝ) ရှိတယ်။ တန်(၂၅၀ဝဝ) ရှိတယ်။ အဲဒါတွေက နိုင်ငံတော်အစိုးရက တစ်ပြားမှမရဘူး။ တားလည်း မတားနိုင်ဘူး။ အခု ပန်ဝါကို KIA က ဝင်တိုက်တယ်။ ဂွမ်မော်တို့အဖွဲ့က တိုက်တယ်။ ဂွမ်မော်တို့ကရတယ်။ အခုလည်း တရုတ်ပြန်တူးနေတာမျိုး။ ဘယ်လောက်နစ်နာတယ်ဆိုတာ တွက်ကြည့်လိုက်ရင် အများကြီးပေါ့” ဟု ပြောသည်။
ထိုသို့ KIA က မြေရှားသတ္တုကို အလွန်အကျွံတူးကာ စွန့်ပစ်ရေများ မေခချောင်းအတွင်းသို့ ရောက်ရှိသည့်အတွက် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများဖြစ်ပေါ်နိုင်ကြောင်းလည်း သိရသည်။ “အဲဒီ ထက် ဆိုးတာဘာလဲဆိုတော့ အဲဒီမြေရှားသတ္တုကို ပန်ဝါမှာ တူးတယ်။ ပထမအဆင့် သန့်စင်တာကို ပန်ဝါမှာလုပ်တယ်။ လုပ်ပြီးရင် စွန့်ပစ်ရေတွေ အကုန်လုံးကို ပစ်ချလိုက်တယ်။ မေခချောင်းထဲကို ရောက် တာအဲဒါ။ ပြီးရင် တရုတ်ပြည်ထဲကိုသယ်သွားတယ်။ တရုတ်ပြည်ထဲကိုရောက်တာနဲ့ နောက်ထပ် ဒုတိယ အကြိမ် သန့်စင်တာမျိုးလုပ်တယ်။ အဲဒီ စွန့်ပစ်ရေကိုလည်း ထပ်ပြီး ပစ်ချတယ်။ ချောင်းတွေပတ်ပြီး မေခချောင်းထဲကို ပဲဝင်တာ။ စွန့်ပစ်ရေနှစ်ခုလုံးက။ လမ်းမှာ တရုတ်က ကွန်ကရစ်လမ်း အကြီးကြီး ဖောက်ထားတာ။ အဲဒီမှာ ဘာအစိုးရဂိတ် တစ်ခုမှမရှိဘူး။ လိုသမျှ Chemical ကို တရုတ်တွေက ဒီမှာ Warehouse လုပ်ထားတယ်။ Warehouse ထားပြီးတော့ Chemical ကို ပန်ဝါကို ပို့တယ်။ ဒီဘက်က ထွက်တဲ့မြေရှားကို တရုတ်ကိုတန်း သယ်တယ်”ဟု ပြောသည်။
အဆိုပါဒေသအတွက် တရားဝင် လုပ် ကွက်လျှောက်ကာ တရားဝင်တူးဖော်ရန်အတွက် လိုင်စင် လျှောက်ထားသည့် လုပ်ငန်းရှင်ပေါင်း (၅၀) ခန့်ရှိခဲ့ကြောင်းလည်း သိရသည်။ “အဲဒီနေရာကို တရားဝင် လျှောက်တဲ့ကုမ္ပဏီဆိုရင် (၄၀) ၊ (၅၀) ရှိ တယ်။ ဝန်ကြီးဌာနမှာ တစ်ခုမှမပေးဘူး။ ကိုယ့်တိုင်းရင်းသား တွေလျှောက်တာလည်းမပေးဘူး။ သူပုန်က ခိုးတူးတာလည်း မတားနိုင်ဘူး။ အခုလက်ရှိ သတ္တု ဆိုင်ရာ ဌာနတွေ အဲဒီလိုပဲ တရားဝင်လုပ်ကွက်လျှောက်တာတွေလည်း မပေးဘူး” ဟု ပြောသည်။
မြေရှားသတ္တုသည် မဟာဗျူဟာမြောက် တွင်းထွက်အဆင့်ထက် မြင့်သည့်တွင်းထွက်တစ်မျိုး ဖြစ်ပြီး နိုင်ငံတော်အနေဖြင့် စနစ်တကျကြီးကြပ်၍ ထိန်းချုပ်တူးဖော်နိုင်ပါက နိုင်ငံတော်ဖွံ့ဖြိုးရေးအ တွက်နိုင်ငံခြားငွေ အများအပြားရရှိနိုင်ကြောင်းလည်း သိရသည်။

Zawgyi Version:
ေျမရွားထုတ္လုပ္မႈ ႏွစ္စဥ္တိုးတက္ေနေသာ္လည္း ႏိုင္ငံေတာ္မွ အက်ိဴးခံစားခြင့္ မရရွိခဲ့ဟုဆို
Pearl (NP News)-မတ္ ၉
ျမန္မာ - တ႐ုတ္နယ္စပ္ ကခ်င္ျပည္နယ္ ျမစ္ႀကီးနားခ႐ိုင္၊ ခ်ီေဖြၿမိဳ႕နယ္၊ ပန္ဝါေဒသ အပါအဝင္ ေျမရွားထုတ္လုပ္ရရွိႏိုင္သည့္ နယ္စပ္ေဒသ မ်ားတြင္ ေျမရွားထုတ္လုပ္မႈ ႏွစ္စဥ္တိုးတက္ေနေသာ္လည္း ႏိုင္ငံေတာ္မွအက်ိဳးခံစားခြင့္မရရွိခဲ့ေၾကာင္း သိရွိသူတစ္ဦးက NP News ေျပာသည္။
(၂၀၁၈) ခုႏွစ္၊ (၂၀၁၉) ခုႏွစ္ႏွင့္ (၂၀ ၂၀) ျပည့္ႏွစ္မ်ားအတြင္း ကမာၻ႔ေျမရွားထုတ္လုပ္မႈ အမ်ား ဆုံး (၅) ႏိုင္ငံတြင္ ျမန္မာႏိုင္ငံအေနျဖင့္ အ ဆင့္(၃) တြင္ရပ္တည္ေနၿပီး (၂၀၁၈) ခုႏွစ္တြင္ တန္ခ်ိန္ (၅၀ဝဝ)၊ (၂၀၁၉) ခုႏွစ္တြင္ တန္ခ်ိန္ (၂၅၀ဝဝ)၊ (၂၀၂၀) ျပည့္ႏွစ္တြင္ တန္ခ်ိန္ (၃၀ဝဝဝ) ထုတ္လုပ္ခဲ့ရာ (၂၀၂၀) ျပည့္ႏွစ္တြင္ ထုတ္လုပ္ခဲ့သည့္ တန္ခ်ိန္ (၃၀ဝဝဝ)၏ တန္ဖိုးသည္ အေမရိကန္ေဒၚလာ သန္း ေပါင္း (၈၁၀ဝ) ( ၈ ဒသမ ၁ ဘီလ်ံ) ရွိခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္လည္း ေျမရွားသတၱဳအမ်ားစုထြက္ရွိရာ ပန္ဝါေဒသကို KIA က ထိန္းခ်ဳပ္ထားၿပီး ေျမရွားမ်ား အလြန္အကြၽံ တူးေဖာ္၍ တ႐ုတ္ဘက္သို႔ ပို႔ေဆာင္ေနေၾကာင္းသိရၿပီး UWSA ကလည္း ၎ တို႔ထိန္းခ်ဳပ္ေဒသတြင္ ေျမရွားတူးေဖာ္ျခင္းမ်ားရွိေနသည္။
“ပန္ဝါမွာတူးေနၾကတာ ဟိုးအရင္ကတည္းက တျဖည္းျဖည္းခ်င္းလူသိလာတာ (၂၀၁၈)၊ (၂၀၁၉) မွာ စသိလာတာ၊ တ႐ုတ္ကလည္း အဲဒီမွာ အထိုင္ခ်ၿပီးေတာ့ တူးတာ။ ႏိုင္ငံေတာ္အစိုးရက တရားဝင္ ဘာစာခ်ဳပ္မွ မရွိဘူး။ (၂၀၂၀) တစ္ခုတည္းကို (၈ ဒသမ ၁) ဘီလ်ံ။ ေရွ႕မွာက တန္ (၅၀ဝဝ) ရွိတယ္။ တန္(၂၅၀ဝဝ) ရွိတယ္။ အဲဒါေတြက ႏိုင္ငံေတာ္အစိုးရက တစ္ျပားမွမရဘူး။ တားလည္း မတားႏိုင္ဘူး။ အခု ပန္ဝါကို KIA က ဝင္တိုက္တယ္။ ဂြမ္ေမာ္တို႔အဖြဲ႕က တိုက္တယ္။ ဂြမ္ေမာ္တို႔ကရတယ္။ အခုလည္း တ႐ုတ္ျပန္တူးေနတာမ်ိဳး။ ဘယ္ေလာက္နစ္နာတယ္ဆိုတာ တြက္ၾကည့္လိုက္ရင္ အမ်ားႀကီးေပါ့” ဟု ေျပာသည္။
ထိုသို႔ KIA က ေျမရွားသတၱဳကို အလြန္အကြၽံတူးကာ စြန႔္ပစ္ေရမ်ား ေမခေခ်ာင္းအတြင္းသို႔ ေရာက္ရွိသည့္အတြက္ သဘာဝပတ္ဝန္းက်င္ပ်က္စီးမႈမ်ားျဖစ္ေပၚႏိုင္ေၾကာင္းလည္း သိရသည္။ “အဲဒီ ထက္ ဆိုးတာဘာလဲဆိုေတာ့ အဲဒီေျမရွားသတၱဳကို ပန္ဝါမွာ တူးတယ္။ ပထမအဆင့္ သန႔္စင္တာကို ပန္ဝါမွာလုပ္တယ္။ လုပ္ၿပီးရင္ စြန႔္ပစ္ေရေတြ အကုန္လုံးကို ပစ္ခ်လိုက္တယ္။ ေမခေခ်ာင္းထဲကို ေရာက္ တာအဲဒါ။ ၿပီးရင္ တ႐ုတ္ျပည္ထဲကိုသယ္သြားတယ္။ တ႐ုတ္ျပည္ထဲကိုေရာက္တာနဲ႔ ေနာက္ထပ္ ဒုတိယ အႀကိမ္ သန႔္စင္တာမ်ိဳးလုပ္တယ္။ အဲဒီ စြန႔္ပစ္ေရကိုလည္း ထပ္ၿပီး ပစ္ခ်တယ္။ ေခ်ာင္းေတြပတ္ၿပီး ေမခေခ်ာင္းထဲကို ပဲဝင္တာ။ စြန႔္ပစ္ေရႏွစ္ခုလုံးက။ လမ္းမွာ တ႐ုတ္က ကြန္ကရစ္လမ္း အႀကီးႀကီး ေဖာက္ထားတာ။ အဲဒီမွာ ဘာအစိုးရဂိတ္ တစ္ခုမွမရွိဘူး။ လိုသမွ် Chemical ကို တ႐ုတ္ေတြက ဒီမွာ Warehouse လုပ္ထားတယ္။ Warehouse ထားၿပီးေတာ့ Chemical ကို ပန္ဝါကို ပို႔တယ္။ ဒီဘက္က ထြက္တဲ့ေျမရွားကို တ႐ုတ္ကိုတန္း သယ္တယ္”ဟု ေျပာသည္။
အဆိုပါေဒသအတြက္ တရားဝင္ လုပ္ ကြက္ေလွ်ာက္ကာ တရားဝင္တူးေဖာ္ရန္အတြက္ လိုင္စင္ ေလွ်ာက္ထားသည့္ လုပ္ငန္းရွင္ေပါင္း (၅၀) ခန႔္ရွိခဲ့ေၾကာင္းလည္း သိရသည္။ “အဲဒီေနရာကို တရားဝင္ ေလွ်ာက္တဲ့ကုမၸဏီဆိုရင္ (၄၀) ၊ (၅၀) ရွိ တယ္။ ဝန္ႀကီးဌာနမွာ တစ္ခုမွမေပးဘူး။ ကိုယ့္တိုင္းရင္းသား ေတြေလွ်ာက္တာလည္းမေပးဘူး။ သူပုန္က ခိုးတူးတာလည္း မတားႏိုင္ဘူး။ အခုလက္ရွိ သတၱဳ ဆိုင္ရာ ဌာနေတြ အဲဒီလိုပဲ တရားဝင္လုပ္ကြက္ေလွ်ာက္တာေတြလည္း မေပးဘူး” ဟု ေျပာသည္။
ေျမရွားသတၱဳသည္ မဟာဗ်ဴဟာေျမာက္ တြင္းထြက္အဆင့္ထက္ ျမင့္သည့္တြင္းထြက္တစ္မ်ိဳး ျဖစ္ၿပီး ႏိုင္ငံေတာ္အေနျဖင့္ စနစ္တက်ႀကီးၾကပ္၍ ထိန္းခ်ဳပ္တူးေဖာ္ႏိုင္ပါက ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးေရးအ တြက္ႏိုင္ငံျခားေငြ အမ်ားအျပားရရွိႏိုင္ေၾကာင္းလည္း သိရသည္။