အီရန်နိုင်ငံရဲ့အဆင့်မြင့်ဆုံး ဘာသာရေးခေါင်းဆောင်အသစ် ဘယ်သူဖြစ်လာဖွယ်ရှိသလဲ

 319

ဂျန်ဇက် (NP News) - မတ် ၈

အမေရိကန်နဲ့အစ္စရေးနိုင်ငံတို့ ပူးပေါင်းပြီး အီရန်နိုင်ငံအပေါ် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၈)ရက်အတွင်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ အရှေ့အလယ်ပိုင်း ဒေသအတွင်း တင်းမာမှုအရှိန်မြင့်တက်လာခဲ့ပါတယ်။
အမေရိကန်နဲ့အစ္စရေးတို့ ပူးတွဲပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အီရန်နိုင်ငံရဲ့အမြင့်ဆုံးဘာသာရေး အထွတ်အထိပ်ခေါင်းဆောင်ဖြစ်တဲ့ အယာတိုလာ အလီခါမေနီအပါအဝင် အီရန်စစ်တပ်ခေါင်းဆောင်တွေနဲ့ အီရန်အစိုးရအဖွဲ့တာဝန်ရှိသူများ အပါအဝင် အစိုးရအဖွဲ့ဝင် အနည်းဆုံး (၅၀)ကျော် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ ပူးတွဲပြုလုပ်တဲ့စစ်ဆင်ရေးအတွင်း သေဆုံးသွားခဲ့ရတဲ့ အီရန်နိုင်ငံရဲ့အမြင့်ဆုံးဘာသာရေး ခေါင်းဆောင်ဖြစ်တဲ့ ခါမေနီဟာ အီရန်နိုင်ငံရဲ့အာဏာအရှိဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်သလို အစ္စလာမ္မစ်တော်လှန် ရေးအစောင့်တပ် (IRGC) အပါအဝင် လက်နက်ကိုင် တပ်တွေအားလုံးရဲ့ကာကွယ်ရေးဦးစီးချုပ်လည်းဖြစ်ပါတယ်။အီရန်အာဏာပိုင်တွေဟာ အီရန်နိုင်ငံရဲ့အဆင့်မြင့်ဆုံးဘာသာရေးခေါင်းဆောင် လစ်ဟာမှုမရှိရအောင် အရင် တုန်းက ခေါင်းဆောင်အသစ်ကို လျင်လျင်မြန်မြန်ရွေးချယ်ခဲ့ဖူးပေမယ့် လက်ရှိအချိန်မှာတော့ စစ်ပွဲဒဏ်ကိုရင်ဆိုင်နေရတဲ့အတွက် ခေါင်းဆောင်အသစ် အမြန်ဆုံးရွေးချယ်ရေးဟာ ရှုပ်ထွေးမှုတွေရှိနေပါတယ်။
အီရန်နိုင်ငံပိုင်မီဒီယာတွေက နိုင်ငံရဲ့အမြင့်ဆုံးဩဇာအာဏာရှိသူ အယာတိုလာ ခါမေနီ သေဆုံးမှုအတွက် ဝမ်းနည်းအောက်မေ့ဖွယ် ရက်(၄၀)ကျင်းပမှာဖြစ်သလို အများပြည်သူရုံးပိတ်ရက် (၁)ပတ်ထားမယ်လို့ ကြေညာပါတယ်။
လက်ရှိအချိန်မှာတော့ အီရန်နိုင်ငံရဲ့အမြင့်ဆုံးအာဏာရှိသူ ခေါင်းဆောင်အသစ်ရွေးချယ်ဖို့ လုပ်ငန်းစဉ်ဟာ ဘာသာရေးခေါင်းဆောင်(၈၈)ဦးနဲ့ဖွဲ့စည်းထားတဲ့ ခေါင်းဆောင်မှုဆိုင်ရာကျွမ်းကျင်သူများအဖွဲ့ Assembly of Experts (AE) အဖွဲ့ထံရောက်နေပါတယ်။ အဲဒီ(AE)အဖွဲ့ဟာ သေဆုံးသွားတဲ့ ခါမေနီနေရာကို ဆက်ခံမယ့် နိုင်ငံ့ဦးသျှောင် လောင်းကို အဓိကထားရွေးချယ်မှာဖြစ်ပါတယ်။ အီရန်နိုင်ငံရဲ့စည်းမျဉ်းစည်းကမ်းဥပဒေများအရ AE အဖွဲ့ဝင်များကို (၈)နှစ်တစ်ကြိမ်ပြုလုပ်တဲ့ရွေးကောက်ပွဲကနေ ရွေးချယ်ထားတာဖြစ်ပြီး သမ္မတလောင်းအပါအဝင် ကိုယ်စားလှယ်လောင်းတွေကိုရွေးချယ်တဲ့ ဂါးဒီးယန်း ကောင်စီကနေ အသိအမှတ်ပြုလက်ခံထားထားသူတွေလည်းဖြစ်ပါတယ်။
အီရန်နိုင်ငံရဲ့အဆင့်မြင့်ဆုံး ခေါင်းဆောင် သစ်တစ်ဦးကိုရွေးချယ်ဖို့ဆိုရင် AE အဖွဲ့ဝင်စုစုပေါင်း သုံးပုံနှစ်ပုံရဲ့ ထောက်ခံမှုရမှ ရွေးနိုင်မှာဖြစ်ပါတယ်။ (၂၀၂၄)ခုနှစ်ကကျင်းပခဲ့တဲ့ AE ရွေးကောက်ပွဲတွေမှာ ခါမေနီရဲ့သစ္စာခံ အများစုက အနိုင်ရတဲ့အတွက် လက်ရှိအချိန်မှာ AE အဖွဲ့ဝင်တွေဟာ ခါမေနီကို လို လားထောက်ခံသူတွေဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ အီရန်နိုင်ငံရဲ့ အဆင့်မြင့်ဆုံးဘာသာရေးခေါင်းဆောင် အသစ်ရွေးချယ်မယ့်လုပ်ငန်းစဉ်တွေရွေးချယ်နိုင်ဖို့ လုပ်ဆောင်နေ ချိန်အတွင်းမှာပဲ အီရန်နိုင်ငံကို အဖွဲ့ ဝင်(၃)ဦးပါဝင်တဲ့ ယာယီခေါင်းဆောင်မှုကောင်စီက တာဝန်ယူအုပ်ချုပ်ထားမှာ ဖြစ်ပါတယ်။ အဲဒီယာယီ ခေါင်းဆောင်မှုကောင်စီမှာ နိုင်ငံ့သမ္မတ၊ တရားရေး အကြီးအကဲနဲ့ အခြေခံဥပဒေဆိုင်ရာ ကောင်စီလို့ လည်းခေါ်တဲ့ ဂါးဒီးယန်းကောင်စီအဖွဲ့ဝင် ဘာသာ ရေးခေါင်းဆောင်တစ်ဦးတို့ပါဝင်ပါတယ်။ AE အဖွဲ့က အီရန်နိုင်ငံရဲ့ အဆင့်မြင့်ဆုံးခေါင်းဆောင်လောင်းကို မဲသုံးပုံနှစ်ပုံနဲ့မရွေးနိုင်ဘူးဆိုရင်၊ လက်ရှိဖြစ်နေ တဲ့လုံခြုံရေးအခြေ အနေကြောင့် AE အဖွဲ့ဝင်တွေ မျက်နှာစုံညီမတွေ့နိုင်ဘူးဆိုရင်တော့ ယာယီခေါင်း ဆောင်မှုကောင်စီဟာ အီရန်နိုင်ငံရဲ့ အုပ်ချုပ်ရေးကို အချိန်အကန့်အသတ်မရှိ ဆက်လက်လုပ်ဆောင်ရ ဖွယ်ရှိနေတယ်လို့ နိုင်ငံတကာသတင်း မီဒီယာတွေက ဖော်ပြထားပါတယ်။ ဒါ့ပြင် အီရန်နိုင်ငံရဲ့အဆင့်မြင့် ဆုံးဘာသာရေးခေါင်းဆောင်ကိုရွေးချယ်ရမယ့် AE အဖွဲ့ရဲ့ဆုံး ဖြတ်ချက်ဟာ အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ် (IRGC) နဲ့လည်း သဘောတူညီမှုတွေ ရှိရမယ့်အခြေနေမျိုး ရှိနေပါတယ်။ AE အဖွဲ့ထဲမှာရှိတဲ့ အဖွဲ့ဝင်(၃)ဦးပါကော်မတီခွဲတစ်ခုဟာ ခါမေနီ မကွယ်လွန်ခင်ကတည်းက အလား အလာရှိတဲ့ခေါင်း ဆောင်လောင်းတွေကို တိတ်တဆိတ်ရှာဖွေနေခဲ့တယ် လို့ သတင်းတွေထွက်ပေါ်ခဲ့ဖူးပါတယ်။
လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရ အီရန်နိုင်ငံရဲ့ အဆင့်မြင့်ဆုံး ဘာသာရေးခေါင်းဆောင် နေရာကိုရယူ နိုင်ဖို့ အလားအလာရှိနေသူ အနည်းဆုံး (၄)ဦးရှိနေတယ်လို့ဆိုကြပါတယ်။ ခါမေနီသေဆုံးခဲ့ ပြီးနောက် ၎င်း ရဲ့နေရာကိုဆက်ခံမယ့်သူတွေထဲမှာ ခါမေနီရဲ့သားဖြစ်သူကိုယ်တိုင်ပါဝင်နေတယ်လို့ သိရပါတယ်။ အယာတိုလာ ခါမေနီရဲ့ ဒုတိယမြောက်သား မိုဂျာတာ ခါမေနီဟာ ၎င်းရဲ့ဖခင်ဖြစ်သူနေရာကိုဆက် ခံမယ့်သူလို့ ရှုမြင်သုံး သပ်ခံထား ရပြီး အမေရိကန်ရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုခံထားရသူလည်းဖြစ်ပါတယ်။ မိုဂျာ တာခါမေနီဟာ ဖခင်ဖြစ်သူ အယာတိုလာ ခါမေနီရဲ့ရုံး ကို စီမံခန့်ခွဲခဲ့သူဖြစ်သလို အီရန်စစ်တပ်ခေါင်းဆောင် တွေ၊ အပြင်မီဒီယာသမားတွေ၊ အီရန် အစိုးရတာဝန်ရှိ သူတွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိသူလည်းဖြစ်ပါတယ်။ ၎င်းဟာ ဖခင်ဖြစ်သူ အယာတိုလာခါမေနီရဲ့ ရည်မှန်းချက်တွေ အကောင်အထည်ပေါ်အောင်လုပ် ပေးတဲ့သူအဖြစ်သတ်မှတ်ခံထားရပြီး အီရန်နိုင်ငံရဲ့အဆင့်မြင့်ဆုံးဘာသာရေး ခေါင်း ဆောင်နေရာကို သားစဉ် မြေးဆက်ဆက်ခံမယ့်အလားအလာများ ရှိလာနိုင် တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။
ဒါ့ပြင် အီရန်နိုင်ငံရဲ့အဆင့်မြင့်ဆုံး ဘာသာရေးခေါင်းဆောင်နေရာကို ပါဝင်အရွေးချယ်ခံဖွယ် ရှိနေသူ တွေထဲမှာ အသက်(၆၇)နှစ်အရွယ်ရှိ အီရန် ဘာသာရေးဆရာတစ်ဦးဖြစ်တဲ့ အာရာဖီလည်း ပါဝင် နေပါတယ်။ ၎င်းဟာ အီရန် ဘာသာရေးအသိုင်းအဝိုင်းမှာ လူသိများထင်ရှားသူတစ်ဦးဖြစ်သလို အီရန်နိုင်ငံရဲ့ အဆင့်မြင့်ဆုံးဘာသာရေး ခေါင်း ဆောင်ကို ရွေးချယ် ရတဲ့အဖွဲ့ Assembly of Experts ရဲ့ဒုတိယဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်ပါတယ်။
အာရာဖီဟာ လက်ရှိအချိန်မှာ လွှတ်တော် ကဆုံးဖြတ်တဲ့ဥပဒေတွေ၊ ကိုယ်စားလှယ်လောင်းတွေ ကိုကြီးကြပ် ရတဲ့ကောင်စီဖြစ်တဲ့ ဂါးဒီးယန်းကောင်စီ ရဲ့အဖွဲ့ဝင်တစ်ဦးအဖြစ်တာဝန်ယူနေသူဖြစ်ပါတယ်။ အာရာဖီဟာ အီရန်နိုင်ငံ တစ်လွှား ကျမ်းစာကျောင်းတွေ အားလုံးရဲ့ညွှန်ကြားရေးမှူးဖြစ်ပြီး ဒီရာထူးဟာ အီရန်ရဲ့ ဘာသာရေးဆိုင်ရာ ရာထူးဌာန အဆင့်မှာ အမြင့် ဆုံးဖြစ်ပါတယ်။ (၂၀၁၉)ခုနှစ်မှာ ခါမေနီဟာ သူ့ကို ဂါးဒီးယန်းကောင်စီထဲ ခန့်ခဲ့ပါတယ်။ ဒီကောင်စီဟာ ဘာသာရေးခေါင်းဆောင်တွေနဲ့ ဥပဒေပညာရှင် (၁၂)ယောက်ပါတဲ့အဖွဲ့ဖြစ်ပါတယ်။ ဒီကောင်စီဟာ သမ္မတ လောင်းရွေး ချယ်ရေးလိုကိစ္စရပ်တွေကို ကိုင်တွယ်ပြီး အာဏာလည်းကြီးပါတယ်။ နောက်ထပ် နာ မည်ထွက်သူက ဟတ်ဆန်ခိုမေနီ ဖြစ်ပါတယ်။ ၎င်းဟာ အီရန်မှာ ပြုပြင်ပြောင်းလဲရေးသမားတွေနဲ့အ နေနီးသူလို့သုံးသပ်ခံနေရသူဖြစ်ပြီး (၁၉၈၉) ခုနှစ်မှာ ကွယ်လွန်သွားပြီဖြစ်တဲ့ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ ကိုထူထောင်သူ အယာတိုလာ ခိုမေနီရဲ့မြေးဖြစ်ပါတယ်။ ဟတ် ဆန်ခိုမေနီရဲ့ ဘာသာရေးအားကောင်းမှုနဲ့ မိသားစုနောက်ခံကလည်း သူ့ကို ခေါင်းဆောင် လောင်းအဖြစ်ရွေးဖို့ အလေးသာစေပါတယ်။
အသက်(၅၄)နှစ်အရွယ်ရှိ ဟတ်ဆန်ခိုမေ နီဟာ လက်ရှိအချိန်မှာ အီရန်အစ္စလာမ္မစ် သမ္မတနိုင်ငံ ကိုထူထောင်သူ အယာတိုလာခိုမေနီရဲ့ဂူဗိမာန်ကို ထိန်းသိမ်းစောင့်ရှောက်သူလည်းဖြစ်ပါတယ်။ ဟတ်ဆန်ခိုမေနီဟာ အစိုးရ ရာထူးတွေကို မထမ်းဆောင်ခဲ့ ပေမယ့် အများပြည်သူနဲ့ပတ်သက်တဲ့မူဝါဒတွေမှာ အစွန်းမရောက်ဘဲ အလယ်အလတ် အမြင်ရှိသူအဖြစ် လူသိများကာ ပြုပြင်ပြောင်းလဲရေးသမားတစ်ဦးဖြစ် ပါတယ်။ ၎င်းဟာ ပြီးခဲ့တဲ့ (၂၀၁၆) ခုနှစ်ကကျင်းပခဲ့တဲ့ အဆင့်မြင့်ဆုံးဘာသာရေးခေါင်းဆောင်ကိုရွေးချယ်ရတဲ့အဖွဲ့ Assembly of Experts အတွက် ဝင် ရောက်ယှဉ်ပြိုင်ဖို့ကြိုးပမ်းခဲ့ပေမယ့် စိစစ်ရေးကောင်စီက ၎င်းကို အရည်အချင်းမပြည့်သူအဖြစ် ဆုံးဖြတ်ခဲ့ဖူးပါတယ်။ အီရန်နိုင်ငံရဲ့ အဆင့်မြင့်ဆုံးဘာသာရေး ခေါင်းဆောင်နေရာကို ပါဝင်ယှဉ်မယ့်သူအဖြစ် ရေ ပန်းစားသူတွေထဲမှာ ဂိုလမ်-ဟူစိန် မိုဆီနီ-အီဂျေလည်းပါဝင်နေတယ်လို့သိရပါတယ်။ ၎င်းဟာ အီရန် နိုင်ငံရဲ့အကြီးတန်း ဘာသာရေး ခေါင်း ဆောင်တစ်ဦး ဖြစ်ပြီး လက်ရှိအချိန်မှာတော့ အီရန်နိုင်ငံရဲ့တရားစီရင် ရေးကို ဦးဆောင်နေသူဖြစ်ပါတယ်။ ၎င်းဟာ အီရန် နိုင်ငံရဲ့ အဆင့်မြင့်ဆုံးသာသာရေးခေါင်းဆောင်ဖြစ်တဲ့ အယာတိုလာခါမေနီနဲ့ နီးစပ်ခဲ့သူဖြစ်ပြီး ၎င်းကို (၂၀၂၁)ခုနှစ် ဇူလိုင်လမှာ အီရန်တရားရေးဌာနအကြီး အကဲတစ်ဦးအဖြစ် ခန့်အပ်ခဲ့ပါတယ်။
ဂိုလမ်-ဟူစိန် မိုဆီနီ-အီဂျေဟာ (၂၀ဝ၅) ခုနှစ်ကနေ (၂၀ဝ၉)ခုနှစ်အထိ ထောက်လှမ်းရေးဝန် ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို အဲဒီနောက်ပိုင်း မှာ အီရန်အစိုးရအဖွဲ့ အစိုးရရှေ့နေချုပ်နဲ့ ဒုတိယ တရားသူကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ လည်းဖြစ်ပါတယ်။ မိုဆီနီ-အီဂျေဟာ အီရန်နိုင်ငံရှိ ရေးရိုးစွဲဝါဒီအဖွဲ့နဲ့ ဆက်စပ်မှုရှိသူအဖြစ် သတ်မှတ်ခံ ထားရသူဖြစ်သလို သဘောထားတင်းမာသူအဖြစ် ရှု မြင်သုံးသပ်ခံထားရသူလည်းဖြစ်ပါတယ်။
ဒါ့ပြင် မိုဟာမက် မက်ဒီ မီယာဘာဂါရီ ဟာလည်း အီရန်နိုင်ငံရဲ့အဆင့်မြင့်ဆုံးဘာသာရေး ခေါင်းဆောင် ရွေးချယ်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖွယ်ရှိတယ် လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ၎င်းဟာ အီရန် နိုင်ငံရဲ့အဆင့်မြင့်ဆုံး ဘာသာရေးခေါင်းဆောင်ကို ရွေးချယ်ရမယ့်အဖွဲ့အစည်းဖြစ်တဲ့ Assembly of Experts (AE) အဖွဲ့ဝင်တစ်ဦးဖြစ်ကာ အဖွဲ့အစည်းအတွင်း အလွန်တင်းမာသော ဘာသာရေးခေါင်း ဆောင်တစ်ဦးဖြစ်တယ်လို့ဆိုကြပါတယ်။ ဒါ့ပြင် ဘာ ဂါရီဟာ လက်ရှိအချိန်မှာ အစ္စလာမ် သိပ္ပံ အကယ်ဒမီ ကိုဦးဆောင်လျက်ရှိပြီး အမေရိကန်ဦးဆောင်တဲ့ အ နောက်နိုင်ငံ များကိုဝေဖန်မှုအပါအဝင် ကမ္ဘာကြီးနဲ့ ပတ်သက်တဲ့ ၎င်းရဲ့အမြင်များကြောင့် လူသိများထင် ရှားသူတစ်ဦးဖြစ်ပါတယ်။
အီရန် အမျိုးသားထိပ်တန်းလုံခြုံရေး ကောင်စီ (SNSC) က လက်ရှိ အတွင်းရေးမှူးချုပ် အ လီလာရီဂျာနီဟာ ဦးသျှောင်ခေါင်းဆောင်အသစ်နေ ရာအတွက်ရွေးချယ်ခံဖို့ ပါဝင်ယှဉ်ပြိုင်မယ့်သူတွေထဲ မှာပါဝင်လာဖွယ်ရှိတယ် လို့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ၎င်းဟာ အီရန်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ပြင်းထန်တဲ့ဖိနှိပ်မှုအပြင် အီရန်နိုင်ငံရဲ့ ဆက်ဆံရေးနဲ့ နျူကလီးယားဆွေးနွေးညှိနှိုင်းမှုတွေအဆုံး စတဲ့ကိစ္စရပ်တွေမှာ အဓိကဦးဆောင်ပါဝင်ခဲ့သူဖြစ်ပါတယ်။ ပြီးတော့ သူဟာ ခါမေနီနေရာကိုဆက်ခံမယ့် သူအဖြစ် ဘယ်သူပဲတက်လာလာ ပြည်ပရေးရာတွေ နဲ့ဆက်စပ်ပြီး အဓိကအကျိုးတော်ဆောင်အဖြစ်လည်း ဆက်လက်ပါဝင်ဖွယ်ရှိနေသူဖြစ်ပါတယ်။ ၎င်းဟာ အီရန်မှာ ဦးဆောင်တဲ့ ဘာသာရေးမိသားစုအနွယ်ကနေ ဆင်းသက်လာသူဖြစ်သလို အီရန်မှာ အစိုးရ ဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို ရက်ရက် စက်စက် နှိမ် နင်းဖို့စေခိုင်းခဲ့သူလို့စွပ်စွဲခံနေရသူဖြစ်ကာ အမေရိကန်နိုင်ငံရဲ့ပစ်မှတ်ထားပိတ်ဆို့မှုခံနေရသူလည်းဖြစ် ပါတယ်။ အလီလာရီဂျာနီဟာ အမေရိကန်နဲ့ နျူကလီး ယားသဘောတူညီချက်ရရေးအားထုတ်မှုတွေကို ကြီး ကြပ်ခဲ့သူဖြစ်ပြီး အီရန်နိုင်ငံရဲ့လူသိများထင်ရှားသူ တွေထဲမှာပါဝင်နေပါတယ်။ လက်ရှိအချိန်မှာ အီရန် နိုင်ငံရဲ့အ ဆင့်မြင်ဆုံးဘာသာရေးခေါင်းဆောင်နေရာ အဖြစ် ပါဝင်ယှဉ်ပြိုင်ဖို့အလားအလာရှိသူ (၆)ဦးရှိနေ ကာ (ဗန) အဖွဲ့က အဲဒီကိုယ်စားလှယ်လောင်း (၆) ဦးထဲက နိုင်ငံအတွက်သင့်တော်မယ့်ခေါင်းဆောင်အ သစ်ကို မဲပေးရွေးချယ်ရမှာ လည်းဖြစ်ပါတယ်။ အမေ ရိကန်နဲ့အစ္စရေးနိုင်ငံတို့ဟာ အီရန်နိုင်ငံမှာ အုပ်ချုပ် သူလူတန်းစားပြောင်းလဲနိုင်ဖို့ ရည်ရွယ် ချက်နဲ့ ပြင်းထန်တဲ့တိုက်ခိုက်မှုတွေလုပ်ဆောင်နေဆဲဖြစ်သလို အီရန် ဘက်ကလည်း ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပြန်လည်တုံ့ ပြန်တိုက်ခိုက်နေရာ တိုက်ပွဲဖြစ်ပွားမှု အရှိန်လျော့ နည်းလာချိန်မှသာ အီရန်နိုင်ငံရဲ့ အဆင့်မြင့်ဆုံး ဘာသာ ရေးခေါင်းဆောင်အသစ်ရွေးချယ်မှု ဖြစ်မြောက် လာဖွယ်ရှိနေပါတယ်။ (AE)အဖွဲ့ဟာ အီရန်နိုင်ငံအတွက် ဘယ်လို လူမျိုးကို ခေါင်းဆောင်အသစ်ရွေးချယ် မှာလဲဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။

Zawgyi Version;
အီရန္ႏိုင္ငံရဲ႕အဆင့္ျမင့္ဆုံး ဘာသာေရးေခါင္းေဆာင္အသစ္ ဘယ္သူျဖစ္လာဖြယ္ရွိသလဲ
ဂ်န္ဇက္ (NP News) - မတ္ ၈
အေမရိကန္နဲ႔အစၥေရးႏိုင္ငံတို႔ ပူးေပါင္းၿပီး အီရန္ႏိုင္ငံအေပၚ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ(၂၈)ရက္အတြင္း ထိုးစစ္ဆင္ တိုက္ခိုက္ခဲ့ရာ အေရွ႕အလယ္ပိုင္း ေဒသအတြင္း တင္းမာမႈအရွိန္ျမင့္တက္လာခဲ့ပါတယ္။
အေမရိကန္နဲ႔အစၥေရးတို႔ ပူးတြဲျပဳလုပ္ခဲ့တဲ့ ေလေၾကာင္းတိုက္ခိုက္မႈအတြင္း အီရန္ႏိုင္ငံရဲ႕အျမင့္ဆုံးဘာသာေရး အထြတ္အထိပ္ေခါင္းေဆာင္ျဖစ္တဲ့ အယာတိုလာ အလီခါေမနီအပါအဝင္ အီရန္စစ္တပ္ေခါင္းေဆာင္ေတြနဲ႔ အီရန္အစိုးရအဖြဲ႕တာဝန္ရွိသူမ်ား အပါအဝင္ အစိုးရအဖြဲ႕ဝင္ အနည္းဆုံး (၅၀)ေက်ာ္ ေသဆုံးခဲ့ရတယ္လို႔ သိရပါတယ္။

အေမရိကန္နဲ႔ အစၥေရးတို႔ ပူးတြဲျပဳလုပ္တဲ့စစ္ဆင္ေရးအတြင္း ေသဆုံးသြားခဲ့ရတဲ့ အီရန္ႏိုင္ငံရဲ႕အျမင့္ဆုံးဘာသာေရး ေခါင္းေဆာင္ျဖစ္တဲ့ ခါေမနီဟာ အီရန္ႏိုင္ငံရဲ႕အာဏာအရွိဆုံးပုဂၢိဳလ္တစ္ဦးျဖစ္သလို အစၥလာမၼစ္ေတာ္လွန္ ေရးအေစာင့္တပ္ (IRGC) အပါအဝင္ လက္နက္ကိုင္ တပ္ေတြအားလုံးရဲ႕ကာကြယ္ေရးဦးစီးခ်ဳပ္လည္းျဖစ္ပါတယ္။အီရန္အာဏာပိုင္ေတြဟာ အီရန္ႏိုင္ငံရဲ႕အဆင့္ျမင့္ဆုံးဘာသာေရးေခါင္းေဆာင္ လစ္ဟာမႈမရွိရေအာင္ အရင္ တုန္းက ေခါင္းေဆာင္အသစ္ကို လ်င္လ်င္ျမန္ျမန္ေ႐ြးခ်ယ္ခဲ့ဖူးေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ စစ္ပြဲဒဏ္ကိုရင္ဆိုင္ေနရတဲ့အတြက္ ေခါင္းေဆာင္အသစ္ အျမန္ဆုံးေ႐ြးခ်ယ္ေရးဟာ ရႈပ္ေထြးမႈေတြရွိေနပါတယ္။
အီရန္ႏိုင္ငံပိုင္မီဒီယာေတြက ႏိုင္ငံရဲ႕အျမင့္ဆုံးဩဇာအာဏာရွိသူ အယာတိုလာ ခါေမနီ ေသဆုံးမႈအတြက္ ဝမ္းနည္းေအာက္ေမ့ဖြယ္ ရက္(၄၀)က်င္းပမွာျဖစ္သလို အမ်ားျပည္သူ႐ုံးပိတ္ရက္ (၁)ပတ္ထားမယ္လို႔ ေၾကညာပါတယ္။
လက္ရွိအခ်ိန္မွာေတာ့ အီရန္ႏိုင္ငံရဲ႕အျမင့္ဆုံးအာဏာရွိသူ ေခါင္းေဆာင္အသစ္ေ႐ြးခ်ယ္ဖို႔ လုပ္ငန္းစဥ္ဟာ ဘာသာေရးေခါင္းေဆာင္(၈၈)ဦးနဲ႔ဖြဲ႕စည္းထားတဲ့ ေခါင္းေဆာင္မႈဆိုင္ရာကြၽမ္းက်င္သူမ်ားအဖြဲ႕ Assembly of Experts (AE) အဖြဲ႕ထံေရာက္ေနပါတယ္။ အဲဒီ(AE)အဖြဲ႕ဟာ ေသဆုံးသြားတဲ့ ခါေမနီေနရာကို ဆက္ခံမယ့္ ႏိုင္ငံ့ဦးေသွ်ာင္ ေလာင္းကို အဓိကထားေ႐ြးခ်ယ္မွာျဖစ္ပါတယ္။ အီရန္ႏိုင္ငံရဲ႕စည္းမ်ဥ္းစည္းကမ္းဥပေဒမ်ားအရ AE အဖြဲ႕ဝင္မ်ားကို (၈)ႏွစ္တစ္ႀကိမ္ျပဳလုပ္တဲ့ေ႐ြးေကာက္ပြဲကေန ေ႐ြးခ်ယ္ထားတာျဖစ္ၿပီး သမၼတေလာင္းအပါအဝင္ ကိုယ္စားလွယ္ေလာင္းေတြကိုေ႐ြးခ်ယ္တဲ့ ဂါးဒီးယန္း ေကာင္စီကေန အသိအမွတ္ျပဳလက္ခံထားထားသူေတြလည္းျဖစ္ပါတယ္။
အီရန္ႏိုင္ငံရဲ႕အဆင့္ျမင့္ဆုံး ေခါင္းေဆာင္ သစ္တစ္ဦးကိုေ႐ြးခ်ယ္ဖို႔ဆိုရင္ AE အဖြဲ႕ဝင္စုစုေပါင္း သုံးပုံႏွစ္ပုံရဲ႕ ေထာက္ခံမႈရမွ ေ႐ြးႏိုင္မွာျဖစ္ပါတယ္။ (၂၀၂၄)ခုႏွစ္ကက်င္းပခဲ့တဲ့ AE ေ႐ြးေကာက္ပြဲေတြမွာ ခါေမနီရဲ႕သစၥာခံ အမ်ားစုက အႏိုင္ရတဲ့အတြက္ လက္ရွိအခ်ိန္မွာ AE အဖြဲ႕ဝင္ေတြဟာ ခါေမနီကို လို လားေထာက္ခံသူေတြျဖစ္တယ္လို႔ဆိုႏိုင္ပါတယ္။ အီရန္ႏိုင္ငံရဲ႕ အဆင့္ျမင့္ဆုံးဘာသာေရးေခါင္းေဆာင္ အသစ္ေ႐ြးခ်ယ္မယ့္လုပ္ငန္းစဥ္ေတြေ႐ြးခ်ယ္ႏိုင္ဖို႔ လုပ္ေဆာင္ေန ခ်ိန္အတြင္းမွာပဲ အီရန္ႏိုင္ငံကို အဖြဲ႕ ဝင္(၃)ဦးပါဝင္တဲ့ ယာယီေခါင္းေဆာင္မႈေကာင္စီက တာဝန္ယူအုပ္ခ်ဳပ္ထားမွာ ျဖစ္ပါတယ္။ အဲဒီယာယီ ေခါင္းေဆာင္မႈေကာင္စီမွာ ႏိုင္ငံ့သမၼတ၊ တရားေရး အႀကီးအကဲနဲ႔ အေျခခံဥပေဒဆိုင္ရာ ေကာင္စီလို႔ လည္းေခၚတဲ့ ဂါးဒီးယန္းေကာင္စီအဖြဲ႕ဝင္ ဘာသာ ေရးေခါင္းေဆာင္တစ္ဦးတို႔ပါဝင္ပါတယ္။ AE အဖြဲ႕က အီရန္ႏိုင္ငံရဲ႕ အဆင့္ျမင့္ဆုံးေခါင္းေဆာင္ေလာင္းကို မဲသုံးပုံႏွစ္ပုံနဲ႔မေ႐ြးႏိုင္ဘူးဆိုရင္၊ လက္ရွိျဖစ္ေန တဲ့လုံၿခဳံေရးအေျခ အေနေၾကာင့္ AE အဖြဲ႕ဝင္ေတြ မ်က္ႏွာစုံညီမေတြ႕ႏိုင္ဘူးဆိုရင္ေတာ့ ယာယီေခါင္း ေဆာင္မႈေကာင္စီဟာ အီရန္ႏိုင္ငံရဲ႕ အုပ္ခ်ဳပ္ေရးကို အခ်ိန္အကန႔္အသတ္မရွိ ဆက္လက္လုပ္ေဆာင္ရ ဖြယ္ရွိေနတယ္လို႔ ႏိုင္ငံတကာသတင္း မီဒီယာေတြက ေဖာ္ျပထားပါတယ္။ ဒါ့ျပင္ အီရန္ႏိုင္ငံရဲ႕အဆင့္ျမင့္ ဆုံးဘာသာေရးေခါင္းေဆာင္ကိုေ႐ြးခ်ယ္ရမယ့္ AE အဖြဲ႕ရဲ႕ဆုံး ျဖတ္ခ်က္ဟာ အစၥလာမၼစ္ေတာ္လွန္ေရး အေစာင့္တပ္ (IRGC) နဲ႔လည္း သေဘာတူညီမႈေတြ ရွိရမယ့္အေျခေနမ်ိဳး ရွိေနပါတယ္။ AE အဖြဲ႕ထဲမွာရွိတဲ့ အဖြဲ႕ဝင္(၃)ဦးပါေကာ္မတီခြဲတစ္ခုဟာ ခါေမနီ မကြယ္လြန္ခင္ကတည္းက အလား အလာရွိတဲ့ေခါင္း ေဆာင္ေလာင္းေတြကို တိတ္တဆိတ္ရွာေဖြေနခဲ့တယ္ လို႔ သတင္းေတြထြက္ေပၚခဲ့ဖူးပါတယ္။
လက္ရွိထြက္ေပၚေနတဲ့သတင္းေတြအရ အီရန္ႏိုင္ငံရဲ႕ အဆင့္ျမင့္ဆုံး ဘာသာေရးေခါင္းေဆာင္ ေနရာကိုရယူ ႏိုင္ဖို႔ အလားအလာရွိေနသူ အနည္းဆုံး (၄)ဦးရွိေနတယ္လို႔ဆိုၾကပါတယ္။ ခါေမနီေသဆုံးခဲ့ ၿပီးေနာက္ ၎ ရဲ႕ေနရာကိုဆက္ခံမယ့္သူေတြထဲမွာ ခါေမနီရဲ႕သားျဖစ္သူကိုယ္တိုင္ပါဝင္ေနတယ္လို႔ သိရပါတယ္။ အယာတိုလာ ခါေမနီရဲ႕ ဒုတိယေျမာက္သား မိုဂ်ာတာ ခါေမနီဟာ ၎ရဲ႕ဖခင္ျဖစ္သူေနရာကိုဆက္ ခံမယ့္သူလို႔ ရႈျမင္သုံး သပ္ခံထား ရၿပီး အေမရိကန္ရဲ႕ ပိတ္ဆို႔ဒဏ္ခတ္မႈခံထားရသူလည္းျဖစ္ပါတယ္။ မိုဂ်ာ တာခါေမနီဟာ ဖခင္ျဖစ္သူ အယာတိုလာ ခါေမနီရဲ႕႐ုံး ကို စီမံခန႔္ခြဲခဲ့သူျဖစ္သလို အီရန္စစ္တပ္ေခါင္းေဆာင္ ေတြ၊ အျပင္မီဒီယာသမားေတြ၊ အီရန္ အစိုးရတာဝန္ရွိ သူေတြနဲ႔ ရင္းႏွီးတဲ့ဆက္ဆံေရးရွိသူလည္းျဖစ္ပါတယ္။ ၎ဟာ ဖခင္ျဖစ္သူ အယာတိုလာခါေမနီရဲ႕ ရည္မွန္းခ်က္ေတြ အေကာင္အထည္ေပၚေအာင္လုပ္ ေပးတဲ့သူအျဖစ္သတ္မွတ္ခံထားရၿပီး အီရန္ႏိုင္ငံရဲ႕အဆင့္ျမင့္ဆုံးဘာသာေရး ေခါင္း ေဆာင္ေနရာကို သားစဥ္ ေျမးဆက္ဆက္ခံမယ့္အလားအလာမ်ား ရွိလာႏိုင္ တယ္လို႔ သုံးသပ္မႈေတြရွိေနပါတယ္။
ဒါ့ျပင္ အီရန္ႏိုင္ငံရဲ႕အဆင့္ျမင့္ဆုံး ဘာသာေရးေခါင္းေဆာင္ေနရာကို ပါဝင္အေ႐ြးခ်ယ္ခံဖြယ္ ရွိေနသူ ေတြထဲမွာ အသက္(၆၇)ႏွစ္အ႐ြယ္ရွိ အီရန္ ဘာသာေရးဆရာတစ္ဦးျဖစ္တဲ့ အာရာဖီလည္း ပါဝင္ ေနပါတယ္။ ၎ဟာ အီရန္ ဘာသာေရးအသိုင္းအဝိုင္းမွာ လူသိမ်ားထင္ရွားသူတစ္ဦးျဖစ္သလို အီရန္ႏိုင္ငံရဲ႕ အဆင့္ျမင့္ဆုံးဘာသာေရး ေခါင္း ေဆာင္ကို ေ႐ြးခ်ယ္ ရတဲ့အဖြဲ႕ Assembly of Experts ရဲ႕ဒုတိယဥကၠ႒ အျဖစ္ တာဝန္ယူခဲ့ဖူးသူျဖစ္ပါတယ္။
အာရာဖီဟာ လက္ရွိအခ်ိန္မွာ လႊတ္ေတာ္ ကဆုံးျဖတ္တဲ့ဥပေဒေတြ၊ ကိုယ္စားလွယ္ေလာင္းေတြ ကိုႀကီးၾကပ္ ရတဲ့ေကာင္စီျဖစ္တဲ့ ဂါးဒီးယန္းေကာင္စီ ရဲ႕အဖြဲ႕ဝင္တစ္ဦးအျဖစ္တာဝန္ယူေနသူျဖစ္ပါတယ္။ အာရာဖီဟာ အီရန္ႏိုင္ငံ တစ္လႊား က်မ္းစာေက်ာင္းေတြ အားလုံးရဲ႕ၫႊန္ၾကားေရးမႉးျဖစ္ၿပီး ဒီရာထူးဟာ အီရန္ရဲ႕ ဘာသာေရးဆိုင္ရာ ရာထူးဌာန အဆင့္မွာ အျမင့္ ဆုံးျဖစ္ပါတယ္။ (၂၀၁၉)ခုႏွစ္မွာ ခါေမနီဟာ သူ႔ကို ဂါးဒီးယန္းေကာင္စီထဲ ခန႔္ခဲ့ပါတယ္။ ဒီေကာင္စီဟာ ဘာသာေရးေခါင္းေဆာင္ေတြနဲ႔ ဥပေဒပညာရွင္ (၁၂)ေယာက္ပါတဲ့အဖြဲ႕ျဖစ္ပါတယ္။ ဒီေကာင္စီဟာ သမၼတ ေလာင္းေ႐ြး ခ်ယ္ေရးလိုကိစၥရပ္ေတြကို ကိုင္တြယ္ၿပီး အာဏာလည္းႀကီးပါတယ္။ ေနာက္ထပ္ နာ မည္ထြက္သူက ဟတ္ဆန္ခိုေမနီ ျဖစ္ပါတယ္။ ၎ဟာ အီရန္မွာ ျပဳျပင္ေျပာင္းလဲေရးသမားေတြနဲ႔အ ေနနီးသူလို႔သုံးသပ္ခံေနရသူျဖစ္ၿပီး (၁၉၈၉) ခုႏွစ္မွာ ကြယ္လြန္သြားၿပီျဖစ္တဲ့ အီရန္အစၥလာမၼစ္သမၼတႏိုင္ငံ ကိုထူေထာင္သူ အယာတိုလာ ခိုေမနီရဲ႕ေျမးျဖစ္ပါတယ္။ ဟတ္ ဆန္ခိုေမနီရဲ႕ ဘာသာေရးအားေကာင္းမႈနဲ႔ မိသားစုေနာက္ခံကလည္း သူ႔ကို ေခါင္းေဆာင္ ေလာင္းအျဖစ္ေ႐ြးဖို႔ အေလးသာေစပါတယ္။
အသက္(၅၄)ႏွစ္အ႐ြယ္ရွိ ဟတ္ဆန္ခိုေမ နီဟာ လက္ရွိအခ်ိန္မွာ အီရန္အစၥလာမၼစ္ သမၼတႏိုင္ငံ ကိုထူေထာင္သူ အယာတိုလာခိုေမနီရဲ႕ဂူဗိမာန္ကို ထိန္းသိမ္းေစာင့္ေရွာက္သူလည္းျဖစ္ပါတယ္။ ဟတ္ဆန္ခိုေမနီဟာ အစိုးရ ရာထူးေတြကို မထမ္းေဆာင္ခဲ့ ေပမယ့္ အမ်ားျပည္သူနဲ႔ပတ္သက္တဲ့မူဝါဒေတြမွာ အစြန္းမေရာက္ဘဲ အလယ္အလတ္ အျမင္ရွိသူအျဖစ္ လူသိမ်ားကာ ျပဳျပင္ေျပာင္းလဲေရးသမားတစ္ဦးျဖစ္ ပါတယ္။ ၎ဟာ ၿပီးခဲ့တဲ့ (၂၀၁၆) ခုႏွစ္ကက်င္းပခဲ့တဲ့ အဆင့္ျမင့္ဆုံးဘာသာေရးေခါင္းေဆာင္ကိုေ႐ြးခ်ယ္ရတဲ့အဖြဲ႕ Assembly of Experts အတြက္ ဝင္ ေရာက္ယွဥ္ၿပိဳင္ဖို႔ႀကိဳးပမ္းခဲ့ေပမယ့္ စိစစ္ေရးေကာင္စီက ၎ကို အရည္အခ်င္းမျပည့္သူအျဖစ္ ဆုံးျဖတ္ခဲ့ဖူးပါတယ္။ အီရန္ႏိုင္ငံရဲ႕ အဆင့္ျမင့္ဆုံးဘာသာေရး ေခါင္းေဆာင္ေနရာကို ပါဝင္ယွဥ္မယ့္သူအျဖစ္ ေရ ပန္းစားသူေတြထဲမွာ ဂိုလမ္-ဟူစိန္ မိုဆီနီ-အီေဂ်လည္းပါဝင္ေနတယ္လို႔သိရပါတယ္။ ၎ဟာ အီရန္ ႏိုင္ငံရဲ႕အႀကီးတန္း ဘာသာေရး ေခါင္း ေဆာင္တစ္ဦး ျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ အီရန္ႏိုင္ငံရဲ႕တရားစီရင္ ေရးကို ဦးေဆာင္ေနသူျဖစ္ပါတယ္။ ၎ဟာ အီရန္ ႏိုင္ငံရဲ႕ အဆင့္ျမင့္ဆုံးသာသာေရးေခါင္းေဆာင္ျဖစ္တဲ့ အယာတိုလာခါေမနီနဲ႔ နီးစပ္ခဲ့သူျဖစ္ၿပီး ၎ကို (၂၀၂၁)ခုႏွစ္ ဇူလိုင္လမွာ အီရန္တရားေရးဌာနအႀကီး အကဲတစ္ဦးအျဖစ္ ခန႔္အပ္ခဲ့ပါတယ္။
ဂိုလမ္-ဟူစိန္ မိုဆီနီ-အီေဂ်ဟာ (၂၀ဝ၅) ခုႏွစ္ကေန (၂၀ဝ၉)ခုႏွစ္အထိ ေထာက္လွမ္းေရးဝန္ ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သလို အဲဒီေနာက္ပိုင္း မွာ အီရန္အစိုးရအဖြဲ႕ အစိုးရေရွ႕ေနခ်ဳပ္နဲ႔ ဒုတိယ တရားသူႀကီးခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူ လည္းျဖစ္ပါတယ္။ မိုဆီနီ-အီေဂ်ဟာ အီရန္ႏိုင္ငံရွိ ေရး႐ိုးစြဲဝါဒီအဖြဲ႕နဲ႔ ဆက္စပ္မႈရွိသူအျဖစ္ သတ္မွတ္ခံ ထားရသူျဖစ္သလို သေဘာထားတင္းမာသူအျဖစ္ ရႈ ျမင္သုံးသပ္ခံထားရသူလည္းျဖစ္ပါတယ္။
ဒါ့ျပင္ မိုဟာမက္ မက္ဒီ မီယာဘာဂါရီ ဟာလည္း အီရန္ႏိုင္ငံရဲ႕အဆင့္ျမင့္ဆုံးဘာသာေရး ေခါင္းေဆာင္ ေ႐ြးခ်ယ္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ဖြယ္ရွိတယ္ လို႔ သတင္းေတြထြက္ေပၚေနပါတယ္။ ၎ဟာ အီရန္ ႏိုင္ငံရဲ႕အဆင့္ျမင့္ဆုံး ဘာသာေရးေခါင္းေဆာင္ကို ေ႐ြးခ်ယ္ရမယ့္အဖြဲ႕အစည္းျဖစ္တဲ့ Assembly of Experts (AE) အဖြဲ႕ဝင္တစ္ဦးျဖစ္ကာ အဖြဲ႕အစည္းအတြင္း အလြန္တင္းမာေသာ ဘာသာေရးေခါင္း ေဆာင္တစ္ဦးျဖစ္တယ္လို႔ဆိုၾကပါတယ္။ ဒါ့ျပင္ ဘာ ဂါရီဟာ လက္ရွိအခ်ိန္မွာ အစၥလာမ္ သိပၸံ အကယ္ဒမီ ကိုဦးေဆာင္လ်က္ရွိၿပီး အေမရိကန္ဦးေဆာင္တဲ့ အ ေနာက္ႏိုင္ငံ မ်ားကိုေဝဖန္မႈအပါအဝင္ ကမာၻႀကီးနဲ႔ ပတ္သက္တဲ့ ၎ရဲ႕အျမင္မ်ားေၾကာင့္ လူသိမ်ားထင္ ရွားသူတစ္ဦးျဖစ္ပါတယ္။
အီရန္ အမ်ိဳးသားထိပ္တန္းလုံၿခဳံေရး ေကာင္စီ (SNSC) က လက္ရွိ အတြင္းေရးမႉးခ်ဳပ္ အ လီလာရီဂ်ာနီဟာ ဦးေသွ်ာင္ေခါင္းေဆာင္အသစ္ေန ရာအတြက္ေ႐ြးခ်ယ္ခံဖို႔ ပါဝင္ယွဥ္ၿပိဳင္မယ့္သူေတြထဲ မွာပါဝင္လာဖြယ္ရွိတယ္ လို႔သတင္းေတြလည္း ထြက္ေပၚေနပါတယ္။ ၎ဟာ အီရန္ႏိုင္ငံမွာျဖစ္ပြားခဲ့တဲ့ ျပင္းထန္တဲ့ဖိႏွိပ္မႈအျပင္ အီရန္ႏိုင္ငံရဲ႕ ဆက္ဆံေရးနဲ႔ န်ဴကလီးယားေဆြးေႏြးညႇိႏႈိင္းမႈေတြအဆုံး စတဲ့ကိစၥရပ္ေတြမွာ အဓိကဦးေဆာင္ပါဝင္ခဲ့သူျဖစ္ပါတယ္။ ၿပီးေတာ့ သူဟာ ခါေမနီေနရာကိုဆက္ခံမယ့္ သူအျဖစ္ ဘယ္သူပဲတက္လာလာ ျပည္ပေရးရာေတြ နဲ႔ဆက္စပ္ၿပီး အဓိကအက်ိဳးေတာ္ေဆာင္အျဖစ္လည္း ဆက္လက္ပါဝင္ဖြယ္ရွိေနသူျဖစ္ပါတယ္။ ၎ဟာ အီရန္မွာ ဦးေဆာင္တဲ့ ဘာသာေရးမိသားစုအႏြယ္ကေန ဆင္းသက္လာသူျဖစ္သလို အီရန္မွာ အစိုးရ ဆန႔္က်င္ေရးဆႏၵျပပြဲေတြကို ရက္ရက္ စက္စက္ ႏွိမ္ နင္းဖို႔ေစခိုင္းခဲ့သူလို႔စြပ္စြဲခံေနရသူျဖစ္ကာ အေမရိကန္ႏိုင္ငံရဲ႕ပစ္မွတ္ထားပိတ္ဆို႔မႈခံေနရသူလည္းျဖစ္ ပါတယ္။ အလီလာရီဂ်ာနီဟာ အေမရိကန္နဲ႔ န်ဴကလီး ယားသေဘာတူညီခ်က္ရေရးအားထုတ္မႈေတြကို ႀကီး ၾကပ္ခဲ့သူျဖစ္ၿပီး အီရန္ႏိုင္ငံရဲ႕လူသိမ်ားထင္ရွားသူ ေတြထဲမွာပါဝင္ေနပါတယ္။ လက္ရွိအခ်ိန္မွာ အီရန္ ႏိုင္ငံရဲ႕အ ဆင့္ျမင္ဆုံးဘာသာေရးေခါင္းေဆာင္ေနရာ အျဖစ္ ပါဝင္ယွဥ္ၿပိဳင္ဖို႔အလားအလာရွိသူ (၆)ဦးရွိေန ကာ (ဗန) အဖြဲ႕က အဲဒီကိုယ္စားလွယ္ေလာင္း (၆) ဦးထဲက ႏိုင္ငံအတြက္သင့္ေတာ္မယ့္ေခါင္းေဆာင္အ သစ္ကို မဲေပးေ႐ြးခ်ယ္ရမွာ လည္းျဖစ္ပါတယ္။ အေမ ရိကန္နဲ႔အစၥေရးႏိုင္ငံတို႔ဟာ အီရန္ႏိုင္ငံမွာ အုပ္ခ်ဳပ္ သူလူတန္းစားေျပာင္းလဲႏိုင္ဖို႔ ရည္႐ြယ္ ခ်က္နဲ႔ ျပင္းထန္တဲ့တိုက္ခိုက္မႈေတြလုပ္ေဆာင္ေနဆဲျဖစ္သလို အီရန္ ဘက္ကလည္း ဒုံးက်ည္ေတြ၊ ဒ႐ုန္းေတြနဲ႔ ျပန္လည္တုံ႔ ျပန္တိုက္ခိုက္ေနရာ တိုက္ပြဲျဖစ္ပြားမႈ အရွိန္ေလ်ာ့ နည္းလာခ်ိန္မွသာ အီရန္ႏိုင္ငံရဲ႕ အဆင့္ျမင့္ဆုံး ဘာသာ ေရးေခါင္းေဆာင္အသစ္ေ႐ြးခ်ယ္မႈ ျဖစ္ေျမာက္ လာဖြယ္ရွိေနပါတယ္။ (AE)အဖြဲ႕ဟာ အီရန္ႏိုင္ငံအတြက္ ဘယ္လို လူမ်ိဳးကို ေခါင္းေဆာင္အသစ္ေ႐ြးခ်ယ္ မွာလဲဆိုတာ စိတ္ဝင္စားဖြယ္ ေစာင့္ၾကည့္ရမွာလည္း ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.