ရှမ်းမြောက် လက်နက်ကိုင်အုပ်စုအချို့ NCA လမ်းကြောင်းပေါ် လျှောက်လှမ်းမည့်အရိပ်အယောင်မြင်ရ

 1356

သုတကျော် (NP News) - မတ် ၂၅

ရှမ်းပြည်နယ်မြောက်ပိုင်းမှအဖွဲ့များအနေဖြင့် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် လျှောက်လှမ်းရန် အခြေအနေရှိကြောင်း ရှမ်းပြည်နယ်မှ လက်နက်ကိုင်များအရေးကျွမ်းကျင်သူတစ်ဦးက NP News သို့ ပြောသည်။
လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယခင်က ညီနောင်မဟာမိတ်များဖြစ်ခဲ့ကြသည့် MNDAA နှင့် TNLA တို့အကြား စစ်ရေးအရ တင်းမာမှုများရှိခဲ့ပြီးသည့်နောက် လက်ရှိတွင် အပစ်ရပ်ရေးဆွေးနွေး နေသည်။ တစ်ဖက်တွင်လည်း MNDAA ၏တိုက်ခိုက်မှုများသည် ကုန်သွယ်ရေးလမ်းကြောင်းဖွင့်ရန် အတွက်ဟု ယူဆချက်များရှိနေပြီး တစ်နွယ်ငင်တစ်စင်ပါအဖြစ် ရှမ်းမြောက် ငြိမ်းချမ်းရေးအတွက်လည်း မျှော်လင့်ချက်များလာကြောင်း သုံးသပ်မှုများရှိနေသည်။
ယင်းအခြေအနေတွင် အစိုးရသစ်ကာလ၌ တရုတ်နိုင်ငံနှင့် ကုန်စည်ကူးသန်းရောင်းဝယ်ရေး လမ်းကြောင်း ပွင့်တော့မည်ဖြစ်ကြောင်း အထက်ပါရှမ်းပြည်နယ်မှလက်နက်ကိုင်များအရေး ကျွမ်းကျင် သူကဆိုသည်။ လက်ရှိအနေအထားမှာ ငြိမ်းချမ်းရေးအတွက်လည်း လမ်းပွင့်တော့မည် ဟု မျှော်လင့် ကြောင်း ၎င်းကဆိုသည်။
“အစိုးရအသစ်ကာလမှာ နံပါတ်တစ်ကတော့ ကုန်လမ်း။ ကုန်စည်လမ်းပွင့်သွားမယ်ပေါ့။ နောက် ပြီးတော့ ငြိမ်းချမ်းရေးရဖို့ များသွားပါတယ်။ မြောက်ပိုင်းအဖွဲ့တွေ ငြိမ်းချမ်းရေးယူဖို့ များသွားပါ တယ်။ ကိုးကန့်၊ ပလောင်”ဟု ၎င်းကဆိုသည်။ လက်ရှိအနေအထားအရ ခန့်မှန်းသုံးသပ်ရန် ခက်နေသေးသော် လည်း ကောင်းမွန်သည့်အပြောင်းအလဲတစ်ခုလာမည်ဟုမျှော်လင့်ကြောင်းလည်း ၎င်းကပြောသည်။
“ကောင်းမွန်တဲ့ပြောင်းလဲမှုတော့ မြန်မြန်ဆန်ဆန်ပြောင်းလဲလိမ့်မယ်လို့တော့ ယူဆသုံးသပ်ပါ တယ်”ဟု ၎င်းကပြောသည်။ လက်ရှိအနေအထားများအရ တိုက်ခိုက်မှုများရှိခဲ့သည့် MNDAA နှင့် TNLA ကြား ယာယီအပစ်ရပ်ခြင်း မျိုးရှိလာနိုင်ကြောင်း ၎င်းက ပြောသည်။ “ငြိမ်းမယ်ဆိုတာထက်တော့ ယာယီ ကတော့ ရပ်သွားလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ TNLA က စစ်နာတဲ့အနေအထားမှာရှိတာကိုး။ အဲဒီ လိုမျိုး လေးတော့ရှိပါတယ်” ဟု ၎င်းက ပြောသည်။

Zawgyi Version;
ရွမ္းေျမာက္ လက္နက္ကိုင္အုပ္စုအခ်ိဳ႕ NCA လမ္းေၾကာင္းေပၚ ေလွ်ာက္လွမ္းမည့္အရိပ္အေယာင္ျမင္ရ
သုတေက်ာ္ (NP News) - မတ္ ၂၅
ရွမ္းျပည္နယ္ေျမာက္ပိုင္းမွအဖြဲ႕မ်ားအေနျဖင့္ ၿငိမ္းခ်မ္းေရးလမ္းေၾကာင္းေပၚ ေလွ်ာက္လွမ္းရန္ အေျခအေနရွိေၾကာင္း ရွမ္းျပည္နယ္မွ လက္နက္ကိုင္မ်ားအေရးကြၽမ္းက်င္သူတစ္ဦးက NP News သို႔ ေျပာသည္။
လက္ရွိ ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ ယခင္က ညီေနာင္မဟာမိတ္မ်ားျဖစ္ခဲ့ၾကသည့္ MNDAA ႏွင့္ TNLA တို႔အၾကား စစ္ေရးအရ တင္းမာမႈမ်ားရွိခဲ့ၿပီးသည့္ေနာက္ လက္ရွိတြင္ အပစ္ရပ္ေရးေဆြးေႏြး ေနသည္။ တစ္ဖက္တြင္လည္း MNDAA ၏တိုက္ခိုက္မႈမ်ားသည္ ကုန္သြယ္ေရးလမ္းေၾကာင္းဖြင့္ရန္ အတြက္ဟု ယူဆခ်က္မ်ားရွိေနၿပီး တစ္ႏြယ္ငင္တစ္စင္ပါအျဖစ္ ရွမ္းေျမာက္ ၿငိမ္းခ်မ္းေရးအတြက္လည္း ေမွ်ာ္လင့္ခ်က္မ်ားလာေၾကာင္း သုံးသပ္မႈမ်ားရွိေနသည္။
ယင္းအေျခအေနတြင္ အစိုးရသစ္ကာလ၌ တ႐ုတ္ႏိုင္ငံႏွင့္ ကုန္စည္ကူးသန္းေရာင္းဝယ္ေရး လမ္းေၾကာင္း ပြင့္ေတာ့မည္ျဖစ္ေၾကာင္း အထက္ပါရွမ္းျပည္နယ္မွလက္နက္ကိုင္မ်ားအေရး ကြၽမ္းက်င္ သူကဆိုသည္။ လက္ရွိအေနအထားမွာ ၿငိမ္းခ်မ္းေရးအတြက္လည္း လမ္းပြင့္ေတာ့မည္ ဟု ေမွ်ာ္လင့္ ေၾကာင္း ၎ကဆိုသည္။
“အစိုးရအသစ္ကာလမွာ နံပါတ္တစ္ကေတာ့ ကုန္လမ္း။ ကုန္စည္လမ္းပြင့္သြားမယ္ေပါ့။ ေနာက္ ၿပီးေတာ့ ၿငိမ္းခ်မ္းေရးရဖို႔ မ်ားသြားပါတယ္။ ေျမာက္ပိုင္းအဖြဲ႕ေတြ ၿငိမ္းခ်မ္းေရးယူဖို႔ မ်ားသြားပါ တယ္။ ကိုးကန႔္၊ ပေလာင္”ဟု ၎ကဆိုသည္။ လက္ရွိအေနအထားအရ ခန႔္မွန္းသုံးသပ္ရန္ ခက္ေနေသးေသာ္ လည္း ေကာင္းမြန္သည့္အေျပာင္းအလဲတစ္ခုလာမည္ဟုေမွ်ာ္လင့္ေၾကာင္းလည္း ၎ကေျပာသည္။
“ေကာင္းမြန္တဲ့ေျပာင္းလဲမႈေတာ့ ျမန္ျမန္ဆန္ဆန္ေျပာင္းလဲလိမ့္မယ္လို႔ေတာ့ ယူဆသုံးသပ္ပါ တယ္”ဟု ၎ကေျပာသည္။ လက္ရွိအေနအထားမ်ားအရ တိုက္ခိုက္မႈမ်ားရွိခဲ့သည့္ MNDAA ႏွင့္ TNLA ၾကား ယာယီအပစ္ရပ္ျခင္း မ်ိဳးရွိလာႏိုင္ေၾကာင္း ၎က ေျပာသည္။ “ၿငိမ္းမယ္ဆိုတာထက္ေတာ့ ယာယီ ကေတာ့ ရပ္သြားလိမ့္မယ္။ ဘာေၾကာင့္လဲဆိုေတာ့ TNLA က စစ္နာတဲ့အေနအထားမွာရွိတာကိုး။ အဲဒီ လိုမ်ိဳး ေလးေတာ့ရွိပါတယ္” ဟု ၎က ေျပာသည္။

Related news

© 2021. All rights reserved.