ပြင်သစ်က ရဟတ်ယာဉ်တင်သင်္ဘောတစ်စီးကို မြေထဲပင်လယ်သို့စေလွှတ်

 286

Pika (NP News) - မတ် ၈

အရှေ့အလယ်ပိုင်းဒေသမှာဖြစ်ပွားနေတဲ့ စစ်ပွဲကို တုံ့ပြန်တဲ့အနေနဲ့ ပြင်သစ်က မြေထဲပင်လယ်ကို ရဟတ်ယာဉ် တင်သင်္ဘောတစ်စီး စေလွှတ်ခဲ့တယ်လို့ ပြင်သစ်အစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ပြင်သစ်စစ်တပ် က “အရှေ့အလယ်ပိုင်းဒေသမှာဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ဆက်စပ်ပြီး ပြင်သစ်စစ်တပ်ရဲ့တည်ရှိမှုကို အားဖြည့်ဖို့ အတွက် မြေထဲပင်လယ်မှာ ကုန်းရေနှစ်သွယ်သွား ရဟတ်ယာဉ်တင်သင်္ဘောတစ်စီးကို ဖြန့်ကျက်ချထားခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းဒေသမှာ အဓိလေယာဉ်တင်သင်္ဘောတစ်စီးနဲ့ ဖရီးဂိတ်သင်္ဘောတစ်စီးကို ဖြန့်ကျက်ချထားဖို့ ပြင်သစ်အစိုးရက ဆုံးဖြတ်ခဲ့ပြီးနောက် ယခုလိုစေလွှတ်မှုတွေ ထပ်မံထွက်ပေါ်လာတာဖြစ်ပါတယ်။ အမေရိကန် နဲ့ အစ္စရေးတို့က အီရန်အပေါ်လေကြောင်းတိုက်ခိုက်မှုတွေကို စတင်လုပ်ဆောင်ခဲ့ပြီးနောက် သီတင်းပတ်တစ်ပတ် ခန့်အကြာမှာ ပြင်သစ်စစ်တပ်ရဲ့ယခုလိုပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ဟာ အပြန်အလှန်လက်တုံ့ပြန်တိုက်ခိုက်မှုတွေကို ဆက်လက် လုပ်ဆောင်နေပြီး အရှေ့အလယ်ပိုင်းဒေသမှာ ကြီးမားကျယ်ပြန့်တဲ့ပဋိပက္ခကြီးတစ်ခုပေါ်ပေါက်လာမှာကို စိုးရိမ်မှု တွေ မြင့်တက်လျက်ရှိတယ်လို့လည်း သိရပါတယ်။

Zawgyi Version;
ျပင္သစ္က ရဟတ္ယာဥ္တင္သေဘၤာတစ္စီးကို ေျမထဲပင္လယ္သို႔ေစလႊတ္
Pika (NP News) - မတ္ ၈
အေရွ႕အလယ္ပိုင္းေဒသမွာျဖစ္ပြားေနတဲ့ စစ္ပြဲကို တုံ႔ျပန္တဲ့အေနနဲ႔ ျပင္သစ္က ေျမထဲပင္လယ္ကို ရဟတ္ယာဥ္ တင္သေဘၤာတစ္စီး ေစလႊတ္ခဲ့တယ္လို႔ ျပင္သစ္အစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ျပင္သစ္စစ္တပ္ က “အေရွ႕အလယ္ပိုင္းေဒသမွာျဖစ္ပြားေနတဲ့ ပဋိပကၡနဲ႔ဆက္စပ္ၿပီး ျပင္သစ္စစ္တပ္ရဲ႕တည္ရွိမႈကို အားျဖည့္ဖို႔ အတြက္ ေျမထဲပင္လယ္မွာ ကုန္းေရႏွစ္သြယ္သြား ရဟတ္ယာဥ္တင္သေဘၤာတစ္စီးကို ျဖန႔္က်က္ခ်ထားခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
အေရွ႕အလယ္ပိုင္းေဒသမွာ အဓိေလယာဥ္တင္သေဘၤာတစ္စီးနဲ႔ ဖရီးဂိတ္သေဘၤာတစ္စီးကို ျဖန႔္က်က္ခ်ထားဖို႔ ျပင္သစ္အစိုးရက ဆုံးျဖတ္ခဲ့ၿပီးေနာက္ ယခုလိုေစလႊတ္မႈေတြ ထပ္မံထြက္ေပၚလာတာျဖစ္ပါတယ္။ အေမရိကန္ နဲ႔ အစၥေရးတို႔က အီရန္အေပၚေလေၾကာင္းတိုက္ခိုက္မႈေတြကို စတင္လုပ္ေဆာင္ခဲ့ၿပီးေနာက္ သီတင္းပတ္တစ္ပတ္ ခန႔္အၾကာမွာ ျပင္သစ္စစ္တပ္ရဲ႕ယခုလိုေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
လက္ရွိအခ်ိန္မွာ အေမရိကန္-အစၥေရးနဲ႔ အီရန္တို႔ဟာ အျပန္အလွန္လက္တုံ႔ျပန္တိုက္ခိုက္မႈေတြကို ဆက္လက္ လုပ္ေဆာင္ေနၿပီး အေရွ႕အလယ္ပိုင္းေဒသမွာ ႀကီးမားက်ယ္ျပန႔္တဲ့ပဋိပကၡႀကီးတစ္ခုေပၚေပါက္လာမွာကို စိုးရိမ္မႈ ေတြ ျမင့္တက္လ်က္ရွိတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.