ရေနံစိမ်းဈေးနှုန်းက (၂၀၂၃)ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအဆင့်ကိုရောက်ရှိလာ

207

Pika (NP News) - မတ် ၉
အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ကြား စစ်ပွဲအရှိန်မြင့်တက်လာမှုနဲ့အတူ အရှေ့အလယ်ပိုင်းကနေ ကမ္ဘာ့ဈေးကွက် တွေကို စွမ်းအင်ထောက်ပံ့မှုတွေအပေါ် အနှောင့်အယှက်ဖြစ်စေခဲ့တာကြောင့် ရေနံဈေးနှုန်းတွေက အချိန်(၂)နှစ်ခွဲ အတွင်းမှာ အမြင့်ဆုံးအဆင့်ကို ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။
Brent ရေနံစိမ်းဈေးနှုန်းဟာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ(၉၂)ဒေါ်လာကျော်အထိရှိလာခဲ့ပြီး ယခင်ဈေးနှုန်း ထက် (၈)ရာခိုင်နှုန်းခန့်မြင့်တက်လာခဲ့ကာ အမေရိကန် West Texas Intermediate (WTI) ရေနံစိမ်းက အမေရိကန်ဒေါ်လာ (၉ဝ)ဒေါ်လာကျော်သွားခဲ့ပြီး ယခင်ဈေးနှုန်းထက်(၁၁)ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့တယ်လို့ လည်း သိရပါတယ်။
ဒါ့ပြင် အဲဒီရေနံစိမ်းအမျိုးအစား(၂)မျိုးစလုံးရဲ့လက်ရှိဈေးနှုန်းတွေဟာ (၂၀၂၃)ခုနှစ် စက်တင်ဘာလနောက်ပိုင်း အမြင့်ဆုံးဈေးနှုန်းတွေဖြစ်တယ်လို့လည်း သိရပါတယ်။ကမ္ဘာ့ရေနံတင်ပို့မှုရဲ့(၅)ပုံပုံတစ်ပုံခန့်ကို သယ်ဆောင်ခွင့် ပေးထားတဲ့ အီရန်နဲ့အိုမန်ကြား အရေးပါတဲ့ရေလမ်းကြောင်းတစ်ခုဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားကို အီရန်ဘက်က ပိတ်ဆို့ပစ်လိုက်ပြီးနောက် ရက်ပိုင်းအကြာမှာ ယခုလိုမျိုးဈေးနှုန်းတွေ မြင့်တက်လာခဲ့တာပဲဖြစ်ပါတယ်။
ဒါ့ပြင် ယခုကဲ့သို့အနှောင့်အယှက်တွေဆက်လက်ဖြစ်ပွားနေခဲ့မယ်ဆိုရင် ရေနံစိမ်းတစ်စည်လျှင် အမေရိကန် ဒေါ်လာ(၁၀၀)ကျော်အထိ ရောက်လာနိုင်တယ်လို့ Goldman Sachs ကုမ္ပဏီက သတိပေးခဲ့ပြီး ကာတာစွမ်းအင် ဝန်ကြီး ကတော့ ရေနံစိမ်းတစ်စည်လျှင် အမေရိကန်ဒေါ်လာ(၁၅၀)ဒေါ်လာအထိ ရောက်ရှိလာနိုင်တယ်လို့ သတိပေးပြောဆိုခဲ့ပါတယ်။

Zawgyi Version;
ေရနံစိမ္းေဈးႏႈန္းက (၂၀၂၃)ခုႏွစ္ေနာက္ပိုင္း အျမင့္ဆုံးအဆင့္ကိုေရာက္ရွိလာ
Pika (NP News) - မတ္ ၉
အေမရိကန္-အစၥေရးနဲ႔ အီရန္တို႔ၾကား စစ္ပြဲအရွိန္ျမင့္တက္လာမႈနဲ႔အတူ အေရွ႕အလယ္ပိုင္းကေန ကမာၻ႔ေဈးကြက္ ေတြကို စြမ္းအင္ေထာက္ပံ့မႈေတြအေပၚ အေႏွာင့္အယွက္ျဖစ္ေစခဲ့တာေၾကာင့္ ေရနံေဈးႏႈန္းေတြက အခ်ိန္(၂)ႏွစ္ခြဲ အတြင္းမွာ အျမင့္ဆုံးအဆင့္ကို ေရာက္ရွိလာခဲ့တယ္လို႔ သိရပါတယ္။
Brent ေရနံစိမ္းေဈးႏႈန္းဟာ တစ္စည္လွ်င္ အေမရိကန္ေဒၚလာ(၉၂)ေဒၚလာေက်ာ္အထိရွိလာခဲ့ၿပီး ယခင္ေဈးႏႈန္း ထက္ (၈)ရာခိုင္ႏႈန္းခန႔္ျမင့္တက္လာခဲ့ကာ အေမရိကန္ West Texas Intermediate (WTI) ေရနံစိမ္းက အေမရိကန္ေဒၚလာ (၉ဝ)ေဒၚလာေက်ာ္သြားခဲ့ၿပီး ယခင္ေဈးႏႈန္းထက္(၁၁)ရာခိုင္ႏႈန္းခန႔္ ျမင့္တက္လာခဲ့တယ္လို႔ လည္း သိရပါတယ္။
ဒါ့ျပင္ အဲဒီေရနံစိမ္းအမ်ိဳးအစား(၂)မ်ိဳးစလုံးရဲ႕လက္ရွိေဈးႏႈန္းေတြဟာ (၂၀၂၃)ခုႏွစ္ စက္တင္ဘာလေနာက္ပိုင္း အျမင့္ဆုံးေဈးႏႈန္းေတြျဖစ္တယ္လို႔လည္း သိရပါတယ္။ကမာၻ႔ေရနံတင္ပို႔မႈရဲ႕(၅)ပုံပုံတစ္ပုံခန႔္ကို သယ္ေဆာင္ခြင့္ ေပးထားတဲ့ အီရန္နဲ႔အိုမန္ၾကား အေရးပါတဲ့ေရလမ္းေၾကာင္းတစ္ခုျဖစ္တဲ့ ေဟာ္မုဇ္ေရလက္ၾကားကို အီရန္ဘက္က ပိတ္ဆို႔ပစ္လိုက္ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ယခုလိုမ်ိဳးေဈးႏႈန္းေတြ ျမင့္တက္လာခဲ့တာပဲျဖစ္ပါတယ္။
ဒါ့ျပင္ ယခုကဲ့သို႔အေႏွာင့္အယွက္ေတြဆက္လက္ျဖစ္ပြားေနခဲ့မယ္ဆိုရင္ ေရနံစိမ္းတစ္စည္လွ်င္ အေမရိကန္ ေဒၚလာ(၁၀၀)ေက်ာ္အထိ ေရာက္လာႏိုင္တယ္လို႔ Goldman Sachs ကုမၸဏီက သတိေပးခဲ့ၿပီး ကာတာစြမ္းအင္ ဝန္ႀကီး ကေတာ့ ေရနံစိမ္းတစ္စည္လွ်င္ အေမရိကန္ေဒၚလာ(၁၅၀)ေဒၚလာအထိ ေရာက္ရွိလာႏိုင္တယ္လို႔ သတိေပးေျပာဆိုခဲ့ပါတယ္။