အီရန်၏ F-14 တိုက်လေယာဉ်စုကို အစ္စရေး လေတပ်က တိုက်ခိုက်ချေမှုန်း

202

ဂျန်ဇက် (NP News) - မတ် ၉
ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့က အစ္စရေး လေတပ်သည် အီရန်နိုင်ငံအလယ်ပိုင်း၊ အစ္စဖာဟန် မြို့ရှိ အီရန်၏ နည်းဗျူဟာမြောက် လေတပ်အခြေစိုက်စခန်းကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာအီရန်လေတပ်၏ အဖိုးတန်ဆုံးဟု သတ်မှတ်ခံထားရသော F-14 Tomcat တိုက်လေယာဉ်များစွာ ပျက်စီးသွားခဲ့ကြောင်း သတင်းများက ဆိုသည်။
အစ္စရေးသည်စစ်ဆင်ရေးအရ အစ္စဖာဟန်လေဆိပ်ရှိ F-14 တိုက်လေယာဉ်များ ထားရှိရာ ဂိုဒေါင်များနှင့် အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ရာ အဆိုပါစခန်းသည် အီရန်၏ အမှတ် ၈၁၊ ၈၂ နှင့် ၈၃ နည်းဗျူဟာမြောက် တိုက်လေယာဉ်အုပ်စုများ အခြေစိုက်ရာနေရာဖြစ်ပြီး အီရန်တွင် F-14 များ စုပြုံထားရှိသည့် အဓိက အခြေစိုက်စခန်းလည်း ဖြစ်ကြောင်း သိရသည်။
အစ္စရေးစစ်တပ်က အီရန်၏ တိုက်လေယာဉ်များအပြင် အစ္စရေးလေတပ်ကို ခြိမ်းခြောက်နိုင်သည့် လေကြောင်းရန် ကာကွယ်ရေးစနစ်များနှင့် ရေဒါများကိုလည်းတိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။ အီရန်သည် ကမ္ဘာပေါ် တွင် F-14 Tomcat အမျိုးအစား တိုက်လေယဥ်များကို လက်တွေ့အသုံးပြုနေသည့် နောက်ဆုံးသော နိုင်ငံဖြစ်ကြောင်း သိရသည်။
အစ္စရေးသည် တီဟီရန်မြို့၊ မက်ဟရာဘတ်လေဆိပ်ရှိ အီရန်၏ စစ်လေယာဉ် ၁၆ စီး ကို ဖျက်ဆီးနိုင်ခဲ့ပြီးနောက် အီရန်၏ စစ်လေယာဥ်များကို ထပ်မံဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

Zawgyi Version;
အီရန္၏ F-14 တိုက္ေလယာဥ္စုကို အစၥေရး ေလတပ္က တိုက္ခိုက္ေခ်မႈန္း
ဂ်န္ဇက္ (NP News) - မတ္ ၉
ၿပီးခဲ့သည့္ မတ္လ ၈ ရက္ေန႔က အစၥေရး ေလတပ္သည္ အီရန္ႏိုင္ငံအလယ္ပိုင္း၊ အစၥဖာဟန္ ၿမိဳ႕ရွိ အီရန္၏ နည္းဗ်ဴဟာေျမာက္ ေလတပ္အေျခစိုက္စခန္းကို ေလေၾကာင္းမွ တိုက္ခိုက္ခဲ့ရာအီရန္ေလတပ္၏ အဖိုးတန္ဆုံးဟု သတ္မွတ္ခံထားရေသာ F-14 Tomcat တိုက္ေလယာဥ္မ်ားစြာ ပ်က္စီးသြားခဲ့ေၾကာင္း သတင္းမ်ားက ဆိုသည္။
အစၥေရးသည္စစ္ဆင္ေရးအရ အစၥဖာဟန္ေလဆိပ္ရွိ F-14 တိုက္ေလယာဥ္မ်ား ထားရွိရာ ဂိုေဒါင္မ်ားႏွင့္ အေဆာက္အအုံမ်ားကို ပစ္မွတ္ထား တိုက္ခိုက္ခဲ့ျခင္းျဖစ္ရာ အဆိုပါစခန္းသည္ အီရန္၏ အမွတ္ ၈၁၊ ၈၂ ႏွင့္ ၈၃ နည္းဗ်ဴဟာေျမာက္ တိုက္ေလယာဥ္အုပ္စုမ်ား အေျခစိုက္ရာေနရာျဖစ္ၿပီး အီရန္တြင္ F-14 မ်ား စုၿပဳံထားရွိသည့္ အဓိက အေျခစိုက္စခန္းလည္း ျဖစ္ေၾကာင္း သိရသည္။
အစၥေရးစစ္တပ္က အီရန္၏ တိုက္ေလယာဥ္မ်ားအျပင္ အစၥေရးေလတပ္ကို ၿခိမ္းေျခာက္ႏိုင္သည့္ ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္မ်ားႏွင့္ ေရဒါမ်ားကိုလည္းတိုက္ခိုက္ ဖ်က္ဆီးႏိုင္ခဲ့ေၾကာင္း သိရသည္။ အီရန္သည္ ကမာၻေပၚ တြင္ F-14 Tomcat အမ်ိဳးအစား တိုက္ေလယဥ္မ်ားကို လက္ေတြ႕အသုံးျပဳေနသည့္ ေနာက္ဆုံးေသာ ႏိုင္ငံျဖစ္ေၾကာင္း သိရသည္။
အစၥေရးသည္ တီဟီရန္ၿမိဳ႕၊ မက္ဟရာဘတ္ေလဆိပ္ရွိ အီရန္၏ စစ္ေလယာဥ္ ၁၆ စီး ကို ဖ်က္ဆီးႏိုင္ခဲ့ၿပီးေနာက္ အီရန္၏ စစ္ေလယာဥ္မ်ားကို ထပ္မံဖ်က္ဆီးခဲ့ျခင္းျဖစ္သည္။