အီရန်နိုင်ငံအပေါ်တိုက်ခိုက်နေသည့်စစ်ပွဲကို "အင်အားအပြည့်အဝသုံးပြီး" ဆက်လက်တိုက်ခိုက်သွားမည်ဟု အစ္စရေးဝန်ကြီးချုပ် ပြော

132

ဂျန်ဇက် (NP News) - မတ် ၉
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အီရန်နိုင်ငံအပေါ် တိုက်ခိုက်နေသည့် စစ်ပွဲကို "အင်အားအပြည့်အဝသုံးပြီး" ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်သလိုအီရန်အစိုးရကို အမြစ်ပြတ်ချေမှုန်းရန်နှင့် အခြားသော ရည်မှန်းချက် များစွာကို အကောင်အထည်ဖော်ရန် စနစ်ကျသော စီမံကိန်းတစ်ခု ရှိနေကြောင်း" ထုတ်ဖော်ပြောဆိုလိုက်သည်။
အရှေ့အလယ်ပိုင်းဒေသတွင်း ပဋိပက္ခများ အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိနေချိန်တွင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်နှင့် မတ်လဆန်းပိုင်းအတွင်း အစ္စရေးနှင့် အမေရိကန်တို့ ပူးပေါင်းကာ အီရန်နိုင်ငံ မြို့တော် တီဟီရန် အပါအဝင် အဓိကစစ်ရေးပစ်မှတ်များကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာအီရန်အဓိပတိ အာယာတိုလာ အလီခါမေနီ အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်များ သေဆုံးခဲ့ကြောင်း သိရသည်။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အစ္စရေး၏ လက်ရှိစစ်ဆင်ရေးသည် ယာယီတုံ့ပြန်မှုသက်သက်မဟုတ်ဘဲ အီရန်အစိုးရယန္တရားတစ်ခုလုံးကို ဖြိုချရန် ရည်ရွယ်ထားသည့် စနစ်ကျသော စီမံကိန်းဖြစ်ပြီး စီမံကိန်းထဲတွင် အီရန်၏ နျူကလီးယားအစီအစဉ်များနှင့် ဒုံးကျည်ထုတ်လုပ်ရေး စက်ရုံများကို အပြီးတိုင်ဖျက်ဆီးပစ်ရန်၊ အီရန်ပြည်သူများအနေဖြင့် လက်ရှိအစိုးရကို ဖြုတ်ချနိုင်ရန် အခွင့်အရေး ဖန်တီးပေးရန်၊ အရှေ့အလယ်ပိုင်းဒေသ တွင်း အီရန်၏ စစ်ရေး၊ နိုင်ငံရေး လွှမ်းမိုးမှုများနှင့် လက်အောက်ခံ လက်နက်ကိုင်အဖွဲ့များကို အဆုံးသတ်ရန်တို့ ဖြစ်ကြောင်း သိရသည်။
ဝန်ကြီးချုပ်နေတန်ယာဟုက ၎င်းအနေဖြင့် နှစ်ပေါင်း ၄၀ ကြာ မျှော်လင့်ခဲ့သည့် အီရန်အစိုးရကို ဖယ်ရှားရေး ရည်မှန်းချက်ကို လက်ရှိအချိန်တွင် အမေရိကန်၏ ကျောထောက်နောက်ခံဖြင့် အကောင်အထည်ဖော်နေခြင်းဖြစ် ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

Zawgyi Version;
အီရန္ႏိုင္ငံအေပၚတိုက္ခိုက္ေနသည့္စစ္ပြဲကို "အင္အားအျပည့္အဝသုံးၿပီး" ဆက္လက္တိုက္ခိုက္သြားမည္ဟု အစၥေရးဝန္ႀကီးခ်ဳပ္ ေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၉
အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ယာဟုက အီရန္ႏိုင္ငံအေပၚ တိုက္ခိုက္ေနသည့္ စစ္ပြဲကို "အင္အားအျပည့္အဝသုံးၿပီး" ဆက္လက္တိုက္ခိုက္သြားမည္ျဖစ္သလိုအီရန္အစိုးရကို အျမစ္ျပတ္ေခ်မႈန္းရန္ႏွင့္ အျခားေသာ ရည္မွန္းခ်က္ မ်ားစြာကို အေကာင္အထည္ေဖာ္ရန္ စနစ္က်ေသာ စီမံကိန္းတစ္ခု ရွိေနေၾကာင္း" ထုတ္ေဖာ္ေျပာဆိုလိုက္သည္။
အေရွ႕အလယ္ပိုင္းေဒသတြင္း ပဋိပကၡမ်ား အျမင့္ဆုံးအေျခအေနသို႔ ေရာက္ရွိေနခ်ိန္တြင္ အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ယာဟုက ယင္းကဲ့သို႔ ေျပာဆိုလိုက္ျခင္းျဖစ္သည္။
ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလကုန္ႏွင့္ မတ္လဆန္းပိုင္းအတြင္း အစၥေရးႏွင့္ အေမရိကန္တို႔ ပူးေပါင္းကာ အီရန္ႏိုင္ငံ ၿမိဳ႕ေတာ္ တီဟီရန္ အပါအဝင္ အဓိကစစ္ေရးပစ္မွတ္မ်ားကို ေလေၾကာင္းမွ တိုက္ခိုက္ခဲ့ရာအီရန္အဓိပတိ အာယာတိုလာ အလီခါေမနီ အပါအဝင္ ထိပ္ပိုင္းေခါင္းေဆာင္မ်ား ေသဆုံးခဲ့ေၾကာင္း သိရသည္။
အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ယာဟုက အစၥေရး၏ လက္ရွိစစ္ဆင္ေရးသည္ ယာယီတုံ႔ျပန္မႈသက္သက္မဟုတ္ဘဲ အီရန္အစိုးရယႏၲရားတစ္ခုလုံးကို ၿဖိဳခ်ရန္ ရည္႐ြယ္ထားသည့္ စနစ္က်ေသာ စီမံကိန္းျဖစ္ၿပီး စီမံကိန္းထဲတြင္ အီရန္၏ န်ဴကလီးယားအစီအစဥ္မ်ားႏွင့္ ဒုံးက်ည္ထုတ္လုပ္ေရး စက္႐ုံမ်ားကို အၿပီးတိုင္ဖ်က္ဆီးပစ္ရန္၊ အီရန္ျပည္သူမ်ားအေနျဖင့္ လက္ရွိအစိုးရကို ျဖဳတ္ခ်ႏိုင္ရန္ အခြင့္အေရး ဖန္တီးေပးရန္၊ အေရွ႕အလယ္ပိုင္းေဒသ တြင္း အီရန္၏ စစ္ေရး၊ ႏိုင္ငံေရး လႊမ္းမိုးမႈမ်ားႏွင့္ လက္ေအာက္ခံ လက္နက္ကိုင္အဖြဲ႕မ်ားကို အဆုံးသတ္ရန္တို႔ ျဖစ္ေၾကာင္း သိရသည္။
ဝန္ႀကီးခ်ဳပ္ေနတန္ယာဟုက ၎အေနျဖင့္ ႏွစ္ေပါင္း ၄၀ ၾကာ ေမွ်ာ္လင့္ခဲ့သည့္ အီရန္အစိုးရကို ဖယ္ရွားေရး ရည္မွန္းခ်က္ကို လက္ရွိအခ်ိန္တြင္ အေမရိကန္၏ ေက်ာေထာက္ေနာက္ခံျဖင့္ အေကာင္အထည္ေဖာ္ေနျခင္းျဖစ္ ေၾကာင္း ထုတ္ေဖာ္ေျပာဆိုထားသည္။