ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကျင်းပမည်

164

သန့်မင်းအိမ်(NP News) - မတ် ၁၂
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီးအတွင်း၌ကျင်းပမည်ဖြစ်ပြီး အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၁) နာရီတွင် ဥပ္ပါတသန္တိ စေတီတော် မြတ်ကြီးရှိ သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီးများ၊ နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ ဆရာတော်ကြီးများနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင်ဆရာတော်ကြီးများက ဆဋ္ဌသင်္ဂါယနာတင် အောင်ပွဲ နှစ်(၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနား ကျင်းပနိုင်ရေးဆိုင်ရာ အစီအစဉ်များကို ဆွေးနွေးခဲ့ကြပြီး သာသနာတော်နှင့် သင့်လျော်ညီညွတ်သော အခမ်းအနားအဖြစ် စနစ်တကျ ကျင်းပနိုင်ရေး၊ ဆဋ္ဌသင်္ဂါယနာ သမိုင်းမှတ်တမ်းများကို ထိန်းသိမ်းဖော်ထုတ်ရေး၊ သမိုင်းမှတ်တိုင်တစ်ခုအဖြစ် မှတ်တမ်းတင်နိုင်ရေးတို့ကို ဆရာတော်ကြီးများက လမ်းညွှန်မိန့်ကြားခဲ့ကြောင်းသိရသည်။
ထို့ပြင် ဆဋ္ဌသင်္ဂါယနာတင်နှင့် ဆက်စပ်သည့် အဆောက်အအုံများကို ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် သမိုင်းမှတ်တမ်း ဓာတ်ပုံများ၊ စာအုပ်စာပေများ ဖော်ထုတ်ထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ဆ႒သဂၤါယနာတင္ေအာင္ပြဲ ႏွစ္(၇၀)ျပည့္ အထိမ္းအမွတ္ မဟာမဂၤလာအခမ္းအနားက်င္းပမည္
သန႔္မင္းအိမ္(NP News) - မတ္ ၁၂
ဆ႒သဂၤါယနာတင္ေအာင္ပြဲ ႏွစ္(၇၀)ျပည့္ အထိမ္းအမွတ္ မဟာမဂၤလာအခမ္းအနားက်င္းပမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ အခမ္းအနားကို ရန္ကုန္တိုင္းေဒသႀကီး မရမ္းကုန္းၿမိဳ႕နယ္ သီရိမဂၤလာကမာၻေအးကုန္းေျမ ဆ႒သဂၤါယနာတင္ မဟာပါသာဏ လိုဏ္ဂူသိမ္ေတာ္ႀကီးအတြင္း၌က်င္းပမည္ျဖစ္ၿပီး ေအာင္ျမင္စြာက်င္းပ ႏိုင္ေရးအတြက္ ညႇိႏႈိင္းအစည္းအေဝးကို ယမန္ေန႔ မြန္းလြဲ (၁) နာရီတြင္ ဥပၸါတသႏၲိ ေစတီေတာ္ ျမတ္ႀကီးရွိ သာသနာ့မဟာဗိမာန္ေတာ္ႀကီး၌ က်င္းပခဲ့ေၾကာင္း သိရသည္။
အစည္းအေဝးသို႔ ႏိုင္ငံေတာ္သံဃမဟာနာယကအဖြဲ႕ ဥကၠ႒ ဆရာေတာ္ႀကီးမ်ား၊ ႏိုင္ငံေတာ္ဩဝါဒါစရိယ ဆရာေတာ္ႀကီးမ်ား၊ သီတဂူကမာၻ႔ဗုဒၶတကၠသိုလ္မ်ား၏ အဓိပတိ ဆရာေတာ္ႀကီးမ်ားႏွင့္ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးတင္ဦးလြင္ႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ၾကသည္။
အစည္းအေဝးတြင္ဆရာေတာ္ႀကီးမ်ားက ဆ႒သဂၤါယနာတင္ ေအာင္ပြဲ ႏွစ္(၇၀) ျပည့္ အထိမ္းအမွတ္ မဟာမဂၤလာအခမ္းအနား က်င္းပႏိုင္ေရးဆိုင္ရာ အစီအစဥ္မ်ားကို ေဆြးေႏြးခဲ့ၾကၿပီး သာသနာေတာ္ႏွင့္ သင့္ေလ်ာ္ညီၫြတ္ေသာ အခမ္းအနားအျဖစ္ စနစ္တက် က်င္းပႏိုင္ေရး၊ ဆ႒သဂၤါယနာ သမိုင္းမွတ္တမ္းမ်ားကို ထိန္းသိမ္းေဖာ္ထုတ္ေရး၊ သမိုင္းမွတ္တိုင္တစ္ခုအျဖစ္ မွတ္တမ္းတင္ႏိုင္ေရးတို႔ကို ဆရာေတာ္ႀကီးမ်ားက လမ္းၫႊန္မိန႔္ၾကားခဲ့ေၾကာင္းသိရသည္။
ထို႔ျပင္ ဆ႒သဂၤါယနာတင္ႏွင့္ ဆက္စပ္သည့္ အေဆာက္အအုံမ်ားကို ထိန္းသိမ္းေစာင့္ေရွာက္ေရးႏွင့္ သမိုင္းမွတ္တမ္း ဓာတ္ပုံမ်ား၊ စာအုပ္စာေပမ်ား ေဖာ္ထုတ္ထိန္းသိမ္းေရးလုပ္ငန္းမ်ားကိုလည္း ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။