အမေရိကန်၏ အပစ်ခတ်ရပ်စဲရေးကို ငြင်းဆန်ပယ်ချပြီး အချက်(၃)ချက်ကို အီရန်အစိုးရ တောင်းဆို

442

ဂျန်ဇက် (NP News) - မတ် ၁၃
မကြာသေးမီက အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်၊ အစ္စရေး နှင့် အီရန်တို့အကြား အပြင်းအထန် ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများကို အဆုံးသတ်ရန်အတွက် စစ်လျော်ကြေးများ ပေးဆောင်ရမည်ဟု အီရန်သမ္မတက တိုက်တွန်းတောင်းဆိုလိုက်ကြောင်း သိရသည်။
အီရန်သမ္မတ မာဆွတ်ပီဇီရှာကန်သည် ရုရှားနှင့် ပါကစ္စတန်နိုင်ငံခေါင်းဆောင်များနှင့် ဖုန်းဆက်သွယ်ဆွေးနွေးပြီးနောက် ၎င်း၏ လူမှုကွန်ရက်မှတဆင့် ယင်းကဲ့သို့တိုက်တွန်းတောင်းဆိုခဲ့ခြင်းဖြစ်သည်။
အီရန်သမ္မတ မာဆွတ် ပီဇီရှာကန်က အီရန်အနေဖြင့် ဒေသတွင်းငြိမ်းချမ်းရေးအတွက် သန္နိဋ္ဌာန်ချထားကြောင်း ပြောဆိုခဲ့သလို အမေရိကန်နှင့်အစ္စရေး စတင်ခဲ့သောစစ်ပွဲကို အဆုံးသတ်ရန် တစ်ခုတည်းသော နည်းလမ်းမှာ အီရန်ဘက်က တောင်းဆိုသည့်အချက်(၃)ချက်ကို လိုက်နာရန်ဖြစ်ကြောင်း ပြောသည်။
အီရန်သမ္မတ က စစ်ပွဲကိုအဆုံးသတ်မည်ဆိုလျှင် အီရန်၏ တရားဝင်အခွင့်အရေးများကို အသိအမှတ်ပြုရန်၊ စစ်လျော်ကြေးများ ပေးဆောင်ရန် နှင့် အနာဂတ်တွင် ကျူးကျော်တိုက်ခိုက်မှုများ ထပ်မံမလုပ်ဆောင်ရန် ခိုင်မာသော နိုင်ငံတကာအာမခံချက်ပေးရန် စသည်တို့ဖြစ်ကြောင်း ပြောသည်။
အီရန်စစ်ပွဲဖြစ်ပွားမှု သီတင်းပတ်နှစ်ပတ်ခန့်ရှိလာချိန်တွင် အမေရိကန်အထူးကိုယ်စားလှယ် စတီဗင် ဝစ်အောဖ့်သည် လမ်းကြောင်းအမျိုးမျိုးမှတစ်ဆင့် အီရန်အစိုးရထံသို့ အပစ်အခတ်ရပ်စဲရေးအတွက် နှစ်ကြိမ်တိုင်တိုင် ဆက်သွယ်ကမ်းလှမ်းခဲ့သော်လည်း အီရန်ဘက်က အမေရိကန်၏လုပ်ရပ်သည် "အချိန်ဆွဲခြင်း" ဖြစ်သည်ဟု တုံ့ပြန်ထားသည်။
အီရန်အစိုးရက အမေရိကန်သည် အပစ်ရပ်စဲရေးကို အသုံးချပြီး ၎င်းတို့၏ နောက်ထပ်စစ်ဆင်ရေးများအတွက် ပြင်ဆင်ရန် အချိန်ယူလိုခြင်းသာဖြစ်ကြောင်းပြောသည်။
အီရန်အစိုးရက “စစ်ပွဲတစ်ခုကို ကိုယ်လိုချင်တဲ့အချိန်မှာ စတင်ပြီး၊ ကိုယ်အဆင်ပြေတဲ့အချိန်မှာ အပစ်ရပ်စဲရေး တောင်းဆိုလို့ မရဘူး။ ရန်သူတွေ ဘယ်တော့မှ မေ့နိုင်မှာမဟုတ်တဲ့သင်ခန်းစာတစ်ခုကို သင်ပေးဖို့ ကျွန်တော်တို့လက်နက်ကိုင်တပ်ဖွဲ့တွေက ပြတ်ပြတ်သားသား သန္နိဋ္ဌာန်ချထားတယ်'' ဟု ပြောသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အီရန်အစိုးရအပြောင်းအလဲဖြစ်ရန် ဖိအားပေးနေသော်လည်း အီရန်ဘက်က ၎င်းတို့၏ဂုဏ်သိက္ခာနှင့်အချုပ်အခြာအာဏာအတွက် အဆုံးအထိ တိုက်ပွဲဝင်သွားမည်ဟု ထုတ်ဖော်ပြောဆိုထားရာ အမေရိကန်၏ သံတမန်ရေးအရ ကြိုးပမ်းမှုများမှာ လမ်းစပျောက်နေပြီး စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်မှုများ ပိုမိုပြင်းထန်လာမည့်အလားအလာသာ ရှိနေကြောင်း သုံးသပ်မှုများရှိနေသည်။

Zawgyi Version;
အေမရိကန္၏ အပစ္ခတ္ရပ္စဲေရးကို ျငင္းဆန္ပယ္ခ်ၿပီး အခ်က္(၃)ခ်က္ကို အီရန္အစိုးရ ေတာင္းဆို
ဂ်န္ဇက္ (NP News) - မတ္ ၁၃
မၾကာေသးမီက အေရွ႕အလယ္ပိုင္းေဒသတြင္ အေမရိကန္၊ အစၥေရး ႏွင့္ အီရန္တို႔အၾကား အျပင္းအထန္ ျဖစ္ပြားေနေသာ စစ္ေရးပဋိပကၡမ်ားကို အဆုံးသတ္ရန္အတြက္ စစ္ေလ်ာ္ေၾကးမ်ား ေပးေဆာင္ရမည္ဟု အီရန္သမၼတက တိုက္တြန္းေတာင္းဆိုလိုက္ေၾကာင္း သိရသည္။
အီရန္သမၼတ မာဆြတ္ပီဇီရွာကန္သည္ ႐ုရွားႏွင့္ ပါကစၥတန္ႏိုင္ငံေခါင္းေဆာင္မ်ားႏွင့္ ဖုန္းဆက္သြယ္ေဆြးေႏြးၿပီးေနာက္ ၎၏ လူမႈကြန္ရက္မွတဆင့္ ယင္းကဲ့သို႔တိုက္တြန္းေတာင္းဆိုခဲ့ျခင္းျဖစ္သည္။
အီရန္သမၼတ မာဆြတ္ ပီဇီရွာကန္က အီရန္အေနျဖင့္ ေဒသတြင္းၿငိမ္းခ်မ္းေရးအတြက္ သႏၷိ႒ာန္ခ်ထားေၾကာင္း ေျပာဆိုခဲ့သလို အေမရိကန္ႏွင့္အစၥေရး စတင္ခဲ့ေသာစစ္ပြဲကို အဆုံးသတ္ရန္ တစ္ခုတည္းေသာ နည္းလမ္းမွာ အီရန္ဘက္က ေတာင္းဆိုသည့္အခ်က္(၃)ခ်က္ကို လိုက္နာရန္ျဖစ္ေၾကာင္း ေျပာသည္။
အီရန္သမၼတ က စစ္ပြဲကိုအဆုံးသတ္မည္ဆိုလွ်င္ အီရန္၏ တရားဝင္အခြင့္အေရးမ်ားကို အသိအမွတ္ျပဳရန္၊ စစ္ေလ်ာ္ေၾကးမ်ား ေပးေဆာင္ရန္ ႏွင့္ အနာဂတ္တြင္ က်ဴးေက်ာ္တိုက္ခိုက္မႈမ်ား ထပ္မံမလုပ္ေဆာင္ရန္ ခိုင္မာေသာ ႏိုင္ငံတကာအာမခံခ်က္ေပးရန္ စသည္တို႔ျဖစ္ေၾကာင္း ေျပာသည္။
အီရန္စစ္ပြဲျဖစ္ပြားမႈ သီတင္းပတ္ႏွစ္ပတ္ခန႔္ရွိလာခ်ိန္တြင္ အေမရိကန္အထူးကိုယ္စားလွယ္ စတီဗင္ ဝစ္ေအာဖ့္သည္ လမ္းေၾကာင္းအမ်ိဳးမ်ိဳးမွတစ္ဆင့္ အီရန္အစိုးရထံသို႔ အပစ္အခတ္ရပ္စဲေရးအတြက္ ႏွစ္ႀကိမ္တိုင္တိုင္ ဆက္သြယ္ကမ္းလွမ္းခဲ့ေသာ္လည္း အီရန္ဘက္က အေမရိကန္၏လုပ္ရပ္သည္ "အခ်ိန္ဆြဲျခင္း" ျဖစ္သည္ဟု တုံ႔ျပန္ထားသည္။
အီရန္အစိုးရက အေမရိကန္သည္ အပစ္ရပ္စဲေရးကို အသုံးခ်ၿပီး ၎တို႔၏ ေနာက္ထပ္စစ္ဆင္ေရးမ်ားအတြက္ ျပင္ဆင္ရန္ အခ်ိန္ယူလိုျခင္းသာျဖစ္ေၾကာင္းေျပာသည္။
အီရန္အစိုးရက “စစ္ပြဲတစ္ခုကို ကိုယ္လိုခ်င္တဲ့အခ်ိန္မွာ စတင္ၿပီး၊ ကိုယ္အဆင္ေျပတဲ့အခ်ိန္မွာ အပစ္ရပ္စဲေရး ေတာင္းဆိုလို႔ မရဘူး။ ရန္သူေတြ ဘယ္ေတာ့မွ ေမ့ႏိုင္မွာမဟုတ္တဲ့သင္ခန္းစာတစ္ခုကို သင္ေပးဖို႔ ကြၽန္ေတာ္တို႔လက္နက္ကိုင္တပ္ဖြဲ႕ေတြက ျပတ္ျပတ္သားသား သႏၷိ႒ာန္ခ်ထားတယ္'' ဟု ေျပာသည္။
အေမရိကန္သမၼတ ေဒၚနယ္ထရန႔္သည္ အီရန္အစိုးရအေျပာင္းအလဲျဖစ္ရန္ ဖိအားေပးေနေသာ္လည္း အီရန္ဘက္က ၎တို႔၏ဂုဏ္သိကၡာႏွင့္အခ်ဳပ္အျခာအာဏာအတြက္ အဆုံးအထိ တိုက္ပြဲဝင္သြားမည္ဟု ထုတ္ေဖာ္ေျပာဆိုထားရာ အေမရိကန္၏ သံတမန္ေရးအရ ႀကိဳးပမ္းမႈမ်ားမွာ လမ္းစေပ်ာက္ေနၿပီး စစ္ေရးအရ ထိပ္တိုက္ရင္ဆိုင္မႈမ်ား ပိုမိုျပင္းထန္လာမည့္အလားအလာသာ ရွိေနေၾကာင္း သုံးသပ္မႈမ်ားရွိေနသည္။