IMEI ကုတ်ဖြင့် မှတ်ပုံတင်မည့်စနစ်ကြောင့် မိုဘိုင်းဟန်းဆက်ဈေးကွက်အတွင်း လှုပ်ခတ်မှုများရှိနေ

 747

ပြည့်ဖြိုး (NP News) - မတ် ၁၅

ဧပြီလ(၁)ရက်မှစတင်ကာ မိုဘိုင်းဟန်း ဆက်များတွင် (CEIR) စနစ်ဖြင့်မှတ်ပုံတင်ရမည်ဖြစ် ရာမိုဘိုင်းဟန်း ဆက်ဈေးကွက်အတွင်း တရားဝင်တင်သွင်းထားသူများနှင့် မှောင်ခိုတင်သွင်းထားသူများပါ အရေးပေါ်မှတ်ပုံတင်ခြင်း များ ဆောင်ရွက်နေကြကြောင်းသိရသည်။
“IMEI ကုတ်တွေနဲ့တိုက်ဆိုင်စစ်ဆေးမယ်ဆိုရင် အခွန်ရှောင်ပြီးသွင်းထားတဲ့ဖုန်းအရေအတွက်က ဈေးကွက် ထဲမှာ (၅၀)ရာခိုင်နှုန်းကျော်လောက်ရှိတယ်။ အကုန်လုံးကို ပြန်ပြီးဆင်းကတ်နဲ့တွဲနေကြတာ။ ဆင်းကတ်က တရားဝင် ဖြစ်ရင်တောင် ဘာဆက်ဖြစ် မလဲဆိုတာတော့စောင့်ကြည့်ရမှာဘဲ။ သတင်းတွေက အမျိုးမျိုးထွက်နေတော့ မတ်လ(၃၁) ရက်နောက်ပိုင်း ဘာဖြစ်မလဲဆက်စောင့်ကြည့်ရမှာပေါ့”ဟု ရန်ကုန် မြို့ခံ မိုဘိုင်းရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်နေသူ တစ်ဦးကပြောသည်။
လက်လီမိုဘိုင်းဖုန်းဈေးကွက်အတွင်း ဖုန်းအသစ်ရောင်းချနေသူများသာမက တစ်ပတ်ရစ်ဖုန်း အရောင်းအဝယ် ပြုလုပ်နေသူများပါ လတ်တလော တွင် ဈေးနှုန်းများလျှော့ချရောင်းချ နေခြင်းများရှိနေကြောင်း သိရသည်။
“မိုဘိုင်းဈေးကွက်က စီးပွားရေးမကောင်းလို့ အရောင်းအဝယ်အေးနေတဲ့အပြင် အခုလို သတင်းတွေ ထွက်ပေါ် လာတော့ မိုဘိုင်းဖုန်းဝယ်တဲ့ သူနည်းသွားတယ်။ IMEI ကုဒ်နဲ့ဆင်းကဒ် တွဲပြီးတော့သိမ်းထားတဲ့စနစ်က အရင်ကတည်း က ရှိတာပါ။ ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံ တင်စနစ် (CEIR) က အရင်ကတည်းကရှိနေတာပါ အခုမှ အကောင်အထည်ဖော်တဲ့သဘောပါပဲ” ဟု နည်းပညာကျွမ်းကျင်သူတစ်ဦးကပြောသည်။
(CEIR) စနစ်မှာ လက်ရှိအသုံးပြုနေသည့် မိုဘိုင်းနက်ဝပ်အတွင်း တပ်ဆင်ထားပြီးဖြစ်ကြောင်းနှင့် ဆူပူအုံကြွစေ ရန်လှုံ့ဆော်သူများနှင့်အကြမ်း ဖက်တိုက်ခိုက်ရန် ပြုလုပ်သည့်မသမာသူများကို ခြေရာခံရန်သုံးစွဲနေပြီဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
“လက်ရှိဈေးကွက်ထဲမှာ အခွန်ရှောင်ပြီး တင်သွင်းထားတဲ့ဖုန်းတွေ နဲ့မှောင်ခိုတစ်ပတ်ရစ် ဖုန်းတွေကတော့ အခုဆင်းကတ်တွေဝယ်ပြီးမှတ်ပုံ တင်နေကြတာပဲ။ နောက်ဆိုဖုန်းအသစ်တစ်လုံး ဝယ်ရင်ဆင်းကဒ်တစ်ခုပါ လက် ဆောင်ရမယ့် သဘောပဲ၊ နိုင်ငံခြားကနေပြန်လာတဲ့သူတွေရဲ့ ဖုန်းတွေဟာ နောင်တစ်ချိန်မှာ အလွယ်တကူ ဟန်း ဆက်အသစ်တွေ တစ်ပတ်ရစ်ဖုန်းတွေသုံးမယ်ဆိုရင် အခက်အခဲ ရှိနိုင်ပါတယ်” ဟု နည်းပညာကျွမ်းကျင်သူ တစ်ဦးက သုံးသပ်သည်။
ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံ တင်စနစ် (CEIR) ကိုတရားဝင်ထုတ်ပြန်လာပြီဖြစ်ရာ မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်းသုံးစွဲသူ သန်း(၂၀)ကျော် ခန့်ရှိပြီး MPT ၊ Atom ၊ U9 ၊ Mytel စသည့် ကုမ္ပဏီကြီးများမှ ဝန်ဆောင်မှု ပေးအပ်နေကြောင်း ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်များအရ သိရသည်။

Zawgyi Version;
IMEI ကုတ္ျဖင့္ မွတ္ပုံတင္မည့္စနစ္ေၾကာင့္ မိုဘိုင္းဟန္းဆက္ေဈးကြက္အတြင္း လႈပ္ခတ္မႈမ်ားရွိေန
ျပည့္ၿဖိဳး (NP News) - မတ္ ၁၅

ဧၿပီလ(၁)ရက္မွစတင္ကာ မိုဘိုင္းဟန္း ဆက္မ်ားတြင္ (CEIR) စနစ္ျဖင့္မွတ္ပုံတင္ရမည္ျဖစ္ ရာမိုဘိုင္းဟန္း ဆက္ေဈးကြက္အတြင္း တရားဝင္တင္သြင္းထားသူမ်ားႏွင့္ ေမွာင္ခိုတင္သြင္းထားသူမ်ားပါ အေရးေပၚမွတ္ပုံတင္ျခင္း မ်ား ေဆာင္႐ြက္ေနၾကေၾကာင္းသိရသည္။
“IMEI ကုတ္ေတြနဲ႔တိုက္ဆိုင္စစ္ေဆးမယ္ဆိုရင္ အခြန္ေရွာင္ၿပီးသြင္းထားတဲ့ဖုန္းအေရအတြက္က ေဈးကြက္ ထဲမွာ (၅၀)ရာခိုင္ႏႈန္းေက်ာ္ေလာက္ရွိတယ္။ အကုန္လုံးကို ျပန္ၿပီးဆင္းကတ္နဲ႔တြဲေနၾကတာ။ ဆင္းကတ္က တရားဝင္ ျဖစ္ရင္ေတာင္ ဘာဆက္ျဖစ္ မလဲဆိုတာေတာ့ေစာင့္ၾကည့္ရမွာဘဲ။ သတင္းေတြက အမ်ိဳးမ်ိဳးထြက္ေနေတာ့ မတ္လ(၃၁) ရက္ေနာက္ပိုင္း ဘာျဖစ္မလဲဆက္ေစာင့္ၾကည့္ရမွာေပါ့”ဟု ရန္ကုန္ ၿမိဳ႕ခံ မိုဘိုင္းေရာင္းဝယ္ေရးလုပ္ငန္းလုပ္ကိုင္ေနသူ တစ္ဦးကေျပာသည္။
လက္လီမိုဘိုင္းဖုန္းေဈးကြက္အတြင္း ဖုန္းအသစ္ေရာင္းခ်ေနသူမ်ားသာမက တစ္ပတ္ရစ္ဖုန္း အေရာင္းအဝယ္ ျပဳလုပ္ေနသူမ်ားပါ လတ္တေလာ တြင္ ေဈးႏႈန္းမ်ားေလွ်ာ့ခ်ေရာင္းခ် ေနျခင္းမ်ားရွိေနေၾကာင္း သိရသည္။
“မိုဘိုင္းေဈးကြက္က စီးပြားေရးမေကာင္းလို႔ အေရာင္းအဝယ္ေအးေနတဲ့အျပင္ အခုလို သတင္းေတြ ထြက္ေပၚ လာေတာ့ မိုဘိုင္းဖုန္းဝယ္တဲ့ သူနည္းသြားတယ္။ IMEI ကုဒ္နဲ႔ဆင္းကဒ္ တြဲၿပီးေတာ့သိမ္းထားတဲ့စနစ္က အရင္ကတည္း က ရွိတာပါ။ ဗဟိုမိုဘိုင္းစက္ပစၥည္း သက္ေသခံမွတ္ပုံ တင္စနစ္ (CEIR) က အရင္ကတည္းကရွိေနတာပါ အခုမွ အေကာင္အထည္ေဖာ္တဲ့သေဘာပါပဲ” ဟု နည္းပညာကြၽမ္းက်င္သူတစ္ဦးကေျပာသည္။
(CEIR) စနစ္မွာ လက္ရွိအသုံးျပဳေနသည့္ မိုဘိုင္းနက္ဝပ္အတြင္း တပ္ဆင္ထားၿပီးျဖစ္ေၾကာင္းႏွင့္ ဆူပူအုံႂကြေစ ရန္လႈံ႕ေဆာ္သူမ်ားႏွင့္အၾကမ္း ဖက္တိုက္ခိုက္ရန္ ျပဳလုပ္သည့္မသမာသူမ်ားကို ေျခရာခံရန္သုံးစြဲေနၿပီျဖစ္ေၾကာင္း ၎ကဆက္ေျပာသည္။
“လက္ရွိေဈးကြက္ထဲမွာ အခြန္ေရွာင္ၿပီး တင္သြင္းထားတဲ့ဖုန္းေတြ နဲ႔ေမွာင္ခိုတစ္ပတ္ရစ္ ဖုန္းေတြကေတာ့ အခုဆင္းကတ္ေတြဝယ္ၿပီးမွတ္ပုံ တင္ေနၾကတာပဲ။ ေနာက္ဆိုဖုန္းအသစ္တစ္လုံး ဝယ္ရင္ဆင္းကဒ္တစ္ခုပါ လက္ ေဆာင္ရမယ့္ သေဘာပဲ၊ ႏိုင္ငံျခားကေနျပန္လာတဲ့သူေတြရဲ႕ ဖုန္းေတြဟာ ေနာင္တစ္ခ်ိန္မွာ အလြယ္တကူ ဟန္း ဆက္အသစ္ေတြ တစ္ပတ္ရစ္ဖုန္းေတြသုံးမယ္ဆိုရင္ အခက္အခဲ ရွိႏိုင္ပါတယ္” ဟု နည္းပညာကြၽမ္းက်င္သူ တစ္ဦးက သုံးသပ္သည္။
ဗဟိုမိုဘိုင္းစက္ပစၥည္း သက္ေသခံမွတ္ပုံ တင္စနစ္ (CEIR) ကိုတရားဝင္ထုတ္ျပန္လာၿပီျဖစ္ရာ ျမန္မာႏိုင္ငံတြင္ မိုဘိုင္းဖုန္းသုံးစြဲသူ သန္း(၂၀)ေက်ာ္ ခန႔္ရွိၿပီး MPT ၊ Atom ၊ U9 ၊ Mytel စသည့္ ကုမၸဏီႀကီးမ်ားမွ ဝန္ေဆာင္မႈ ေပးအပ္ေနေၾကာင္း ကမာၻ႔ဘဏ္၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

Related news

© 2021. All rights reserved.