တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်

186

ပြည့်ဖြိုး(NP News)-မတ် ၁၅
မတ်လပထမပတ်အတွင်း ကမ္ဘာ့စစ်ရေးနိုင်ငံရေးများနှင့်အတူ ကမ္ဘာ့ရွှေဈေးများမြင့်တက်ခဲ့ရာ ပြည်တွင်း အခေါက်ရွှေဈေးသည်လည်း တစ်ကျပ်သားလျှင် ကျပ် သိန်း(၁၁၀)ဝန်းကျင်သို့ရောက်ရှိလာခဲ့သည်။ အီရန်ကို အမေရိ ကန်နှင့်အစ္စရေး ပူးပေါင်းတပ်များက တိုက်ခိုက်နေခြင်းကြောင့် အာရှတိုက်အရှေ့အလယ် ပိုင်းတွင် စစ်ရေးတင်းမာမှု များဖြစ်ပေါ်နေရာ ကမ္ဘာ့ရွှေ ဈေးသည် ဈေးအမြင့်ပိုင်းတွင် ဆက်လက်ရပ်တည်နေ မည်ဖြစ်သည်။
ထို့ကြောင့် ပြည်တွင်းရွှေဈေးသည်လည်း ကျဆင်းနိုင်ဖွယ်မရှိကြောင်း ဝါရင့်ရွှေကုန်သည်များက သုံးသပ်သည်။ ပြည်တွင်းငွေလဲဈေးကွက်အတွင်း ငွေလဲနှုန်းများတည်ငြိမ်နေပြီး အမေရိကန်ဒေါ်လာဈေးမှာ တစ်ဒေါ်လာလျှင် (၄၀၄၅) ကျပ်ဝန်းကျင်ဖြင့် အတက်အကျနည်းပါးကြောင်းသိရသည်။ အခြားနိုင် ငံခြားငွေဈေးနှုန်းများမှာလည်း လတ်တလော တွင် အပြောင်းအလဲနည်းပါးနေကြောင်း ဈေးကွက်အတွင်းမှသိရသည်။ အီရန်-အစ္စရေး-အမေရိကန် စစ်ပွဲ ကြောင့် ကမ္ဘာ့ရေနံဈေး မြင့်တက်လာသော်လည်း ပြည်တွင်းစက်သုံးဆီဈေးများမှာ ယခင်သီတင်းပတ် များကဲ့သို့ အတက်အကျ အနည်းငယ်သာရှိကြောင်း ဈေးကွက်အတွင်းမှသိရသည်။ သက်ဆိုင်ရာကလည်း မြန်မာပြည်အတွက်လို အပ်သော စက်သုံးဆီများကို ရက်ပေါင်း(၄၀)အထိ အရန်သိုလှောင်ထားကြောင်း ထုတ်ပြန်ကြေညာထားသည်။ သို့သော်လည်း စက်သုံး ဆီသုံး အိမ်စီးလူစီးကားများအတွက် စုံရက်၊ မရက်ခွဲကာ မောင်းနှင်သုံးစွဲရမည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့ ရာ အခြေခံပြည်သူများအကြား အကျပ်အတည်းဖြစ် ပေါ်နေကြောင်းသိရသည်။
စက်သုံးဆီပြဿနာမှာ လတ်တလောဖြစ်ပွားနေသည့် ကမ္ဘာ့စစ်ရေးအခြေအနေများကြောင့်ဖြစ်ပေါ် နေသော ပြဿနာဖြစ်သောကြောင့် အချိန်ကာလခန့် မှန်းရန်ခက်ခဲကြောင်း စက်သုံးဆီတင်သွင်းရောင်းချ သူများထံမှသိရသည်။ ထူးခြားချက်အနေဖြင့် ယစ်း မျိုးဥပဒေသစ်ကိုထုတ်ပြန်ခဲ့ရာ အမျိုးသမီးများအသုံး ပြု၍ရောင်းချခြင်း၊ ကြော်ငြာခြင်းနှင့် ကံစမ်းမဲအစီအ စဉ်များအသုံးပြုကာ ရောင်းအားမြှင့်တင်ခြင်းများမပြု လုပ်ရန်ပြဋ္ဌာန်းချက်များ ပါဝင်လာသည်။ ထိုသို့ ပြဋ္ဌာန်းချက်များသည် အဖျော်ယမကာနှင့် ယစ်မျိုးဈေးကွက်အတွင်း မည့်သို့သက်ရောက်မှုရှိသည်ကို စောင့်ကြည့် ရမည်ဖြစ်သော်လည်း အမျိုးသမီးများ၏ အလုပ်အ ကိုင်အခွင့်အလမ်းဆုံးရှုံးရသည်မှာ အဓိကအကြောင်း အရာဖြစ်သည်။
မြန်မာနိုင်ငံတွင် အမျိုးသမီးနှင့်အမျိုးသားဦးရေ အချိုးအစားတွင် အမျိုးသမီးများမှာ ပိုမိုများပြားသည်။ ရန်ကုန် အပါအဝင် နိုင်ငံတစ်ဝန်းရှိမြို့ကြီးများ၏ စားသောက်ဆိုင်များတွင် အမျိုးသမီးဝန်ထမ်းများ ခန့် အပ်ဝန်ဆောင်မှုပေး နေရာ ယင်းအမျိုးသမီးများမှာ အလုပ်လက်မဲ့အဖြစ်ပြောင်းလဲသွားနိုင်သည်။ ယစ်မျိုးဥပဒေ၊ ညွှန်ကြားချက်များ၏ သက်ရောက်မှုကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။ အခြေခံကုန် စည်ဈေးနှုန်းများမှာ ယခင်သီတင်းပတ်များ အတိုင်း အတက်ဈေးဖြင့်တည်ငြိမ်နေသည်။
(ကမ္ဘာ့ ရွှေဈေး နှင့် အီရန် စစ်ပွဲတို့ကြောင့် မြန်မာ့ရွှေဈေး၊ ဒေါ်လာဈေး)
အစ္စရေးနှင့်အမေရိကန်ပူးပေါင်းတပ်များက အီရန်နိုင်ငံကိုတိုက်ခိုက်ခဲ့ရာ ကမ္ဘာ့ရွှေဈေးသည် စံချိန် တင်မြင့် တက်ခဲ့ပြီး ရွှေတစ်အောင်စလျှင် (၅၃၃၀) ဒေါ်လာအထိမြင့်တက်ခဲ့သည်။ ပြည်တွင်းရွှေဈေး မှာလည်း လိုက်ပါမြင့် တက်ခဲ့ရာ မတ်လ (၃)ရက်က ရွှေတစ်ကျပ်သားလျှင် သိန်း(၁၁၀)ကျပ်ဝန်းကျင်အထိမြင့်တက်ခဲ့ကြောင်းသိရသည်။ သို့သော်လည်း လက်ရှိရက်ပိုင်းအတွင်း အမေရိကန်ဗဟိုဘဏ်၏ အတိုးနှုန်းမူဝါဒအပြောင်းအလဲများကြောင့် ကမ္ဘာ့ရွှေ ဈေးများ ပြန်လည်ကျဆင်းလာပြီး မတ်လ (၁၀) ရက်တွင် ရွှေတစ်အောင်စလျှင် (၅၂၆၇)ဒေါ်လာသို့ ပြန် လည်ကျ ဆင်းလာကြောင်းသိရသည်။
ပြည်တွင်းရွှေဈေးသည်လည်း တစ်ကျပ်သားလျှင် (၁၀၉)သိန်းဝန်းကျင်တွင်ရပ်တည်နေကြောင်း သိရသည်။ ပြည်တွင်းရွှေဈေးမြင့်တက်ရခြင်းမှာ နိုင်ငံခြားငွေလဲနှုန်းများနှင့်လည်း တိုက်ရိုက်သက်ဆိုင်နေပြီး လတ်တလောတွင် အမေရိကန်ဒေါ်လာဈေးများ အမြင့်ပိုင်းတွင်တည်ငြိမ်နေသည်။ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA)၏ သတ်မှတ်ဈေးနှုန်းမှာ ရွှေတစ်ကျပ်သားလျှင် (၆၉)သိန်းကျပ်အဖြစ် မပြောင်းလဲဘဲတည်ရှိနေသည်။ နိုင်ငံတကာနှင့် ပြည် တွင်းရွှေဈေး အတက်အကျမြန်ဆန်နေခြင်းကြောင့် ရွှေဈေးကွက်အတွင်း အရောင်းအဝယ်အေးနေ ကြောင်းသိရသည်။ အခေါက်ရွှေကို ရွှေဆိုင်အများစုက အရောင်းအဝယ်ရပ်နားထားပြီး (၁၅)ပဲရည်ရွှေ ထည်များကိုသာရောင်းချနေကြောင်း သိရသည်။ ငွေလဲဈေးကွက်အတွင်း အမေရိကန်ဒေါ်လာဈေးမှာ အနည်းငယ် အတက်အကျဖြစ်ပေါ်ခဲ့ကြောင်းသိ ရသည်။ မတ်လ (၃)ရက်ဝန်းကျင်က အမေရိကန်တစ်ဒေါ်လာလျှင် (၄၀ဝဝ)ကျပ်ဝန်းကျင်ပေါက်ဈေးရှိခဲ့ရာမှ မတ်လ (၈)ရက် တွင် (၄၀၉၅)ကျပ်အထိမြင့်တက်ခဲ့ပြီး လက်ရှိ မတ်လ(၁၀)ရက်တွင် (၄၀၄၅)ကျပ်သို့ ပြန်လည်ကျဆင်းလာ ခြင်းဖြစ် သည်။
နိုင်ငံတကာကုန်သွယ်ရေးလုပ်ငန်းများအတွက် ဗဟိုဘဏ်က နိုင်ငံခြားငွေများ ဆက်လက်ရောင်းချ ပေးနေဆဲ ဖြစ်ရာ လာမည့်ရက်ပိုင်းအတွင်း အမေရိ ကန်ဒေါ်လာနှင့် နိုင်ငံခြားငွေဈေးနှုန်းများတည်ငြိမ် နေမည်ဖြစ်သည်။
(စက်သုံးဆီ ဈေးနှင့် စုံရက် မရက် ကားသုံးစွဲမှု)
မြန်မာနိုင်ငံတွင် တရားဝင်လိုင်စင်ရရှိထားသော စက်သုံးဆီသုံး လူစီးအိမ်စီးကား (၆)သိန်း (၂)သောင်းဝန်း ကျင်ရှိပြီး EV မော်တော်ယာဉ်မှာ (၉၄၀ဝ)ကျော်သာရှိကြောင်း ကုန်လမ်းညွှန်ကြားမှု ဦးစီးဌာန၏အချက်အလက်များအရ သိရသည်။ လက် ရှိတွင် စက်သုံးဆီသုံး လူစီးအိမ်စီးကားများကို လိုင် စင်နံပါတ်အလိုက် စုံရက်၊ မရက်ခွဲကာ ပြေးဆွဲရမည် ဟု ညွှန်ကြားချက်ထွက်ပေါ်လာရာ စက်သုံးဆီသုံးစွဲနေ သောအခြေခံပြည်သူများအကြား အခက်အခဲများ ထွက်ပေါ် နေသည်။
အီရန်စစ်ပွဲကြောင့် ကမ္ဘာ့စက်သုံးဆီဈေးမှာ ရေနံစိမ်းတစ်စည်လျှင် (၁၁၀)ဒေါ်လာအထိ ယာယီ မြင့်တက်ခဲ့ သော်လည်း လက်ရှိတွင် (၉၀)ဒေါ်လာ အထိ ပြန်လည်ကျဆင်းနေပြီဖြစ်သည်။ ပြည်တွင်း စက်သုံးဆီတင်သွင်းမှုအရ စက်သုံးဆီပြတ်တောက်ရန်မရှိကြောင်းသက်ဆိုင်ရာမှထုတ်ပြန်ထားရာ စုံရက် မရက်ခွဲကာ ကားသုံးစွဲမှုသည် အခြေခံ လူတန်းစားများအတွက် နေ့စဉ် ခရီးသွားလာမှုကိုထိခိုက်စေနိုင် ကြောင်းသိရသည်။ လက်ရှိအချိန်အထိ စင်ကာပူအ ခြေစိုက် စက်သုံးဆီဈေးကွက်အတွင်း စက်သုံးဆီ ဈေးများတည်ငြိမ်နေသည့်အပြင် ပြည်တွင်းစက်သုံး ဆီဈေးသည်လည်း တစ်လီတာလျှင် (၂၅၀ဝ)ကျပ် ဝန်းကျင်ဖြင့် ဆက်လက်ရောင်းချနေဆဲဖြစ်သည်။
ထို့ပြင် အမေရိကန်နိုင်ငံက ရေနံဈေးကွက်အတွင်း ဈေးကွက်ထိခိုက်မှုမရှိစေရန် ဆောင်ရွက်သွား မည်ဟုထုတ် ပြန်ထားရာ ပြည်တွင်းစက်သုံးဆီဈေးမှာ အပြောင်းအလဲဖြစ်ပေါ်နိုင်ခြေနည်းပါးသည်။ ထို့ကြောင့် သက်ဆိုင်ရာအနေဖြင့် စက်သုံးဆီသုံးစွဲမှု ထိန်းချုပ်ရန် စုံရက်၊ မရက်ခွဲ၍ကားသုံးစွဲရန် ညွှန်ကြား ချက်ကိုပြန်လည်သုံးသပ်သင့်သည်။
(ယစ်မျိုးဥပဒေနှင့် ယမကာဈေးကွက်)
မတ်လ (၇)ရက်တွင် နိုင်ငံတော်မှ ယစ်မျိုးဥပဒေ သစ်ကိုပြဋ္ဌာန်းလိုက်ရာ ဈေးကွက်အတွင်း အပြောင်း အလဲရှိနိုင် သော်လည်း အဓိကအနေဖြင့် အမျိုးသမီး များအသုံးပြု၍ အရောင်းမြှင့်တင်ခြင်း၊ ကြော်ငြာခြင်း နှင့်ရောင်းချခြင်းတို့ ကိုတားမြစ်ကြောင်း ပါဝင်လာသည်။ မြန်မာနိုင်ငံ၏အမျိုးသမီးဦးရေမှာ အမျိုးသား ဦးရေထက်ပိုမိုများပြားသောကြောင့် အလုပ်အကိုင်ရ ရှိမှုတွင်လည်း အခက်အခဲများရှိနေသည်။ အဖျော်ယ မကာလုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်နေ သည့်အမျိုး သမီးအများစုမှာ အခြေခံလူတန်းစားများဖြစ်ကြပြီး မိသားစုစားဝတ်နေရေးအခက်အခဲရှိသူများဖြစ်ကြ သည်။ ဘွဲ့ရပညာတတ်အမျိုးသမီးများမှာ ယမကာ ဈေးကွက်ဖြန်ချိရေးနှင့် အရောင်းမြှင့်တင်ရေးလုပ်ငန်း တွင် ဝင်ရောက်လုပ်ကိုင်သူ နည်းပါးသည်။
ထို့ကြောင့် လက်ရှိပြဋ္ဌာန်းလိုက်သည့်ဥပဒေအရ အမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံး မည်ဖြစ် သည်။ လတ်တလောထုတ်ပြန်နေသည့် အမိန့်ညွှန်ကြားချက်နှင့်ဥပဒေများသည် သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များမှ စနစ်တကျ သုတေသနပြု လုပ်ထားသလားဆိုသည်မှာ မေးခွန်းထုတ်ဖွယ်ဖြစ်နေသည်။ နိုင်ငံတကာတွင် ဥပဒေတစ် ရပ်ပြဋ္ဌာန်းရန် အချိန်ယူသုတေသနပြုလုပ်ပြီးမှသာ ဥပဒေကိုစနစ်တကျရေးဆွဲခြင်းဖြစ်သည်။ အနီးဆုံးဥပမာအနေဖြင့် ထိုင်းနိုင်ငံသည် ဆေးခြောက်သုံးစွဲမှုကိုစနစ်တကျ သုတေသနပြုလုပ်ပြီး စနစ်တကျ ရောင်းဝယ်သုံးစွဲစေ ခဲ့ကြောင်း သိရသည်။ လက်ရှိ ယစ်မျိုးဥပဒေကြောင့် ဈေးကွက်အပြောင်းအလဲဖြစ်ပေါ်လာမှုကို ဆက်လက် စောင့်ကြည့်ရ မည်ဖြစ် သော်လည်း နှစ်စဉ် အဖျော်ယမကာသောက်သုံးမှုမှာ တိုးတက်နေဆဲဖြစ်ကြောင်း နိုင်ငံခြားဖြစ် ယမကာတင်သွင်း ရောင်းချသူများအ သင်းမှသိရသည်။ ယစ်မျိုးဥပဒေကြောင့် လတ်တလောထိခိုက်သွားသူများမှာ သောက်သုံး သူနှင့် ရောင်း ချသူမဟုတ်ဘဲ ကြားမှ ဝန်ဆောင်မှုပေးကာရောင်းချနေသည့်အမျိုးသမီးများသာဖြစ်ပြီး ဈေးကွက်အခြေအနေကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။
(အခြေခံကုန်စည်များနှင့် အထွေထွေကုန်ဈေးနှုန်း)
ပွင့်လင်းရာသီမှနွေဦးရာသီသို့ကူးပြောင်းလာပြီ ဖြစ်သော်လည်း အထွေထွေကုန်ဈေးနှုန်းမှာ ကျဆင်း ခြင်းမရှိဘဲ ဆက်လက်မြင့်တက်နေဆဲဖြစ်သည်။ ငွေကြေးဖောင်းပွမှုမြင့်တက်ခြင်းကြောင့် ယခင်(၂၀၂၅)ခုနှစ်အတွင်းက တစ်ဘူး လျှင် (၁၆၀ဝ)ကျပ်တန် အချိုရည်ဘူးသည် လက်ရှိတွင် (၂၀ဝဝ)ကျပ်အထိ မြင့်တက်လာခဲ့သည်။
ငွေကြေးဖောင်းပွမှုနှင့် အထွေထွေကုန်ဈေးနှုန်း မြင့်တက်မှုမှာ လက်ရှိရက်ပိုင်းအတွင်း ပိုမိုမြင်တွေ့ လာနိုင်မည် ဖြစ်ပြီး အဓိကအားဖြင့် မြန်မာနှစ်သစ်ကူး ကာလ သင်္ကြန်မတိုင်ခင်အထိ ဆက်လက်မြင့်တက်နိုင် သည်။ လူသုံးကုန် ပစ္စည်းများတွင် နိုင်ငံခြားဖြစ်ကုန် စည်ရှားပါးနေရာ လက်ဝယ်ရှိသူက ဈေးကိုင် မြှင့်တင် ရောင်းချနေခြင်းများဖြစ် ပေါ်နေသည်။ လူသုံးကုန် ပစ္စည်းများဖြစ်သော အဝတ်အထည်၊ ဖိနပ်၊ အလှ ကုန်နှင့် ဆေးဝါးများမှာ ဈေးနှုန်းဆက် လက်မြင့်တက် နေသည်။
အခြေခံစားသောက်ကုန်များတွင် ပြောင်းဖူးများ မှာ သုံးဖူး (၅၀ဝ)ကျပ်ဈေးဖြင့် ဈေးအလွန်ပေါလျက်ရှိသည်။ နံနံပင်အစည်းကြီးတစ်စည်း (၅၀ဝ) ကျပ်၊ ကန်စွန်းရိုးနီတစ်စည်း (၃၀ဝ)ကျပ်၊ ဂေါ်ဖီထုပ်သေး တစ်ထုပ် (၁၀ဝဝ)ကျပ်၊ ခရမ်းသီး (၄)လုံး (၁၀ဝဝ) ကျပ်၊ ပန်းပွင့်စိမ်းတစ်ပွင့် (၁၀ဝဝ)ကျပ် ဈေးတို့ဖြင့် ပေါပေါများများရှိသည်။ ရုံးပတီသီးတစ်ပုံ (၅၀ဝ) ကျပ်၊ မရမ်းချိုသီးတစ်ပုံ (၅၀ဝ-၁၀ဝဝ)ကျပ်၊ မန် ကျည်းရွက်တစ်ပုံ (၁၀ဝဝ)ကျပ်၊ ချဉ်ပေါင်ရွက်တစ် စည်း (၃၀ဝ)ကျပ်၊ မုန်လာဥဖြူတစ်စည်း (၁၀ဝဝ) ကျပ်ဈေးတို့ဖြင့် ပေါပေါများများတွေ့ရသည်။ ကျန် သည့်ဟင်းသီး ဟင်းရွက် များမှာ ပုံမှန်အမြင့်ဈေးများ တွင်ရှိသည်။ တရုတ်ကန်စွန်းရွက်တစ်စည်း (၁၀ဝဝ) ကျပ်၊ ခရမ်းချဉ်သီးတစ်ဆယ်သား (၅၀ဝ-၆၀ဝ) ကျပ်၊ ကြက်ဟင်းခါးသီးတစ်လုံး (၁၀ဝဝ)ကျပ်၊ ခွေး တောက်ရွက်တစ်စည်း (၅၀ဝ) ကျပ်၊ ကျောက်ဖရုံသီး အစိတ်သေးတစ်စိတ် (၁၀ဝဝ)ကျပ်၊ ကျောက်ဖရုံ သီးတစ်လုံး (၇၀ဝဝ)ကျပ်၊ မုန်ညင်းရွက်တစ်စည်း (၅၀ဝ) ကျပ်၊ ကိုက်လန်ရွက်တစ်စည်း (၁၅၀ဝ) ကျပ်၊ မုန်ညင်းစိမ်းတစ်စည်း (၁၂၀ဝ)ကျပ်၊ ဆလပ်ရွက်တစ်စည်း (၆၀ဝ)ကျပ်၊ ဆူးပုပ်ရွက်တစ်စည်း (၇၀ဝ) ကျပ်ဈေးတို့ဖြင့် ပုံမှန်အမြင့်ဈေးများအတိုင်း ရှိသည်။
ကြက်သွန်ဈေးနှုန်းများ ပြန်လည်မြင့်တက်လာပြီး မြစ်သားကြက်သွန်နီအလုံးကြီး တစ်ပိဿာ (၃၅၀ဝ-၄၀ဝဝ) ကျပ်၊ မုံရွာကြက်သွန်နီအလုံးကြီး တစ်ပိဿာ (၃၅၀ဝ)ကျပ်ဈေးများဖြင့် ဈေးအနည်း ငယ်မြင့်တက်သည်။ ကြက်သွန်နီ အမျိုးအစားအလိုက် တစ်ပိဿာ(၂၀ဝဝ)ကျပ်ဈေးမှ တစ်ပိဿာ (၃၅၀ဝ-၄၀ဝဝ)ကျပ်ဈေးများအထိ ဈေးနှုန်းအမျိုး မျိုးရှိသည်။ ကြက်သွန်ဖြူများတွင် ဗမာ-ထူးကြက်သွန်ဖြူများ ဈေးအနည်းငယ်တက်ပြီး တစ်ပိဿာ (၁၂၀ဝဝ- ၁၃၀ဝဝ) ကျပ်ဈေးများရှိသည်။ ကြူကုတ် ကြက်သွန် ဖြူများမှာ တစ်ပိဿာ (၁၅၀ဝဝ-၁၆၀ဝဝ) ကျပ်ဈေး များဖြင့် ပုံမှန် အတိုင်းရှိသည်။
အာလူးဈေးများမှာ တစ်ပိဿာ (၉၀ဝဝ-၁၀ဝဝဝ) ကျပ်ဈေးများဖြင့် ပုံမှန်အတိုင်းဖြစ်သည်။ ကုန်ခြောက်များ တွင် ထန်းလျက်တစ်ဆယ်သား (၈၀ဝဝ-၉၀ဝဝ) ကျပ်၊ မန်ကျည်းသီးတစ်ဆယ်သား (၂၀ဝဝ)ကျပ်ဈေးဖြင့် ဈေးအနည်း ငယ်တက်သည်။ ငရုတ်သီးခြောက်အရှည်တစ်ဆယ်သား (၂၀ဝဝ-၂၅၀ဝ)ကျပ်၊ ငရုတ်သီးအပုတောင့် တစ်ဆယ်သား (၂၅၀ဝ) ဈေးများဖြင့် ပုံမှန်အမြင့်ဈေးအတိုင်းရှိသည်။ အခြေခံစားသောက်ကုန် အသား/ငါးများဈေးများမှာ ယခင်အပတ် အတိုင်းအပြောင်းအလဲနည်းပါးကြောင်း သိရသည်။

Zawgyi Version:
တစ္ပတ္အတြင္း ျမန္မာ့စီးပြားေရး ေဈးကြက္သုံးသပ္ခ်က္
ျပည့္ၿဖိဳး(NP News)-မတ္ ၁၅
မတ္လပထမပတ္အတြင္း ကမာၻ႔စစ္ေရးႏိုင္ငံေရးမ်ားႏွင့္အတူ ကမာၻ႔ေ႐ႊေဈးမ်ားျမင့္တက္ခဲ့ရာ ျပည္တြင္း အေခါက္ေ႐ႊေဈးသည္လည္း တစ္က်ပ္သားလွ်င္ က်ပ္ သိန္း(၁၁၀)ဝန္းက်င္သို႔ေရာက္ရွိလာခဲ့သည္။ အီရန္ကို အေမရိ ကန္ႏွင့္အစၥေရး ပူးေပါင္းတပ္မ်ားက တိုက္ခိုက္ေနျခင္းေၾကာင့္ အာရွတိုက္အေရွ႕အလယ္ ပိုင္းတြင္ စစ္ေရးတင္းမာမႈ မ်ားျဖစ္ေပၚေနရာ ကမာၻ႔ေ႐ႊ ေဈးသည္ ေဈးအျမင့္ပိုင္းတြင္ ဆက္လက္ရပ္တည္ေန မည္ျဖစ္သည္။
ထို႔ေၾကာင့္ ျပည္တြင္းေ႐ႊေဈးသည္လည္း က်ဆင္းႏိုင္ဖြယ္မရွိေၾကာင္း ဝါရင့္ေ႐ႊကုန္သည္မ်ားက သုံးသပ္သည္။ ျပည္တြင္းေငြလဲေဈးကြက္အတြင္း ေငြလဲႏႈန္းမ်ားတည္ၿငိမ္ေနၿပီး အေမရိကန္ေဒၚလာေဈးမွာ တစ္ေဒၚလာလွ်င္ (၄၀၄၅) က်ပ္ဝန္းက်င္ျဖင့္ အတက္အက်နည္းပါးေၾကာင္းသိရသည္။ အျခားႏိုင္ ငံျခားေငြေဈးႏႈန္းမ်ားမွာလည္း လတ္တေလာ တြင္ အေျပာင္းအလဲနည္းပါးေနေၾကာင္း ေဈးကြက္အတြင္းမွသိရသည္။ အီရန္-အစၥေရး-အေမရိကန္ စစ္ပြဲ ေၾကာင့္ ကမာၻ႔ေရနံေဈး ျမင့္တက္လာေသာ္လည္း ျပည္တြင္းစက္သုံးဆီေဈးမ်ားမွာ ယခင္သီတင္းပတ္ မ်ားကဲ့သို႔ အတက္အက် အနည္းငယ္သာရွိေၾကာင္း ေဈးကြက္အတြင္းမွသိရသည္။ သက္ဆိုင္ရာကလည္း ျမန္မာျပည္အတြက္လို အပ္ေသာ စက္သုံးဆီမ်ားကို ရက္ေပါင္း(၄၀)အထိ အရန္သိုေလွာင္ထားေၾကာင္း ထုတ္ျပန္ေၾကညာထားသည္။ သို႔ေသာ္လည္း စက္သုံး ဆီသုံး အိမ္စီးလူစီးကားမ်ားအတြက္ စုံရက္၊ မရက္ခြဲကာ ေမာင္းႏွင္သုံးစြဲရမည္ဟု ေၾကညာခ်က္ထုတ္ျပန္ခဲ့ ရာ အေျခခံျပည္သူမ်ားအၾကား အက်ပ္အတည္းျဖစ္ ေပၚေနေၾကာင္းသိရသည္။
စက္သုံးဆီျပႆနာမွာ လတ္တေလာျဖစ္ပြားေနသည့္ ကမာၻ႔စစ္ေရးအေျခအေနမ်ားေၾကာင့္ျဖစ္ေပၚ ေနေသာ ျပႆနာျဖစ္ေသာေၾကာင့္ အခ်ိန္ကာလခန႔္ မွန္းရန္ခက္ခဲေၾကာင္း စက္သုံးဆီတင္သြင္းေရာင္းခ် သူမ်ားထံမွသိရသည္။ ထူးျခားခ်က္အေနျဖင့္ ယစ္း မ်ိဳးဥပေဒသစ္ကိုထုတ္ျပန္ခဲ့ရာ အမ်ိဳးသမီးမ်ားအသုံး ျပဳ၍ေရာင္းခ်ျခင္း၊ ေၾကာ္ျငာျခင္းႏွင့္ ကံစမ္းမဲအစီအ စဥ္မ်ားအသုံးျပဳကာ ေရာင္းအားျမႇင့္တင္ျခင္းမ်ားမျပဳ လုပ္ရန္ျပ႒ာန္းခ်က္မ်ား ပါဝင္လာသည္။ ထိုသို႔ ျပ႒ာန္းခ်က္မ်ားသည္ အေဖ်ာ္ယမကာႏွင့္ ယစ္မ်ိဳးေဈးကြက္အတြင္း မည့္သို႔သက္ေရာက္မႈရွိသည္ကို ေစာင့္ၾကည့္ ရမည္ျဖစ္ေသာ္လည္း အမ်ိဳးသမီးမ်ား၏ အလုပ္အ ကိုင္အခြင့္အလမ္းဆုံးရႈံးရသည္မွာ အဓိကအေၾကာင္း အရာျဖစ္သည္။
ျမန္မာႏိုင္ငံတြင္ အမ်ိဳးသမီးႏွင့္အမ်ိဳးသားဦးေရ အခ်ိဳးအစားတြင္ အမ်ိဳးသမီးမ်ားမွာ ပိုမိုမ်ားျပားသည္။ ရန္ကုန္ အပါအဝင္ ႏိုင္ငံတစ္ဝန္းရွိၿမိဳ႕ႀကီးမ်ား၏ စားေသာက္ဆိုင္မ်ားတြင္ အမ်ိဳးသမီးဝန္ထမ္းမ်ား ခန႔္ အပ္ဝန္ေဆာင္မႈေပး ေနရာ ယင္းအမ်ိဳးသမီးမ်ားမွာ အလုပ္လက္မဲ့အျဖစ္ေျပာင္းလဲသြားႏိုင္သည္။ ယစ္မ်ိဳးဥပေဒ၊ ၫႊန္ၾကားခ်က္မ်ား၏ သက္ေရာက္မႈကို ဆက္လက္ေစာင့္ၾကည့္ရမည္ျဖစ္သည္။ အေျခခံကုန္ စည္ေဈးႏႈန္းမ်ားမွာ ယခင္သီတင္းပတ္မ်ား အတိုင္း အတက္ေဈးျဖင့္တည္ၿငိမ္ေနသည္။
(ကမာၻ႔ ေ႐ႊေဈး ႏွင့္ အီရန္ စစ္ပြဲတို႔ေၾကာင့္ ျမန္မာ့ေ႐ႊေဈး၊ ေဒၚလာေဈး)
အစၥေရးႏွင့္အေမရိကန္ပူးေပါင္းတပ္မ်ားက အီရန္ႏိုင္ငံကိုတိုက္ခိုက္ခဲ့ရာ ကမာၻ႔ေ႐ႊေဈးသည္ စံခ်ိန္ တင္ျမင့္ တက္ခဲ့ၿပီး ေ႐ႊတစ္ေအာင္စလွ်င္ (၅၃၃၀) ေဒၚလာအထိျမင့္တက္ခဲ့သည္။ ျပည္တြင္းေ႐ႊေဈး မွာလည္း လိုက္ပါျမင့္ တက္ခဲ့ရာ မတ္လ (၃)ရက္က ေ႐ႊတစ္က်ပ္သားလွ်င္ သိန္း(၁၁၀)က်ပ္ဝန္းက်င္အထိျမင့္တက္ခဲ့ေၾကာင္းသိရသည္။ သို႔ေသာ္လည္း လက္ရွိရက္ပိုင္းအတြင္း အေမရိကန္ဗဟိုဘဏ္၏ အတိုးႏႈန္းမူဝါဒအေျပာင္းအလဲမ်ားေၾကာင့္ ကမာၻ႔ေ႐ႊ ေဈးမ်ား ျပန္လည္က်ဆင္းလာၿပီး မတ္လ (၁၀) ရက္တြင္ ေ႐ႊတစ္ေအာင္စလွ်င္ (၅၂၆၇)ေဒၚလာသို႔ ျပန္ လည္က် ဆင္းလာေၾကာင္းသိရသည္။
ျပည္တြင္းေ႐ႊေဈးသည္လည္း တစ္က်ပ္သားလွ်င္ (၁၀၉)သိန္းဝန္းက်င္တြင္ရပ္တည္ေနေၾကာင္း သိရသည္။ ျပည္တြင္းေ႐ႊေဈးျမင့္တက္ရျခင္းမွာ ႏိုင္ငံျခားေငြလဲႏႈန္းမ်ားႏွင့္လည္း တိုက္႐ိုက္သက္ဆိုင္ေနၿပီး လတ္တေလာတြင္ အေမရိကန္ေဒၚလာေဈးမ်ား အျမင့္ပိုင္းတြင္တည္ၿငိမ္ေနသည္။ ရန္ကုန္တိုင္း ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း (YGEA)၏ သတ္မွတ္ေဈးႏႈန္းမွာ ေ႐ႊတစ္က်ပ္သားလွ်င္ (၆၉)သိန္းက်ပ္အျဖစ္ မေျပာင္းလဲဘဲတည္ရွိေနသည္။ ႏိုင္ငံတကာႏွင့္ ျပည္ တြင္းေ႐ႊေဈး အတက္အက်ျမန္ဆန္ေနျခင္းေၾကာင့္ ေ႐ႊေဈးကြက္အတြင္း အေရာင္းအဝယ္ေအးေန ေၾကာင္းသိရသည္။ အေခါက္ေ႐ႊကို ေ႐ႊဆိုင္အမ်ားစုက အေရာင္းအဝယ္ရပ္နားထားၿပီး (၁၅)ပဲရည္ေ႐ႊ ထည္မ်ားကိုသာေရာင္းခ်ေနေၾကာင္း သိရသည္။ ေငြလဲေဈးကြက္အတြင္း အေမရိကန္ေဒၚလာေဈးမွာ အနည္းငယ္ အတက္အက်ျဖစ္ေပၚခဲ့ေၾကာင္းသိ ရသည္။ မတ္လ (၃)ရက္ဝန္းက်င္က အေမရိကန္တစ္ေဒၚလာလွ်င္ (၄၀ဝဝ)က်ပ္ဝန္းက်င္ေပါက္ေဈးရွိခဲ့ရာမွ မတ္လ (၈)ရက္ တြင္ (၄၀၉၅)က်ပ္အထိျမင့္တက္ခဲ့ၿပီး လက္ရွိ မတ္လ(၁၀)ရက္တြင္ (၄၀၄၅)က်ပ္သို႔ ျပန္လည္က်ဆင္းလာ ျခင္းျဖစ္ သည္။
ႏိုင္ငံတကာကုန္သြယ္ေရးလုပ္ငန္းမ်ားအတြက္ ဗဟိုဘဏ္က ႏိုင္ငံျခားေငြမ်ား ဆက္လက္ေရာင္းခ် ေပးေနဆဲ ျဖစ္ရာ လာမည့္ရက္ပိုင္းအတြင္း အေမရိ ကန္ေဒၚလာႏွင့္ ႏိုင္ငံျခားေငြေဈးႏႈန္းမ်ားတည္ၿငိမ္ ေနမည္ျဖစ္သည္။
(စက္သုံးဆီ ေဈးႏွင့္ စုံရက္ မရက္ ကားသုံးစြဲမႈ)
ျမန္မာႏိုင္ငံတြင္ တရားဝင္လိုင္စင္ရရွိထားေသာ စက္သုံးဆီသုံး လူစီးအိမ္စီးကား (၆)သိန္း (၂)ေသာင္းဝန္း က်င္ရွိၿပီး EV ေမာ္ေတာ္ယာဥ္မွာ (၉၄၀ဝ)ေက်ာ္သာရွိေၾကာင္း ကုန္လမ္းၫႊန္ၾကားမႈ ဦးစီးဌာန၏အခ်က္အလက္မ်ားအရ သိရသည္။ လက္ ရွိတြင္ စက္သုံးဆီသုံး လူစီးအိမ္စီးကားမ်ားကို လိုင္ စင္နံပါတ္အလိုက္ စုံရက္၊ မရက္ခြဲကာ ေျပးဆြဲရမည္ ဟု ၫႊန္ၾကားခ်က္ထြက္ေပၚလာရာ စက္သုံးဆီသုံးစြဲေန ေသာအေျခခံျပည္သူမ်ားအၾကား အခက္အခဲမ်ား ထြက္ေပၚ ေနသည္။
အီရန္စစ္ပြဲေၾကာင့္ ကမာၻ႔စက္သုံးဆီေဈးမွာ ေရနံစိမ္းတစ္စည္လွ်င္ (၁၁၀)ေဒၚလာအထိ ယာယီ ျမင့္တက္ခဲ့ ေသာ္လည္း လက္ရွိတြင္ (၉၀)ေဒၚလာ အထိ ျပန္လည္က်ဆင္းေနၿပီျဖစ္သည္။ ျပည္တြင္း စက္သုံးဆီတင္သြင္းမႈအရ စက္သုံးဆီျပတ္ေတာက္ရန္မရွိေၾကာင္းသက္ဆိုင္ရာမွထုတ္ျပန္ထားရာ စုံရက္ မရက္ခြဲကာ ကားသုံးစြဲမႈသည္ အေျခခံ လူတန္းစားမ်ားအတြက္ ေန႔စဥ္ ခရီးသြားလာမႈကိုထိခိုက္ေစႏိုင္ ေၾကာင္းသိရသည္။ လက္ရွိအခ်ိန္အထိ စင္ကာပူအ ေျခစိုက္ စက္သုံးဆီေဈးကြက္အတြင္း စက္သုံးဆီ ေဈးမ်ားတည္ၿငိမ္ေနသည့္အျပင္ ျပည္တြင္းစက္သုံး ဆီေဈးသည္လည္း တစ္လီတာလွ်င္ (၂၅၀ဝ)က်ပ္ ဝန္းက်င္ျဖင့္ ဆက္လက္ေရာင္းခ်ေနဆဲျဖစ္သည္။
ထို႔ျပင္ အေမရိကန္ႏိုင္ငံက ေရနံေဈးကြက္အတြင္း ေဈးကြက္ထိခိုက္မႈမရွိေစရန္ ေဆာင္႐ြက္သြား မည္ဟုထုတ္ ျပန္ထားရာ ျပည္တြင္းစက္သုံးဆီေဈးမွာ အေျပာင္းအလဲျဖစ္ေပၚႏိုင္ေျခနည္းပါးသည္။ ထို႔ေၾကာင့္ သက္ဆိုင္ရာအေနျဖင့္ စက္သုံးဆီသုံးစြဲမႈ ထိန္းခ်ဳပ္ရန္ စုံရက္၊ မရက္ခြဲ၍ကားသုံးစြဲရန္ ၫႊန္ၾကား ခ်က္ကိုျပန္လည္သုံးသပ္သင့္သည္။
(ယစ္မ်ိဳးဥပေဒႏွင့္ ယမကာေဈးကြက္)
မတ္လ (၇)ရက္တြင္ ႏိုင္ငံေတာ္မွ ယစ္မ်ိဳးဥပေဒ သစ္ကိုျပ႒ာန္းလိုက္ရာ ေဈးကြက္အတြင္း အေျပာင္း အလဲရွိႏိုင္ ေသာ္လည္း အဓိကအေနျဖင့္ အမ်ိဳးသမီး မ်ားအသုံးျပဳ၍ အေရာင္းျမႇင့္တင္ျခင္း၊ ေၾကာ္ျငာျခင္း ႏွင့္ေရာင္းခ်ျခင္းတို႔ ကိုတားျမစ္ေၾကာင္း ပါဝင္လာသည္။ ျမန္မာႏိုင္ငံ၏အမ်ိဳးသမီးဦးေရမွာ အမ်ိဳးသား ဦးေရထက္ပိုမိုမ်ားျပားေသာေၾကာင့္ အလုပ္အကိုင္ရ ရွိမႈတြင္လည္း အခက္အခဲမ်ားရွိေနသည္။ အေဖ်ာ္ယ မကာလုပ္ငန္းတြင္ ဝင္ေရာက္လုပ္ကိုင္ေန သည့္အမ်ိဳး သမီးအမ်ားစုမွာ အေျခခံလူတန္းစားမ်ားျဖစ္ၾကၿပီး မိသားစုစားဝတ္ေနေရးအခက္အခဲရွိသူမ်ားျဖစ္ၾက သည္။ ဘြဲ႕ရပညာတတ္အမ်ိဳးသမီးမ်ားမွာ ယမကာ ေဈးကြက္ျဖန္ခ်ိေရးႏွင့္ အေရာင္းျမႇင့္တင္ေရးလုပ္ငန္း တြင္ ဝင္ေရာက္လုပ္ကိုင္သူ နည္းပါးသည္။
ထို႔ေၾကာင့္ လက္ရွိျပ႒ာန္းလိုက္သည့္ဥပေဒအရ အမ်ိဳးသမီးမ်ား အလုပ္အကိုင္အခြင့္အလမ္း ဆုံးရႈံး မည္ျဖစ္ သည္။ လတ္တေလာထုတ္ျပန္ေနသည့္ အမိန႔္ၫႊန္ၾကားခ်က္ႏွင့္ဥပေဒမ်ားသည္ သက္ဆိုင္ရာ ကြၽမ္းက်င္ပညာရွင္မ်ားမွ စနစ္တက် သုေတသနျပဳ လုပ္ထားသလားဆိုသည္မွာ ေမးခြန္းထုတ္ဖြယ္ျဖစ္ေနသည္။ ႏိုင္ငံတကာတြင္ ဥပေဒတစ္ ရပ္ျပ႒ာန္းရန္ အခ်ိန္ယူသုေတသနျပဳလုပ္ၿပီးမွသာ ဥပေဒကိုစနစ္တက်ေရးဆြဲျခင္းျဖစ္သည္။ အနီးဆုံးဥပမာအေနျဖင့္ ထိုင္းႏိုင္ငံသည္ ေဆးေျခာက္သုံးစြဲမႈကိုစနစ္တက် သုေတသနျပဳလုပ္ၿပီး စနစ္တက် ေရာင္းဝယ္သုံးစြဲေစ ခဲ့ေၾကာင္း သိရသည္။ လက္ရွိ ယစ္မ်ိဳးဥပေဒေၾကာင့္ ေဈးကြက္အေျပာင္းအလဲျဖစ္ေပၚလာမႈကို ဆက္လက္ ေစာင့္ၾကည့္ရ မည္ျဖစ္ ေသာ္လည္း ႏွစ္စဥ္ အေဖ်ာ္ယမကာေသာက္သုံးမႈမွာ တိုးတက္ေနဆဲျဖစ္ေၾကာင္း ႏိုင္ငံျခားျဖစ္ ယမကာတင္သြင္း ေရာင္းခ်သူမ်ားအ သင္းမွသိရသည္။ ယစ္မ်ိဳးဥပေဒေၾကာင့္ လတ္တေလာထိခိုက္သြားသူမ်ားမွာ ေသာက္သုံး သူႏွင့္ ေရာင္း ခ်သူမဟုတ္ဘဲ ၾကားမွ ဝန္ေဆာင္မႈေပးကာေရာင္းခ်ေနသည့္အမ်ိဳးသမီးမ်ားသာျဖစ္ၿပီး ေဈးကြက္အေျခအေနကို ဆက္လက္ေစာင့္ၾကည့္ရမည္ျဖစ္သည္။
(အေျခခံကုန္စည္မ်ားႏွင့္ အေထြေထြကုန္ေဈးႏႈန္း)
ပြင့္လင္းရာသီမွေႏြဦးရာသီသို႔ကူးေျပာင္းလာၿပီ ျဖစ္ေသာ္လည္း အေထြေထြကုန္ေဈးႏႈန္းမွာ က်ဆင္း ျခင္းမရွိဘဲ ဆက္လက္ျမင့္တက္ေနဆဲျဖစ္သည္။ ေငြေၾကးေဖာင္းပြမႈျမင့္တက္ျခင္းေၾကာင့္ ယခင္(၂၀၂၅)ခုႏွစ္အတြင္းက တစ္ဘူး လွ်င္ (၁၆၀ဝ)က်ပ္တန္ အခ်ိဳရည္ဘူးသည္ လက္ရွိတြင္ (၂၀ဝဝ)က်ပ္အထိ ျမင့္တက္လာခဲ့သည္။
ေငြေၾကးေဖာင္းပြမႈႏွင့္ အေထြေထြကုန္ေဈးႏႈန္း ျမင့္တက္မႈမွာ လက္ရွိရက္ပိုင္းအတြင္း ပိုမိုျမင္ေတြ႕ လာႏိုင္မည္ ျဖစ္ၿပီး အဓိကအားျဖင့္ ျမန္မာႏွစ္သစ္ကူး ကာလ သၾကၤန္မတိုင္ခင္အထိ ဆက္လက္ျမင့္တက္ႏိုင္ သည္။ လူသုံးကုန္ ပစၥည္းမ်ားတြင္ ႏိုင္ငံျခားျဖစ္ကုန္ စည္ရွားပါးေနရာ လက္ဝယ္ရွိသူက ေဈးကိုင္ ျမႇင့္တင္ ေရာင္းခ်ေနျခင္းမ်ားျဖစ္ ေပၚေနသည္။ လူသုံးကုန္ ပစၥည္းမ်ားျဖစ္ေသာ အဝတ္အထည္၊ ဖိနပ္၊ အလွ ကုန္ႏွင့္ ေဆးဝါးမ်ားမွာ ေဈးႏႈန္းဆက္ လက္ျမင့္တက္ ေနသည္။
အေျခခံစားေသာက္ကုန္မ်ားတြင္ ေျပာင္းဖူးမ်ား မွာ သုံးဖူး (၅၀ဝ)က်ပ္ေဈးျဖင့္ ေဈးအလြန္ေပါလ်က္ရွိသည္။ နံနံပင္အစည္းႀကီးတစ္စည္း (၅၀ဝ) က်ပ္၊ ကန္စြန္း႐ိုးနီတစ္စည္း (၃၀ဝ)က်ပ္၊ ေဂၚဖီထုပ္ေသး တစ္ထုပ္ (၁၀ဝဝ)က်ပ္၊ ခရမ္းသီး (၄)လုံး (၁၀ဝဝ) က်ပ္၊ ပန္းပြင့္စိမ္းတစ္ပြင့္ (၁၀ဝဝ)က်ပ္ ေဈးတို႔ျဖင့္ ေပါေပါမ်ားမ်ားရွိသည္။ ႐ုံးပတီသီးတစ္ပုံ (၅၀ဝ) က်ပ္၊ မရမ္းခ်ိဳသီးတစ္ပုံ (၅၀ဝ-၁၀ဝဝ)က်ပ္၊ မန္ က်ည္း႐ြက္တစ္ပုံ (၁၀ဝဝ)က်ပ္၊ ခ်ဥ္ေပါင္႐ြက္တစ္ စည္း (၃၀ဝ)က်ပ္၊ မုန္လာဥျဖဴတစ္စည္း (၁၀ဝဝ) က်ပ္ေဈးတို႔ျဖင့္ ေပါေပါမ်ားမ်ားေတြ႕ရသည္။ က်န္ သည့္ဟင္းသီး ဟင္း႐ြက္ မ်ားမွာ ပုံမွန္အျမင့္ေဈးမ်ား တြင္ရွိသည္။ တ႐ုတ္ကန္စြန္း႐ြက္တစ္စည္း (၁၀ဝဝ) က်ပ္၊ ခရမ္းခ်ဥ္သီးတစ္ဆယ္သား (၅၀ဝ-၆၀ဝ) က်ပ္၊ ၾကက္ဟင္းခါးသီးတစ္လုံး (၁၀ဝဝ)က်ပ္၊ ေခြး ေတာက္႐ြက္တစ္စည္း (၅၀ဝ) က်ပ္၊ ေက်ာက္ဖ႐ုံသီး အစိတ္ေသးတစ္စိတ္ (၁၀ဝဝ)က်ပ္၊ ေက်ာက္ဖ႐ုံ သီးတစ္လုံး (၇၀ဝဝ)က်ပ္၊ မုန္ညင္း႐ြက္တစ္စည္း (၅၀ဝ) က်ပ္၊ ကိုက္လန္႐ြက္တစ္စည္း (၁၅၀ဝ) က်ပ္၊ မုန္ညင္းစိမ္းတစ္စည္း (၁၂၀ဝ)က်ပ္၊ ဆလပ္႐ြက္တစ္စည္း (၆၀ဝ)က်ပ္၊ ဆူးပုပ္႐ြက္တစ္စည္း (၇၀ဝ) က်ပ္ေဈးတို႔ျဖင့္ ပုံမွန္အျမင့္ေဈးမ်ားအတိုင္း ရွိသည္။
ၾကက္သြန္ေဈးႏႈန္းမ်ား ျပန္လည္ျမင့္တက္လာၿပီး ျမစ္သားၾကက္သြန္နီအလုံးႀကီး တစ္ပိႆာ (၃၅၀ဝ-၄၀ဝဝ) က်ပ္၊ မုံ႐ြာၾကက္သြန္နီအလုံးႀကီး တစ္ပိႆာ (၃၅၀ဝ)က်ပ္ေဈးမ်ားျဖင့္ ေဈးအနည္း ငယ္ျမင့္တက္သည္။ ၾကက္သြန္နီ အမ်ိဳးအစားအလိုက္ တစ္ပိႆာ(၂၀ဝဝ)က်ပ္ေဈးမွ တစ္ပိႆာ (၃၅၀ဝ-၄၀ဝဝ)က်ပ္ေဈးမ်ားအထိ ေဈးႏႈန္းအမ်ိဳး မ်ိဳးရွိသည္။ ၾကက္သြန္ျဖဴမ်ားတြင္ ဗမာ-ထူးၾကက္သြန္ျဖဴမ်ား ေဈးအနည္းငယ္တက္ၿပီး တစ္ပိႆာ (၁၂၀ဝဝ- ၁၃၀ဝဝ) က်ပ္ေဈးမ်ားရွိသည္။ ၾကဴကုတ္ ၾကက္သြန္ ျဖဴမ်ားမွာ တစ္ပိႆာ (၁၅၀ဝဝ-၁၆၀ဝဝ) က်ပ္ေဈး မ်ားျဖင့္ ပုံမွန္ အတိုင္းရွိသည္။
အာလူးေဈးမ်ားမွာ တစ္ပိႆာ (၉၀ဝဝ-၁၀ဝဝဝ) က်ပ္ေဈးမ်ားျဖင့္ ပုံမွန္အတိုင္းျဖစ္သည္။ ကုန္ေျခာက္မ်ား တြင္ ထန္းလ်က္တစ္ဆယ္သား (၈၀ဝဝ-၉၀ဝဝ) က်ပ္၊ မန္က်ည္းသီးတစ္ဆယ္သား (၂၀ဝဝ)က်ပ္ေဈးျဖင့္ ေဈးအနည္း ငယ္တက္သည္။ င႐ုတ္သီးေျခာက္အရွည္တစ္ဆယ္သား (၂၀ဝဝ-၂၅၀ဝ)က်ပ္၊ င႐ုတ္သီးအပုေတာင့္ တစ္ဆယ္သား (၂၅၀ဝ) ေဈးမ်ားျဖင့္ ပုံမွန္အျမင့္ေဈးအတိုင္းရွိသည္။ အေျခခံစားေသာက္ကုန္ အသား/ငါးမ်ားေဈးမ်ားမွာ ယခင္အပတ္ အတိုင္းအေျပာင္းအလဲနည္းပါးေၾကာင္း သိရသည္။