အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၅၀၀၀) ကျော် ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် (၃၅) ခု ကို MIC ခွင့်ပြု

 275

Pearl (NP News) - မတ် ၁၆
အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၅၀၀၀) ကျော် ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် (၃၅) ခု ကို ယမန်နေ့ (မတ် ၁၅ရက) က နေပြည်တော်၌ ကျင်းပသော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေးက ခွင့်ပြု‌ပေးခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် လက်ရှိဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင် စက်မှုကဏ္ဍနှင့် လျှပ်စစ်ဓာတ်အားကဏ္ဍမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်လေးခုကိုလည်းကောင်း၊ စက်မှုကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ လျှပ်စစ်ဓာတ်အားကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍများမှ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အသစ် ၃၁ ခုတို့ကိုလည်းကောင်း ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၄၁ ဒသမ ၀၀၃ သန်းနှင့် ကျပ် ၁၉၅၅၅၂၆ ဒသမ ၉၅၅ သန်းဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၅၀၆၄ ဦးကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ သည်။
ခွင့်ပြုပေးသည့် လုပ်ငန်းများတွင် နိုင်ငံအတွက် အဓိကလိုအပ်လျက်ရှိသည့် လုပ်ငန်းသုံးမော်တော်ယာဉ် ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအခြေခံကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း၊ လျှပ်စစ်မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းများ၊ ဆိပ်ကမ်းတည်ဆောက်ခြင်းနှင့် ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းများ၊ လက်ကိုင်ဖုန်းအမျိုးမျိုး တပ်ဆင်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ ဆိုလာပြားထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ မွေးမြူရေးအစာထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်ငန်းများအပြင် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်မည့် အထည်ချုပ်လုပ်ငန်းများလည်း ပါဝင်ကြောင်း သိရသည်။
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ၊ ဒေသပေါင်း ၅၃ ခုအနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သောနိုင်ငံ၊ ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခု အနက် အများဆုံးရင်းနှီးမြှုပ်နှံထားသည့်ကဏ္ဍများမှာ လျှပ်စစ်ဓာတ်အားကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၂၇ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၆၂ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ စက်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၆၇ ရာခိုင်နှုန်းဖြင့်လည်းကောင်း အသီးသီးရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

Zawgyi Version:
အလုပ္အကိုင္အခြင့္အလမ္းေပါင္း (၅၀၀၀) ေက်ာ္ ဖန္တီးေပးႏိုင္မည့္ ရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္းအသစ္ (၃၅) ခု ကို MIC ခြင့္ျပဳ
Pearl (NP News) - မတ္ ၁၆
အလုပ္အကိုင္အခြင့္အလမ္းေပါင္း (၅၀၀၀) ေက်ာ္ ဖန္တီးေပးႏိုင္မည့္ ရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္းအသစ္ (၃၅) ခု ကို ယမန္ေန႔ (မတ္ ၁၅ရက) က ေနျပည္ေတာ္၌ က်င္းပေသာ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္အစည္းအေဝးက ခြင့္ျပဳ‌ေပးခဲ့ေၾကာင္း သိရသည္။
အစည္းအေဝးတြင္ လက္ရွိေဆာင္႐ြက္ဆဲ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ား၏ မတည္ေငြရင္းတိုးျမႇင့္ျခင္းအပါအဝင္ စက္မႈက႑ႏွင့္ လွ်ပ္စစ္ဓာတ္အားက႑မွ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းအသစ္ေလးခုကိုလည္းေကာင္း၊ စက္မႈက႑၊ ဟိုတယ္ႏွင့္ခရီးသြားက႑၊ ဝန္ေဆာင္မႈက႑၊ လွ်ပ္စစ္ဓာတ္အားက႑၊ စိုက္ပ်ိဳးေရးက႑၊ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးက႑မ်ားမွ ျမန္မာႏိုင္ငံသား ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း အသစ္ ၃၁ ခုတို႔ကိုလည္းေကာင္း ခြင့္ျပဳေပးခဲ့ေၾကာင္း သိရသည္။
အဆိုပါလုပ္ငန္းမ်ား၏ ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏမွာ အေမရိကန္ေဒၚလာ ၄၁ ဒသမ ၀၀၃ သန္းႏွင့္ က်ပ္ ၁၉၅၅၅၂၆ ဒသမ ၉၅၅ သန္းျဖစ္ၿပီး အလုပ္အကိုင္အခြင့္အလမ္းေပါင္း ၅၀၆၄ ဦးကို ဖန္တီးေပးႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။ သည္။
ခြင့္ျပဳေပးသည့္ လုပ္ငန္းမ်ားတြင္ ႏိုင္ငံအတြက္ အဓိကလိုအပ္လ်က္ရွိသည့္ လုပ္ငန္းသုံးေမာ္ေတာ္ယာဥ္ ထုတ္လုပ္ျခင္းလုပ္ငန္းမ်ား၊ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ျခင္း လုပ္ငန္းမ်ား၊ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးအေျခခံကုန္ထုတ္လုပ္မႈလုပ္ငန္းမ်ား၊ ဟိုတယ္ႏွင့္ခရီးသြားလာေရးလုပ္ငန္း၊ လွ်ပ္စစ္ေမာ္ေတာ္ယာဥ္ တပ္ဆင္ထုတ္လုပ္ေရာင္းခ်ျခင္း လုပ္ငန္းမ်ား၊ ဆိပ္ကမ္းတည္ေဆာက္ျခင္းႏွင့္ ဆိပ္ကမ္းဝန္ေဆာင္မႈလုပ္ငန္းမ်ား၊ လက္ကိုင္ဖုန္းအမ်ိဳးမ်ိဳး တပ္ဆင္ထုတ္လုပ္ျဖန႔္ျဖဴးေရာင္းခ်ျခင္းလုပ္ငန္း၊ ဆိုလာျပားထုတ္လုပ္ျဖန႔္ျဖဴးေရာင္းခ်ျခင္းလုပ္ငန္း၊ ေမြးျမဴေရးအစာထုတ္လုပ္ေရာင္းခ်ျခင္း လုပ္ငန္းမ်ား၊ စားေသာက္ကုန္ထုတ္လုပ္ငန္းမ်ားအျပင္ အလုပ္အကိုင္အခြင့္အလမ္းမ်ားစြာ ဖန္တီးေပးႏိုင္မည့္ အထည္ခ်ဳပ္လုပ္ငန္းမ်ားလည္း ပါဝင္ေၾကာင္း သိရသည္။
၂၀၂၆ ခုႏွစ္ ေဖေဖာ္ဝါရီလကုန္အထိ ျမန္မာႏိုင္ငံတြင္ ရင္းႏွီးျမႇဳပ္ႏွံထားသည့္ ႏိုင္ငံ၊ ေဒသေပါင္း ၅၃ ခုအနက္ ရင္းႏွီးျမႇဳပ္ႏွံမႈအမ်ားဆုံးျပဳလုပ္ေသာႏိုင္ငံ၊ ေဒသမ်ားမွာ စင္ကာပူႏိုင္ငံ၊ တ႐ုတ္ႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံတို႔ ျဖစ္ၿပီး စီးပြားေရးက႑ ၁၂ ခု အနက္ အမ်ားဆုံးရင္းႏွီးျမႇဳပ္ႏွံထားသည့္က႑မ်ားမွာ လွ်ပ္စစ္ဓာတ္အားက႑တြင္ စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈ၏ ၂၈ ဒသမ ၂၇ ရာခိုင္ႏႈန္းျဖင့္လည္းေကာင္း၊ ေရနံႏွင့္သဘာဝဓာတ္ေငြ႕က႑တြင္ စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈ၏ ၂၄ ဒသမ ၆၂ ရာခိုင္ႏႈန္းျဖင့္လည္းေကာင္း၊ စက္မႈက႑တြင္ စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈ၏ ၁၄ ဒသမ ၆၇ ရာခိုင္ႏႈန္းျဖင့္လည္းေကာင္း အသီးသီးရင္းႏွီးျမႇဳပ္ႏွံထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.