အီရန် စစ်မီးနဲ့ ကမ္ဘာ့စီးပွားရေး အကျပ်အတည်း (နိုင်ငံတကာရေးရာ ဆောင်းပါး)

 236

တင်ဇာ (NP News)
စစ်ဆင်ရေးအခြေအနေနှင့် ကနဦးရိုက်ခတ်မှု
အီရန်စစ်ပွဲ တရားဝင်စတင်ခဲ့တာ ယခု (၂၀၂၆) ခုနှစ် မတ်လ(၉)ရက်ဆိုရင် (၁၀)ရက် ပြည့် မြောက်ခဲ့ပြီဖြစ်ပါတယ်။ အမေရိကန်နဲ့အစ္စရေးတို့ရဲ့စစ်ဆင်ရေးတွေဟာ အီရန်နိုင်ငံတော် အာဏာရဲ့ အလွှာတိုင်းကို တစ်ပြိုင်နက်တည်း ပစ်မှတ်ထားခဲ့ပါတယ်။ အဲဒီပစ်မှတ်တွေထဲမှာ တီဟီရန်မြို့က နိုင်ငံ ရေးခေါင်းဆောင်ပိုင်းတွေ၊ ပြည်နယ်အသီးသီးက နျူကလီးယားအဆောက်အအုံတွေ၊ ဒုံးကျည် ထုတ်လုပ် ရေးနဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ၊ အီရန်တော်လှန် ရေးအစောင့်တပ်ဖွဲ့ (IRGC) ရဲ့ အခြေခံ အဆောက်အအုံတွေ၊ ဆိပ်ကမ်းတွေ၊ ရေနံပိုင်ဆိုင်မှုတွေ၊ လေဆိပ်တွေနဲ့ အနောက်ဘက်ကနေ တောင် ဘက်အထိ ရှည်လျားတဲ့စစ်အခြေစိုက်စခန်းတွေ ပါဝင်ပါတယ်။
ဒီတိုက်ခိုက်မှုတွေရဲ့ရည်ရွယ်ချက်ဟာ မျှော်မှန်းထားသည်ထက် ပိုမိုကျယ်ပြန့်ပါတယ်။ နိုင်ငံရေး အာဏာ၊ စစ်ရေးစွမ်းရည်၊ နျူကလီးယားဖွံ့ဖြိုးတိုးတက်မှုနဲ့ စီးပွားရေးအခြေခံအဆောက်အအုံတွေကို တစ်ခုနဲ့ တစ်ခုချိတ်ဆက်ပြီး တစ်ကြိမ်တည်းနဲ့ ကျဆင်းသွား အောင် ပုံဖော်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် (၂၀၂၆) ခုနှစ် မတ်လအထိ အမေရိကန်၊ အစ္စရေးနဲ့ အီရန်တို့ကြား ပထဝီဝင် စီးပွား ရေးနောက်ဆက်တွဲအကျိုးဆက်တွေ များစွာဖြစ်ပေါ်စေခဲ့ပါတယ်။
ဒေသတွင်းနိုင်ငံများနှင့် အီရန်၏ စီးပွားရေးအခြေအနေ
အကြီးမားဆုံး ဝန်ထုပ်ဝန်ပိုးဟာ ဒေသတွင်းနိုင်ငံတွေအပေါ်မှာပဲ မလွဲမသွေ ကျရောက်လာမှာ ဖြစ်ပါတယ်။ အတိတ်ကသမိုင်းကြောင်းတွေကို ပြန်ကြည့်ရင် ဒါကိုသိနိုင်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီက (၁၂) ရက်ကြာဖြစ်ပွားခဲ့တဲ့စစ်ပွဲအတွင်းမှာ အစ္စရေးရဲ့စီးပွားရေးဟာ ဒုတိယသုံးလပတ်မှာ (၁)ရာခိုင်နှုန်း လောက် ကျဆင်းသွားခဲ့ပါတယ်။ အခုပဋိပက္ခကတော့ ယခင် စစ်ပွဲထက်ပိုကြာနိုင်တာကြောင့် အစ္စရေးနဲ့ ပင်လယ် ကွေ့နိုင်ငံတွေရဲ့ ထုတ်ကုန်ထွက်ရှိမှုဟာလည်း ပိုပြီး ကျဆင်းသွားနိုင်တယ်လို့ယူဆရပါတယ်။
ဒါပေမဲ့ စစ်ပွဲကသာ ရေရှည်ဖြစ်ပွားမယ်ဆိုရင် စီးပွားရေးအရ ထိခိုက်ဒဏ်ရာတွေက ပိုပြီးနက် ရှိုင်းလာမှာအသေအချာပါပဲ။ ထုတ်လုပ်မှုတွေပြတ် တောက်သွားမယ်၊ ရင်းနှီးမြှုပ်နှံမှုတွေ ရွှေ့ဆိုင်းခံ ရမယ်၊ ပြီးတော့ ခရီးသွားလုပ်ငန်းတွေလည်းရပ်တန့် သွားပါလိမ့်မယ်။ အီရန်ရဲ့ စီးပွားရေးကတော့ တခြားနိုင်ငံတွေထက် ပိုပြီးတော့တောင် ပြင်းပြင်းထန်ထန် ထိခိုက်မှာဖြစ်ပါတယ်။ တခြားနေရာတွေမှာ ဖြစ်ခဲ့တဲ့ စစ်ပွဲတွေရဲ့အကျိုးဆက်တွေကိုကြည့်ပြီးတွက်ချက် မယ်ဆိုရင် အီရန်ရဲ့ GDP ဟာ (၁၀)ရာခိုင် နှုန်းကျော်အထိ ကျဆင်းသွားဖို့ရှိနေပါတယ်။
ဒါ့ပြင် အီရန်နိုင်ငံရဲ့ အမျိုးသားငွေကြေးဖြစ်တဲ့ Rial တန်ဖိုးဟာ စစ်ရေးတင်းမာမှုတွေကြောင့် အဆမတန်ထိုးဆင်းသွားပါတယ်။ အဲဒီနောက်ဆက်တွဲအနေနဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာလည်း မြင့် တက်လာတဲ့အတွက် သာမန်ပြည်သူတွေရဲ့ ဝယ်ယူနိုင်စွမ်းအားဟာ အရင်ကထက် အဆပေါင်းများစွာ လျော့နည်းသွား ပါတယ်။ ဒါ့ပြင် စစ်ရေးအတွက်ပဲ ဘတ်ဂျက်တွေ ပိုသုံးနေရတာဟာ အီရန်ရဲ့ (၂၀၂၆) ခုနှစ် စီးပွားရေးတိုးတက်မှုနှုန်း(GDP)ကို အနုတ်လက္ခဏာပြစေပြီး ရေရှည်စီးပွားရေးပျက်ကပ်ဆီကို ဦးတည်နေစေပါတယ်လို့ နိုင်ငံတကာစီးပွားရေးပညာရှင်တွေက သုံးသပ်ထားကြပါတယ်။
အမေရိကန်အပေါ် ရိုက်ခက်မှု
အီရန်စစ်ပွဲကြောင့် အမေရိကန်ပြည်ထောင်စု အပေါ်ရိုက်ခတ်လာတဲ့ အကြီးမားဆုံး စီးပွားရေးဝန် ထုပ်ဝန်ပိုးက စွမ်းအင်ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ပါတယ်။ စစ်ပွဲစတင်ပြီး (၁၀)ရက်အတွင်းမှာပဲ အမေ ရိကန်တစ်နိုင်ငံလုံးရဲ့ ပျမ်းမျှဓာတ်ဆီဈေးနှုန်းမှာ တစ်ဂါလန်ကို (၃.၄၁)ဒေါ်လာအထိ ရောက်ရှိသွားပြီး တစ်ပတ်အတွင်း သိသိသာသာခုန်တက်သွားခဲ့ပါတယ်။ ဒီလို လောင်စာဆီဈေးနှုန်းမြင့်တက်မှုဟာ သယ် ယူပို့ဆောင်ရေးစရိတ်တွေကို တိုက်ရိုက်ထိခိုက်စေတဲ့အပြင် အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန် ဈေး နှုန်းတွေကိုပါ လိုက်ပါမြင့်တက်စေတာကြောင့် အမေရိကန်ပြည်တွင်းမှာ ငွေဖောင်းပွမှုဖိအားကို တစ်ဖန် ပြန်လည်ပြင်းထန်လာစေပါတယ်။ ဘဏ္ဍာရေးဈေးကွက်မှာလည်း စစ်ပွဲစတင်ပြီး (၉၆)နာရီအတွင်း ကမ္ဘာ့ အစုရှယ်ယာတန်ဖိုး ဒေါ်လာ (၃.၂) ထရီ လျံခန့်ဆုံးရှုံးခဲ့ရခြင်းက Wall Street ရှိ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကိုလျော့နည်းစေသလို စီးပွားရေးတိုးတက်မှုတန့်သွားမယ့် Stagnation အခြေအနေအတွက် စိုးရိမ်ပူပန်မှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။
အာရှနိုင်ငံများအပေါ် သက်ရောက်မှု
လောလောဆယ်မှာတော့ အာရှနိုင်ငံအများစုဟာ ငွေကြေးဖောင်းပွမှုကို အတော်အတန် ထိန်း ချုပ်ထားနိုင်တဲ့အတွက် ရုတ်တရက်တက်လာတဲ့ ရေနံဈေးနှုန်းဒဏ်ကို ခံနိုင်ရည်ရှိနေပါသေးတယ်။ ဒါပေမဲ့ ဈေးနှုန်းတွေက ဘယ်လောက်အထိပြင်းထန်မလဲ၊ ဘယ်လောက်အထိကြာရှည်မလဲဆိုတဲ့ အချက် ကပဲ နောက် ဆုံးရလဒ်ကို အဆုံးအဖြတ်ပေးမှာဖြစ်ပါတယ်။ အကယ်၍ ဈေးကြီးတာက ကြာသွားမယ် ဆိုရင် အာရှနိုင်ငံတွေဟာ ရေနံကို သွင်းကုန်အဖြစ် အလွန်အမင်းမှီခို နေရတာကြောင့် ရေနံ ဈေး မတည်ငြိမ်မှုဒဏ်ကို အဆိုးရွားဆုံးခံရနိုင်ပါတယ်။ ဩစတြေးလျ၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့က လွဲရင် ကျန်တဲ့ အာရှနိုင်ငံတွေအားလုံးဟာ ရေနံနဲ့သဘာဝဓာတ်ငွေ့ကုန်သွယ်မှုမှာ လိုငွေပြနေတာကြောင့် စွမ်းအင်စရိတ်တက်လာရင် အခက်တွေ့ရမှာ အသေအချာပါပဲ။
ဒါ့ပြင် အာရှရဲ့ ထွန်းသစ်စစီးပွားရေးနိုင်ငံအတော် များများမှာ စားသုံးသူဈေးဆွဲခြင်း (CPI) ကို တွက်ချက်တဲ့အခါ စွမ်းအင်ကဏ္ဍကို အလေးပေးထည့်သွင်းထားတဲ့အတွက် ရေနံဈေးတက်တာနဲ့ ငွေ ကြေးဖောင်းပွမှုနှုန်းက ချက်ချင်းလိုက်တက်လာလေ့ရှိပါတယ်။ ပျမ်းမျှအားဖြင့်တော့ ရေနံဈေး(၁၀) ရာခိုင်နှုန်းတက်တိုင်းမှာ ငွေကြေးဖောင်းပွမှုနှုန်း (CPI Inflation) ဟာ (ဝ.၂) ရာခိုင်နှုန်းလောက် လိုက်ပါ မြင့်တက်လာတတ်ပါတယ်။ ဒါ့ပြင် စစ်ဖြစ်ပွားရာဒေသက နိုင်ငံအများစုနဲ့ စီးပွားရေးမိတ်ဖက်ဖြစ်တဲ့ တရုတ်နိုင်ငံလို အာရှသွင်းကုန်နိုင်ငံတွေမှာလည်း ကုန်ကျစရိတ်တွေ မြင့်တက်လာတာကိုတွေ့ရပါတယ်။
ကုန်သွယ်ရေးနှင့် ထောက်ပံ့မှုကွင်းဆက် ပြတ်တောက်ခြင်းများ
တကယ့်အဓိက စိုးရိမ်စရာအန္တရာယ်ကတော့ ဒီဒေသတွင်းနိုင်ငံတွေကနေ ကမ္ဘာ့အနှံ့ကိုတင်ပို့နေ တဲ့ ကုန်စည်စီးဆင်းမှုလမ်းကြောင်းတွေ ပြတ်တောက်သွားနိုင်တာပဲဖြစ်ပါတယ်။ အကြီးမားဆုံးသက် ရောက်မှုကတော့ စွမ်းအင်ကဏ္ဍမှာဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်း ပင်လယ်ရေကြောင်းကနေတင်ပို့နေတဲ့ ရေနံ စုစုပေါင်းရဲ့ လေးပုံတစ်ပုံခန့်နဲ့ သဘာဝဓာတ်ငွေ့ရည် (LNG) တင်ပို့မှုရဲ့ ငါးပုံတစ်ပုံခန့်ဟာ ဟော် မုဇ်ရေ လက်ကြားကိုဖြတ်သန်းသွားလာနေရတာပါ။ အခုအချိန်မှာ ဟော်မုဇ်ရေလက်ကြားကနေ ကုန် စည်စီးဆင်းမှုတွေရပ်တန့်သွားတဲ့အတွက် ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ဈေးနှုန်း တွေ သိသိသာသာတက်သွားခဲ့တာဟာ အံ့ဩစရာတော့မဟုတ်ပါဘူး။ ဒေသတွင်းက ထိပ်သီးရေနံ ထုတ် လုပ်တဲ့နိုင်ငံတွေဖြစ်တဲ့ ဆော်ဒီအာရေဗျ၊ ယူအေအေး၊ အီရတ်နဲ့ ကူဝိတ်နိုင်ငံတွေဟာ ကမ္ဘာ့ရေနံချက် စက်ရုံတွေဆီ တင်ပို့ရမယ့် ရေနံစည်ပေါင်း(၁၄၀)သန်းခန့်ကို ရပ် နားထားလိုက်ရပါတယ်။ ဒီပမာဏဟာ တစ်ကမ္ဘာလုံးက တစ်ရက်ခွဲနီးပါး (၁ ဒသမ ၄ ရက်စာ) သုံးစွဲနေတဲ့ ရေနံလိုအပ်ချက်နဲ့ညီမျှပါတယ်။
ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဖြစ်တဲ့ JP Morgan က ကျွမ်းကျင်သူတွေရဲ့အဆိုအရ ဈေးကွက်ဟာ အခု အခါမှာ ပထဝီနိုင်ငံရေးအန္တရာယ်ကြောင့် ဈေးတက် ရုံတင်မဟုတ်တော့ဘဲ ရေနံချက်စက်ရုံတွေ ပိတ် ထားရတာနဲ့ ရေနံတင်ပို့မှုအကန့်အသတ်တွေကြောင့် လက်တွေ့ကျတဲ့ လုပ်ငန်းလည်ပတ်မှုပြတ်တောက် ခြင်းတွေကိုပါ စတင်ရင်ဆိုင်နေရပြီလို့ Reuters သတင်းဌာနကဖော်ပြထားပါတယ်။
ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) အဖွဲ့ဝင်နိုင်ငံတွေဟာ အစိုးရဝင်ငွေရဲ့ (၃၀) ရာခိုင်နှုန်းကနေ (၉၀)ရာခိုင်နှုန်းအထိကို ရေနံနဲ့ဓာတ် ငွေ့တင်ပို့မှုအပေါ်မှီခိုနေရတာပါ။ အခုလို ထုတ်ကုန်ရောင်းချမှုတွေကြန့်ကြာနေတာဟာ အစိုးရဘတ်ဂျက်နဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး အတွက် မရှိမဖြစ်လိုအပ်တဲ့ဝင်ငွေစီးဆင်းမှုကို အဟန့်အတားဖြစ်စေပါတယ်။ တင်ပို့မှုတွေ ရေရှည် ရပ် တန့်နေတာဟာ ဒီဘုရင်စနစ်သုံးနိုင်ငံတွေရဲ့ ပြည်တွင်းဘဏ္ဍာရေး တည်ငြိမ်မှုကိုပါ အန္တရာယ်ဖြစ်စေနိုင် ပြီး၊ လူထုမကျေ နပ်မှုတွေဖြစ်လာနိုင်သလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI)ဆွဲဆောင်ဖို့အတွက်အရေး ကြီးတဲ့ အစိုးရတည်ငြိမ်မှုကိုပါ ထိခိုက်လာစေနိုင်ပါတယ်။
သယ်ယူပို့ဆောင်ရေးကဏ္ဍ အခက်အခဲများ
အခုချိန်မှာ ရေကြောင်းကုန်စည်ပို့ဆောင်သူတွေ ဟာ ပါရှန်းပင်လယ်ကွေ့နဲ့ စူးအက်တူးမြောင်း လမ်းကြောင်းတွေကို ရှောင်ကွင်းမောင်းနှင်နေကြပါတယ်။ အာဖရိကတောင်ဘက်စွန်းက ဂွတ်ဟုဒ်အငူ ကို ပတ်ပြီးမောင်းနှင်ရတာကြောင့် အာရှ-ဥရောပ ကုန်စည်ပို့ဆောင်ရေးမှာ (၁၀)ရက်ကနေ (၁၅)ရက် အထိ ပို ကြာသွားသလို စက်သုံးဆီသုံးစွဲမှုနဲ့ ကမ္ဘာ့ကုန်သွယ်ရေးသင်္ဘောအုပ်စုရဲ့ လုပ်ငန်းလည်ပတ်မှု စရိတ်တွေကိုလည်း မြင့်တက်စေပါတယ်။
ရေကြောင်းအာမခံစရိတ်တွေဟာ (၅၀) ရာခိုင် နှုန်းအထိတက်လာနိုင်ပြီး ဒါဟာ သင်္ဘောလိုင်း တွေအတွက် ဒေသတွင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း တွေကို စီးပွားရေးအရ တွက်ခြေမကိုက်တော့တဲ့ အခြေအနေ ဖြစ်စေပါတယ်။ (၂၀၂၆) ခုနှစ် မတ်လ (၅)ရက်နေ့မှာ နာမည်ကြီးအာမခံကုမ္ပဏီတွေက စစ် ပွဲဆိုင်ရာအန္တရာယ်အာမခံပေးမှုကို ရပ်ဆိုင်းလိုက်တာကြောင့် ရေနံတင်သင်္ဘောတွေဟာ ကျောက်ချ ရပ်နားထားရတာ ဒါမှမဟုတ် တခြားလမ်းကြောင်းသစ်တွေကို ရှာဖွေရတာတွေလုပ်နေရပါတယ်။
ဟော်မုဇ်ရေလက်ကြားကနေ ကာတာနိုင်ငံရဲ့ LNG တင်ပို့မှုတွေရပ်ဆိုင်းသွားတာဟာ ဥရောပအ တွက် အလွန်အရေးကြီးတဲ့ စွမ်းအင်အရင်းအမြစ်ကို ဆုံးရှုံးသွားစေတာဖြစ်ပါတယ်။ ဒီစွမ်းအင် လိုအပ် ချက်ဟာ အိမ်ထောင်စုတွေရဲ့ လျှပ်စစ်နဲ့ဂက်စ်မီတာခတွေ ကို တက်စေသလို အကြီးစားစက်မှုလုပ်ငန်း တွေရဲ့ လုပ်ငန်းလည်ပတ်မှုစရိတ်တွေကိုလည်း မြင့်တက်စေပါတယ်။
တစ်ချိန်တည်းမှာပဲ အရှေ့အလယ်ပိုင်းနိုင်ငံတွေဟာ လေကြောင်းလိုင်းတွေနဲ့ ခရီးသွားလုပ်ငန်း တွေရပ်ဆိုင်းသွားတဲ့ဒဏ်ကိုလည်း အလူးအလဲခံစားနေရပါ တယ်။ ယူအေအီးနဲ့ကာတာလေပိုင်နက်တွေ ပိတ်လိုက်တာဟာ ကမ္ဘာ့အထိရောက်ဆုံးလေကြောင်းလမ်း ကြောင်းကြီးကို ဖြတ်တောက်လိုက်တာပါပဲ။ ကုန်စည်ပို့ဆောင်ရေးလေယာဉ်တွေဟာ အာရှအလယ်ပိုင်း ဒါ မှမဟုတ် အာဖရိကကိုပတ်ပြီး မောင်းနှင် နေရတာကြောင့် လေကြောင်းကတင်ပို့တဲ့ အီလက်ထရွန်နစ် ပစ္စည်းတွေနဲ့ ဆေးဝါးဈေးနှုန်းတွေကို မြင့်တက်စေပါတယ်။ ဒါ့ပြင် အချိန်ကိုက်ကုန်ထုတ်လုပ်မှုစနစ်အ ပေါ်မှီခိုနေရတဲ့ ကမ္ဘာ့ကုန်ထုတ်လုပ် ရေးလုပ်ငန်းစဉ်တွေကိုထိခိုက်စေပါတယ်။
အနာဂတ် အလားအလာ
ဒီစစ်ပွဲဟာ အချိန်တိုအတွင်းမှာပဲ ပြီးဆုံးသွားခဲ့ရင်တောင် ကမ္ဘာတစ်ဝန်းက စားသုံးသူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ ရက်သတ္တပတ်ပေါင်းများစွာ ဒါမှမဟုတ် လပေါင်းများစွာအထိ မြင့်မားတဲ့ စက်သုံးဆီဈေးနှုန်းဒဏ်ကို ဆက်လက်ရင်ဆိုင်ရနိုင်ပါတယ်။ ဒီအခြေအနေဟာ ကြားဖြတ်ရွေးကောက်ပွဲ တွေ နီးကပ်လာပြီဖြစ်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အတွက်လည်း နိုင်ငံရေးအရ အားနည်းချက် တစ်ခုဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မဲဆန္ဒရှင် ပြည်သူတွေဟာ စွမ်းအင် အသုံးစရိတ်မြင့် တက်လာမှုကို နှစ်သက်သဘောကြခြင်းမရှိသလို နိုင်ငံခြားပဋိပက္ခတွေထဲမှာ ပါဝင်ပတ်သက်နေရတာကို လည်း သဘောမကျကြလို့ဖြစ်ပါတယ်။
လက်ရှိပဋိပက္ခဟာ အလွန်ပြင်းထန်တဲ့ ပထဝီနိုင်ငံရေးရိုက်ခတ်မှုတစ်ခုကိုဖန်တီးလိုက်တာပါ။ အကယ်၍ ဟော်မုဇ်ရေလက်ကြားသာ (၄)ပတ်ကနေ (၅)ပတ်လောက်အထိ ဆက်ပြီးပိတ်ဆို့ခံထားရမယ် ဆိုရင် ကမ္ဘာ့ဘဏ္ဍာရေးစနစ်ဟာ (၂၀ဝ၈)ခုနှစ် စီးပွားရေးပျက်ကပ်နဲ့နှိုင်းယှဉ်လို့ရတဲ့ကျဆင်းမှုမျိုးကို ရင်ဆိုင်ရနိုင်ပါတယ်။ အနာဂတ်မှာဖြစ်လာနိုင်တဲ့အခြေအနေ တွေကတော့ နိုင်ငံအသီးသီးက အန္တရာယ် တွေကိုလျှော့ချဖို့နဲ့ အပြန်အလှန်မှီခိုနေရတာတွေကိုဖြတ်တောက်ဖို့ကြိုးပမ်းလာကြတာကြောင့် နိုင်ငံ တကာကုန်သွယ်မှုတွေဟာ အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားနိုင်ပါတယ်။ ဒီအပြောင်းအလဲဟာ မိတ် ဖက်နိုင်ငံအချင်းချင်း ပဲကုန်သွယ်ကြတဲ့ Friend-shoring လုပ်ငန်းစဉ်တွေကို ပိုမိုအားကောင်းလာစေမှာ ဖြစ်ပါတယ်။

Zawgyi Version:
အီရန္ စစ္မီးနဲ႔ ကမာၻ႔စီးပြားေရး အက်ပ္အတည္း
(ႏိုင္ငံတကာေရးရာ ေဆာင္းပါး)
တင္ဇာ (NP News)
စစ္ဆင္ေရးအေျခအေနႏွင့္ ကနဦး႐ိုက္ခတ္မႈ
အီရန္စစ္ပြဲ တရားဝင္စတင္ခဲ့တာ ယခု (၂၀၂၆) ခုႏွစ္ မတ္လ(၉)ရက္ဆိုရင္ (၁၀)ရက္ ျပည့္ ေျမာက္ခဲ့ၿပီျဖစ္ပါတယ္။ အေမရိကန္နဲ႔အစၥေရးတို႔ရဲ႕စစ္ဆင္ေရးေတြဟာ အီရန္ႏိုင္ငံေတာ္ အာဏာရဲ႕ အလႊာတိုင္းကို တစ္ၿပိဳင္နက္တည္း ပစ္မွတ္ထားခဲ့ပါတယ္။ အဲဒီပစ္မွတ္ေတြထဲမွာ တီဟီရန္ၿမိဳ႕က ႏိုင္ငံ ေရးေခါင္းေဆာင္ပိုင္းေတြ၊ ျပည္နယ္အသီးသီးက န်ဴကလီးယားအေဆာက္အအုံေတြ၊ ဒုံးက်ည္ ထုတ္လုပ္ ေရးနဲ႔ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြ၊ အီရန္ေတာ္လွန္ ေရးအေစာင့္တပ္ဖြဲ႕ (IRGC) ရဲ႕ အေျခခံ အေဆာက္အအုံေတြ၊ ဆိပ္ကမ္းေတြ၊ ေရနံပိုင္ဆိုင္မႈေတြ၊ ေလဆိပ္ေတြနဲ႔ အေနာက္ဘက္ကေန ေတာင္ ဘက္အထိ ရွည္လ်ားတဲ့စစ္အေျခစိုက္စခန္းေတြ ပါဝင္ပါတယ္။
ဒီတိုက္ခိုက္မႈေတြရဲ႕ရည္႐ြယ္ခ်က္ဟာ ေမွ်ာ္မွန္းထားသည္ထက္ ပိုမိုက်ယ္ျပန႔္ပါတယ္။ ႏိုင္ငံေရး အာဏာ၊ စစ္ေရးစြမ္းရည္၊ န်ဴကလီးယားဖြံ႕ၿဖိဳးတိုးတက္မႈနဲ႔ စီးပြားေရးအေျခခံအေဆာက္အအုံေတြကို တစ္ခုနဲ႔ တစ္ခုခ်ိတ္ဆက္ၿပီး တစ္ႀကိမ္တည္းနဲ႔ က်ဆင္းသြား ေအာင္ ပုံေဖာ္တိုက္ခိုက္ခဲ့တာျဖစ္ပါတယ္။ ဒီတိုက္ခိုက္မႈေၾကာင့္ (၂၀၂၆) ခုႏွစ္ မတ္လအထိ အေမရိကန္၊ အစၥေရးနဲ႔ အီရန္တို႔ၾကား ပထဝီဝင္ စီးပြား ေရးေနာက္ဆက္တြဲအက်ိဳးဆက္ေတြ မ်ားစြာျဖစ္ေပၚေစခဲ့ပါတယ္။
ေဒသတြင္းႏိုင္ငံမ်ားႏွင့္ အီရန္၏ စီးပြားေရးအေျခအေန
အႀကီးမားဆုံး ဝန္ထုပ္ဝန္ပိုးဟာ ေဒသတြင္းႏိုင္ငံေတြအေပၚမွာပဲ မလြဲမေသြ က်ေရာက္လာမွာ ျဖစ္ပါတယ္။ အတိတ္ကသမိုင္းေၾကာင္းေတြကို ျပန္ၾကည့္ရင္ ဒါကိုသိႏိုင္ပါတယ္။ ၿပီးခဲ့တဲ့ေႏြရာသီက (၁၂) ရက္ၾကာျဖစ္ပြားခဲ့တဲ့စစ္ပြဲအတြင္းမွာ အစၥေရးရဲ႕စီးပြားေရးဟာ ဒုတိယသုံးလပတ္မွာ (၁)ရာခိုင္ႏႈန္း ေလာက္ က်ဆင္းသြားခဲ့ပါတယ္။ အခုပဋိပကၡကေတာ့ ယခင္ စစ္ပြဲထက္ပိုၾကာႏိုင္တာေၾကာင့္ အစၥေရးနဲ႔ ပင္လယ္ ေကြ႕ႏိုင္ငံေတြရဲ႕ ထုတ္ကုန္ထြက္ရွိမႈဟာလည္း ပိုၿပီး က်ဆင္းသြားႏိုင္တယ္လို႔ယူဆရပါတယ္။
ဒါေပမဲ့ စစ္ပြဲကသာ ေရရွည္ျဖစ္ပြားမယ္ဆိုရင္ စီးပြားေရးအရ ထိခိုက္ဒဏ္ရာေတြက ပိုၿပီးနက္ ရႈိင္းလာမွာအေသအခ်ာပါပဲ။ ထုတ္လုပ္မႈေတြျပတ္ ေတာက္သြားမယ္၊ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ေ႐ႊ႕ဆိုင္းခံ ရမယ္၊ ၿပီးေတာ့ ခရီးသြားလုပ္ငန္းေတြလည္းရပ္တန႔္ သြားပါလိမ့္မယ္။ အီရန္ရဲ႕ စီးပြားေရးကေတာ့ တျခားႏိုင္ငံေတြထက္ ပိုၿပီးေတာ့ေတာင္ ျပင္းျပင္းထန္ထန္ ထိခိုက္မွာျဖစ္ပါတယ္။ တျခားေနရာေတြမွာ ျဖစ္ခဲ့တဲ့ စစ္ပြဲေတြရဲ႕အက်ိဳးဆက္ေတြကိုၾကည့္ၿပီးတြက္ခ်က္ မယ္ဆိုရင္ အီရန္ရဲ႕ GDP ဟာ (၁၀)ရာခိုင္ ႏႈန္းေက်ာ္အထိ က်ဆင္းသြားဖို႔ရွိေနပါတယ္။
ဒါ့ျပင္ အီရန္ႏိုင္ငံရဲ႕ အမ်ိဳးသားေငြေၾကးျဖစ္တဲ့ Rial တန္ဖိုးဟာ စစ္ေရးတင္းမာမႈေတြေၾကာင့္ အဆမတန္ထိုးဆင္းသြားပါတယ္။ အဲဒီေနာက္ဆက္တြဲအေနနဲ႔ ေငြေၾကးေဖာင္းပြမႈႏႈန္းဟာလည္း ျမင့္ တက္လာတဲ့အတြက္ သာမန္ျပည္သူေတြရဲ႕ ဝယ္ယူႏိုင္စြမ္းအားဟာ အရင္ကထက္ အဆေပါင္းမ်ားစြာ ေလ်ာ့နည္းသြား ပါတယ္။ ဒါ့ျပင္ စစ္ေရးအတြက္ပဲ ဘတ္ဂ်က္ေတြ ပိုသုံးေနရတာဟာ အီရန္ရဲ႕ (၂၀၂၆) ခုႏွစ္ စီးပြားေရးတိုးတက္မႈႏႈန္း(GDP)ကို အႏုတ္လကၡဏာျပေစၿပီး ေရရွည္စီးပြားေရးပ်က္ကပ္ဆီကို ဦးတည္ေနေစပါတယ္လို႔ ႏိုင္ငံတကာစီးပြားေရးပညာရွင္ေတြက သုံးသပ္ထားၾကပါတယ္။
အေမရိကန္အေပၚ ႐ိုက္ခက္မႈ
အီရန္စစ္ပြဲေၾကာင့္ အေမရိကန္ျပည္ေထာင္စု အေပၚ႐ိုက္ခတ္လာတဲ့ အႀကီးမားဆုံး စီးပြားေရးဝန္ ထုပ္ဝန္ပိုးက စြမ္းအင္ေဈးႏႈန္းျမင့္တက္လာျခင္းျဖစ္ပါတယ္။ စစ္ပြဲစတင္ၿပီး (၁၀)ရက္အတြင္းမွာပဲ အေမ ရိကန္တစ္ႏိုင္ငံလုံးရဲ႕ ပ်မ္းမွ်ဓာတ္ဆီေဈးႏႈန္းမွာ တစ္ဂါလန္ကို (၃.၄၁)ေဒၚလာအထိ ေရာက္ရွိသြားၿပီး တစ္ပတ္အတြင္း သိသိသာသာခုန္တက္သြားခဲ့ပါတယ္။ ဒီလို ေလာင္စာဆီေဈးႏႈန္းျမင့္တက္မႈဟာ သယ္ ယူပို႔ေဆာင္ေရးစရိတ္ေတြကို တိုက္႐ိုက္ထိခိုက္ေစတဲ့အျပင္ အေျခခံစားေသာက္ကုန္နဲ႔ လူသုံးကုန္ ေဈး ႏႈန္းေတြကိုပါ လိုက္ပါျမင့္တက္ေစတာေၾကာင့္ အေမရိကန္ျပည္တြင္းမွာ ေငြေဖာင္းပြမႈဖိအားကို တစ္ဖန္ ျပန္လည္ျပင္းထန္လာေစပါတယ္။ ဘ႑ာေရးေဈးကြက္မွာလည္း စစ္ပြဲစတင္ၿပီး (၉၆)နာရီအတြင္း ကမာၻ႔ အစုရွယ္ယာတန္ဖိုး ေဒၚလာ (၃.၂) ထရီ လ်ံခန႔္ဆုံးရႈံးခဲ့ရျခင္းက Wall Street ရွိ ရင္းႏွီးျမႇဳပ္ႏွံသူေတြရဲ႕ ယုံၾကည္မႈကိုေလ်ာ့နည္းေစသလို စီးပြားေရးတိုးတက္မႈတန႔္သြားမယ့္ Stagnation အေျခအေနအတြက္ စိုးရိမ္ပူပန္မႈေတြကိုျဖစ္ေပၚေစခဲ့ပါတယ္။
အာရွႏိုင္ငံမ်ားအေပၚ သက္ေရာက္မႈ
ေလာေလာဆယ္မွာေတာ့ အာရွႏိုင္ငံအမ်ားစုဟာ ေငြေၾကးေဖာင္းပြမႈကို အေတာ္အတန္ ထိန္း ခ်ဳပ္ထားႏိုင္တဲ့အတြက္ ႐ုတ္တရက္တက္လာတဲ့ ေရနံေဈးႏႈန္းဒဏ္ကို ခံႏိုင္ရည္ရွိေနပါေသးတယ္။ ဒါေပမဲ့ ေဈးႏႈန္းေတြက ဘယ္ေလာက္အထိျပင္းထန္မလဲ၊ ဘယ္ေလာက္အထိၾကာရွည္မလဲဆိုတဲ့ အခ်က္ ကပဲ ေနာက္ ဆုံးရလဒ္ကို အဆုံးအျဖတ္ေပးမွာျဖစ္ပါတယ္။ အကယ္၍ ေဈးႀကီးတာက ၾကာသြားမယ္ ဆိုရင္ အာရွႏိုင္ငံေတြဟာ ေရနံကို သြင္းကုန္အျဖစ္ အလြန္အမင္းမွီခို ေနရတာေၾကာင့္ ေရနံ ေဈး မတည္ၿငိမ္မႈဒဏ္ကို အဆိုး႐ြားဆုံးခံရႏိုင္ပါတယ္။ ဩစေၾတးလ်၊ မေလးရွားနဲ႔ အင္ဒိုနီးရွားတို႔က လြဲရင္ က်န္တဲ့ အာရွႏိုင္ငံေတြအားလုံးဟာ ေရနံနဲ႔သဘာဝဓာတ္ေငြ႕ကုန္သြယ္မႈမွာ လိုေငြျပေနတာေၾကာင့္ စြမ္းအင္စရိတ္တက္လာရင္ အခက္ေတြ႕ရမွာ အေသအခ်ာပါပဲ။
ဒါ့ျပင္ အာရွရဲ႕ ထြန္းသစ္စစီးပြားေရးႏိုင္ငံအေတာ္ မ်ားမ်ားမွာ စားသုံးသူေဈးဆြဲျခင္း (CPI) ကို တြက္ခ်က္တဲ့အခါ စြမ္းအင္က႑ကို အေလးေပးထည့္သြင္းထားတဲ့အတြက္ ေရနံေဈးတက္တာနဲ႔ ေငြ ေၾကးေဖာင္းပြမႈႏႈန္းက ခ်က္ခ်င္းလိုက္တက္လာေလ့ရွိပါတယ္။ ပ်မ္းမွ်အားျဖင့္ေတာ့ ေရနံေဈး(၁၀) ရာခိုင္ႏႈန္းတက္တိုင္းမွာ ေငြေၾကးေဖာင္းပြမႈႏႈန္း (CPI Inflation) ဟာ (ဝ.၂) ရာခိုင္ႏႈန္းေလာက္ လိုက္ပါ ျမင့္တက္လာတတ္ပါတယ္။ ဒါ့ျပင္ စစ္ျဖစ္ပြားရာေဒသက ႏိုင္ငံအမ်ားစုနဲ႔ စီးပြားေရးမိတ္ဖက္ျဖစ္တဲ့ တ႐ုတ္ႏိုင္ငံလို အာရွသြင္းကုန္ႏိုင္ငံေတြမွာလည္း ကုန္က်စရိတ္ေတြ ျမင့္တက္လာတာကိုေတြ႕ရပါတယ္။
ကုန္သြယ္ေရးႏွင့္ ေထာက္ပံ့မႈကြင္းဆက္ ျပတ္ေတာက္ျခင္းမ်ား
တကယ့္အဓိက စိုးရိမ္စရာအႏၲရာယ္ကေတာ့ ဒီေဒသတြင္းႏိုင္ငံေတြကေန ကမာၻ႔အႏွံ႔ကိုတင္ပို႔ေန တဲ့ ကုန္စည္စီးဆင္းမႈလမ္းေၾကာင္းေတြ ျပတ္ေတာက္သြားႏိုင္တာပဲျဖစ္ပါတယ္။ အႀကီးမားဆုံးသက္ ေရာက္မႈကေတာ့ စြမ္းအင္က႑မွာျဖစ္ပါတယ္။ ကမာၻတစ္ဝန္း ပင္လယ္ေရေၾကာင္းကေနတင္ပို႔ေနတဲ့ ေရနံ စုစုေပါင္းရဲ႕ ေလးပုံတစ္ပုံခန႔္နဲ႔ သဘာဝဓာတ္ေငြ႕ရည္ (LNG) တင္ပို႔မႈရဲ႕ ငါးပုံတစ္ပုံခန႔္ဟာ ေဟာ္ မုဇ္ေရ လက္ၾကားကိုျဖတ္သန္းသြားလာေနရတာပါ။ အခုအခ်ိန္မွာ ေဟာ္မုဇ္ေရလက္ၾကားကေန ကုန္ စည္စီးဆင္းမႈေတြရပ္တန႔္သြားတဲ့အတြက္ ၿပီးခဲ့တဲ့တစ္ပတ္အတြင္းမွာ ေရနံနဲ႔ သဘာဝဓာတ္ေငြ႕ ေဈးႏႈန္း ေတြ သိသိသာသာတက္သြားခဲ့တာဟာ အံ့ဩစရာေတာ့မဟုတ္ပါဘူး။ ေဒသတြင္းက ထိပ္သီးေရနံ ထုတ္ လုပ္တဲ့ႏိုင္ငံေတြျဖစ္တဲ့ ေဆာ္ဒီအာေရဗ်၊ ယူေအေအး၊ အီရတ္နဲ႔ ကူဝိတ္ႏိုင္ငံေတြဟာ ကမာၻ႔ေရနံခ်က္ စက္႐ုံေတြဆီ တင္ပို႔ရမယ့္ ေရနံစည္ေပါင္း(၁၄၀)သန္းခန႔္ကို ရပ္ နားထားလိုက္ရပါတယ္။ ဒီပမာဏဟာ တစ္ကမာၻလုံးက တစ္ရက္ခြဲနီးပါး (၁ ဒသမ ၄ ရက္စာ) သုံးစြဲေနတဲ့ ေရနံလိုအပ္ခ်က္နဲ႔ညီမွ်ပါတယ္။
ရင္းႏွီးျမႇဳပ္ႏွံမႈကုမၸဏီျဖစ္တဲ့ JP Morgan က ကြၽမ္းက်င္သူေတြရဲ႕အဆိုအရ ေဈးကြက္ဟာ အခု အခါမွာ ပထဝီႏိုင္ငံေရးအႏၲရာယ္ေၾကာင့္ ေဈးတက္ ႐ုံတင္မဟုတ္ေတာ့ဘဲ ေရနံခ်က္စက္႐ုံေတြ ပိတ္ ထားရတာနဲ႔ ေရနံတင္ပို႔မႈအကန႔္အသတ္ေတြေၾကာင့္ လက္ေတြ႕က်တဲ့ လုပ္ငန္းလည္ပတ္မႈျပတ္ေတာက္ ျခင္းေတြကိုပါ စတင္ရင္ဆိုင္ေနရၿပီလို႔ Reuters သတင္းဌာနကေဖာ္ျပထားပါတယ္။
ပင္လယ္ေကြ႕ပူးေပါင္းေဆာင္႐ြက္ေရးေကာင္စီ (GCC) အဖြဲ႕ဝင္ႏိုင္ငံေတြဟာ အစိုးရဝင္ေငြရဲ႕ (၃၀) ရာခိုင္ႏႈန္းကေန (၉၀)ရာခိုင္ႏႈန္းအထိကို ေရနံနဲ႔ဓာတ္ ေငြ႕တင္ပို႔မႈအေပၚမွီခိုေနရတာပါ။ အခုလို ထုတ္ကုန္ေရာင္းခ်မႈေတြၾကန႔္ၾကာေနတာဟာ အစိုးရဘတ္ဂ်က္နဲ႔ အေျခခံအေဆာက္အအုံ ဖြံ႕ၿဖိဳးေရး အတြက္ မရွိမျဖစ္လိုအပ္တဲ့ဝင္ေငြစီးဆင္းမႈကို အဟန႔္အတားျဖစ္ေစပါတယ္။ တင္ပို႔မႈေတြ ေရရွည္ ရပ္ တန႔္ေနတာဟာ ဒီဘုရင္စနစ္သုံးႏိုင္ငံေတြရဲ႕ ျပည္တြင္းဘ႑ာေရး တည္ၿငိမ္မႈကိုပါ အႏၲရာယ္ျဖစ္ေစႏိုင္ ၿပီး၊ လူထုမေက် နပ္မႈေတြျဖစ္လာႏိုင္သလို ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ (FDI)ဆြဲေဆာင္ဖို႔အတြက္အေရး ႀကီးတဲ့ အစိုးရတည္ၿငိမ္မႈကိုပါ ထိခိုက္လာေစႏိုင္ပါတယ္။
သယ္ယူပို႔ေဆာင္ေရးက႑ အခက္အခဲမ်ား
အခုခ်ိန္မွာ ေရေၾကာင္းကုန္စည္ပို႔ေဆာင္သူေတြ ဟာ ပါရွန္းပင္လယ္ေကြ႕နဲ႔ စူးအက္တူးေျမာင္း လမ္းေၾကာင္းေတြကို ေရွာင္ကြင္းေမာင္းႏွင္ေနၾကပါတယ္။ အာဖရိကေတာင္ဘက္စြန္းက ဂြတ္ဟုဒ္အငူ ကို ပတ္ၿပီးေမာင္းႏွင္ရတာေၾကာင့္ အာရွ-ဥေရာပ ကုန္စည္ပို႔ေဆာင္ေရးမွာ (၁၀)ရက္ကေန (၁၅)ရက္ အထိ ပို ၾကာသြားသလို စက္သုံးဆီသုံးစြဲမႈနဲ႔ ကမာၻ႔ကုန္သြယ္ေရးသေဘၤာအုပ္စုရဲ႕ လုပ္ငန္းလည္ပတ္မႈ စရိတ္ေတြကိုလည္း ျမင့္တက္ေစပါတယ္။
ေရေၾကာင္းအာမခံစရိတ္ေတြဟာ (၅၀) ရာခိုင္ ႏႈန္းအထိတက္လာႏိုင္ၿပီး ဒါဟာ သေဘၤာလိုင္း ေတြအတြက္ ေဒသတြင္းသယ္ယူပို႔ေဆာင္ေရးလုပ္ငန္း ေတြကို စီးပြားေရးအရ တြက္ေျခမကိုက္ေတာ့တဲ့ အေျခအေန ျဖစ္ေစပါတယ္။ (၂၀၂၆) ခုႏွစ္ မတ္လ (၅)ရက္ေန႔မွာ နာမည္ႀကီးအာမခံကုမၸဏီေတြက စစ္ ပြဲဆိုင္ရာအႏၲရာယ္အာမခံေပးမႈကို ရပ္ဆိုင္းလိုက္တာေၾကာင့္ ေရနံတင္သေဘၤာေတြဟာ ေက်ာက္ခ် ရပ္နားထားရတာ ဒါမွမဟုတ္ တျခားလမ္းေၾကာင္းသစ္ေတြကို ရွာေဖြရတာေတြလုပ္ေနရပါတယ္။
ေဟာ္မုဇ္ေရလက္ၾကားကေန ကာတာႏိုင္ငံရဲ႕ LNG တင္ပို႔မႈေတြရပ္ဆိုင္းသြားတာဟာ ဥေရာပအ တြက္ အလြန္အေရးႀကီးတဲ့ စြမ္းအင္အရင္းအျမစ္ကို ဆုံးရႈံးသြားေစတာျဖစ္ပါတယ္။ ဒီစြမ္းအင္ လိုအပ္ ခ်က္ဟာ အိမ္ေထာင္စုေတြရဲ႕ လွ်ပ္စစ္နဲ႔ဂက္စ္မီတာခေတြ ကို တက္ေစသလို အႀကီးစားစက္မႈလုပ္ငန္း ေတြရဲ႕ လုပ္ငန္းလည္ပတ္မႈစရိတ္ေတြကိုလည္း ျမင့္တက္ေစပါတယ္။
တစ္ခ်ိန္တည္းမွာပဲ အေရွ႕အလယ္ပိုင္းႏိုင္ငံေတြဟာ ေလေၾကာင္းလိုင္းေတြနဲ႔ ခရီးသြားလုပ္ငန္း ေတြရပ္ဆိုင္းသြားတဲ့ဒဏ္ကိုလည္း အလူးအလဲခံစားေနရပါ တယ္။ ယူေအအီးနဲ႔ကာတာေလပိုင္နက္ေတြ ပိတ္လိုက္တာဟာ ကမာၻ႔အထိေရာက္ဆုံးေလေၾကာင္းလမ္း ေၾကာင္းႀကီးကို ျဖတ္ေတာက္လိုက္တာပါပဲ။ ကုန္စည္ပို႔ေဆာင္ေရးေလယာဥ္ေတြဟာ အာရွအလယ္ပိုင္း ဒါ မွမဟုတ္ အာဖရိကကိုပတ္ၿပီး ေမာင္းႏွင္ ေနရတာေၾကာင့္ ေလေၾကာင္းကတင္ပို႔တဲ့ အီလက္ထ႐ြန္နစ္ ပစၥည္းေတြနဲ႔ ေဆးဝါးေဈးႏႈန္းေတြကို ျမင့္တက္ေစပါတယ္။ ဒါ့ျပင္ အခ်ိန္ကိုက္ကုန္ထုတ္လုပ္မႈစနစ္အ ေပၚမွီခိုေနရတဲ့ ကမာၻ႔ကုန္ထုတ္လုပ္ ေရးလုပ္ငန္းစဥ္ေတြကိုထိခိုက္ေစပါတယ္။
အနာဂတ္ အလားအလာ
ဒီစစ္ပြဲဟာ အခ်ိန္တိုအတြင္းမွာပဲ ၿပီးဆုံးသြားခဲ့ရင္ေတာင္ ကမာၻတစ္ဝန္းက စားသုံးသူေတြနဲ႔ စီးပြားေရးလုပ္ငန္းရွင္ေတြဟာ ရက္သတၱပတ္ေပါင္းမ်ားစြာ ဒါမွမဟုတ္ လေပါင္းမ်ားစြာအထိ ျမင့္မားတဲ့ စက္သုံးဆီေဈးႏႈန္းဒဏ္ကို ဆက္လက္ရင္ဆိုင္ရႏိုင္ပါတယ္။ ဒီအေျခအေနဟာ ၾကားျဖတ္ေ႐ြးေကာက္ပြဲ ေတြ နီးကပ္လာၿပီျဖစ္တဲ့ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ အတြက္လည္း ႏိုင္ငံေရးအရ အားနည္းခ်က္ တစ္ခုျဖစ္လာႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ မဲဆႏၵရွင္ ျပည္သူေတြဟာ စြမ္းအင္ အသုံးစရိတ္ျမင့္ တက္လာမႈကို ႏွစ္သက္သေဘာၾကျခင္းမရွိသလို ႏိုင္ငံျခားပဋိပကၡေတြထဲမွာ ပါဝင္ပတ္သက္ေနရတာကို လည္း သေဘာမက်ၾကလို႔ျဖစ္ပါတယ္။
လက္ရွိပဋိပကၡဟာ အလြန္ျပင္းထန္တဲ့ ပထဝီႏိုင္ငံေရး႐ိုက္ခတ္မႈတစ္ခုကိုဖန္တီးလိုက္တာပါ။ အကယ္၍ ေဟာ္မုဇ္ေရလက္ၾကားသာ (၄)ပတ္ကေန (၅)ပတ္ေလာက္အထိ ဆက္ၿပီးပိတ္ဆို႔ခံထားရမယ္ ဆိုရင္ ကမာၻ႔ဘ႑ာေရးစနစ္ဟာ (၂၀ဝ၈)ခုႏွစ္ စီးပြားေရးပ်က္ကပ္နဲ႔ႏႈိင္းယွဥ္လို႔ရတဲ့က်ဆင္းမႈမ်ိဳးကို ရင္ဆိုင္ရႏိုင္ပါတယ္။ အနာဂတ္မွာျဖစ္လာႏိုင္တဲ့အေျခအေန ေတြကေတာ့ ႏိုင္ငံအသီးသီးက အႏၲရာယ္ ေတြကိုေလွ်ာ့ခ်ဖို႔နဲ႔ အျပန္အလွန္မွီခိုေနရတာေတြကိုျဖတ္ေတာက္ဖို႔ႀကိဳးပမ္းလာၾကတာေၾကာင့္ ႏိုင္ငံ တကာကုန္သြယ္မႈေတြဟာ အစိတ္စိတ္အႁမႊာႁမႊာ ကြဲထြက္သြားႏိုင္ပါတယ္။ ဒီအေျပာင္းအလဲဟာ မိတ္ ဖက္ႏိုင္ငံအခ်င္းခ်င္း ပဲကုန္သြယ္ၾကတဲ့ Friend-shoring လုပ္ငန္းစဥ္ေတြကို ပိုမိုအားေကာင္းလာေစမွာ ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.