အီရန် - အစ္စရေး ပဋိပက္ခ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကိုထိခိုက်လာနိုင် (အတွေးအမြင် သုံးသပ်ဆောင်းပါး)

193

တက္ကသိုလ်မောင်ရူပ (NP News)
ပင်လယ်ကွေ့ဒေသ မတည်ငြိမ်မှုသည် ရေနံစွမ်းအင်ကဏ္ဍထက် ကျော်လွန် ထိခိုက်နိုင်
အစ္စရေးနဲ့အမေရိကန်တို့ပူးတွဲကာ အီရန်နိုင်ငံကိုစတင်တိုက်ခိုက်ပြီးနောက်တစ်ရက်ဖြစ်တဲ့ မတ်လ (၁)ရက်မှာ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာရှိတဲ့ Amazon Web Services ပိုင် ဒေတာစင်တာ အဆောက်အအုံဟာ မီးအကြီးအကျယ်လောင်ကျွမ်းခဲ့ပါတယ်။ ဒီမီးဟာ ယူအေအီးနိုင်ငံရဲ့ လေကြောင်း ရန်ကာကွယ်ရေးတပ်ဖွဲ့က အီရန်နိုင်ငံရဲ့ဒရုန်းတစ်စင်းကိုပစ်ချလိုက်ရာကနေ ပေါက်ကွဲပြီး ပျံ့လွင့်လာ တဲ့အစိတ်အပိုင်းတစ်ခုက အဆောက်အအုံကိုထိမှန်ပြီး မီးလောင်ခဲ့ရတာဖြစ်ပါတယ်။ အခုလို အထင်ကရ စီးပွားရေးလုပ် ငန်းကြီးတစ်ခုရဲ့ ဒေတာစင်တာဟာ အရှေ့အလယ် ပိုင်းဒေသပဋိပက္ခကြောင့် ထိခိုက် ပျက်စီးခဲ့ရတာဟာ ပထမဆုံးဖြစ်စဉ်ဖြစ်ပါတယ်။ ဒါဟာ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးပြီး နောက်ပိုင်း ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမှာ ဗဟိုချက်အဖြစ်တည်ရှိနေတဲ့မြို့ကြီးတွေနဲ့ အဆောက်အအုံတွေ စစ်ပွဲရဲ့ အကျိုးဆက်ကို တိုက်ရိုက် ခံစားကြရတဲ့ ပထမဆုံးပဋိပက္ခ ဖြစ်လာခဲ့ပါတယ်။
အမေရိကန်နဲ့အစ္စရေးတို့ အီရန်နိုင်ငံကို မတ်လ (၂၈)ရက်က စတင်တိုက်ခိုက်ခဲ့တဲ့အချိန်က အီရန် နိုင်ငံဟာ သူတို့အပေါ် ပြင်းပြင်းထန်ထန် တုံ့ပြန်တိုက်ခိုက်လိမ့်မယ်လို့မျှော်လင့်ခဲ့ကြပါတယ်။ သို့သော် လည်း အီရန်နိုင်ငံဟာ အမေရိကန်နဲ့အစ္စရေးတို့ကိုသာ တုံ့ပြန်ခြင်းသက်သက်ထက်ကျော်လွန်ပြီး စစ်ပွဲ ရဲ့ အကျိုးဆက်တွေကို ဒေသတွင်းရှိ ကျန်နိုင်ငံတွေလည်းခံစားရစေဖို့ ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက် ရေးကောင်စီ(Gulf Cooperation Council-GCC) အဖွဲ့ဝင် (၆)နိုင်ငံစလုံးက အရပ်ဘက်ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းမှာ အီရန်နိုင်ငံရဲ့ဒရုန်းတွေနဲ့ ဒုံးကျည်တွေဟာ ရေနံတူးစင်တွေ၊ ရေနံ သန့်စင်စက်ရုံတွေ၊ လေဆိပ်တွေ၊ ဆိပ်ကမ်းတွေ၊ ဟို တယ်တွေအပြင် ကုန်စည်သယ်ယူပို့ဆောင်ရေး ယာဉ်တွေကိုပါပစ်ခတ်ခဲ့ပါတယ်။ အီရန်နိုင်ငံဟာ ဈေးသက်သာတဲ့ဒရုန်းတွေနဲ့ ဒုံးကျည်အမြောက်အမြား ကိုသာ ပိုင်ဆိုင်ထားပြီး စစ်ရေးအရ အဘက်ဘက်ကသာလွန်တဲ့ရန်သူနဲ့ အင်အားချင်းမမျှတဲ့စစ်ပွဲ (Assymmetric War) တစ်ရပ်ကို ရင်ဆိုင်တိုက်ခိုက်နေရတယ်ဆိုတာသိမြင်ပါတယ်။ ဒါကြောင့် အမေရိ ကန်သမ္မတဒေါ်နယ် ထရမ့်တက်လာပြီးကတည်းက သူရဲ့ သံခင်းတမန်ခင်း နည်းလမ်းတွေ အောင်မြင်စေ ဖို့ တက်တက်ကြွကြွအားပေးထောက်ခံနေတဲ့ ဒေသတွင်းနိုင်ငံတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ အီရန် နိုင်ငံက ရွေးချယ်လိုက်ခြင်းဟာ စွန့်စားတဲ့ လောင်းကစားနည်းတစ်ရပ်နဲ့တူပါတယ်။ ဒီလိုဆောင်ရွက် ခြင်းဖြင့် ပင်လယ်ကွေ့ဒေသနိုင်ငံတွေရဲ့ခေါင်းဆောင်တွေဟာ သူတို့ရဲ့ဩဇာသက်ရောက်မှုကိုအသုံးချ ပြီး အီရန်နိုင်ငံကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းထက် အီရန်နဲ့ အနုမြူဆိုင်ရာသဘောတူညီချက် တစ်ရပ် ရရှိရေးကြိုးပမ်းဖို့ အမေရိကန်နိုင်ငံကိုတိုက်တွန်းအားပေးလာစေဖို့ ရည်ရွယ်ပါတယ်။
ပင်လယ်ကွေ့ဒေသနိုင်ငံခေါင်းဆောင်တွေဟာ အီရန်နိုင်ငံက သူတို့အပေါ် တိုက်ခိုက်မှုတွေအ တွက် ရှုတ်ချခဲ့ကြပါတယ်။ ယူအေအီးနိုင်ငံရဲ့ နိုင်ငံခြားရေးရာမူဝါဒဆိုင်ရာတာဝန်ရှိသူဖြစ်တဲ့ Anwar Gargash က အီရန်နိုင်ငံက ပင်လယ်ကွေ့နိုင်ငံတွေအပေါ် တိုက်ခိုက်ခြင်းကြောင့် “အီရန်နိုင်ငံဟာ ဒေသ တွင်းမှာ အန္တရာယ်အရှိဆုံးနိုင်ငံ၊ အီရန်နိုင်ငံရဲ့ ဒုံးကျည်အစီအစဉ်တွေဟာ မတည်မငြိမ်မှုတွေအတွက် အမြဲတမ်း တွန်းအားပေးနေတယ်လို့ စွပ်စွဲပြောကြားမှုတွေကို အတည်ပြုလိုက်တာပါပဲ”လို့ ပြောကြား ခဲ့ပါတယ်။ သူကဆက်လက်ပြီး ပင်လယ်ကွေ့ဒေသဟာ ပိုမိုနက်ရှိုင်းတဲ့ပဋိပက္ခတစ်ရပ်ဆီကို မရောက်ရှိ သွားစေဖို့ အီရန်နိုင်ငံအနေနဲ့ ချင့်ချိန်ဆောင်ရွက်သွားဖို့လည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။
အီရန်နိုင်ငံရဲ့ ပင်လယ်ကွေ့ဒေသနိုင်ငံတွေ အပေါ်တိုက်ခိုက်မှုတွေကြောင့် အဲဒီနိုင်ငံတွေဟာ သူ တို့ရဲ့လေပိုင်နက်ကို အမေရိကန်တပ်ဖွဲ့တွေအသုံးပြုနိုင်ဖို့ခွင့်ပြုပေးခြင်း ဒါမှမဟုတ် အီရန်နိုင်ငံတွင်းက ပစ်မှတ်တွေကိုတိုက်ခိုက်ဖို့ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းတွေဆောင်ရွက်လာခဲ့ရင် ပင်လယ် ကွေ့နိုင်ငံတွေကိုလည်း စစ်ပွဲထဲဆွဲသွင်းသလို ဖြစ်လာစေနိုင်ပါတယ်။ အခုအချိန်အထိတော့ ပင်လယ် ကွေ့နိုင်ငံတွေရဲ့ခေါင်းဆောင်တွေဟာ ပဋိပက္ခကြောင့် သူတို့ရဲ့စီးပွားရေးလုပ်ငန်းလည်ပတ်မှုတွေမှာ ထိခိုက်ဆုံးရှုံးနစ်နာမှုတွေကို သည်းမခံနိုင်ဖြစ်နေကြသလို သမ္မတထရမ့်ကိုလည်း အီရန်နဲ့အပစ်အခတ် ရပ်စဲမှုရရှိရေး ကြိုးပမ်းဆောင်ရွက်ဖို့တိုက်တွန်းနေကြပါတယ်။
(၂၁)ရာစုရဲ့ (၂၅)နှစ်တာကာလအတွင်းမှာ ပင်လယ်ကွေ့ဒေသနိုင်ငံတွေဟာ အရှေ့အလယ်ပိုင်း ဒေသရဲ့ စီးပွားရေးအချက်အချာနိုင်ငံတွေဖြစ်လာခဲ့ကြသလို ကမ္ဘာ့စီးပွားရေးမှာလည်း အဓိကပါဝင် ဆောင်ရွက်သူတွေအဖြစ်ရောက်ရှိလာခဲ့ကြပါတယ်။ ဒီလိုဖြစ်လာကြရတဲ့အကြောင်းရင်းတွေအနက် အဓိကကျတဲ့အချက်ကတော့ အဲဒီနိုင်ငံခေါင်းဆောင်တွေဟာ တည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးအတွက် ကတိပြုဆောင်ရွက်ပေးခဲ့တာကြောင့်ဖြစ်ပါတယ်။ ဒါ့ပြင် အိုမန်နိုင်ငံကလွဲလို့ ကျန်ပင်လယ်ကွေ့ ဒေသ နိုင်ငံတွေမှာ စစ်အခြေစိုက်စခန်းတွေဖွင့်လှစ်ထားတဲ့ အမေရိကန်နိုင်ငံရဲ့ ဒေသတွင်းလုံခြုံရေးအာမခံ ချက်လည်းပါဝင်ပါတယ်။ သို့သော်လည်း အီရန်နိုင်ငံရဲ့ ပထမအသုတ်ပစ်လွှတ်လိုက်တဲ့ဒရုန်းတွေ ပင်လယ်ကွေ့ဒေသလေကြောင်းရန်ကာကွယ်ရေးစနစ်ကို ထိုးဖောက်ဝင်ရောက်လာချိန်မှာ ဒေသရဲ့ လုံခြုံရေးမျှော်မှန်းချက်တံတိုင်းကြီး ပြိုလဲခဲ့ရပါတယ်။ ဒေသတွင်းမှာရှိတဲ့ မိတ်ဖက်နိုင်ငံတွေအားလုံးရဲ့ လုံခြုံရေးကိုထိခိုက်စေမယ့်စစ်ပွဲတစ်ရပ်ကို အမေရိကန်ဟာ စတင်ဆင်နွှဲခဲ့သလို စစ်ပွဲကြောင့်ဖြစ်ပေါ် လာမယ့်အကျိုးသက်ရောက်မှုတွေ ပင်လယ်ကွေ့နိုင်ငံတွေအပေါ် မသက်ရောက်စေဖို့ အကာအကွယ် ပေးနိုင်စွမ်းမရှိတာကိုလည်း တွေ့မြင်လာစေခဲ့ရပါတယ်။
မတ်လ (၂)ရက်နေ့က ယူအေအီးနိုင်ငံသမ္မတ Mohammed bin Zayed Al Nahyan ဟာ ဒူဘိုင်း မြို့မှာရှိတဲ့ ဈေးဝယ်စင်တာတစ်ခုအတွင်း လှည့်လည်ပြီး စိုးရိမ်ပူပန်နေကြတဲ့ဒေသခံပြည်သူတွေနဲ့ နိုင်ငံ တွင်းမှာပိတ်မိနေတဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို စိတ်မပူကြဖို့ နှစ်သိမ့်ပြောဆိုခဲ့ပါတယ်။ တကယ်ဆိုရင် ပင်လယ်ကွေ့ဒေသ စီးပွားရေးအောင်မြင်မှုပုံစံကိုဆက်လက်ထိန်းထားနိုင်တယ်ဆိုတာ ကမ္ဘာ့ထိပ်တန်း စီးပွားရေးကုမ္ပဏီကြီးတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကို အာမခံနိုင်ဖို့ ပင်လယ်ကွေ့နိုင်ငံတွေက ခေါင်းဆောင် တွေဟာ ပိုမိုကြိုးပမ်းဆောင်ရွက်ဖို့ လိုအပ်နေတာဖြစ် ပါတယ်။
ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့၊ ကာတာနိုင်ငံ ဒိုဟာ မြို့နဲ့ ဆော်ဒီအာရေဗျနိုင်ငံ ရီယဒ်မြို့က သစ်လွင် တောက်ပနေတဲ့ မိုးမျှော်တိုက်ကြီးတွေဟာ ဒေသရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေကို ထင်ဟပ်နေတဲ့ သိ သာထင်ရှားတဲ့ဥပမာတွေဖြစ်ပါတယ်။ ကမ္ဘာ့စီးပွားရေးမှာ ပင်လယ်ကွေ့နိုင်ငံတွေရဲ့ အရေးပါတဲ့ နေရာ က ပါဝင်နေမှုကို သိမြင်နားလည်ဖို့ဆိုရင် ကုန်စည်နဲ့ဝန်ဆောင်မှု၊ အရင်းအနှီးစီးဆင်းမှုတွေ၊ ပြည်သူ တွေအကြား ကူးသန်းသွားလာမှုတွေနဲ့ တိုင်းတာချိန်ထိုးကြည့်ရပါမယ်။ အခုပင်လယ်ကွေ့စစ်ပွဲကြောင့် ကုန်စည်နဲ့ ဝန်ဆောင်မှု၊ အရင်းအနှီးစီးဆင်းမှုတွေအပေါ် ထိခိုက်မှုအနေအထားကိုကြည့်ခြင်းဖြင့် ပဋိပက္ခ ဟာ ကမ္ဘာလုံးဆိုင်ရာ အကျိုးသက်ရောက်မှုရှိနေတာကိုတွေ့မြင်နိုင်ပါတယ်။
ကမ္ဘာ့ကုန်သွယ်ရေကြောင်းကူးသန်းသွားလာမှုအတွက် အရေးပါသည့် ဟော်မုဇ်ရေလက်ကြား
အသိသာအထင်ရှားဆုံး အကျိုးသက်ရောက်မှုကတော့ စွမ်းအင်နဲ့ ရေနံဓာတုပစ္စည်းတင်ပို့မှုတွေ အပေါ် ထိခိုက်မှုပဲဖြစ်ပါတယ်။ ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် ကူးသန်းရောင်းဝယ်သူတွေဟာ ပထဝီ နိုင်ငံရေးအန္တရာယ်ကိုခန့်မှန်းပြီး ဈေးနှုန်းသတ်မှတ် မှုအတွေ့အကြုံတွေရရှိထားကြပေမယ့် ပင်လယ် ကွေ့ဒေသမှာ ပဋိပက္ခတွေ ကြာရှည်ဖြစ်ပွားနေမယ် ဆိုရင် ရှိပြီးသားစီးပွားရေးပုံစံတွေနဲ့ ကွဲပြားသွားမှာ ဖြစ်ပါတယ်။ Kpler သုတေသနစင်တာရဲ့ အချက်အလက်တွေအရဆိုရင် တစ်ကမ္ဘာလုံးကိုတင်ပို့နေတဲ့ ရေနံစိမ်း၊ မက်သနောနဲ့ ဓာတ်မြေဩဇာရဲ့ (၃) ပုံ (၁) ပုံ၊ ရေနံဓာတ်ငွေ့ရည် (LNG)၊ ဗျူတိန်းနဲ့ ပရိုပိန်း တို့ လို သဘာဝဓာတ်ငွေ့ထွက်ကုန်တွေရဲ့ (၅) ပုံ (၁) ပုံဟာ ဟော်မုဇ်ရေလက်ကြားကနေတစ်ဆင့် ဖြတ် သန်းတင်ပို့နေကြရတာဖြစ်ပါတယ်။
ပင်လယ်ကွေ့ဒေသပဋိပက္ခ အချိန်ကြာမြင့်လာတာနဲ့အမျှ လောင်စာဆီတင်ပို့မှုတွေမှာ အခက် အခဲ ကြုံတွေ့လာမှုကြောင့် ဈေးနှုန်းကြီးမြင့်မှုတွေ ရှိလာ မှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ကုန် သည်တွေအနေနဲ့ ပင်လယ်ကွေ့ပဋိပက္ခဟာ အချိန်သိပ် မကြာမြင့်နိုင်ဘူးလို့ မျှော်မှန်းထားတဲ့အတွက် လောင်စာဆီဈေးနှုန်းမြင့်မားလာမှုဟာ သိပ်မများသေးပါဘူး။ သို့သော် ရေရှည်ဖြစ်လာမယ်ဆိုရင် လောင်စာဆီဈေးနှုန်း ပိုမိုမြင့်မားလာမှာဖြစ်ပါတယ်။ ဒီလိုဆိုရင် အရှေ့အလယ်ပိုင်းဒေသကနေ ရေနံနဲ့ လောင်စာဆီတွေ အဓိကဝယ်ယူတင်သွင်းနေတဲ့တရုတ်နိုင်ငံဟာ အဲဒီ ဈေးကွက်အစား ရုရှားနိုင်ငံကနေ ပိုမိုဝယ်ယူတင်သွင်းလာနိုင်တဲ့အနေအထားမှာရှိတာကြောင့် ရုရှားနိုင်ငံအတွက် ပို့ကုန်ဝင်ငွေ ပိုမိုရရှိလာ နိုင်မှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဟော်မုဇ်ရေလက်ကြားကို ဖြတ် သန်းသွားလာနေတာဟာ ရေနံနဲ့ လောင်စာဆီတင် သင်္ဘောတွေချည်းမဟုတ်ဘဲ ပင်လယ်ကွေ့ဒေသနိုင်ငံတွေနဲ့ ကမ္ဘာ့ကုန်စည်ပို့ဆောင်မှု ကွန်ရက်ကို ချိတ်ဆက်ပေးနေတဲ့ ကွန်တိန်နာတင်သင်္ဘောတွေလည်း ပါဝင်နေပါတယ်။
(၂၀ဝ၃)ခုနှစ်တုန်းက အမေရိကန်နိုင်ငံက အီရတ်နိုင်ငံကို ဝင်ရောက်သိမ်းပိုက်ခဲ့တဲ့အချိန်တုန်း က ဒူဘိုင်းမြို့ ဂျီဘယ်အလီဆိပ်ကမ်းဟာ ကုန် သေတ္တာပေါင်း(၅)သန်းကို နှစ်စဉ်ကိုင်တွယ်နေခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ ဂျီဘယ်အလီဆိပ်ကမ်းက နှစ်စဉ်ကိုင်တွယ်နေရတဲ့ ကုန်သေတ္တာအရေ အတွက်ဟာ (၃)ဆ တိုးတက်များပြားလာခဲ့တဲ့အ တွက် ဂျီဘယ်အလီဆိပ်ကမ်းဟာ ကမ္ဘာပေါ်မှာ တက် ကြွမှုအရှိဆုံး ကုန်သေတ္တာတင်ဆိပ်ကမ်း (၁၀)ခုမှာ တစ်ခုအပါအဝင်အထိဖြစ်လာခဲ့ပါတယ်။ ဒါဟာ အမေရိကန် ဒါမှမဟုတ် ဥရောပဒေသမှာရှိတဲ့ ဆိပ်ကမ်းတွေထက် သာလွန်တဲ့အနေအထားမှာရှိနေတာ ဖြစ်ပြီး တစ်ကမ္ဘာလုံးရှိ ဆိပ်ကမ်းပေါင်း(၁၅၀)ကျော်နဲ့ ဆက်စပ်လုပ်ကိုင်ဆောင်ရွက်နေတာဖြစ်ပါတယ်။
တရုတ်နိုင်ငံက ပို့ကုန်ပစ္စည်းတွေ ပိုမိုများပြား စွာတင်ပို့ရောင်းချလာနေတဲ့အချိန်မှာ ဂျီဘယ် အလီ ဆိပ်ကမ်းဟာ ကမ္ဘာလုံးဆိုင်ရာ ပေါင်းစည်းမှုအတွက် မောင်းနှင်အားတစ်ခုဖြစ်လာခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဂျီဘယ်အလီဆိပ်ကမ်းဟာ တရုတ်စီးပွားရေးကုမ္ပ ဏီပေါင်း (၅၀ဝ)ကျော် လာရောက် အလုပ်လုပ်ကိုင်နေကြပါတယ်။ ဒီအရေအတွက်ဟာ ပြီးခဲ့တဲ့ (၅)နှစ်အတွင်း (၂)ဆ တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက ကုန်ပစ္စည်းထုတ်လုပ်သူတစ်ဦးဟာ တရုတ်နိုင်ငံက စက်ပစ္စည်းကိရိယာ တစ်ခုဝယ်ယူတင်သွင်းခဲ့မယ်ဆိုရင် ဒီစက်ပစ္စည်းဟာ ဂျီဘယ် အလီဆိပ်ကမ်းကနေတစ်ဆင့် ဖြတ်သန်း သွားလာရမယ့်အခြေအနေမှာရှိပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ရေကြောင်းကူးသန်းရောင်းဝယ်ရေးမှာတင်မဟုတ်ဘဲ ပင်လယ်ကွေ့ဒေသနိုင်ငံ တွေဟာ အခုဆိုရင် ကမ္ဘာ့လေကြောင်းသွားလာရေး မှာလည်း ဗဟိုချက်နေရာမှာ ရောက်ရှိလာနေကြပြီ ဖြစ်ပါတယ်။ အထူးသဖြင့် ယူအေအီးနိုင်ငံ ဒူဘိုင်း လေဆိပ်နဲ့ ကာတာနိုင်ငံ ဒိုဟာလေဆိပ်တွေဟာ လူ အစည်ကားဆုံးနဲ့ တစ်ကမ္ဘာလုံးနဲ့ အကောင်းဆုံး ဆက်သွယ်ပေးနိုင်တဲ့လေဆိပ်တွေထဲမှာ ပါဝင်လာပြီ ဖြစ်ပါတယ်။ ဒီအချက်အချာကျလာတဲ့လေဆိပ်တွေနဲ့ (၈)နာရီကြာမောင်းနှင်ရတဲ့ဒေသအတွင်းမှာ ကမ္ဘာ့ လူဦးရေရဲ့ (၃) ပုံ (၂) ပုံဟာ နေထိုင်နေကြပါတယ်။ ပင်လယ်ကွေ့ဒေသတွင်းမှာရှိတဲ့ လေဆိပ်တွေဟာ ခရီးသွားပြည်သူတွေတင်မဟုတ်ဘဲ လေကြောင်းကုန် စည်ပို့ဆောင်ရေးကဏ္ဍမှာလည်း အကောင်းဆုံး ဆက်သွယ်ပေးနေတာဖြစ်ပြီး ကမ္ဘာ့လေကြောင်းကုန်စည် ပို့ဆောင်ရေးရဲ့ (၁၀)ရာခိုင်နှုန်းနီးပါးကို ကိုင် တွယ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။
ပင်လယ်ကွေ့ဒေသကနေ ရေနံလောင်စာဆီတွေနဲ့ ကုန်ပစ္စည်းတွေ ပိုမိုဖြတ်သန်းသွားလာနိုင်ဖို့ ဒေသရဲ့ဝန်ဆောင်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာ ဖို့လည်းလိုအပ်ပါတယ်။ အခုဆိုရင် ပင်လယ်ကွေ့ ဒေသဝန်ဆောင်မှုလုပ်ငန်းနဲ့ ဘဏ်လုပ်ငန်းကဏ္ဍတွေဟာ ကျန်ကမ္ဘာ့နိုင်ငံတွေနဲ့ တန်းတူယှဉ်ပြိုင်နိုင် စွမ်းရှိလာပြီဖြစ်ပါတယ်။ ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ်တွေမှာ ထည့်ဝင်ထားတဲ့ ငွေကြေးပမာဏဟာ (၂၀၂၅)ခုနှစ်အတွင်း (၂ . ၃) ထရီလျံဒေါ်လာအထိရှိတဲ့အတွက် ဒါဟာ အီတလီနိုင်ငံနဲ့ နှိုင်းယှဉ်နိုင်တဲ့အနေအထားမှာရှိပါ တယ်။ အီတလီနိုင်ငံနဲ့ မတူကွဲပြားတဲ့အချက်က ဒီငွေကြေးပမာဏအများအပြားကို ဒေသခံမဟုတ်သူတွေက ထည့်ဝင်ထားကြတာဖြစ်ပါတယ်။ ကာတာနိုင်ငံရဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ်တွေမှာ ထည့်ဝင်ထား တဲ့ ငွေကြေးပမာဏရဲ့ (၅) ပုံ (၁) ပုံ၊ ယူအေအီးနိုင်ငံရဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ်တွေမှာ ထည့်ဝင် ထားတဲ့ ငွေကြေးပမာဏရဲ့ (၁၀)ပုံ (၁)ပုံ ဟာ နိုင်ငံခြားသားတွေ ထည့်ဝင်ထားကြတာဖြစ်ပါတယ်။
ဒူဘိုင်းမြို့ဟာ ဘဏ်လုပ်ငန်းမဟုတ်တဲ့ ငွေကြေးဆိုင်ရာအဖွဲ့အစည်းတွေ၊ အထူးသဖြင့် ပင် လယ်ကွေ့ဒေသတွင်းနဲ့ အာရှ၊ အာဖရိကဒေသက ရွှေ့ပြောင်းအလုပ်သမားတွေ ငွေလွှဲပြောင်းပေးပို့မှုနဲ့ ငွေကြေးလဲလှယ်ရေးလုပ်ငန်းတွေကို ကိုင်တွယ်ဆောင်ရွက်နေတဲ့ ဗဟိုချက်နေရာတစ်ခုဖြစ်ပါတယ်။ ဒါ့ပြင် ဒူဘိုင်းမြို့ဟာ ကမ္ဘာ့ရွှေရောင်းဝယ်ရေးလုပ်ငန်းရဲ့ (၁၅)ရာခိုင်နှုန်းကို ကိုင်တွယ်ဆောင်ရွက်နေပါ တယ်။ ဒီအချက်တွေကြောင့် ဒူဘိုင်းမြို့ဟာ ဘဏ်လုပ်ငန်းစနစ် ဖွံ့ဖြိုးတိုးတက်မှုနည်းပါးနေတဲ့ တောင် အာရှနဲ့ အာဖရိကဒေသကနိုင်ငံတွေအတွက် အရေး ပါတဲ့နေရာမှာရှိနေပါတယ်။
ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) အဖွဲ့ဝင်နိုင်ငံတွေမှာ ခေတ်မီကူးသန်း ရောင်းဝယ်ရေးဘဏ်တွေ တိုးတက်များပြားလာခြင်းဟာ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေဒေသတွင်း ကနေတစ်ဆင့် ဖြတ်သန်းသွားလာဖို့လည်း အထောက်အကူဖြစ်စေ ပါတယ်။ ဒေသတွင်းမှာ အရင်းအနှီး ဈေးကွက်ဟာ ထင်သလောက်ကြီးမားခြင်းမရှိသေးပေမယ့် ဒူဘိုင်း၊ အဘူဒါဘီနဲ့ ဒိုဟာ လိုမြို့ကြီးတွေဟာ အရှေ့အလယ်ပိုင်း၊ ဥရောပ၊ အာရှအလယ်ပိုင်းနဲ့ အာဖရိကဒေသအပါအဝင် ကျန်ဒေသတွေက ချမ်းသာ ကြွယ်ဝတဲ့လုပ် ငန်းရှင်ကြီးတွေ မျက်စိကျပြီး ရင်းနှီးမြှုပ်နှံမှုအဓိကပြု လုပ်နေတဲ့နေရာတွေဖြစ်ပါတယ်။ အမေရိကန်သမ္မတ ကိုယ်တိုင်က ဒူဘိုင်းရဲ့ အိမ်ရာလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်တစား ရှိနေ ခြင်းဟာ ဒီအချက်ကိုအကောင်းဆုံးသက်သေပြလျက်ရှိပါတယ်။ အခုဆိုရင် ဒေသတွင်းမှာရှိတဲ့ Trump Organization က စီစဉ်ဆောင်ရွက်နေတဲ့အစီအစဉ်တွေအနက် ပထမဆုံး စီမံချက်ဖြစ်တဲ့ Trump International Hotel and Tower အဆောက်အအုံကို ဒူဘိုင်းမြို့မှာ စတင်ဆောက်လုပ်နေပြီဖြစ်ပါ တယ်။ ပင်လယ်ကွေ့ ဒေသနိုင်ငံတွေဟာ ပြည်ပနိုင်ငံတွေဆီက ရင်းနှီးမြှုပ် နှံမှုတွေကိုဖိတ်ခေါ်နေရုံ သာမက ပြည်ပနိုင်ငံတွေဆီ မှာလည်း သွားရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေကြပြီ ဖြစ်ပါတယ်။ ဒေသ တွင်းရှိ နိုင်ငံ(၇)နိုင်ငံရဲ့ နိုင်ငံတော် ပိုင် ရင်းနှီးမြှုပ်နှံငွေ (၄၃) ရာခိုင်နှုန်း၊ ပမာဏအားဖြင့် ဒေါ်လာ (၁၂၆) ဘီလျံဟာ (၂၀၂၅)ခုနှစ်အတွင်း တစ် ကမ္ဘာလုံးမှာ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ အခုပင်လယ်ကွေ့ ဒေသ ပဋိပက္ခဟာ ဒီလိုအရင်းအနှီးတွေစီးဆင်းမှုကိုအတားအဆီးဖြစ်စေပါတယ်။ အဓိကလောင်စာဆီ ထုတ် လုပ်မှုကဏ္ဍတွေကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာနေ တဲ့သင်္ဘောအရေအတွက်ဟာ အခုဆိုရင် ပုံမှန်ကာလ နေ့စဉ်ဖြတ်သန်းသွားလာနေမှုထက် (၅)ပုံ (၁)ပုံပဲ ရှိပါတယ်။ မတ် လ (၂) ရက်အထိ ယူအေအီး၊ ကာတာနဲ့ ဘာရိန်းနိုင်ငံတွေကို နေ့စဉ်ဝင်ထွက်သွားလာ နေတဲ့ လေယာဉ်ခရီးစဉ်တွေရဲ့ (၇၀) ရာခိုင်နှုန်း ကျော်ကိုရပ်ဆိုင်းထားရပါတယ်။ ကာတာနဲ့ ဆော်ဒီ အာရေးဗျနိုင်ငံတို့မှာ စတော့ရှယ်ယာဈေးနှုန်းတွေ ထိုးကျခဲ့ပါတယ်။ ယူအေအီးနဲ့ ကူဝိတ်နိုင်ငံတို့မှာ ငွေ ကြေးဖလှယ်မှုတွေရပ်ဆိုင်းထားသလို ဒူဘိုင်းရွှေဈေးကွက်လည်း အရောင်းအဝယ်ကျဆင်းနေပါတယ်။
အခုလို အဘက်ဘက်က ထိခိုက်ဆုံးရှုံးမှုတွေ ရှိနေသလို စစ်ပွဲကြာရှည်လာရင် ပိုမိုဆိုးရွားလာမှာ ဖြစ်ပေမယ့် အမေရိကန်သမ္မတ ထရမ့်ကတော့ ပဋိပက္ခကို ရပ်ဆိုင်းသွားအောင်လုပ်ဆောင်မယ့် အလား အလာနည်းပါးနေပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကတော့ လောင်စာဆီဈေးနှုန်း တွေမြင့်တက်လာနေတာကိုလျော့နည်းစေဖို့ စီစဉ် ဆောင်ရွက်သွားမယ်လို့ပြောကြားခဲ့ပါတယ်။ အမေရိ ကန်အစိုးရက သင်္ဘောလိုင်းတွေ၊ သင်္ဘောပိုင်ရှင်တွေ၊ အဓိကကျတဲ့ ပင်လယ်ရေကြောင်းအာမခံကုမ္ပဏီ တွေကို နိုင်ငံတကာဖွံ့ဖြိုးရေးငွေကြေးကော်ပိုရေးရှင်း (International Development Finance Corpor- ation) အစီအစဉ်ကနေတစ်ဆင့် နိုင်ငံရေး အရ စွန့်စားဆောင်ရွက်မှုအာမခံစနစ် ကမ်းလှမ်းသွား မယ်လို့ပြောကြားခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ကလည်း အမေရိကန်အစိုးရဟာ အလားတူ အစီအစဉ်တစ်ရပ်ကို ဆောင်ရွက်ခဲ့ဖူးပါတယ်။
နိုင်ငံတကာကုန်သွယ်မှုနဲ့ ငွေကြေးစီးဆင်းမှုမြင့် မားလာနေတဲ့အတွက် စစ်ပွဲတစ်ပွဲရဲ့အကျိုး သက်ရောက်မှုတွေကို စစ်မြေပြင်တစ်ဝိုက်မှာပဲ ကန့်သတ် ထားလို့မရတော့ဘူးလို့ အမေရိကန်သမ္မတ ဝူဒရိုးဝီလ်ဆန် တစ်ချိန်ကပြောကြားခဲ့ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ပေါင်းစည်းမှုဖြစ်စဉ်အတွက် အထောက် အပံ့ဖြစ်စေခဲ့ တဲ့ဈေးကွက်တွေ၊ ကွန်ရက်ချိတ်ဆက်မှုတွေဟာ ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်း ပိုမိုဖွံ့ဖြိုး တိုးတက်လာခဲ့ပြီး စစ်ပွဲတွေ၊ ပဋိပက္ခတွေဟာလည်း ကုန်သွယ်ရေးအရ အချက်အချာကျတဲ့ဒေသတွေ ကနေ ဝေးလံတဲ့နေရာတွေမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အမေရိကန်ဆင်နွှဲခဲ့တဲ့ ကိုရီးယားစစ်ပွဲ၊ ဗီယက် နမ်စစ်ပွဲ၊ အီရတ်စစ်ပွဲတွေဟာ ကမ္ဘာလုံးဆိုင်ရာ စီး ပွားရေးကို အဟန့်အတားမဖြစ်စေခဲ့ပါဘူး။ ဒီကနေ့ အမေရိကန်နိုင်ငံရဲ့မူဝါဒချမှတ်သူတွေဟာ သမ္မတ ဝူဒရိုးဝီလ်ဆန်ပြောကြားခဲ့တဲ့စကားတွေကို သတိ လက်လွတ်ဖြစ်နေကြပုံရပါတယ်။ ပင်လယ်ကွေ့ဒေသ ပဋိပက္ခကိုစတင်ခဲ့တဲ့ သမ္မတထရမ့်ဟာ အမေရိ ကန်ရဲ့ ပင်လယ်ကွေ့ဒေသ မိတ်ဖက်နိုင်ငံတွေ အတိုက် ခိုက်ခံရစေဖို့ လမ်းဖွင့်ပေးသလို ဖြစ်ပေါ်စေခဲ့ပါ တယ်။ တစ်နည်းအားဖြင့် သမ္မတထရမ့်ဟာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးရဲ့အသက်သွေးကြောဖြစ်တဲ့ လောင်စာဆီ ကုန်သွယ်မှု၊ အရင်းအနှီးနဲ့ ငွေကြေးစီးဆင်းမှုတွေကို အတားအဆီးဖြစ်စေခဲ့ပြီဖြစ်ပါတယ်။

Zawgyi Version:
အီရန္ - အစၥေရး ပဋိပကၡ ကမာၻလုံးဆိုင္ရာ စီးပြားေရးကိုထိခိုက္လာႏိုင္
(အေတြးအျမင္ သုံးသပ္ေဆာင္းပါး)
တကၠသိုလ္ေမာင္႐ူပ (NP News)
ပင္လယ္ေကြ႕ေဒသ မတည္ၿငိမ္မႈသည္ ေရနံစြမ္းအင္က႑ထက္ ေက်ာ္လြန္ ထိခိုက္ႏိုင္
အစၥေရးနဲ႔အေမရိကန္တို႔ပူးတြဲကာ အီရန္ႏိုင္ငံကိုစတင္တိုက္ခိုက္ၿပီးေနာက္တစ္ရက္ျဖစ္တဲ့ မတ္လ (၁)ရက္မွာ ယူေအအီးႏိုင္ငံ ဒူဘိုင္းၿမိဳ႕မွာရွိတဲ့ Amazon Web Services ပိုင္ ေဒတာစင္တာ အေဆာက္အအုံဟာ မီးအႀကီးအက်ယ္ေလာင္ကြၽမ္းခဲ့ပါတယ္။ ဒီမီးဟာ ယူေအအီးႏိုင္ငံရဲ႕ ေလေၾကာင္း ရန္ကာကြယ္ေရးတပ္ဖြဲ႕က အီရန္ႏိုင္ငံရဲ႕ဒ႐ုန္းတစ္စင္းကိုပစ္ခ်လိုက္ရာကေန ေပါက္ကြဲၿပီး ပ်ံ႕လြင့္လာ တဲ့အစိတ္အပိုင္းတစ္ခုက အေဆာက္အအုံကိုထိမွန္ၿပီး မီးေလာင္ခဲ့ရတာျဖစ္ပါတယ္။ အခုလို အထင္ကရ စီးပြားေရးလုပ္ ငန္းႀကီးတစ္ခုရဲ႕ ေဒတာစင္တာဟာ အေရွ႕အလယ္ ပိုင္းေဒသပဋိပကၡေၾကာင့္ ထိခိုက္ ပ်က္စီးခဲ့ရတာဟာ ပထမဆုံးျဖစ္စဥ္ျဖစ္ပါတယ္။ ဒါဟာ ဒုတိယကမာၻစစ္ႀကီးၿပီးဆုံးၿပီး ေနာက္ပိုင္း ကမာၻလုံးဆိုင္ရာ စီးပြားေရးမွာ ဗဟိုခ်က္အျဖစ္တည္ရွိေနတဲ့ၿမိဳ႕ႀကီးေတြနဲ႔ အေဆာက္အအုံေတြ စစ္ပြဲရဲ႕ အက်ိဳးဆက္ကို တိုက္႐ိုက္ ခံစားၾကရတဲ့ ပထမဆုံးပဋိပကၡ ျဖစ္လာခဲ့ပါတယ္။
အေမရိကန္နဲ႔အစၥေရးတို႔ အီရန္ႏိုင္ငံကို မတ္လ (၂၈)ရက္က စတင္တိုက္ခိုက္ခဲ့တဲ့အခ်ိန္က အီရန္ ႏိုင္ငံဟာ သူတို႔အေပၚ ျပင္းျပင္းထန္ထန္ တုံ႔ျပန္တိုက္ခိုက္လိမ့္မယ္လို႔ေမွ်ာ္လင့္ခဲ့ၾကပါတယ္။ သို႔ေသာ္ လည္း အီရန္ႏိုင္ငံဟာ အေမရိကန္နဲ႔အစၥေရးတို႔ကိုသာ တုံ႔ျပန္ျခင္းသက္သက္ထက္ေက်ာ္လြန္ၿပီး စစ္ပြဲ ရဲ႕ အက်ိဳးဆက္ေတြကို ေဒသတြင္းရွိ က်န္ႏိုင္ငံေတြလည္းခံစားရေစဖို႔ ပင္လယ္ေကြ႕ပူးေပါင္းေဆာင္႐ြက္ ေရးေကာင္စီ(Gulf Cooperation Council-GCC) အဖြဲ႕ဝင္ (၆)ႏိုင္ငံစလုံးက အရပ္ဘက္ပစ္မွတ္ေတြကို တိုက္ခိုက္ခဲ့ပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းေတြအတြင္းမွာ အီရန္ႏိုင္ငံရဲ႕ဒ႐ုန္းေတြနဲ႔ ဒုံးက်ည္ေတြဟာ ေရနံတူးစင္ေတြ၊ ေရနံ သန႔္စင္စက္႐ုံေတြ၊ ေလဆိပ္ေတြ၊ ဆိပ္ကမ္းေတြ၊ ဟို တယ္ေတြအျပင္ ကုန္စည္သယ္ယူပို႔ေဆာင္ေရး ယာဥ္ေတြကိုပါပစ္ခတ္ခဲ့ပါတယ္။ အီရန္ႏိုင္ငံဟာ ေဈးသက္သာတဲ့ဒ႐ုန္းေတြနဲ႔ ဒုံးက်ည္အေျမာက္အျမား ကိုသာ ပိုင္ဆိုင္ထားၿပီး စစ္ေရးအရ အဘက္ဘက္ကသာလြန္တဲ့ရန္သူနဲ႔ အင္အားခ်င္းမမွ်တဲ့စစ္ပြဲ (Assymmetric War) တစ္ရပ္ကို ရင္ဆိုင္တိုက္ခိုက္ေနရတယ္ဆိုတာသိျမင္ပါတယ္။ ဒါေၾကာင့္ အေမရိ ကန္သမၼတေဒၚနယ္ ထရမ့္တက္လာၿပီးကတည္းက သူရဲ႕ သံခင္းတမန္ခင္း နည္းလမ္းေတြ ေအာင္ျမင္ေစ ဖို႔ တက္တက္ႂကြႂကြအားေပးေထာက္ခံေနတဲ့ ေဒသတြင္းႏိုင္ငံေတြကို ပစ္မွတ္ထားတိုက္ခိုက္ဖို႔ အီရန္ ႏိုင္ငံက ေ႐ြးခ်ယ္လိုက္ျခင္းဟာ စြန႔္စားတဲ့ ေလာင္းကစားနည္းတစ္ရပ္နဲ႔တူပါတယ္။ ဒီလိုေဆာင္႐ြက္ ျခင္းျဖင့္ ပင္လယ္ေကြ႕ေဒသႏိုင္ငံေတြရဲ႕ေခါင္းေဆာင္ေတြဟာ သူတို႔ရဲ႕ဩဇာသက္ေရာက္မႈကိုအသုံးခ် ၿပီး အီရန္ႏိုင္ငံကို ပစ္မွတ္ထား တိုက္ခိုက္ျခင္းထက္ အီရန္နဲ႔ အႏုျမဴဆိုင္ရာသေဘာတူညီခ်က္ တစ္ရပ္ ရရွိေရးႀကိဳးပမ္းဖို႔ အေမရိကန္ႏိုင္ငံကိုတိုက္တြန္းအားေပးလာေစဖို႔ ရည္႐ြယ္ပါတယ္။
ပင္လယ္ေကြ႕ေဒသႏိုင္ငံေခါင္းေဆာင္ေတြဟာ အီရန္ႏိုင္ငံက သူတို႔အေပၚ တိုက္ခိုက္မႈေတြအ တြက္ ရႈတ္ခ်ခဲ့ၾကပါတယ္။ ယူေအအီးႏိုင္ငံရဲ႕ ႏိုင္ငံျခားေရးရာမူဝါဒဆိုင္ရာတာဝန္ရွိသူျဖစ္တဲ့ Anwar Gargash က အီရန္ႏိုင္ငံက ပင္လယ္ေကြ႕ႏိုင္ငံေတြအေပၚ တိုက္ခိုက္ျခင္းေၾကာင့္ “အီရန္ႏိုင္ငံဟာ ေဒသ တြင္းမွာ အႏၲရာယ္အရွိဆုံးႏိုင္ငံ၊ အီရန္ႏိုင္ငံရဲ႕ ဒုံးက်ည္အစီအစဥ္ေတြဟာ မတည္မၿငိမ္မႈေတြအတြက္ အၿမဲတမ္း တြန္းအားေပးေနတယ္လို႔ စြပ္စြဲေျပာၾကားမႈေတြကို အတည္ျပဳလိုက္တာပါပဲ”လို႔ ေျပာၾကား ခဲ့ပါတယ္။ သူကဆက္လက္ၿပီး ပင္လယ္ေကြ႕ေဒသဟာ ပိုမိုနက္ရႈိင္းတဲ့ပဋိပကၡတစ္ရပ္ဆီကို မေရာက္ရွိ သြားေစဖို႔ အီရန္ႏိုင္ငံအေနနဲ႔ ခ်င့္ခ်ိန္ေဆာင္႐ြက္သြားဖို႔လည္း တိုက္တြန္းေျပာၾကားခဲ့ပါတယ္။
အီရန္ႏိုင္ငံရဲ႕ ပင္လယ္ေကြ႕ေဒသႏိုင္ငံေတြ အေပၚတိုက္ခိုက္မႈေတြေၾကာင့္ အဲဒီႏိုင္ငံေတြဟာ သူ တို႔ရဲ႕ေလပိုင္နက္ကို အေမရိကန္တပ္ဖြဲ႕ေတြအသုံးျပဳႏိုင္ဖို႔ခြင့္ျပဳေပးျခင္း ဒါမွမဟုတ္ အီရန္ႏိုင္ငံတြင္းက ပစ္မွတ္ေတြကိုတိုက္ခိုက္ဖို႔ အေမရိကန္နဲ႔ ပူးေပါင္းေဆာင္႐ြက္ျခင္းေတြေဆာင္႐ြက္လာခဲ့ရင္ ပင္လယ္ ေကြ႕ႏိုင္ငံေတြကိုလည္း စစ္ပြဲထဲဆြဲသြင္းသလို ျဖစ္လာေစႏိုင္ပါတယ္။ အခုအခ်ိန္အထိေတာ့ ပင္လယ္ ေကြ႕ႏိုင္ငံေတြရဲ႕ေခါင္းေဆာင္ေတြဟာ ပဋိပကၡေၾကာင့္ သူတို႔ရဲ႕စီးပြားေရးလုပ္ငန္းလည္ပတ္မႈေတြမွာ ထိခိုက္ဆုံးရႈံးနစ္နာမႈေတြကို သည္းမခံႏိုင္ျဖစ္ေနၾကသလို သမၼတထရမ့္ကိုလည္း အီရန္နဲ႔အပစ္အခတ္ ရပ္စဲမႈရရွိေရး ႀကိဳးပမ္းေဆာင္႐ြက္ဖို႔တိုက္တြန္းေနၾကပါတယ္။
(၂၁)ရာစုရဲ႕ (၂၅)ႏွစ္တာကာလအတြင္းမွာ ပင္လယ္ေကြ႕ေဒသႏိုင္ငံေတြဟာ အေရွ႕အလယ္ပိုင္း ေဒသရဲ႕ စီးပြားေရးအခ်က္အခ်ာႏိုင္ငံေတြျဖစ္လာခဲ့ၾကသလို ကမာၻ႔စီးပြားေရးမွာလည္း အဓိကပါဝင္ ေဆာင္႐ြက္သူေတြအျဖစ္ေရာက္ရွိလာခဲ့ၾကပါတယ္။ ဒီလိုျဖစ္လာၾကရတဲ့အေၾကာင္းရင္းေတြအနက္ အဓိကက်တဲ့အခ်က္ကေတာ့ အဲဒီႏိုင္ငံေခါင္းေဆာင္ေတြဟာ တည္ၿငိမ္ေအးခ်မ္းေရးနဲ႔ လုံၿခဳံေရးအတြက္ ကတိျပဳေဆာင္႐ြက္ေပးခဲ့တာေၾကာင့္ျဖစ္ပါတယ္။ ဒါ့ျပင္ အိုမန္ႏိုင္ငံကလြဲလို႔ က်န္ပင္လယ္ေကြ႕ ေဒသ ႏိုင္ငံေတြမွာ စစ္အေျခစိုက္စခန္းေတြဖြင့္လွစ္ထားတဲ့ အေမရိကန္ႏိုင္ငံရဲ႕ ေဒသတြင္းလုံၿခဳံေရးအာမခံ ခ်က္လည္းပါဝင္ပါတယ္။ သို႔ေသာ္လည္း အီရန္ႏိုင္ငံရဲ႕ ပထမအသုတ္ပစ္လႊတ္လိုက္တဲ့ဒ႐ုန္းေတြ ပင္လယ္ေကြ႕ေဒသေလေၾကာင္းရန္ကာကြယ္ေရးစနစ္ကို ထိုးေဖာက္ဝင္ေရာက္လာခ်ိန္မွာ ေဒသရဲ႕ လုံၿခဳံေရးေမွ်ာ္မွန္းခ်က္တံတိုင္းႀကီး ၿပိဳလဲခဲ့ရပါတယ္။ ေဒသတြင္းမွာရွိတဲ့ မိတ္ဖက္ႏိုင္ငံေတြအားလုံးရဲ႕ လုံၿခဳံေရးကိုထိခိုက္ေစမယ့္စစ္ပြဲတစ္ရပ္ကို အေမရိကန္ဟာ စတင္ဆင္ႏႊဲခဲ့သလို စစ္ပြဲေၾကာင့္ျဖစ္ေပၚ လာမယ့္အက်ိဳးသက္ေရာက္မႈေတြ ပင္လယ္ေကြ႕ႏိုင္ငံေတြအေပၚ မသက္ေရာက္ေစဖို႔ အကာအကြယ္ ေပးႏိုင္စြမ္းမရွိတာကိုလည္း ေတြ႕ျမင္လာေစခဲ့ရပါတယ္။
မတ္လ (၂)ရက္ေန႔က ယူေအအီးႏိုင္ငံသမၼတ Mohammed bin Zayed Al Nahyan ဟာ ဒူဘိုင္း ၿမိဳ႕မွာရွိတဲ့ ေဈးဝယ္စင္တာတစ္ခုအတြင္း လွည့္လည္ၿပီး စိုးရိမ္ပူပန္ေနၾကတဲ့ေဒသခံျပည္သူေတြနဲ႔ ႏိုင္ငံ တြင္းမွာပိတ္မိေနတဲ့ ကမာၻလွည့္ခရီးသြားေတြကို စိတ္မပူၾကဖို႔ ႏွစ္သိမ့္ေျပာဆိုခဲ့ပါတယ္။ တကယ္ဆိုရင္ ပင္လယ္ေကြ႕ေဒသ စီးပြားေရးေအာင္ျမင္မႈပုံစံကိုဆက္လက္ထိန္းထားႏိုင္တယ္ဆိုတာ ကမာၻ႔ထိပ္တန္း စီးပြားေရးကုမၸဏီႀကီးေတြနဲ႔ ရင္းႏွီးျမႇဳပ္ႏွံသူေတြကို အာမခံႏိုင္ဖို႔ ပင္လယ္ေကြ႕ႏိုင္ငံေတြက ေခါင္းေဆာင္ ေတြဟာ ပိုမိုႀကိဳးပမ္းေဆာင္႐ြက္ဖို႔ လိုအပ္ေနတာျဖစ္ ပါတယ္။
ယူေအအီးႏိုင္ငံ ဒူဘိုင္းၿမိဳ႕၊ ကာတာႏိုင္ငံ ဒိုဟာ ၿမိဳ႕နဲ႔ ေဆာ္ဒီအာေရဗ်ႏိုင္ငံ ရီယဒ္ၿမိဳ႕က သစ္လြင္ ေတာက္ပေနတဲ့ မိုးေမွ်ာ္တိုက္ႀကီးေတြဟာ ေဒသရဲ႕ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈေတြကို ထင္ဟပ္ေနတဲ့ သိ သာထင္ရွားတဲ့ဥပမာေတြျဖစ္ပါတယ္။ ကမာၻ႔စီးပြားေရးမွာ ပင္လယ္ေကြ႕ႏိုင္ငံေတြရဲ႕ အေရးပါတဲ့ ေနရာ က ပါဝင္ေနမႈကို သိျမင္နားလည္ဖို႔ဆိုရင္ ကုန္စည္နဲ႔ဝန္ေဆာင္မႈ၊ အရင္းအႏွီးစီးဆင္းမႈေတြ၊ ျပည္သူ ေတြအၾကား ကူးသန္းသြားလာမႈေတြနဲ႔ တိုင္းတာခ်ိန္ထိုးၾကည့္ရပါမယ္။ အခုပင္လယ္ေကြ႕စစ္ပြဲေၾကာင့္ ကုန္စည္နဲ႔ ဝန္ေဆာင္မႈ၊ အရင္းအႏွီးစီးဆင္းမႈေတြအေပၚ ထိခိုက္မႈအေနအထားကိုၾကည့္ျခင္းျဖင့္ ပဋိပကၡ ဟာ ကမာၻလုံးဆိုင္ရာ အက်ိဳးသက္ေရာက္မႈရွိေနတာကိုေတြ႕ျမင္ႏိုင္ပါတယ္။
ကမာၻ႔ကုန္သြယ္ေရေၾကာင္းကူးသန္းသြားလာမႈအတြက္ အေရးပါသည့္ ေဟာ္မုဇ္ေရလက္ၾကား
အသိသာအထင္ရွားဆုံး အက်ိဳးသက္ေရာက္မႈကေတာ့ စြမ္းအင္နဲ႔ ေရနံဓာတုပစၥည္းတင္ပို႔မႈေတြ အေပၚ ထိခိုက္မႈပဲျဖစ္ပါတယ္။ ႐ုရွား-ယူကရိန္း ပဋိပကၡေၾကာင့္ ကူးသန္းေရာင္းဝယ္သူေတြဟာ ပထဝီ ႏိုင္ငံေရးအႏၲရာယ္ကိုခန႔္မွန္းၿပီး ေဈးႏႈန္းသတ္မွတ္ မႈအေတြ႕အႀကဳံေတြရရွိထားၾကေပမယ့္ ပင္လယ္ ေကြ႕ေဒသမွာ ပဋိပကၡေတြ ၾကာရွည္ျဖစ္ပြားေနမယ္ ဆိုရင္ ရွိၿပီးသားစီးပြားေရးပုံစံေတြနဲ႔ ကြဲျပားသြားမွာ ျဖစ္ပါတယ္။ Kpler သုေတသနစင္တာရဲ႕ အခ်က္အလက္ေတြအရဆိုရင္ တစ္ကမာၻလုံးကိုတင္ပို႔ေနတဲ့ ေရနံစိမ္း၊ မက္သေနာနဲ႔ ဓာတ္ေျမဩဇာရဲ႕ (၃) ပုံ (၁) ပုံ၊ ေရနံဓာတ္ေငြ႕ရည္ (LNG)၊ ဗ်ဴတိန္းနဲ႔ ပ႐ိုပိန္း တို႔ လို သဘာဝဓာတ္ေငြ႕ထြက္ကုန္ေတြရဲ႕ (၅) ပုံ (၁) ပုံဟာ ေဟာ္မုဇ္ေရလက္ၾကားကေနတစ္ဆင့္ ျဖတ္ သန္းတင္ပို႔ေနၾကရတာျဖစ္ပါတယ္။
ပင္လယ္ေကြ႕ေဒသပဋိပကၡ အခ်ိန္ၾကာျမင့္လာတာနဲ႔အမွ် ေလာင္စာဆီတင္ပို႔မႈေတြမွာ အခက္ အခဲ ႀကဳံေတြ႕လာမႈေၾကာင့္ ေဈးႏႈန္းႀကီးျမင့္မႈေတြ ရွိလာ မွာျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ကုန္ သည္ေတြအေနနဲ႔ ပင္လယ္ေကြ႕ပဋိပကၡဟာ အခ်ိန္သိပ္ မၾကာျမင့္ႏိုင္ဘူးလို႔ ေမွ်ာ္မွန္းထားတဲ့အတြက္ ေလာင္စာဆီေဈးႏႈန္းျမင့္မားလာမႈဟာ သိပ္မမ်ားေသးပါဘူး။ သို႔ေသာ္ ေရရွည္ျဖစ္လာမယ္ဆိုရင္ ေလာင္စာဆီေဈးႏႈန္း ပိုမိုျမင့္မားလာမွာျဖစ္ပါတယ္။ ဒီလိုဆိုရင္ အေရွ႕အလယ္ပိုင္းေဒသကေန ေရနံနဲ႔ ေလာင္စာဆီေတြ အဓိကဝယ္ယူတင္သြင္းေနတဲ့တ႐ုတ္ႏိုင္ငံဟာ အဲဒီ ေဈးကြက္အစား ႐ုရွားႏိုင္ငံကေန ပိုမိုဝယ္ယူတင္သြင္းလာႏိုင္တဲ့အေနအထားမွာရွိတာေၾကာင့္ ႐ုရွားႏိုင္ငံအတြက္ ပို႔ကုန္ဝင္ေငြ ပိုမိုရရွိလာ ႏိုင္မွာျဖစ္ပါတယ္။ တစ္ခ်ိန္တည္းမွာပဲ ေဟာ္မုဇ္ေရလက္ၾကားကို ျဖတ္ သန္းသြားလာေနတာဟာ ေရနံနဲ႔ ေလာင္စာဆီတင္ သေဘၤာေတြခ်ည္းမဟုတ္ဘဲ ပင္လယ္ေကြ႕ေဒသႏိုင္ငံေတြနဲ႔ ကမာၻ႔ကုန္စည္ပို႔ေဆာင္မႈ ကြန္ရက္ကို ခ်ိတ္ဆက္ေပးေနတဲ့ ကြန္တိန္နာတင္သေဘၤာေတြလည္း ပါဝင္ေနပါတယ္။
(၂၀ဝ၃)ခုႏွစ္တုန္းက အေမရိကန္ႏိုင္ငံက အီရတ္ႏိုင္ငံကို ဝင္ေရာက္သိမ္းပိုက္ခဲ့တဲ့အခ်ိန္တုန္း က ဒူဘိုင္းၿမိဳ႕ ဂ်ီဘယ္အလီဆိပ္ကမ္းဟာ ကုန္ ေသတၱာေပါင္း(၅)သန္းကို ႏွစ္စဥ္ကိုင္တြယ္ေနခဲ့ရတာ ျဖစ္ပါတယ္။ အဲဒီေနာက္ပိုင္းမွာ ဂ်ီဘယ္အလီဆိပ္ကမ္းက ႏွစ္စဥ္ကိုင္တြယ္ေနရတဲ့ ကုန္ေသတၱာအေရ အတြက္ဟာ (၃)ဆ တိုးတက္မ်ားျပားလာခဲ့တဲ့အ တြက္ ဂ်ီဘယ္အလီဆိပ္ကမ္းဟာ ကမာၻေပၚမွာ တက္ ႂကြမႈအရွိဆုံး ကုန္ေသတၱာတင္ဆိပ္ကမ္း (၁၀)ခုမွာ တစ္ခုအပါအဝင္အထိျဖစ္လာခဲ့ပါတယ္။ ဒါဟာ အေမရိကန္ ဒါမွမဟုတ္ ဥေရာပေဒသမွာရွိတဲ့ ဆိပ္ကမ္းေတြထက္ သာလြန္တဲ့အေနအထားမွာရွိေနတာ ျဖစ္ၿပီး တစ္ကမာၻလုံးရွိ ဆိပ္ကမ္းေပါင္း(၁၅၀)ေက်ာ္နဲ႔ ဆက္စပ္လုပ္ကိုင္ေဆာင္႐ြက္ေနတာျဖစ္ပါတယ္။
တ႐ုတ္ႏိုင္ငံက ပို႔ကုန္ပစၥည္းေတြ ပိုမိုမ်ားျပား စြာတင္ပို႔ေရာင္းခ်လာေနတဲ့အခ်ိန္မွာ ဂ်ီဘယ္ အလီ ဆိပ္ကမ္းဟာ ကမာၻလုံးဆိုင္ရာ ေပါင္းစည္းမႈအတြက္ ေမာင္းႏွင္အားတစ္ခုျဖစ္လာခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာ ဂ်ီဘယ္အလီဆိပ္ကမ္းဟာ တ႐ုတ္စီးပြားေရးကုမၸ ဏီေပါင္း (၅၀ဝ)ေက်ာ္ လာေရာက္ အလုပ္လုပ္ကိုင္ေနၾကပါတယ္။ ဒီအေရအတြက္ဟာ ၿပီးခဲ့တဲ့ (၅)ႏွစ္အတြင္း (၂)ဆ တိုးတက္လာခဲ့တာ ျဖစ္ပါတယ္။ အေမရိကန္ႏိုင္ငံက ကုန္ပစၥည္းထုတ္လုပ္သူတစ္ဦးဟာ တ႐ုတ္ႏိုင္ငံက စက္ပစၥည္းကိရိယာ တစ္ခုဝယ္ယူတင္သြင္းခဲ့မယ္ဆိုရင္ ဒီစက္ပစၥည္းဟာ ဂ်ီဘယ္ အလီဆိပ္ကမ္းကေနတစ္ဆင့္ ျဖတ္သန္း သြားလာရမယ့္အေျခအေနမွာရွိပါတယ္။
ကမာၻလုံးဆိုင္ရာ ေရေၾကာင္းကူးသန္းေရာင္းဝယ္ေရးမွာတင္မဟုတ္ဘဲ ပင္လယ္ေကြ႕ေဒသႏိုင္ငံ ေတြဟာ အခုဆိုရင္ ကမာၻ႔ေလေၾကာင္းသြားလာေရး မွာလည္း ဗဟိုခ်က္ေနရာမွာ ေရာက္ရွိလာေနၾကၿပီ ျဖစ္ပါတယ္။ အထူးသျဖင့္ ယူေအအီးႏိုင္ငံ ဒူဘိုင္း ေလဆိပ္နဲ႔ ကာတာႏိုင္ငံ ဒိုဟာေလဆိပ္ေတြဟာ လူ အစည္ကားဆုံးနဲ႔ တစ္ကမာၻလုံးနဲ႔ အေကာင္းဆုံး ဆက္သြယ္ေပးႏိုင္တဲ့ေလဆိပ္ေတြထဲမွာ ပါဝင္လာၿပီ ျဖစ္ပါတယ္။ ဒီအခ်က္အခ်ာက်လာတဲ့ေလဆိပ္ေတြနဲ႔ (၈)နာရီၾကာေမာင္းႏွင္ရတဲ့ေဒသအတြင္းမွာ ကမာၻ႔ လူဦးေရရဲ႕ (၃) ပုံ (၂) ပုံဟာ ေနထိုင္ေနၾကပါတယ္။ ပင္လယ္ေကြ႕ေဒသတြင္းမွာရွိတဲ့ ေလဆိပ္ေတြဟာ ခရီးသြားျပည္သူေတြတင္မဟုတ္ဘဲ ေလေၾကာင္းကုန္ စည္ပို႔ေဆာင္ေရးက႑မွာလည္း အေကာင္းဆုံး ဆက္သြယ္ေပးေနတာျဖစ္ၿပီး ကမာၻ႔ေလေၾကာင္းကုန္စည္ ပို႔ေဆာင္ေရးရဲ႕ (၁၀)ရာခိုင္ႏႈန္းနီးပါးကို ကိုင္ တြယ္ေဆာင္႐ြက္ေပးလ်က္ရွိပါတယ္။
ပင္လယ္ေကြ႕ေဒသကေန ေရနံေလာင္စာဆီေတြနဲ႔ ကုန္ပစၥည္းေတြ ပိုမိုျဖတ္သန္းသြားလာႏိုင္ဖို႔ ေဒသရဲ႕ဝန္ေဆာင္မႈလုပ္ငန္းေတြ ဖြံ႕ၿဖိဳးတိုးတက္လာ ဖို႔လည္းလိုအပ္ပါတယ္။ အခုဆိုရင္ ပင္လယ္ေကြ႕ ေဒသဝန္ေဆာင္မႈလုပ္ငန္းနဲ႔ ဘဏ္လုပ္ငန္းက႑ေတြဟာ က်န္ကမာၻ႔ႏိုင္ငံေတြနဲ႔ တန္းတူယွဥ္ၿပိဳင္ႏိုင္ စြမ္းရွိလာၿပီျဖစ္ပါတယ္။ ပင္လယ္ေကြ႕ပူးေပါင္းေဆာင္႐ြက္ေရးေကာင္စီ (GCC) အဖြဲ႕ဝင္ႏိုင္ငံေတြရဲ႕ ကူးသန္းေရာင္းဝယ္ေရးဘဏ္ေတြမွာ ထည့္ဝင္ထားတဲ့ ေငြေၾကးပမာဏဟာ (၂၀၂၅)ခုႏွစ္အတြင္း (၂ . ၃) ထရီလ်ံေဒၚလာအထိရွိတဲ့အတြက္ ဒါဟာ အီတလီႏိုင္ငံနဲ႔ ႏႈိင္းယွဥ္ႏိုင္တဲ့အေနအထားမွာရွိပါ တယ္။ အီတလီႏိုင္ငံနဲ႔ မတူကြဲျပားတဲ့အခ်က္က ဒီေငြေၾကးပမာဏအမ်ားအျပားကို ေဒသခံမဟုတ္သူေတြက ထည့္ဝင္ထားၾကတာျဖစ္ပါတယ္။ ကာတာႏိုင္ငံရဲ႕ ကူးသန္းေရာင္းဝယ္ေရးဘဏ္ေတြမွာ ထည့္ဝင္ထား တဲ့ ေငြေၾကးပမာဏရဲ႕ (၅) ပုံ (၁) ပုံ၊ ယူေအအီးႏိုင္ငံရဲ႕ ကူးသန္းေရာင္းဝယ္ေရးဘဏ္ေတြမွာ ထည့္ဝင္ ထားတဲ့ ေငြေၾကးပမာဏရဲ႕ (၁၀)ပုံ (၁)ပုံ ဟာ ႏိုင္ငံျခားသားေတြ ထည့္ဝင္ထားၾကတာျဖစ္ပါတယ္။
ဒူဘိုင္းၿမိဳ႕ဟာ ဘဏ္လုပ္ငန္းမဟုတ္တဲ့ ေငြေၾကးဆိုင္ရာအဖြဲ႕အစည္းေတြ၊ အထူးသျဖင့္ ပင္ လယ္ေကြ႕ေဒသတြင္းနဲ႔ အာရွ၊ အာဖရိကေဒသက ေ႐ႊ႕ေျပာင္းအလုပ္သမားေတြ ေငြလႊဲေျပာင္းေပးပို႔မႈနဲ႔ ေငြေၾကးလဲလွယ္ေရးလုပ္ငန္းေတြကို ကိုင္တြယ္ေဆာင္႐ြက္ေနတဲ့ ဗဟိုခ်က္ေနရာတစ္ခုျဖစ္ပါတယ္။ ဒါ့ျပင္ ဒူဘိုင္းၿမိဳ႕ဟာ ကမာၻ႔ေ႐ႊေရာင္းဝယ္ေရးလုပ္ငန္းရဲ႕ (၁၅)ရာခိုင္ႏႈန္းကို ကိုင္တြယ္ေဆာင္႐ြက္ေနပါ တယ္။ ဒီအခ်က္ေတြေၾကာင့္ ဒူဘိုင္းၿမိဳ႕ဟာ ဘဏ္လုပ္ငန္းစနစ္ ဖြံ႕ၿဖိဳးတိုးတက္မႈနည္းပါးေနတဲ့ ေတာင္ အာရွနဲ႔ အာဖရိကေဒသကႏိုင္ငံေတြအတြက္ အေရး ပါတဲ့ေနရာမွာရွိေနပါတယ္။
ပင္လယ္ေကြ႕ပူးေပါင္းေဆာင္႐ြက္ေရးေကာင္စီ (GCC) အဖြဲ႕ဝင္ႏိုင္ငံေတြမွာ ေခတ္မီကူးသန္း ေရာင္းဝယ္ေရးဘဏ္ေတြ တိုးတက္မ်ားျပားလာျခင္းဟာ ႏိုင္ငံတကာရင္းႏွီးျမႇဳပ္ႏွံမႈေတြေဒသတြင္း ကေနတစ္ဆင့္ ျဖတ္သန္းသြားလာဖို႔လည္း အေထာက္အကူျဖစ္ေစ ပါတယ္။ ေဒသတြင္းမွာ အရင္းအႏွီး ေဈးကြက္ဟာ ထင္သေလာက္ႀကီးမားျခင္းမရွိေသးေပမယ့္ ဒူဘိုင္း၊ အဘူဒါဘီနဲ႔ ဒိုဟာ လိုၿမိဳ႕ႀကီးေတြဟာ အေရွ႕အလယ္ပိုင္း၊ ဥေရာပ၊ အာရွအလယ္ပိုင္းနဲ႔ အာဖရိကေဒသအပါအဝင္ က်န္ေဒသေတြက ခ်မ္းသာ ႂကြယ္ဝတဲ့လုပ္ ငန္းရွင္ႀကီးေတြ မ်က္စိက်ၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈအဓိကျပဳ လုပ္ေနတဲ့ေနရာေတြျဖစ္ပါတယ္။ အေမရိကန္သမၼတ ကိုယ္တိုင္က ဒူဘိုင္းရဲ႕ အိမ္ရာလုပ္ငန္းေတြမွာ ရင္းႏွီးျမႇဳပ္ႏွံဖို႔ စိတ္ဝင္တစား ရွိေန ျခင္းဟာ ဒီအခ်က္ကိုအေကာင္းဆုံးသက္ေသျပလ်က္ရွိပါတယ္။ အခုဆိုရင္ ေဒသတြင္းမွာရွိတဲ့ Trump Organization က စီစဥ္ေဆာင္႐ြက္ေနတဲ့အစီအစဥ္ေတြအနက္ ပထမဆုံး စီမံခ်က္ျဖစ္တဲ့ Trump International Hotel and Tower အေဆာက္အအုံကို ဒူဘိုင္းၿမိဳ႕မွာ စတင္ေဆာက္လုပ္ေနၿပီျဖစ္ပါ တယ္။ ပင္လယ္ေကြ႕ ေဒသႏိုင္ငံေတြဟာ ျပည္ပႏိုင္ငံေတြဆီက ရင္းႏွီးျမႇဳပ္ ႏွံမႈေတြကိုဖိတ္ေခၚေန႐ုံ သာမက ျပည္ပႏိုင္ငံေတြဆီ မွာလည္း သြားေရာက္ ရင္းႏွီးျမႇဳပ္ႏွံ လုပ္ကိုင္ေနၾကၿပီ ျဖစ္ပါတယ္။ ေဒသ တြင္းရွိ ႏိုင္ငံ(၇)ႏိုင္ငံရဲ႕ ႏိုင္ငံေတာ္ ပိုင္ ရင္းႏွီးျမႇဳပ္ႏွံေငြ (၄၃) ရာခိုင္ႏႈန္း၊ ပမာဏအားျဖင့္ ေဒၚလာ (၁၂၆) ဘီလ်ံဟာ (၂၀၂၅)ခုႏွစ္အတြင္း တစ္ ကမာၻလုံးမွာ ရင္းႏွီးျမႇဳပ္ႏွံခဲ့ပါတယ္။ အခုပင္လယ္ေကြ႕ ေဒသ ပဋိပကၡဟာ ဒီလိုအရင္းအႏွီးေတြစီးဆင္းမႈကိုအတားအဆီးျဖစ္ေစပါတယ္။ အဓိကေလာင္စာဆီ ထုတ္ လုပ္မႈက႑ေတြကို အေႏွာင့္အယွက္ျဖစ္ေစပါတယ္။ ေဟာ္မုဇ္ေရလက္ၾကားကို ျဖတ္သန္းသြားလာေန တဲ့သေဘၤာအေရအတြက္ဟာ အခုဆိုရင္ ပုံမွန္ကာလ ေန႔စဥ္ျဖတ္သန္းသြားလာေနမႈထက္ (၅)ပုံ (၁)ပုံပဲ ရွိပါတယ္။ မတ္ လ (၂) ရက္အထိ ယူေအအီး၊ ကာတာနဲ႔ ဘာရိန္းႏိုင္ငံေတြကို ေန႔စဥ္ဝင္ထြက္သြားလာ ေနတဲ့ ေလယာဥ္ခရီးစဥ္ေတြရဲ႕ (၇၀) ရာခိုင္ႏႈန္း ေက်ာ္ကိုရပ္ဆိုင္းထားရပါတယ္။ ကာတာနဲ႔ ေဆာ္ဒီ အာေရးဗ်ႏိုင္ငံတို႔မွာ စေတာ့ရွယ္ယာေဈးႏႈန္းေတြ ထိုးက်ခဲ့ပါတယ္။ ယူေအအီးနဲ႔ ကူဝိတ္ႏိုင္ငံတို႔မွာ ေငြ ေၾကးဖလွယ္မႈေတြရပ္ဆိုင္းထားသလို ဒူဘိုင္းေ႐ႊေဈးကြက္လည္း အေရာင္းအဝယ္က်ဆင္းေနပါတယ္။
အခုလို အဘက္ဘက္က ထိခိုက္ဆုံးရႈံးမႈေတြ ရွိေနသလို စစ္ပြဲၾကာရွည္လာရင္ ပိုမိုဆိုး႐ြားလာမွာ ျဖစ္ေပမယ့္ အေမရိကန္သမၼတ ထရမ့္ကေတာ့ ပဋိပကၡကို ရပ္ဆိုင္းသြားေအာင္လုပ္ေဆာင္မယ့္ အလား အလာနည္းပါးေနပါတယ္။ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မာကို႐ူဘီယိုကေတာ့ ေလာင္စာဆီေဈးႏႈန္း ေတြျမင့္တက္လာေနတာကိုေလ်ာ့နည္းေစဖို႔ စီစဥ္ ေဆာင္႐ြက္သြားမယ္လို႔ေျပာၾကားခဲ့ပါတယ္။ အေမရိ ကန္အစိုးရက သေဘၤာလိုင္းေတြ၊ သေဘၤာပိုင္ရွင္ေတြ၊ အဓိကက်တဲ့ ပင္လယ္ေရေၾကာင္းအာမခံကုမၸဏီ ေတြကို ႏိုင္ငံတကာဖြံ႕ၿဖိဳးေရးေငြေၾကးေကာ္ပိုေရးရွင္း (International Development Finance Corpor- ation) အစီအစဥ္ကေနတစ္ဆင့္ ႏိုင္ငံေရး အရ စြန႔္စားေဆာင္႐ြက္မႈအာမခံစနစ္ ကမ္းလွမ္းသြား မယ္လို႔ေျပာၾကားခဲ့ပါတယ္။ ဒုတိယကမာၻစစ္အတြင္း ကလည္း အေမရိကန္အစိုးရဟာ အလားတူ အစီအစဥ္တစ္ရပ္ကို ေဆာင္႐ြက္ခဲ့ဖူးပါတယ္။
ႏိုင္ငံတကာကုန္သြယ္မႈနဲ႔ ေငြေၾကးစီးဆင္းမႈျမင့္ မားလာေနတဲ့အတြက္ စစ္ပြဲတစ္ပြဲရဲ႕အက်ိဳး သက္ေရာက္မႈေတြကို စစ္ေျမျပင္တစ္ဝိုက္မွာပဲ ကန႔္သတ္ ထားလို႔မရေတာ့ဘူးလို႔ အေမရိကန္သမၼတ ဝူဒ႐ိုးဝီလ္ဆန္ တစ္ခ်ိန္ကေျပာၾကားခဲ့ပါတယ္။ ကမာၻလုံးဆိုင္ရာ ေပါင္းစည္းမႈျဖစ္စဥ္အတြက္ အေထာက္ အပံ့ျဖစ္ေစခဲ့ တဲ့ေဈးကြက္ေတြ၊ ကြန္ရက္ခ်ိတ္ဆက္မႈေတြဟာ ဒုတိယကမာၻစစ္ႀကီးေနာက္ပိုင္း ပိုမိုဖြံ႕ၿဖိဳး တိုးတက္လာခဲ့ၿပီး စစ္ပြဲေတြ၊ ပဋိပကၡေတြဟာလည္း ကုန္သြယ္ေရးအရ အခ်က္အခ်ာက်တဲ့ေဒသေတြ ကေန ေဝးလံတဲ့ေနရာေတြမွာ ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ အေမရိကန္ဆင္ႏႊဲခဲ့တဲ့ ကိုရီးယားစစ္ပြဲ၊ ဗီယက္ နမ္စစ္ပြဲ၊ အီရတ္စစ္ပြဲေတြဟာ ကမာၻလုံးဆိုင္ရာ စီး ပြားေရးကို အဟန႔္အတားမျဖစ္ေစခဲ့ပါဘူး။ ဒီကေန႔ အေမရိကန္ႏိုင္ငံရဲ႕မူဝါဒခ်မွတ္သူေတြဟာ သမၼတ ဝူဒ႐ိုးဝီလ္ဆန္ေျပာၾကားခဲ့တဲ့စကားေတြကို သတိ လက္လြတ္ျဖစ္ေနၾကပုံရပါတယ္။ ပင္လယ္ေကြ႕ေဒသ ပဋိပကၡကိုစတင္ခဲ့တဲ့ သမၼတထရမ့္ဟာ အေမရိ ကန္ရဲ႕ ပင္လယ္ေကြ႕ေဒသ မိတ္ဖက္ႏိုင္ငံေတြ အတိုက္ ခိုက္ခံရေစဖို႔ လမ္းဖြင့္ေပးသလို ျဖစ္ေပၚေစခဲ့ပါ တယ္။ တစ္နည္းအားျဖင့္ သမၼတထရမ့္ဟာ ကမာၻလုံးဆိုင္ရာ စီးပြားေရးရဲ႕အသက္ေသြးေၾကာျဖစ္တဲ့ ေလာင္စာဆီ ကုန္သြယ္မႈ၊ အရင္းအႏွီးနဲ႔ ေငြေၾကးစီးဆင္းမႈေတြကို အတားအဆီးျဖစ္ေစခဲ့ၿပီျဖစ္ပါတယ္။