'K-Pop Demon Hunters' ဒုတိယပိုင်း ထွက်ရှိမယ်လို့ Netflix အတည်ပြု

117

ရောင်နီ (NP News) - မတ် ၁၇
ကမ္ဘာကျော် Streaming ကုမ္ပဏီကြီးဖြစ်တဲ့ Netflix ဟာ ပရိသတ်အကြိုက်တွေ့ခဲ့တဲ့ အန်နီမေးရှင်းရုပ်ရှင် "K-Pop Demon Hunters" ရဲ့နောက်ဆက်တွဲဇာတ်လမ်း (Sequel) ရိုက်ကူးထုတ်လုပ်မယ်လို့ တရားဝင် ကြေညာ လိုက်ပါတယ်။
အဲဒီဇာတ်ကားသစ်ကိုလည်း K Pop Demon Hunters ရဲ့ မူရင်း ဒါရိုက်တာ မက်ဂီကန် နဲ့ ခရစ်အက် ပယ်ဟန်စ်က ပြန်လည် ဦးဆောင်ရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။ ၎င်းတို့ကလည်း Netflix နဲ့ နှစ်ရှည် ပူးပေါင်း ဆောင်ရွက်မှု သဘောတူစာချုပ်ကိုလည်း အသစ်ထပ်မံ လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။
"K-Pop Demon Hunters" ဟာ ထွက်ရှိပြီးနောက်ပိုင်း Netflix ရဲ့အန်နီမေးရှင်းကဏ္ဍမှာ ကြည့်ရှုသူ အများဆုံး စာရင်းဝင်ခဲ့ပြီး ဇာတ်ကားမှာ ပါဝင်တဲ့ "Golden" သီချင်းဟာ အော်စကာ ဆုအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့ပါ တယ်။ K -Pop ယဉ်ကျေးမှုနဲ့ အန်နီမေးရှင်းလောကကို ထူးခြားစွာ ပေါင်းစပ်နိုင်ခဲ့တဲ့ ဇာတ်ကားဖြစ်တာကြောင့် ဝေဖန်ရေးသမားတွေဆီကပါ ချီးကျူးမှု ရရှိခဲ့ပါတယ်။
နောက်ထွက်မယ့် နောက်ဆက်တွဲဇာတ်ကားကိုလည်း Sony Pictures Animation နဲ့ Netflix ပူးပေါင်းပြီး ခေတ်မီနည်းပညာတွေအသုံးပြုကာ ဆက်လက်ပုံဖော်သွားမယ်လို့ သိရပါတယ်။

Zawgyi Version;
'K-Pop Demon Hunters' ဒုတိယပိုင္း ထြက္ရွိမယ္လို႔ Netflix အတည္ျပဳ
ေရာင္နီ (NP News) - မတ္ ၁၇
ကမာၻေက်ာ္ Streaming ကုမၸဏီႀကီးျဖစ္တဲ့ Netflix ဟာ ပရိသတ္အႀကိဳက္ေတြ႕ခဲ့တဲ့ အန္နီေမးရွင္း႐ုပ္ရွင္ "K-Pop Demon Hunters" ရဲ႕ေနာက္ဆက္တြဲဇာတ္လမ္း (Sequel) ႐ိုက္ကူးထုတ္လုပ္မယ္လို႔ တရားဝင္ ေၾကညာ လိုက္ပါတယ္။
အဲဒီဇာတ္ကားသစ္ကိုလည္း K Pop Demon Hunters ရဲ႕ မူရင္း ဒါ႐ိုက္တာ မက္ဂီကန္ နဲ႔ ခရစ္အက္ ပယ္ဟန္စ္က ျပန္လည္ ဦးေဆာင္႐ိုက္ကူးသြားမယ္လို႔ ဆိုပါတယ္။ ၎တို႔ကလည္း Netflix နဲ႔ ႏွစ္ရွည္ ပူးေပါင္း ေဆာင္႐ြက္မႈ သေဘာတူစာခ်ဳပ္ကိုလည္း အသစ္ထပ္မံ လက္မွတ္ေရးထိုးခဲ့တယ္လို႔ သိရပါတယ္။
"K-Pop Demon Hunters" ဟာ ထြက္ရွိၿပီးေနာက္ပိုင္း Netflix ရဲ႕အန္နီေမးရွင္းက႑မွာ ၾကည့္ရႈသူ အမ်ားဆုံး စာရင္းဝင္ခဲ့ၿပီး ဇာတ္ကားမွာ ပါဝင္တဲ့ "Golden" သီခ်င္းဟာ ေအာ္စကာ ဆုအတြက္ ဆန္ခါတင္စာရင္းဝင္ခဲ့ပါ တယ္။ K -Pop ယဥ္ေက်းမႈနဲ႔ အန္နီေမးရွင္းေလာကကို ထူးျခားစြာ ေပါင္းစပ္ႏိုင္ခဲ့တဲ့ ဇာတ္ကားျဖစ္တာေၾကာင့္ ေဝဖန္ေရးသမားေတြဆီကပါ ခ်ီးက်ဴးမႈ ရရွိခဲ့ပါတယ္။
ေနာက္ထြက္မယ့္ ေနာက္ဆက္တြဲဇာတ္ကားကိုလည္း Sony Pictures Animation နဲ႔ Netflix ပူးေပါင္းၿပီး ေခတ္မီနည္းပညာေတြအသုံးျပဳကာ ဆက္လက္ပုံေဖာ္သြားမယ္လို႔ သိရပါတယ္။