ရှမ်းပြည်နယ်(တောင်ပိုင်း)၌ ဆိုလာဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း (၃၀)နီးပါးအား ဆောင်ရွက်နိုင်ခဲ့၍ တောင်သူများ၏ လူမှုစီးပွားဘဝတိုးတက်ရေးကို အထောက်အကူပြုလျက်ရှိ

166

စော (NP News) - မတ် ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၌ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း (၃၀)နီးပါးအား ဆောင်ရွက်ပေးနိုင်ခဲ့၍ တောင်သူများ၏ လူမှုစီးပွားဘဝတိုးတက်ရေးကို အထောက်အကူပြုလျက်ရှိကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။
အဆိုပါဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား တစ်နိုင်ငံလုံးအကြားအလပ်မရှိ စဉ်ဆက်မပြတ်ဆောင်ရွက် ပေးနေသကဲ့သို့ ဒေသခံတောင်သူများ ရာသီအလိုက်သီးနှံများ စိုက်ပျိုးနိုင်ရန်နှင့် စိုက်ပျိုးရေလုံလောက်စွာ ရရှိစေရေးတို့အတွက် ဘဏ္ဍာငွေရရှိမှုပေါ်မူတည်၍ နှစ်စဉ်အစဉ်တစိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးရဲလွင်ဦးနှင့် တာဝန်ရှိသူ များသည် ယမန်နေ့ (မတ်လ ၂၁ ရက်) က (၂၀၂၅-၂၀၂၆) ဘဏ္ဍာနှစ်အတွက် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့နယ်၊ လွယ်ကိုးကျေးရွာအုပ်စု၊ လှည်းတိုးကျေးရွာရှိ စိုက်ပျိုးမြေ ဧက (၂၀) အတွက် ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးမှုအခြေအနေကို မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ရေရရှိရေးလုပ်ငန်းရေရှည်တည်မြဲကောင်းမွန်စေရေး ထိန်းသိမ်းဆောင်ရွက်နိုင်စေရန်အတွက် လုပ်ငန်းဆောင် ရွက်ပြီးစီးမှု မှတ်တမ်းများကိုလည်း ကျေးရွာစိုက်ပျိုးရေးတာဝန်ခံများထံ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၏ ကြီးကြပ်မှုဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်း (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်မှ (၂၀၂၅-၂၀၂၆) ဘဏ္ဍာနှစ်အထိ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း (၂၉) ခုကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးနိုင်ခဲ့သောကြောင့် တောင်သူ (၁၇၁) ဦးတို့၏ စိုက်ပျိုးမြေ (၄၆၆ ဒသမ ၅) ဧကအတွက် စိုက်ပျိုးရေဖူလုံစွာရရှိ၍ ရာသီမရွေး သီးနှံများစိုက်ပျိုးနိုင်ပြီး ဖြစ်သည့်အတွက် ဒေသခံတောင်သူများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက် အကူပြုလျက်ရှိကြောင်း သိရသည်။

Zawgyi Version;
ရွမ္းျပည္နယ္(ေတာင္ပိုင္း)၌ ဆိုလာျဖင့္ စိုက္ပ်ိဳးေရရရွိေရးလုပ္ငန္း (၃၀)နီးပါးအား ေဆာင္႐ြက္ႏိုင္ခဲ့၍ ေတာင္သူမ်ား၏ လူမႈစီးပြားဘဝတိုးတက္ေရးကို အေထာက္အကူျပဳလ်က္ရွိ
ေစာ (NP News) - မတ္ ၂၂
ရွမ္းျပည္နယ္(ေတာင္ပိုင္း)၌ ဆိုလာစနစ္ျဖင့္ စိုက္ပ်ိဳးေရရရွိေရးလုပ္ငန္း (၃၀)နီးပါးအား ေဆာင္႐ြက္ေပးႏိုင္ခဲ့၍ ေတာင္သူမ်ား၏ လူမႈစီးပြားဘဝတိုးတက္ေရးကို အေထာက္အကူျပဳလ်က္ရွိေၾကာင္း နယ္စပ္ေရးရာဝန္ႀကီးဌာန၊ နယ္စပ္ေဒသႏွင့္ တိုင္းရင္းသားလူမ်ိဳးမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
အဆိုပါဌာနအေနျဖင့္ ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားအား တစ္ႏိုင္ငံလုံးအၾကားအလပ္မရွိ စဥ္ဆက္မျပတ္ေဆာင္႐ြက္ ေပးေနသကဲ့သို႔ ေဒသခံေတာင္သူမ်ား ရာသီအလိုက္သီးႏွံမ်ား စိုက္ပ်ိဳးႏိုင္ရန္ႏွင့္ စိုက္ပ်ိဳးေရလုံေလာက္စြာ ရရွိေစေရးတို႔အတြက္ ဘ႑ာေငြရရွိမႈေပၚမူတည္၍ ႏွစ္စဥ္အစဥ္တစိုက္ ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။
ထိုသို႔ေဆာင္႐ြက္ေပးလ်က္ရွိရာ ရွမ္းျပည္နယ္ ဖြံ႕ၿဖိဳးမႈႀကီးၾကပ္ေရး႐ုံးမွ ၫႊန္ၾကားေရးမႉး ဦးရဲလြင္ဦးႏွင့္ တာဝန္ရွိသူ မ်ားသည္ ယမန္ေန႔ (မတ္လ ၂၁ ရက္) က (၂၀၂၅-၂၀၂၆) ဘ႑ာႏွစ္အတြက္ နယ္စပ္ေဒသဖြံ႕ၿဖိဳးေရး ျပည္ေထာင္စုရန္ပုံေငြျဖင့္ ေဆာင္႐ြက္ခဲ့သည့္ ရွမ္းျပည္နယ္ (ေတာင္ပိုင္း) ရပ္ေစာက္ၿမိဳ႕နယ္၊ လြယ္ကိုးေက်း႐ြာအုပ္စု၊ လွည္းတိုးေက်း႐ြာရွိ စိုက္ပ်ိဳးေျမ ဧက (၂၀) အတြက္ ဆိုလာေရတင္စနစ္ျဖင့္ စိုက္ပ်ိဳးေရရရွိေရးလုပ္ငန္း ရာႏႈန္းျပည့္ၿပီးစီးမႈအေျခအေနကို ေျမျပင္ကြင္းဆင္းစစ္ေဆးခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ေရရရွိေရးလုပ္ငန္းေရရွည္တည္ၿမဲေကာင္းမြန္ေစေရး ထိန္းသိမ္းေဆာင္႐ြက္ႏိုင္ေစရန္အတြက္ လုပ္ငန္းေဆာင္ ႐ြက္ၿပီးစီးမႈ မွတ္တမ္းမ်ားကိုလည္း ေက်း႐ြာစိုက္ပ်ိဳးေရးတာဝန္ခံမ်ားထံ စနစ္တက် လႊဲေျပာင္းေပးအပ္ခဲ့ေၾကာင္း သိရသည္။
နယ္စပ္ေရးရာဝန္ႀကီးဌာန၊ ျပည္နယ္ဖြံ႕ၿဖိဳးမႈႀကီးၾကပ္ေရး႐ုံး၏ ႀကီးၾကပ္မႈျဖင့္ ရွမ္းျပည္နယ္ (ေတာင္ပိုင္း) အတြင္း (၂၀၂၂-၂၀၂၃) ဘ႑ာႏွစ္မွ (၂၀၂၅-၂၀၂၆) ဘ႑ာႏွစ္အထိ ဆိုလာစနစ္ျဖင့္ စိုက္ပ်ိဳးေရရရွိေရးလုပ္ငန္း (၂၉) ခုကို ေဆာင္႐ြက္ေပးႏိုင္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ေဆာင္႐ြက္ေပးႏိုင္ခဲ့ေသာေၾကာင့္ ေတာင္သူ (၁၇၁) ဦးတို႔၏ စိုက္ပ်ိဳးေျမ (၄၆၆ ဒသမ ၅) ဧကအတြက္ စိုက္ပ်ိဳးေရဖူလုံစြာရရွိ၍ ရာသီမေ႐ြး သီးႏွံမ်ားစိုက္ပ်ိဳးႏိုင္ၿပီး ျဖစ္သည့္အတြက္ ေဒသခံေတာင္သူမ်ား၏ လူမႈစီးပြား ဘဝဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ မ်ားစြာအေထာက္ အကူျပဳလ်က္ရွိေၾကာင္း သိရသည္။