အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် မြန်မာပြည်တွင်းစက်သုံးဆီဈေး တစ်လီတာလျှင် (၅၀) ရာခိုင်နှုန်းနီးပါး ထိုးတက်နေ

314

Pearl (NP News)- မတ် ၂၂
အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် ပဋိပက္ခကြောင့် နှစ်ပတ်ကျော်အတွင်း ပြည်တွင်း၌ စက်သုံးဆီ ဈေးနှုန်း ထက်ဝက်ကျော် မြင့်တက် လာကြောင်း NP News မှ စုံစမ်းသိရ သည်။
အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့ကြား ပဋိပက္ခ စတင်ဖြစ်ပွားခဲ့သော ပြီးခဲ့သည့် ဖေဖော်ဝါရီ လ (၂၈) ရက်နှင့် မတ်လ (၁) ရက်တို့တွင် ပြည်တွင်း စက်သုံး ဆီဈေးသည် Diesel တစ်လီတာလျှင် (၂၅၆၅) ကျပ်၊ Premium Diesel တစ်လီတာလျှင် (၂၈၄၅) ကျပ်၊ 92 RON OCTANE တစ်လီတာ လျှင်(၂၄၁၅)ကျပ်၊ 95 RON OCTANE တစ်လီတာလျှင် (၂၄၁၅)ကျပ်ဖြင့်ရောင်းချခဲ့ပြီး မတ်လ (၅) ရက်အထိ အပြောင်းအလဲမရှိဘဲ ဆက် လက်ရောင်းချခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်တွင်းစက်သုံးဆီဈေးမှာ အပြောင်းအလဲအနည်းငယ်ရှိခဲ့ပြီး မတ်လ (၆) ရက်မှ မတ်လ (၁၂) ရက်အထိ Diesel တစ်လီတာလျှင် (၂၆၁၀) ကျပ်၊ Premium Diesel တစ်လီတာလျှင် (၂၉၀၅) ကျပ်၊ 92 RON OCTANE တစ်လီတာ လျှင် (၂၅၂၅ )ကျပ်၊ 95 RON OCTANE တစ်လီ တာလျှင် (၂၅၉၅) ကျပ်ဖြင့် လည်းကောင်း ၊ မတ်လ (၁၃) ရက်မှ မတ်လ (၁၉) ရက်များတွင် ဈေးအနည်းငယ်မြင့်တက်လာခဲ့ရာ Diesel တစ်လီတာလျှင် (၃၂၀၅) ကျပ်၊ Premium Diesel တစ်လီတာလျှင် (၃၅၆၀) ကျပ်၊ 92 RON OCTANE တစ်လီတာ လျှင် (၂၈၃၀ )ကျပ်၊ 95 RON OCTANE တစ်လီ တာလျှင် (၂၉၃၀) ကျပ်ဖြင့် လည်းကောင်း ရောင်းချခဲ့ကြောင်း သိရသည်။
လက်ရှိ သတင်းရေးသားချိန် မတ်လ (၂၀) ရက်တွင် ပြည်တွင်းစက်သုံးဆီဈေးမှာ ကမ္ဘာ့စက်သုံး ဆီဈေးနှင့်အတူ သိသိသာသာမြင့်တက်လာခဲ့ပြီး Diesel တစ်လီတာလျှင် (၄၃၉၀) ကျပ်၊ Premium Diesel တစ်လီတာလျှင် (၄၈၂၀) ကျပ်၊ 92 RON OCTANE တစ်လီတာလျှင် (၃၆၁၀) ကျပ်၊ 95 RON OCTANE တစ်လီတာလျှင် (၃၈၅၀) ကျပ် ဖြင့် ရောင်းချလျက်ရှိပြီး ယခင် မတ်လအစပိုင်းနှင့် နှိုင်းယှဉ်ပါက (၂)ဆခန့် မြင့်တက်လာခြင်းဖြစ်သည်။
စက်သုံးဆီဈေးများမြင့်တက်လာသည်နှင့်အမျှ မြို့တွင်း၌ ပြေးဆွဲနေသည့် အငှားယာဉ်များအနေဖြင့် ငှားရမ်းခ တိုးမြှင့်ကောက်ယူခြင်းများအပြင် ရပ်ထားရသည့်အခြေအနေများရှိသကဲ့လို့ အဝေးပြေး ယာဉ် လိုင်းအချို့ကလည်း ကားလက်မှတ်နှုန်းထားများ တိုး မြှင့်ကောက်ယူခြင်း၊ ခရီးစဉ်လျှော့၍ ပြေးဆွဲခြင်းများ ပြုလုပ်လာကြောင်း သိရသည်။
“အခုဆီဈေးနဲ့ဆိုရင် ဘယ်ကားမှ မကိုက်ဘူး။ ကိုက်တာက CNG နဲ့ EV ပဲ ရှိတယ်။ ကြည့် သလောက်တော့ တော်တော်များများ ရပ်ထားကြတာ။ ဈေးတက်တာနဲ့အမျှတော့ ကားခတွေက တိုးတောင်း ကြမှာပဲလေ။ ဆီနဲ့ တွက်ပြီး တော့ ကိုယ့်အတွက် ကိုက် အောင်တော့ တိုးတောင်းလာကြမှာပဲ။ Grab ဆွဲတာ တို့ ကီလိုတို့ ဘာတို့ကတော့ အကုန်ရပ် ထားကြတာပေါ့။ အခုလောလောဆယ်တော့ရပ်တော့ ရပ်ထားကြတာ များတယ်”ဟု ရန်ကုန်မြို့တွင်းရှိ အငှားယာဉ် မောင်း တစ်ဦးက NP News သို့ ပြောသည်။
အလားတူ ကုန်ဈေးနှုန်းများ မြင့်တက်လာ မည်ကိုလည်း ပြည်သူများအနေဖြင့် စိုးရိမ်လျက်ရှိကြောင်း သိရသည်။ “အမေရိကန်သမ္မတက သူ့နိုင်ငံ၏ စီးပွားရေး ကျဆင်းလာမှုအရလည်းကောင်း၊ တိုးတက်မှုနှုန်း အမြင့်ဆုံး သို့ဆက်လက် ဆွဲတင်ရန် ခက်ခဲမှုအရလည်းကောင်း ကမ္ဘာကြီးကို စီးပွားရေး အခက်အခဲထဲသို့ ဆွဲချနေခြင်းဖြစ်ပြီး အရှေ့အလယ် ပိုင်းနိုင်ငံများအား စစ်ပွဲအသွင်ဆောင်စေခြင်းဖြစ်တယ်။ အခြေခံစားသောက်ကုန်ပစ္စည်းဈေးနှုန်းများ တက်လာနိုင်တယ်။ မကြာမီ စက်ဘီးစီးပြီး ကျန်းမာ ရေး ကောင်းလာနိုင်တယ်။ ကမ္ဘာ့ရွှေဈေးကတော့ ဆက်လက်ကျ ဆင်းနေမယ်။ မြန်မာငွေ အလားတူ ကျဆင်းလိမ့်မယ်’ဟု အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှ အငြိမ်း စားအရာရှိတစ်ဦးက NP News သို့ သုံးသပ်ပြောကြားထားသည်။ အီရန်- အမေရိကန်/ အစ္စရေး ပဋိပက္ခကြောင့် နိုင်ငံတကာတွင် လောင်စာ ဆီအကျပ်အ တည်းများပေါ်ပေါက် လျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း ကမ္ဘာ့နိုင်ငံများနည်းတူ စက်သုံးဆီ ခြိုးခြံချွေ တာရေးနှင့် ဖူလုံမှုရရှိစေရေးအတွက် စည်းကမ်းချက်များချမှတ်ကာ ကိုင်တွယ်နေရာ အစိုးရအနေဖြင့် မော်တော် ယာဉ်များ၊ ဆိုင် ကယ်များကို စုံဂဏန်း/ မဂဏန်းခွဲ၍ မောင်းနှင် အသုံးပြုခွင့်ပေးခြင်း၊ စက်သုံးဆီရောင်းချခြင်း အပြင် Wheel Tax ၏ Barcode ကိုလည်းကောင်း၊ QR Code များထုတ်ပေး၍လည်းကောင်း Application ဖြင့် စက်သုံးဆီများ စိစစ်ကန့်သတ်၍ရောင်းချပေး လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
အေရွ႕အလယ္ပိုင္းစစ္ပြဲေၾကာင့္ ျမန္မာျပည္တြင္းစက္သုံးဆီေဈး တစ္လီတာလွ်င္ (၅၀) ရာခိုင္ႏႈန္းနီးပါး ထိုးတက္ေန
Pearl (NP News)- မတ္ ၂၂
အေရွ႕အလယ္ပိုင္းေဒသတြင္ ျဖစ္ပြားေနသည့္ ပဋိပကၡေၾကာင့္ ႏွစ္ပတ္ေက်ာ္အတြင္း ျပည္တြင္း၌ စက္သုံးဆီ ေဈးႏႈန္း ထက္ဝက္ေက်ာ္ ျမင့္တက္ လာေၾကာင္း NP News မွ စုံစမ္းသိရ သည္။
အေမရိကန္၊ အစၥေရးႏွင့္ အီရန္တို႔ၾကား ပဋိပကၡ စတင္ျဖစ္ပြားခဲ့ေသာ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ လ (၂၈) ရက္ႏွင့္ မတ္လ (၁) ရက္တို႔တြင္ ျပည္တြင္း စက္သုံး ဆီေဈးသည္ Diesel တစ္လီတာလွ်င္ (၂၅၆၅) က်ပ္၊ Premium Diesel တစ္လီတာလွ်င္ (၂၈၄၅) က်ပ္၊ 92 RON OCTANE တစ္လီတာ လွ်င္(၂၄၁၅)က်ပ္၊ 95 RON OCTANE တစ္လီတာလွ်င္ (၂၄၁၅)က်ပ္ျဖင့္ေရာင္းခ်ခဲ့ၿပီး မတ္လ (၅) ရက္အထိ အေျပာင္းအလဲမရွိဘဲ ဆက္ လက္ေရာင္းခ်ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ျပည္တြင္းစက္သုံးဆီေဈးမွာ အေျပာင္းအလဲအနည္းငယ္ရွိခဲ့ၿပီး မတ္လ (၆) ရက္မွ မတ္လ (၁၂) ရက္အထိ Diesel တစ္လီတာလွ်င္ (၂၆၁၀) က်ပ္၊ Premium Diesel တစ္လီတာလွ်င္ (၂၉၀၅) က်ပ္၊ 92 RON OCTANE တစ္လီတာ လွ်င္ (၂၅၂၅ )က်ပ္၊ 95 RON OCTANE တစ္လီ တာလွ်င္ (၂၅၉၅) က်ပ္ျဖင့္ လည္းေကာင္း ၊ မတ္လ (၁၃) ရက္မွ မတ္လ (၁၉) ရက္မ်ားတြင္ ေဈးအနည္းငယ္ျမင့္တက္လာခဲ့ရာ Diesel တစ္လီတာလွ်င္ (၃၂၀၅) က်ပ္၊ Premium Diesel တစ္လီတာလွ်င္ (၃၅၆၀) က်ပ္၊ 92 RON OCTANE တစ္လီတာ လွ်င္ (၂၈၃၀ )က်ပ္၊ 95 RON OCTANE တစ္လီ တာလွ်င္ (၂၉၃၀) က်ပ္ျဖင့္ လည္းေကာင္း ေရာင္းခ်ခဲ့ေၾကာင္း သိရသည္။
လက္ရွိ သတင္းေရးသားခ်ိန္ မတ္လ (၂၀) ရက္တြင္ ျပည္တြင္းစက္သုံးဆီေဈးမွာ ကမာၻ႔စက္သုံး ဆီေဈးႏွင့္အတူ သိသိသာသာျမင့္တက္လာခဲ့ၿပီး Diesel တစ္လီတာလွ်င္ (၄၃၉၀) က်ပ္၊ Premium Diesel တစ္လီတာလွ်င္ (၄၈၂၀) က်ပ္၊ 92 RON OCTANE တစ္လီတာလွ်င္ (၃၆၁၀) က်ပ္၊ 95 RON OCTANE တစ္လီတာလွ်င္ (၃၈၅၀) က်ပ္ ျဖင့္ ေရာင္းခ်လ်က္ရွိၿပီး ယခင္ မတ္လအစပိုင္းႏွင့္ ႏႈိင္းယွဥ္ပါက (၂)ဆခန႔္ ျမင့္တက္လာျခင္းျဖစ္သည္။
စက္သုံးဆီေဈးမ်ားျမင့္တက္လာသည္ႏွင့္အမွ် ၿမိဳ႕တြင္း၌ ေျပးဆြဲေနသည့္ အငွားယာဥ္မ်ားအေနျဖင့္ ငွားရမ္းခ တိုးျမႇင့္ေကာက္ယူျခင္းမ်ားအျပင္ ရပ္ထားရသည့္အေျခအေနမ်ားရွိသကဲ့လို႔ အေဝးေျပး ယာဥ္ လိုင္းအခ်ိဳ႕ကလည္း ကားလက္မွတ္ႏႈန္းထားမ်ား တိုး ျမႇင့္ေကာက္ယူျခင္း၊ ခရီးစဥ္ေလွ်ာ့၍ ေျပးဆြဲျခင္းမ်ား ျပဳလုပ္လာေၾကာင္း သိရသည္။
“အခုဆီေဈးနဲ႔ဆိုရင္ ဘယ္ကားမွ မကိုက္ဘူး။ ကိုက္တာက CNG နဲ႔ EV ပဲ ရွိတယ္။ ၾကည့္ သေလာက္ေတာ့ ေတာ္ေတာ္မ်ားမ်ား ရပ္ထားၾကတာ။ ေဈးတက္တာနဲ႔အမွ်ေတာ့ ကားခေတြက တိုးေတာင္း ၾကမွာပဲေလ။ ဆီနဲ႔ တြက္ၿပီး ေတာ့ ကိုယ့္အတြက္ ကိုက္ ေအာင္ေတာ့ တိုးေတာင္းလာၾကမွာပဲ။ Grab ဆြဲတာ တို႔ ကီလိုတို႔ ဘာတို႔ကေတာ့ အကုန္ရပ္ ထားၾကတာေပါ့။ အခုေလာေလာဆယ္ေတာ့ရပ္ေတာ့ ရပ္ထားၾကတာ မ်ားတယ္”ဟု ရန္ကုန္ၿမိဳ႕တြင္းရွိ အငွားယာဥ္ ေမာင္း တစ္ဦးက NP News သို႔ ေျပာသည္။
အလားတူ ကုန္ေဈးႏႈန္းမ်ား ျမင့္တက္လာ မည္ကိုလည္း ျပည္သူမ်ားအေနျဖင့္ စိုးရိမ္လ်က္ရွိေၾကာင္း သိရသည္။ “အေမရိကန္သမၼတက သူ႔ႏိုင္ငံ၏ စီးပြားေရး က်ဆင္းလာမႈအရလည္းေကာင္း၊ တိုးတက္မႈႏႈန္း အျမင့္ဆုံး သို႔ဆက္လက္ ဆြဲတင္ရန္ ခက္ခဲမႈအရလည္းေကာင္း ကမာၻႀကီးကို စီးပြားေရး အခက္အခဲထဲသို႔ ဆြဲခ်ေနျခင္းျဖစ္ၿပီး အေရွ႕အလယ္ ပိုင္းႏိုင္ငံမ်ားအား စစ္ပြဲအသြင္ေဆာင္ေစျခင္းျဖစ္တယ္။ အေျခခံစားေသာက္ကုန္ပစၥည္းေဈးႏႈန္းမ်ား တက္လာႏိုင္တယ္။ မၾကာမီ စက္ဘီးစီးၿပီး က်န္းမာ ေရး ေကာင္းလာႏိုင္တယ္။ ကမာၻ႔ေ႐ႊေဈးကေတာ့ ဆက္လက္က် ဆင္းေနမယ္။ ျမန္မာေငြ အလားတူ က်ဆင္းလိမ့္မယ္’ဟု အထူးစုံစမ္းစစ္ေဆးေရးအဖြဲ႕မွ အၿငိမ္း စားအရာရွိတစ္ဦးက NP News သို႔ သုံးသပ္ေျပာၾကားထားသည္။ အီရန္- အေမရိကန္/ အစၥေရး ပဋိပကၡေၾကာင့္ ႏိုင္ငံတကာတြင္ ေလာင္စာ ဆီအက်ပ္အ တည္းမ်ားေပၚေပါက္ လ်က္ရွိၿပီး ျမန္မာႏိုင္ငံတြင္လည္း ကမာၻ႔ႏိုင္ငံမ်ားနည္းတူ စက္သုံးဆီ ၿခိဳးၿခံေခြၽ တာေရးႏွင့္ ဖူလုံမႈရရွိေစေရးအတြက္ စည္းကမ္းခ်က္မ်ားခ်မွတ္ကာ ကိုင္တြယ္ေနရာ အစိုးရအေနျဖင့္ ေမာ္ေတာ္ ယာဥ္မ်ား၊ ဆိုင္ ကယ္မ်ားကို စုံဂဏန္း/ မဂဏန္းခြဲ၍ ေမာင္းႏွင္ အသုံးျပဳခြင့္ေပးျခင္း၊ စက္သုံးဆီေရာင္းခ်ျခင္း အျပင္ Wheel Tax ၏ Barcode ကိုလည္းေကာင္း၊ QR Code မ်ားထုတ္ေပး၍လည္းေကာင္း Application ျဖင့္ စက္သုံးဆီမ်ား စိစစ္ကန႔္သတ္၍ေရာင္းခ်ေပး လ်က္ရွိေၾကာင္း သိရသည္။