ဟော်မုဇ်ရေလက်ကြားကို ၄၈ နာရီအတွင်း မဖွင့်ပါက အီရန်လျှပ်စစ်စက်ရုံများကို အမြစ်ဖြတ်ချေမှုန်းမည်ဟု အမေရိကန်သတိပေး

304

ဂျန်ဇက် (NP News) - မတ် ၂၂
ဟော်မုဇ်ရေလက်ကြား ကို ၄၈ နာရီအတွင်း အပြည့်အဝ ပြန်လည်ဖွင့်လှစ်ခြင်း မရှိပါက အီရန်နိုင်ငံရှိလျှပ်စစ်ဓာတ်အားပေးစက်ရုံများအားလုံးကို အပြတ်အသတ် ချေမှုန်းပစ်မည်" ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်လိုက်ပြီဖြစ်သည်။
စစ်ရေးတင်းမာမှုများကို လျှော့ချရန် သီတင်း ၃ ပတ်ကြာ ကြိုးပမ်းခဲ့သော ဆွေးနွေးမှုများမှာ မအောင်မြင်ခဲ့တဲ့အတွက် အမေရိကန်အစိုးရက သတိပေးလိုက်ခြင်းဖြစ်သည်။
အမေရိကန် သမ္မတက "အီရန်အနေနဲ့ ဟော်မုဇ်ရေလက်ကြားကို ဘာခြိမ်းခြောက်မှုမှမရှိဘဲ အပြည့်အဝ ပြန်မဖွင့်ပေးဘူးဆိုရင်၊ အခုအချိန်ကစပြီး ၄၈ နာရီအတွင်းမှာပဲ အီရန်ရဲ့လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို အကြီးဆုံးစက်ရုံကနေ စတင်ပြီး အပြတ်အသတ် ဝင်ရောက်တိုက်ခိုက် ချေမှုန်းပစ်မယ်" ဟုပြောသည်။
အဆိုပါ နောက်ဆုံးသတ်မှတ်ချိန်သည် တနင်္လာနေ့ နှောင်းပိုင်းတွင် ပြည့်မြောက်မည်ဖြစ်ရာ အမေရိကန်က တကယ်တမ်း အကောင်အထည်ဖော်ခဲ့ပါက တီဟီရန်မြို့ပြင်ရှိ Damavand ကဲ့သို့သော အကြီးဆုံး ဓာတ်အားပေးစက်ရုံကြီးများမှာ အရင်ဆုံး ပစ်မှတ်ထားခံရဖွယ်ရှိနေသည်။အီရန်၏ လျှပ်စစ်စွမ်းအင်ကွန်ရက်တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်မည်ဆိုပါက အကျိုးဆက်အနေဖြင့် လူဦးရေ သန်း ၉၀ ခန့်ရှိသော အီရန်ပြည်သူတစ်ရပ်လုံးသည် ချက်ချင်းဆိုသလို အမှောင်အတိ ကျဆင်းသွားမည်ဖြစ်သလို ဆေးရုံများ၊ ရေပေးဝေရေးစနစ်များနှင့် အခြေခံအဆောက်အအုံများအားလုံး ရပ်တန့်သွားမည်ဖြစ်ရာ သမိုင်းတစ်လျှောက် အဆိုးရွားဆုံးသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးကြီးတစ်ခုကိုရင်ဆိုင်ရမည်ဖြစ်ကြောင်းသိရသည်။
အီရန်အစိုးရကလည်း ၎င်းတို့၏ အခြေခံအဆောက်အအုံများ တိုက်ခိုက်ခံရပါက "လုံးဝ သည်းခံမည်မဟုတ်ဘဲ တုံ့ပြန်သွားမည်ဖြစ်ကြောင်း" သတိပေးထားသည်။

Zawgyi Version;
ေဟာ္မုဇ္ေရလက္ၾကားကို ၄၈ နာရီအတြင္း မဖြင့္ပါက အီရန္လွ်ပ္စစ္စက္႐ုံမ်ားကို အျမစ္ျဖတ္ေခ်မႈန္းမည္ဟု အေမရိကန္သတိေပး
ဂ်န္ဇက္ (NP News) - မတ္ ၂၂
ေဟာ္မုဇ္ေရလက္ၾကား ကို ၄၈ နာရီအတြင္း အျပည့္အဝ ျပန္လည္ဖြင့္လွစ္ျခင္း မရွိပါက အီရန္ႏိုင္ငံရွိလွ်ပ္စစ္ဓာတ္အားေပးစက္႐ုံမ်ားအားလုံးကို အျပတ္အသတ္ ေခ်မႈန္းပစ္မည္" ဟု အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ၿခိမ္းေျခာက္လိုက္ၿပီျဖစ္သည္။
စစ္ေရးတင္းမာမႈမ်ားကို ေလွ်ာ့ခ်ရန္ သီတင္း ၃ ပတ္ၾကာ ႀကိဳးပမ္းခဲ့ေသာ ေဆြးေႏြးမႈမ်ားမွာ မေအာင္ျမင္ခဲ့တဲ့အတြက္ အေမရိကန္အစိုးရက သတိေပးလိုက္ျခင္းျဖစ္သည္။
အေမရိကန္ သမၼတက "အီရန္အေနနဲ႔ ေဟာ္မုဇ္ေရလက္ၾကားကို ဘာၿခိမ္းေျခာက္မႈမွမရွိဘဲ အျပည့္အဝ ျပန္မဖြင့္ေပးဘူးဆိုရင္၊ အခုအခ်ိန္ကစၿပီး ၄၈ နာရီအတြင္းမွာပဲ အီရန္ရဲ႕လွ်ပ္စစ္ဓာတ္အားေပးစက္႐ုံေတြကို အႀကီးဆုံးစက္႐ုံကေန စတင္ၿပီး အျပတ္အသတ္ ဝင္ေရာက္တိုက္ခိုက္ ေခ်မႈန္းပစ္မယ္" ဟုေျပာသည္။
အဆိုပါ ေနာက္ဆုံးသတ္မွတ္ခ်ိန္သည္ တနလၤာေန႔ ေႏွာင္းပိုင္းတြင္ ျပည့္ေျမာက္မည္ျဖစ္ရာ အေမရိကန္က တကယ္တမ္း အေကာင္အထည္ေဖာ္ခဲ့ပါက တီဟီရန္ၿမိဳ႕ျပင္ရွိ Damavand ကဲ့သို႔ေသာ အႀကီးဆုံး ဓာတ္အားေပးစက္႐ုံႀကီးမ်ားမွာ အရင္ဆုံး ပစ္မွတ္ထားခံရဖြယ္ရွိေနသည္။အီရန္၏ လွ်ပ္စစ္စြမ္းအင္ကြန္ရက္တစ္ခုလုံးကို ဖ်က္ဆီးပစ္လိုက္မည္ဆိုပါက အက်ိဳးဆက္အေနျဖင့္ လူဦးေရ သန္း ၉၀ ခန႔္ရွိေသာ အီရန္ျပည္သူတစ္ရပ္လုံးသည္ ခ်က္ခ်င္းဆိုသလို အေမွာင္အတိ က်ဆင္းသြားမည္ျဖစ္သလို ေဆး႐ုံမ်ား၊ ေရေပးေဝေရးစနစ္မ်ားႏွင့္ အေျခခံအေဆာက္အအုံမ်ားအားလုံး ရပ္တန႔္သြားမည္ျဖစ္ရာ သမိုင္းတစ္ေလွ်ာက္ အဆိုး႐ြားဆုံးေသာ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ကပ္ေဘးႀကီးတစ္ခုကိုရင္ဆိုင္ရမည္ျဖစ္ေၾကာင္းသိရသည္။
အီရန္အစိုးရကလည္း ၎တို႔၏ အေျခခံအေဆာက္အအုံမ်ား တိုက္ခိုက္ခံရပါက "လုံးဝ သည္းခံမည္မဟုတ္ဘဲ တုံ႔ျပန္သြားမည္ျဖစ္ေၾကာင္း" သတိေပးထားသည္။