အီရန်နဲ့ဆွေးနွေးပွဲတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ အမေရိကန်ထုတ်ပြော

275
Pika (NP News)- မတ် ၂၆
စစ်ပွဲကို အဆုံးသတ်ဖို့အတွက် အမေရိကန်ရဲ့အစီအစဉ်ကို အီရန်က ငြင်းပယ်ခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပေမယ့်လည်း အမေရိကန်အစိုးရကတော့ အီရန်နဲ့ဆွေးနွေးမှုတွေ လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် အီရန်က သဘောတူညီချက်တစ်ခုမလုပ်ဘူးဆိုရင် ငရဲလိုမျိုးဆိုးရွားတဲ့အရာတစ်ခုကို လွှတ်ပေးဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အဆင်သင့်ဖြစ်နေပြီလို့လည်း အမေရိကန်အစိုးရက သတိပေးပြောဆိုခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းဒေသစစ်ပွဲဖြစ်ပွားလာတာက သီတင်းပတ်(၄)ပတ်ကို နီးကပ်လာတာနဲ့အမျှ ဒေါ်နယ်ထရမ့်ရဲ့ကမ်းလှမ်းချက်ကို အီရန်ဘက်က အပျက်သဘောဆောင်တဲ့ တုံ့ပြန်မှုတစ်ခုပြုလုပ်တယ်လို့ အမည်မဖော်လိုတဲ့အရာရှိတွေကို ကိုးကားပြီး အီရန်မီဒီယာတစ်ခုက ရေးသားဖော်ပြခဲ့ပါတယ်။
ဒါပေမယ့်လည်း အမေရိကန်အစိုးရကတော့ အီရန်နဲ့ဆွေးနွေးပွဲတွေက လမ်းကြောင်းကနေလွဲချော်နေခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။
အမေရိကန်အစိုးရက”အီရန်နဲ့ဆွေးနွေးပွဲတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်။ ဒီဆွေးနွေးပွဲတွေက တကယ်ကိုအကျိုးရှိတဲ့ဆွေးနွေးပွဲတွေဖြစ်ပါတယ်”လို့ပြောဆိုခဲ့ပါတယ်။
Zawgyi version:
စစ္ပြဲကို အဆုံးသတ္ဖို႔အတြက္ အေမရိကန္ရဲ႕အစီအစဥ္ကို အီရန္က ျငင္းပယ္ခဲ့တယ္ဆိုတဲ့ သတင္းေတြထြက္ေပၚေနေပမယ့္လည္း အေမရိကန္အစိုးရကေတာ့ အီရန္နဲ႔ေဆြးေႏြးမႈေတြ လုပ္ေဆာင္ေနဆဲျဖစ္တယ္လို႔ ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။
ဒါ့ျပင္ အီရန္က သေဘာတူညီခ်က္တစ္ခုမလုပ္ဘူးဆိုရင္ ငရဲလိုမ်ိဳးဆိုး႐ြားတဲ့အရာတစ္ခုကို လႊတ္ေပးဖို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က အဆင္သင့္ျဖစ္ေနၿပီလို႔လည္း အေမရိကန္အစိုးရက သတိေပးေျပာဆိုခဲ့ပါတယ္။
အေရွ႕အလယ္ပိုင္းေဒသစစ္ပြဲျဖစ္ပြားလာတာက သီတင္းပတ္(၄)ပတ္ကို နီးကပ္လာတာနဲ႔အမွ် ေဒၚနယ္ထရမ့္ရဲ႕ကမ္းလွမ္းခ်က္ကို အီရန္ဘက္က အပ်က္သေဘာေဆာင္တဲ့ တုံ႔ျပန္မႈတစ္ခုျပဳလုပ္တယ္လို႔ အမည္မေဖာ္လိုတဲ့အရာရွိေတြကို ကိုးကားၿပီး အီရန္မီဒီယာတစ္ခုက ေရးသားေဖာ္ျပခဲ့ပါတယ္။
ဒါေပမယ့္လည္း အေမရိကန္အစိုးရကေတာ့ အီရန္နဲ႔ေဆြးေႏြးပြဲေတြက လမ္းေၾကာင္းကေနလြဲေခ်ာ္ေနခဲ့တယ္လို႔ ေျပာဆိုခဲ့ပါတယ္။
အေမရိကန္အစိုးရက”အီရန္နဲ႔ေဆြးေႏြးပြဲေတြကို ဆက္လက္လုပ္ေဆာင္ေနပါတယ္။ ဒီေဆြးေႏြးပြဲေတြက တကယ္ကိုအက်ိဳးရွိတဲ့ေဆြးေႏြးပြဲေတြျဖစ္ပါတယ္”လို႔ေျပာဆိုခဲ့ပါတယ္။