ပန်းဆိုးတန်း-ဒလ ချယ်ရီကူးတို့သင်္ဘော နောက်ဆုံးပြေးဆွဲချိန်များ ပြောင်းလဲသတ်မှတ်

 620

ကိုဖြိုး(NP News) မတ်-၂၆
ရန်ကုန်မြို့ ပန်းဆိုးတန်းနှင့် ဒလမြို့သို့ ခရီးသည်ပို့ဆောင်ပြေးဆွဲလျက်ရှိသည့် ချယ်ရီ ကူးတို့သင်္ဘော များ၏နောက်ဆုံးပြေးဆွဲချိန်ကို မတ် (၂၈) ရက်မှစ၍ ပြောင်းလဲ ပြေးဆွဲ မည်ဖြစ်ကြောင်း သိရသည်။
ယခင်က ချယ်ရီကူးတို့သင်္ဘောများ၏ နောက်ဆုံး သင်္ဘောပြေးဆွဲချိန်များသည် ဒလမှ ည (၇) နာရီခွဲနှင့်ပန်းဆိုးတန်းမှ ည (၈) နာရီဖြစ်ပြီးပြောင်းလဲ သတ်မှတ်လိုက်သည့်နောက်ဆုံး သင်္ဘောပြေးဆွဲချိန်သည်ပန်းဆိုးတန်းမှ ည (၇) နာရီ (၄၅) မိနစ်ဖြစ်ပြီး ဒလမှ ည (၇) နာရီ ဖြစ်ကြောင်းသိရသည်။
ချယ်ရီကူးတို့သင်္ဘောများ၏နံနက်ပိုင်း စတင်ထွက်ခွာချိန်များသည် ပြောင်းလဲမှုမရှိဘဲ ဒလမှ နံနက်(၅) နာရီခွဲနှင့် ပန်းဆိုးတန်းမှ နံနက် (၆)နာရီဖြစ်သည်။
ချယ်ရီကူးတို့သင်္ဘောပန်းဆိုးတန်းနှင့် ဒလ နောက်ဆုံးပြေးဆွဲချိန်သာ ပြောင်းလဲသတ်မှတ် လိုက်ခြင်းဖြစ်ပြီး တစ်နေ့တာ ကူးတို့သင်္ဘောပြေးဆွဲချိန်များသည် မူလအတိုင်း ဆက်လက် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရ သည်။
ပြောင်းလဲ သတ်မှတ်လိုက်သည့် ချယ်ရီကူးတို့သင်္ဘောများ၏နောက်ဆုံးသင်္ဘော ထွက်ခွာ ချိန်များကို ခရီးသွားပြည်သူများ သိရှိစေရန်ဒလလက်မှတ်ရုံနှင့် ပန်းဆိုးတန်းလက်မှတ်ရုံ တို့တွင် အသိပေးဗီနိုင်းများ ကပ်ထားပေးမည်ဖြစ်ကြောင်းသိရသည်။

Zawgyi Version:
ပန္းဆိုးတန္း-ဒလ ခ်ယ္ရီကူးတို႔သေဘၤာ ေနာက္ဆုံးေျပးဆြဲခ်ိန္မ်ား ေျပာင္းလဲသတ္မွတ္
ကိုၿဖိဳး(NP News) မတ္-၂၆
ရန္ကုန္ၿမိဳ႕ ပန္းဆိုးတန္းႏွင့္ ဒလၿမိဳ႕သို႔ ခရီးသည္ပို႔ေဆာင္ေျပးဆြဲလ်က္ရွိသည့္ ခ်ယ္ရီ ကူးတို႔သေဘၤာ မ်ား၏ေနာက္ဆုံးေျပးဆြဲခ်ိန္ကို မတ္ (၂၈) ရက္မွစ၍ ေျပာင္းလဲ ေျပးဆြဲ မည္ျဖစ္ေၾကာင္း သိရသည္။
ယခင္က ခ်ယ္ရီကူးတို႔သေဘၤာမ်ား၏ ေနာက္ဆုံး သေဘၤာေျပးဆြဲခ်ိန္မ်ားသည္ ဒလမွ ည (၇) နာရီခြဲႏွင့္ပန္းဆိုးတန္းမွ ည (၈) နာရီျဖစ္ၿပီးေျပာင္းလဲ သတ္မွတ္လိုက္သည့္ေနာက္ဆုံး သေဘၤာေျပးဆြဲခ်ိန္သည္ပန္းဆိုးတန္းမွ ည (၇) နာရီ (၄၅) မိနစ္ျဖစ္ၿပီး ဒလမွ ည (၇) နာရီ ျဖစ္ေၾကာင္းသိရသည္။
ခ်ယ္ရီကူးတို႔သေဘၤာမ်ား၏နံနက္ပိုင္း စတင္ထြက္ခြာခ်ိန္မ်ားသည္ ေျပာင္းလဲမႈမရွိဘဲ ဒလမွ နံနက္(၅) နာရီခြဲႏွင့္ ပန္းဆိုးတန္းမွ နံနက္ (၆)နာရီျဖစ္သည္။
ခ်ယ္ရီကူးတို႔သေဘၤာပန္းဆိုးတန္းႏွင့္ ဒလ ေနာက္ဆုံးေျပးဆြဲခ်ိန္သာ ေျပာင္းလဲသတ္မွတ္ လိုက္ျခင္းျဖစ္ၿပီး တစ္ေန႔တာ ကူးတို႔သေဘၤာေျပးဆြဲခ်ိန္မ်ားသည္ မူလအတိုင္း ဆက္လက္ ေျပးဆြဲသြားမည္ျဖစ္ေၾကာင္း သိရ သည္။
ေျပာင္းလဲ သတ္မွတ္လိုက္သည့္ ခ်ယ္ရီကူးတို႔သေဘၤာမ်ား၏ေနာက္ဆုံးသေဘၤာ ထြက္ခြာ ခ်ိန္မ်ားကို ခရီးသြားျပည္သူမ်ား သိရွိေစရန္ဒလလက္မွတ္႐ုံႏွင့္ ပန္းဆိုးတန္းလက္မွတ္႐ုံ တို႔တြင္ အသိေပးဗီႏိုင္းမ်ား ကပ္ထားေပးမည္ျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.