ဗင်နီဇွဲလားနဲ့ အီရန်အပြီး ထရမ့်ရဲ့ နောက်ထပ်ပစ်မှတ်ဖြစ်လာနိုင်တဲ့ ကျူးဘား

 160

တင်ဇာ (NP News) - မတ်လ ၂၇

ကွန်မြူနစ်ကျူးဘားနိုင်ငံဟာ အမေရိကန်ပြည် ထောင်စုအတွက် ဆယ်စုနှစ်များစွာကြာအောင် နိုင်ငံ ခြားရေးမူဝါဒဆိုင်ရာစိန်ခေါ်မှုကြီးတစ်ခု ဖြစ်နေခဲ့ပါ တယ်။ နှစ်နိုင်ငံဆက်ဆံရေးဟာ (၁၉၅၉)ခုနှစ်မှာ ကျူးဘားခေါင်းဆောင် ဖီဒယ်ကတ်စထရိုက အမေရိ ကန်ကျောထောက်နောက်ခံပြုအစိုးရကိုဖြုတ်ချပြီး ဆို ဗီယက်ယူနီယံနဲ့ မဟာမိတ်ပြုတဲ့ ဆိုရှယ်လစ်နိုင်ငံကို တည်ထောင်ခဲ့ချိန်ကစလို့ ယုံကြည်မှုကင်းမဲ့ခြင်း၊ ရန် လိုခြင်းတွေနဲ့ပြည့်နှက်နေခဲ့တာပါ။ နောက်ပိုင်း ရာစု နှစ်ဝက်ကျော်ကာလအတွင်းမှာလည်း အမေရိကန် အစိုးရအဆက်ဆက်ဟာ ကျူးဘားကို စီးပွားရေးနဲ့ သံတမန်ရေးအရ အထီးကျန်ဖြစ်အောင် လုပ်ဆောင် ခဲ့ပြီး တခြားဘယ်နိုင်ငံကိုမှမလုပ်ဖူးတဲ့ အချိန်အကြာ ဆုံး စီးပွားရေးပိတ်ဆို့မှုတွေကိုကျင့်သုံးခဲ့ပါတယ်။
ဒီလိုကိုင်တွယ်ပုံဟာ သမ္မတ အိုဘားမားလက် ထက်မှာတော့ ခေတ္တပြောင်းလဲသွားခဲ့ပါတယ်။ အို ဘားမားဟာ ကျူးဘားသမ္မတ ရာအူးလ်ကတ်စထရိုနဲ့ တွေ့ဆုံတာ၊ သံတမန်ရေးအရ အပြည့်အဝ ပြန်လည် ချိတ်ဆက်တာတွေအပြင် ခရီးသွားလာခွင့်နဲ့ ကုန် သွယ်ရေးတွေကိုတိုးချဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ပုံမှန် ပြန်ဖြစ်လာအောင် အရင်ကမရှိဖူးတဲ့ခြေလှမ်းသစ်တွေ ကိုလှမ်းခဲ့ပါတယ်။ ဒါပေမဲ့ သမ္မတထရမ့်ရဲ့ ပထမ သက်တမ်းမှာတော့ ပိတ်ဆို့မှုအသစ်တွေထပ်တိုးတာ နဲ့ ကျူးဘားကို အကြမ်းဖက်မှုအားပေးတဲ့ နိုင်ငံအဖြစ် ပြန်လည်သတ်မှတ်တာတွေလုပ်ပြီး အိုဘားမားရဲ့ လမ်းစဉ်ကို ပြောင်းပြန်လှန်ပစ်ခဲ့ပါတယ်။ အဲဒီနောက် ပိုင်း ကျူးဘားမှာ ဆန္ဒပြပွဲတွေ အကြီးအကျယ်ဖြစ် ပွားပြီး အစိုးရကနှိမ်နင်းခဲ့တာကြောင့် သမ္မတ ဂျိုးဘိုင် ဒန်လက်ထက်မှာ ကန့်သတ်ချက်တချို့ကို ပြန်လည် လျှော့ပေါ့ပေးခဲ့ပါသေးတယ်။
အခု ဒေါ်နယ်ထရမ့်ရဲ့ ဒုတိယမြောက်သက်တမ်း မှာတော့ ပိုမိုပြင်းထန်တဲ့ ပြောဆိုဝေဖန်မှုတွေ၊ အခွန် တိုးမြှင့်တာတွေနဲ့ ခြိမ်းခြောက်မှုအသစ်တွေ ထပ်ရှိ လာတာကြောင့် နှစ်နိုင်ငံဆက်ဆံရေးဟာ တစ်ခါပြန် ပြီး ဆိုးရွားသွားခဲ့ပါပြီ။ ပိုပြီးတင်းကြပ်လာတဲ့ စီးပွား ရေးပိတ်ဆို့မှုတွေကြောင့် မူလကတည်းက ခက်ခဲနေ တဲ့ ဒီမူဝါဒရေးရာစိန်ခေါ်မှုဟာ ပိုပြီးတော့ရှုပ်ထွေးတဲ့ အနေအထားကို ရောက်ရှိလာခဲ့ပါတယ်။ အဲဒီနောက် အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးပေါင်းစစ်ပွဲကို စတင်ဆင်နွှဲချိန်မှာတော့ သမ္မတဒေါ်နယ်ထရမ့်က သူရဲ့နောက်ထပ်ပစ်မှတ်ဟာ ကျူးဘားဖြစ်တယ်လို့ အတိအလင်းပြောကြားလိုက်ပါတယ်။ ဒီလိုပြောဆို လိုက်တာဟာ ကျူးဘားကျွန်းပေါ်မှာနေထိုင်ကြတဲ့ သန်းပေါင်းများစွာသောပြည်သူတွေအတွက် သူတို့ရဲ့ အနာဂတ်မှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတဲ့ စိုးရိမ် ထိတ်လန့်မှုတွေကို မြင့်တက်လာစေခဲ့ပါတယ်။
ဇန်နဝါရီလတုန်းက ကျူးဘားရဲ့မဟာမိတ်ဖြစ် တဲ့ ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရိုကို အမေရိ ကန်စစ်တပ်က အောင်မြင်စွာ ဖမ်းဆီးခေါ်ဆောင် သွားပြီးတဲ့နောက်မှာတော့ သမ္မတထရမ့်ဟာ ဒီ ကာ ရေဘီယံကျွန်းနိုင်ငံလေးကို ရေနံတင်သွင်းခွင့်ပိတ်ဆို့ တဲ့ အုပ်ချုပ်ရေးအမိန့်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ကျူးဘားသမ္မတ ဒီယက်စ်ကာနယ်ကလည်း ပြီးခဲ့တဲ့ သုံးလအတွင်းမှာ နိုင်ငံထဲကို လောင်စာဆီ တစ်စက်မှ မဝင်ရောက်တော့ဘူးဆိုတာကို မကြာသေးမီကပင် အတည်ပြုပြောကြားခဲ့ပါတယ်။
ဇန်နဝါရီလ (၃)ရက်မှာ အမေရိကန်က ဗင်နီဇွဲ လားကိုတိုက်ခိုက်ခဲ့ပြီးနောက် သမ္မတထရမ့်ဟာ ဗင်နီ ဇွဲလားကနေ ကျူးဘားကို ရေနံနဲ့ရန်ပုံငွေ လွှဲပြောင်း ပေးနေတာတွေကိုရပ်တန့်ဖို့ အမိန့်ပေးခဲ့ပါတယ်။ ဇန် နဝါရီ(၂၉)ရက်နေ့မှာတော့ ထရမ့်က အရှိန်ထပ်မြှင့် လိုက်ပြီး ကျူးဘားအနေနဲ့ တခြားနိုင်ငံတွေဆီကနေ လောင်စာဆီတင်သွင်းနိုင်စွမ်းကို ထိရောက်စွာ ဖြတ် တောက်လိုက်တဲ့ အုပ်ချုပ်မှုအမိန့်တစ်ခုကို ထုတ်ပြန် ခဲ့ပါတယ်။ အဲဒီအမိန့်ထဲမှာ ကျူးဘားကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ရေနံထောက်ပံ့တဲ့ ဘယ် နိုင်ငံကိုမဆို စီးပွားရေးအရ အပြစ်ပေး အရေးယူမယ် လို့ ခြိမ်းခြောက်ထားပါတယ်။
ကျူးဘားရဲ့ လျှပ်စစ်ဓာတ်အားပေးစနစ်ဟာ လောင်စာဆီအပေါ်မှာပဲ အဓိကအမှီပြုနေရတာ ဖြစ် သလို ကားတွေနဲ့ မီးစက်တွေလိုမျိုး နေ့စဉ်သုံးပစ္စည်း တွေကလည်း လောင်စာဆီမရှိရင်မရပါဘူး။ ယခုလ အစောပိုင်းက ပြောကြားချက်တွေမှာတော့ ထရမ့်က အမေရိကန်ရဲ့ အီရန်စစ်ပွဲ ပြီးဆုံးသွားရင် ကျူးဘား ဟာ " နောက်ထပ်ပစ်မှတ်" ဖြစ်လာမယ်လို့ ပြောခဲ့ပါ တယ်။ မတ်လ (၇)ရက်က သူရဲ့ Mar-a-Lago အပန်းဖြေစခန်းမှာ လက်တင်အမေရိကခေါင်းဆောင် တွေနဲ့တွေ့ဆုံစဉ်မှာလည်း " ကျူးဘားဟာ နောက်ဆုံး အခြေအနေကိုရောက်နေပါပြီ " လို့ ထရမ့်က ပြော ကြားခဲ့ပါတယ်။ ဒါ့ပြင် " ကျွန်တော်တို့ ဗင်နီဇွဲလားမှာ သမိုင်းဝင်တဲ့အပြောင်းအလဲကြီးကို ဖော်ဆောင်နိုင်ခဲ့ သလိုပဲ၊ မကြာခင်မှာ ကျူးဘားဆီရောက်လာတော့ မယ့်အပြောင်းအလဲကြီးကိုလည်း မျှော်လင့်နေပါ တယ်" လို့ သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အီရန်ကိုမတိုက်ခိုက်ခင်ကတည်းက ထရမ့်က ကျူးဘားကျွန်းကို " ချစ်ကြည်ရင်းနှီးစွာ သိမ်းပိုက် ခြင်း " (friendly takeover) မျိုးလုပ်ချင်တယ်လို့ အသေးစိတ်အချက်အလက်မဖော်ပြဘဲ ပြောဆိုခဲ့ဖူး ပါတယ်။ အဲဒီပြောဆိုချက်တွေနဲ့အတူ အီရန်နဲ့ ဗင်နီ ဇွဲလားတို့အပေါ် အမေရိကန်ရဲ့တိုက်ခိုက်မှုတွေ ကြောင့် ကျူးဘားပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေ တိုးပွားစေခဲ့ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ကျူးဘားဟာ ဗင်နီဇွဲလားလို အစိုးရပြောင်းလဲခံရမ လား ဒါမှမဟုတ် အီရန်လို အင်အားသုံးချေမှုန်းခံရမ လားဆိုပြီး ခန့်မှန်းချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။
လက်ရှိမှာ ကျူးဘားဟာ ဗင်နီဇွဲလားနဲ့အီရန် မော်ဒယ်နှစ်ခုစလုံးပေါင်းစပ်ထားတဲ့ အမေရိကန်ရဲ့ " ပစ်မှတ်သစ် " ဖြစ်လာနေပေမယ့် သူရဲ့အခြေအနေ က တခြားနိုင်ငံတွေထက် ပိုပြီးထူးခြားသလို အကျပ် ရိုက်စရာလည်း ပိုကောင်းနေပါတယ်။ အမေရိကန်ဟာ ကျူးဘားကို ဗင်နီဇွဲလားမှာအသုံးပြုခဲ့တဲ့ " အစိုးရ ဖြုတ်ချရေး " နည်းလမ်းအတိုင်း ပစ်မှတ်ထားနေတာ ဖြစ်ပြီး မာဒူရိုကိုဖမ်းဆီးနိုင်ခဲ့သလို ကျူးဘားမှာလည်း အပြောင်းအလဲကြီးတစ်ခုဖြစ်လာတော့မယ်လို့ ထရမ့် ကခြိမ်းခြောက်ထားပါတယ်။ အထူးသဖြင့် ဗင်နီဇွဲလား ရဲ့ ရေနံထောက်ပံ့မှုကို ဖြတ်တောက်လိုက်တာဟာ ကျူးဘားအစိုးရကို ဒူးထောက်သွားအောင်လုပ်တဲ့ နည်းဗျူဟာဖြစ်ပြီး ထရမ့်ပြောနေတဲ့ " ချစ်ကြည်ရင်း နှီးစွာသိမ်းပိုက်ခြင်း " ဆိုတာကလည်း စစ်ရေးအရ ဝင် ရောက်စွက်ဖက်ပြီး အစိုးရကိုဖယ်ရှားပစ်မယ့် အန္တရာယ်ရှိနေပါတယ်။
တစ်ဖက်မှာလည်း ကျူးဘားဟာ အီရန်ထက် တောင် ပိုပြီးဆိုးရွားတဲ့ စီးပွားရေးပိတ်ဆို့မှုဒဏ်ကို ခံနေရပါတယ်။ အီရန်ခေါင်းဆောင် အလီခါမေနီကို သုတ်သင်ခဲ့သလိုမျိုး အမေရိကန်ရဲ့ ပြတ်သားတဲ့အ ရေးယူမှုတွေကြောင့် ကျူးဘားအစိုးရဟာ အားနည်း လာခဲ့ပါတယ်။ လောင်စာဆီတင်သွင်းခွင့်ကို လုံးဝ ပိတ်ပင်ထားတဲ့ "အပြင်းထန်ဆုံးဖိအားပေးခြင်း"မူဝါ ဒတွေအပြင် ပိုပြီးခက်ခဲစေတဲ့အချက်ကတော့ အဓိ ကကျောထောက်နောက်ခံဖြစ်တဲ့ ဗင်နီဇွဲလားဆီက ရေနံနဲ့ ရန်ပုံငွေအရင်းအမြစ်တွေ ဆုံးရှုံးသွားတာပဲဖြစ် ပါတယ်။
ဒါ့ပြင် ကျူးဘားဟာ အီရန်လိုမျိုး စစ်ရေးအရ တုံ့ပြန်နိုင်စွမ်းမရှိဘဲ အမေရိကန်ရဲ့အနီးအနားမှာ တင် အထီးကျန်စွာပိတ်မိနေပါတယ်။ ပြီးခဲ့တဲ့ (၄) နှစ်အတွင်းမှာ လူဦးရေ (၁၀)သန်းကနေ (၈) သန်း အောက်ကိုလျော့ကျသွားတာဟာလည်း ကျူးဘားသ မိုင်းမှာ အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာအ ကျပ်အတည်း ဖြစ်လာခဲ့ပါတယ်။ ဒီလိုအခြေအနေ တွေကြောင့် ကျူးဘားဟာ အမေရိကန်အတွက် " ဗင်နီဇွဲလား ၂ " ဖြစ်လာဖို့ အလားအလာအလွန်များနေ ပြီး အီရန်စစ်ပွဲပြီးဆုံးတာနဲ့တစ်ပြိုင်နက် ထရမ့်ရဲ့ နောက်ဆုံးပန်းတိုင်အဖြစ် စစ်ရေးအရဖြစ်စေ၊ အပြင်း ထန်ဆုံး စီးပွားရေးကျူးကျော်မှုဒဏ်ကိုဖြစ်စေ ခံရ မယ့်အခြေအနေမှာရှိနေပါတယ်။
ကျူးဘားအစိုးရဟာ အမေရိကန်ရဲ့ အပြင်းထန် ဆုံးဖိအားတွေကို တိုက်ရိုက်တုံ့ပြန်နိုင်စွမ်းနည်းပါးပေ မယ့် ကျူးဘားအစိုးရသုံးနိုင်ခြေရှိတဲ့ တုံ့ပြန်မှုပုံစံတ ချို့တော့ရှိနေပါတယ်။ ပထမတစ်ခုကတော့ သံတ မန်ရေးနဲ့ဝါဒဖြန့်ချိရေးဖြစ်ပြီး ကုလသမဂ္ဂလိုနေရာမျိုး မှာ အမေရိကန်ရဲ့ပိတ်ဆို့မှုကို လူသားချင်းစာနာမှုကင်း မဲ့တဲ့လုပ်ရပ်အဖြစ်ပုံဖော်ကာ နိုင်ငံတကာရဲ့ ထောက်ခံမှုရအောင် ကြိုးစားတာပဲဖြစ်ပါတယ်။ အထူးသဖြင့် အခုလို လောင်စာဆီပြတ်လပ်ပြီး ဆေး ရုံ၊ ကျောင်းတွေပိတ်ထားရတဲ့အခြေအနေကိုသုံးပြီး အမေရိကန်အပေါ် နိုင်ငံတကာဖိအားတွေ ပြန်တက် လာအောင် လုပ်ဆောင်နိုင်ပါတယ်။
ဒုတိယတုံ့ပြန်မှုကတော့ အမေရိကန်ရဲ့ပြိုင်ဘက် တွေဖြစ်တဲ့ ရုရှားနဲ့တရုတ်တို့ကို ကျူးဘားမြေပေါ်မှာ ခြေကုပ်ပိုပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဒါဟာ ကျူး ဘားရဲ့ အကြီးမားဆုံးတုံ့ပြန်မှုလို့တောင်ပြောလို့ရပြီး အမေရိကန်နဲ့နီးကပ်တဲ့ ကျူးဘားမြေပေါ်မှာ တရုတ် ကို ထောက်လှမ်းရေးစခန်းတွေ ပိုတိုးချဲ့ခွင့်ပေးတာ မျိုး ဒါမှမဟုတ် ရုရှားစစ်သင်္ဘောတွေနဲ့ နျူကလီးယား ရေငုပ်သင်္ဘောတွေကို ကျူးဘားဆိပ်ကမ်းတွေမှာ ဆိုက်ကပ်ခွင့်ပေးပြီး အမေရိကန်ကို သွယ်ဝိုက်ခြိမ်း ခြောက်တာမျိုးတွေ လုပ်လာနိုင်ပါတယ်။ နောက်ထပ် အမေရိကန်အကြောက်ဆုံးတုံ့ပြန်မှုတစ်ခုကတော့ ရွှေ့ပြောင်းအခြေချမှုလက်နက်ပါပဲ။ ပြည်တွင်းအခြေ အနေတွေ အရမ်းဆိုးလာရင် ကျူးဘားအစိုးရက နယ်စပ်လုံခြုံရေးကိုလျှော့ချလိုက်ပြီး လူ ထောင် သောင်းချီကို အမေရိကန်ဘက်ဆီ အလုံးအရင်းနဲ့ထွက် ခွာခွင့်ပေးလိုက်နိုင်တာကြောင့် ဒါဟာ အမေရိကန် ပြည်တွင်းလုံခြုံရေးနဲ့ နိုင်ငံရေးအတွက် အကြီးအ ကျယ် ခေါင်းခဲစရာဖြစ်လာစေမှာပါ။
ကျူးဘားရဲ့တုံ့ပြန်မှုဟာ ရန်လိုတိုက်ခိုက်တာ ထက် ရှင်သန်နိုင်အောင်ကြိုးစားတာနဲ့ အမေရိကန် အတွက် ခေါင်းခဲစရာပြဿနာတွေ ဖန်တီးပေးတာမျိုး ပဲ ဖြစ်ဖို့များပါတယ်။ ဒါကြောင့်လည်း သမ္မတ ဒီယက်စ်-ကာနယ်က ထိပ်တိုက်တွေ့တာထက် ဆွေး နွေးပွဲလမ်းကြောင်းကိုပဲ ရွေးချယ်နေရတာဖြစ်ပါ တယ်။
မကြာသေးမီကပင် အမေရိကန်သမ္မတ ဒေါ် နယ်ထရမ့်က ကျူးဘားနိုင်ငံနဲ့ မကြာခင်မှာ သဘော တူညီချက်တစ်ခုရရှိနိုင်တာ ဒါမှမဟုတ် တခြားလို အပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်သွား နိုင်တယ်လို့ မတ်လ (၁၅)ရက်မှာ ပြောကြားလိုက် ပါတယ်။ ဒါဟာ နှစ်ပေါင်းများစွာတင်းမာနေခဲ့တဲ့ နှစ် နိုင်ငံဆက်ဆံရေးမှာ ထူးခြားတဲ့ပြောင်းလဲမှုတွေ အ ရှိန်အဟုန်နဲ့ဖြစ်ပေါ်လာနိုင်တယ်ဆိုတဲ့ အရိပ်အ ယောင်ပဲဖြစ်ပါတယ်။ ထရမ့်က Air Force One သမ္မတလေယာဉ်ပေါ်မှာ သတင်းထောက်တွေကိုပြော ကြားရာမှာ " ကျူးဘားကလည်း သဘောတူညီ ချက် တစ်ခု ရချင်နေတာပါ၊ ဒါကြောင့် ကျွန်တော်တို့ မကြာ ခင်မှာပဲ သဘောတူညီချက်တစ်ခုရယူနိုင်မယ် ဒါမှမ ဟုတ် လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်သွားမှာပါ" လို့ဆိုပါတယ်။ ဒါ့ပြင် သူက " ကျွန်တော်တို့ ကျူးဘားနဲ့ စကားပြောနေပါတယ်၊ ဒါပေမဲ့ ကျူးဘားထက် အီရန် ကိစ္စကို အရင်လုပ်သွားမှာပါ " လို့လည်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
တစ်ဖက်မှာလည်း ကျူးဘားသမ္မတ ဒီယက်စ်-ကာနယ်က ကျူးဘားအနေနဲ့ ဆယ်စုနှစ်များစွာအ တွင်း အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရချိန်မှာ အမေရိကန်နဲ့ ဆွေးနွေးမှုတွေ စတင်နေပြီဖြစ်ကြောင်း မတ်လ(၁၃)ရက်က အတည် ပြုပြောကြားခဲ့ပါတယ်။ ဒီယက်စ်-ကာနယ်က နိုင်ငံ ပိုင်ရုပ်သံကနေတစ်ဆင့် " ဒီဆွေးနွေးမှုတွေဟာ နှစ် နိုင်ငံကြားမှာရှိနေတဲ့ကွဲလွဲချက်တွေကို တွေ့ဆုံဆွေး နွေးတဲ့နည်းလမ်းနဲ့ ဖြေရှင်းဖို့ရည်ရွယ်တာပါ" လို့ ပြောဆိုခဲ့သလို ဒီညှိနှိုင်းမှုတွေကနေတစ်ဆင့် နှစ် ရှည်လများ ရန်ဘက်ဖြစ်ခဲ့ကြတဲ့နှစ်နိုင်ငံကို "ထိပ် တိုက်တွေ့မှုတွေကနေ ဝေးရာသို့"ခေါ်ဆောင်သွား နိုင်ဖို့မျှော်လင့်တယ်လို့လည်းဆိုပါတယ်။ သမ္မတ နှစ်ဦးစလုံးက ဆွေးနွေးမှုတွေရှိနေတယ်လို့ ဝန်ခံ ထားကြတာဟာ စစ်ပွဲထက်စာရင် သဘောတူညီ ချက်တစ်ခုဆီကို ဦးတည်နေတဲ့ လက္ခဏာဖြစ်ပါတယ်။ ဒါပေမဲ့ ထရမ့်ရဲ့ " Friendly Takeover " ဆိုတဲ့ စကားလုံးက ကျူးဘားအစိုးရအတွက်တော့ အတော် လေး အဓိပ္ပာယ်ဖွင့်ရခက်စေပါတယ်။ အမေရိကန် ဘက်ကတောင်းဆိုမယ့် သဘောတူညီချက် (Deal) ထဲမှာ ကွန်မြူနစ်စနစ်ကိုဖြိုချဖို့ ဒါမှမဟုတ် ဒီမိုက ရေစီပြုပြင်ပြောင်းလဲမှုတွေအထိပါ အကျပ်ကိုင်လာ နိုင်ပြီး ကျူးဘားအစိုးရက ဒါကို လက်မခံရင်တော့ စစ်ရေးအရ ဖိအားပေးတဲ့လမ်းကြောင်းကို ရောက် သွားနိုင်ပါတယ်။ ဒါ့ပြင် လူဦးရေ (၂) သန်းနီးပါး (၄) နှစ်အတွင်းထွက်ခွာသွားတာနဲ့ လောင်စာဆီ တစ် စက်မှမဝင်တော့တဲ့အခြေအနေဟာ ကျူးဘားအစိုးရ ကို ပြည်တွင်းကနေ ပြန်လည်အာခံလာမယ့် လူထု လှုပ်ရှားမှုတွေဆီ ဦးတည်စေပါတယ်။ အမေရိကန်က စစ်တိုက်စရာမလိုဘဲ စီးပွားရေးအရ လုံးဝ ပိတ်ဆို့ လိုက်ရုံနဲ့တင် ကျူးဘားအစိုးရဟာ အတွင်းကနေ ပြို ကျလာနိုင်တဲ့အနေအထားမှာ ရှိနေပါတယ်။
အနှစ်ချုပ်သုံးသပ်ရရင် ကျူးဘားရဲ့အနာဂတ် ဟာ " အတင်းအကြပ်အလျှော့ပေးရတဲ့ သဘောတူ ညီချက် " ဆီကိုဦးတည်နေပါတယ်။ ထရမ့်ဟာ စစ် ရေးထက်စာရင် ကျူးဘားကို စီးပွားရေးအရ အကျပ် ကိုင်ပြီး သူလိုချင်တဲ့ နိုင်ငံရေးပုံစံသစ်တစ်ခုဖြစ် လာအောင် ပုံဖော်ဖို့ကြိုးစားပါလိမ့်မယ်။ ဒါပေမဲ့ ကျူး ဘားဘက်က အလျှော့မပေးဘူးဆိုရင်တော့ ဗင်နီဇွဲ လားမှာ မာဒူရိုကိုဖမ်းဆီးခဲ့တဲ့ပုံစံမျိုး ကျူးဘားမှာ လည်း ထပ်မံမြင်တွေ့ရနိုင်ပါတယ်။

Zawgyi Version;
ဗင္နီဇြဲလားနဲ႔ အီရန္အၿပီး ထရမ့္ရဲ႕ ေနာက္ထပ္ပစ္မွတ္ျဖစ္လာႏိုင္တဲ့ က်ဴးဘား
တင္ဇာ (NP News) - မတ္လ ၂၇
ကြန္ျမဴနစ္က်ဴးဘားႏိုင္ငံဟာ အေမရိကန္ျပည္ ေထာင္စုအတြက္ ဆယ္စုႏွစ္မ်ားစြာၾကာေအာင္ ႏိုင္ငံ ျခားေရးမူဝါဒဆိုင္ရာစိန္ေခၚမႈႀကီးတစ္ခု ျဖစ္ေနခဲ့ပါ တယ္။ ႏွစ္ႏိုင္ငံဆက္ဆံေရးဟာ (၁၉၅၉)ခုႏွစ္မွာ က်ဴးဘားေခါင္းေဆာင္ ဖီဒယ္ကတ္စထ႐ိုက အေမရိ ကန္ေက်ာေထာက္ေနာက္ခံျပဳအစိုးရကိုျဖဳတ္ခ်ၿပီး ဆို ဗီယက္ယူနီယံနဲ႔ မဟာမိတ္ျပဳတဲ့ ဆိုရွယ္လစ္ႏိုင္ငံကို တည္ေထာင္ခဲ့ခ်ိန္ကစလို႔ ယုံၾကည္မႈကင္းမဲ့ျခင္း၊ ရန္ လိုျခင္းေတြနဲ႔ျပည့္ႏွက္ေနခဲ့တာပါ။ ေနာက္ပိုင္း ရာစု ႏွစ္ဝက္ေက်ာ္ကာလအတြင္းမွာလည္း အေမရိကန္ အစိုးရအဆက္ဆက္ဟာ က်ဴးဘားကို စီးပြားေရးနဲ႔ သံတမန္ေရးအရ အထီးက်န္ျဖစ္ေအာင္ လုပ္ေဆာင္ ခဲ့ၿပီး တျခားဘယ္ႏိုင္ငံကိုမွမလုပ္ဖူးတဲ့ အခ်ိန္အၾကာ ဆုံး စီးပြားေရးပိတ္ဆို႔မႈေတြကိုက်င့္သုံးခဲ့ပါတယ္။
ဒီလိုကိုင္တြယ္ပုံဟာ သမၼတ အိုဘားမားလက္ ထက္မွာေတာ့ ေခတၱေျပာင္းလဲသြားခဲ့ပါတယ္။ အို ဘားမားဟာ က်ဴးဘားသမၼတ ရာအူးလ္ကတ္စထ႐ိုနဲ႔ ေတြ႕ဆုံတာ၊ သံတမန္ေရးအရ အျပည့္အဝ ျပန္လည္ ခ်ိတ္ဆက္တာေတြအျပင္ ခရီးသြားလာခြင့္နဲ႔ ကုန္ သြယ္ေရးေတြကိုတိုးခ်ဲ႕ၿပီး ႏွစ္ႏိုင္ငံဆက္ဆံေရး ပုံမွန္ ျပန္ျဖစ္လာေအာင္ အရင္ကမရွိဖူးတဲ့ေျခလွမ္းသစ္ေတြ ကိုလွမ္းခဲ့ပါတယ္။ ဒါေပမဲ့ သမၼတထရမ့္ရဲ႕ ပထမ သက္တမ္းမွာေတာ့ ပိတ္ဆို႔မႈအသစ္ေတြထပ္တိုးတာ နဲ႔ က်ဴးဘားကို အၾကမ္းဖက္မႈအားေပးတဲ့ ႏိုင္ငံအျဖစ္ ျပန္လည္သတ္မွတ္တာေတြလုပ္ၿပီး အိုဘားမားရဲ႕ လမ္းစဥ္ကို ေျပာင္းျပန္လွန္ပစ္ခဲ့ပါတယ္။ အဲဒီေနာက္ ပိုင္း က်ဴးဘားမွာ ဆႏၵျပပြဲေတြ အႀကီးအက်ယ္ျဖစ္ ပြားၿပီး အစိုးရကႏွိမ္နင္းခဲ့တာေၾကာင့္ သမၼတ ဂ်ိဳးဘိုင္ ဒန္လက္ထက္မွာ ကန႔္သတ္ခ်က္တခ်ိဳ႕ကို ျပန္လည္ ေလွ်ာ့ေပါ့ေပးခဲ့ပါေသးတယ္။
အခု ေဒၚနယ္ထရမ့္ရဲ႕ ဒုတိယေျမာက္သက္တမ္း မွာေတာ့ ပိုမိုျပင္းထန္တဲ့ ေျပာဆိုေဝဖန္မႈေတြ၊ အခြန္ တိုးျမႇင့္တာေတြနဲ႔ ၿခိမ္းေျခာက္မႈအသစ္ေတြ ထပ္ရွိ လာတာေၾကာင့္ ႏွစ္ႏိုင္ငံဆက္ဆံေရးဟာ တစ္ခါျပန္ ၿပီး ဆိုး႐ြားသြားခဲ့ပါၿပီ။ ပိုၿပီးတင္းၾကပ္လာတဲ့ စီးပြား ေရးပိတ္ဆို႔မႈေတြေၾကာင့္ မူလကတည္းက ခက္ခဲေန တဲ့ ဒီမူဝါဒေရးရာစိန္ေခၚမႈဟာ ပိုၿပီးေတာ့ရႈပ္ေထြးတဲ့ အေနအထားကို ေရာက္ရွိလာခဲ့ပါတယ္။ အဲဒီေနာက္ အီရန္အေပၚ အေမရိကန္-အစၥေရး ပူးေပါင္းစစ္ပြဲကို စတင္ဆင္ႏႊဲခ်ိန္မွာေတာ့ သမၼတေဒၚနယ္ထရမ့္က သူရဲ႕ေနာက္ထပ္ပစ္မွတ္ဟာ က်ဴးဘားျဖစ္တယ္လို႔ အတိအလင္းေျပာၾကားလိုက္ပါတယ္။ ဒီလိုေျပာဆို လိုက္တာဟာ က်ဴးဘားကြၽန္းေပၚမွာေနထိုင္ၾကတဲ့ သန္းေပါင္းမ်ားစြာေသာျပည္သူေတြအတြက္ သူတို႔ရဲ႕ အနာဂတ္မွာ ဘာေတြဆက္ျဖစ္လာမလဲဆိုတဲ့ စိုးရိမ္ ထိတ္လန႔္မႈေတြကို ျမင့္တက္လာေစခဲ့ပါတယ္။
ဇန္နဝါရီလတုန္းက က်ဴးဘားရဲ႕မဟာမိတ္ျဖစ္ တဲ့ ဗင္နီဇြဲလားသမၼတ နီကိုးလပ္စ္မာဒူ႐ိုကို အေမရိ ကန္စစ္တပ္က ေအာင္ျမင္စြာ ဖမ္းဆီးေခၚေဆာင္ သြားၿပီးတဲ့ေနာက္မွာေတာ့ သမၼတထရမ့္ဟာ ဒီ ကာ ေရဘီယံကြၽန္းႏိုင္ငံေလးကို ေရနံတင္သြင္းခြင့္ပိတ္ဆို႔ တဲ့ အုပ္ခ်ဳပ္ေရးအမိန႔္ကို လက္မွတ္ေရးထိုးခဲ့ပါတယ္။ က်ဴးဘားသမၼတ ဒီယက္စ္ကာနယ္ကလည္း ၿပီးခဲ့တဲ့ သုံးလအတြင္းမွာ ႏိုင္ငံထဲကို ေလာင္စာဆီ တစ္စက္မွ မဝင္ေရာက္ေတာ့ဘူးဆိုတာကို မၾကာေသးမီကပင္ အတည္ျပဳေျပာၾကားခဲ့ပါတယ္။
ဇန္နဝါရီလ (၃)ရက္မွာ အေမရိကန္က ဗင္နီဇြဲ လားကိုတိုက္ခိုက္ခဲ့ၿပီးေနာက္ သမၼတထရမ့္ဟာ ဗင္နီ ဇြဲလားကေန က်ဴးဘားကို ေရနံနဲ႔ရန္ပုံေငြ လႊဲေျပာင္း ေပးေနတာေတြကိုရပ္တန႔္ဖို႔ အမိန႔္ေပးခဲ့ပါတယ္။ ဇန္ နဝါရီ(၂၉)ရက္ေန႔မွာေတာ့ ထရမ့္က အရွိန္ထပ္ျမႇင့္ လိုက္ၿပီး က်ဴးဘားအေနနဲ႔ တျခားႏိုင္ငံေတြဆီကေန ေလာင္စာဆီတင္သြင္းႏိုင္စြမ္းကို ထိေရာက္စြာ ျဖတ္ ေတာက္လိုက္တဲ့ အုပ္ခ်ဳပ္မႈအမိန႔္တစ္ခုကို ထုတ္ျပန္ ခဲ့ပါတယ္။ အဲဒီအမိန႔္ထဲမွာ က်ဴးဘားကို တိုက္႐ိုက္ ျဖစ္ေစ၊ သြယ္ဝိုက္ၿပီးျဖစ္ေစ ေရနံေထာက္ပံ့တဲ့ ဘယ္ ႏိုင္ငံကိုမဆို စီးပြားေရးအရ အျပစ္ေပး အေရးယူမယ္ လို႔ ၿခိမ္းေျခာက္ထားပါတယ္။
က်ဴးဘားရဲ႕ လွ်ပ္စစ္ဓာတ္အားေပးစနစ္ဟာ ေလာင္စာဆီအေပၚမွာပဲ အဓိကအမွီျပဳေနရတာ ျဖစ္ သလို ကားေတြနဲ႔ မီးစက္ေတြလိုမ်ိဳး ေန႔စဥ္သုံးပစၥည္း ေတြကလည္း ေလာင္စာဆီမရွိရင္မရပါဘူး။ ယခုလ အေစာပိုင္းက ေျပာၾကားခ်က္ေတြမွာေတာ့ ထရမ့္က အေမရိကန္ရဲ႕ အီရန္စစ္ပြဲ ၿပီးဆုံးသြားရင္ က်ဴးဘား ဟာ " ေနာက္ထပ္ပစ္မွတ္" ျဖစ္လာမယ္လို႔ ေျပာခဲ့ပါ တယ္။ မတ္လ (၇)ရက္က သူရဲ႕ Mar-a-Lago အပန္းေျဖစခန္းမွာ လက္တင္အေမရိကေခါင္းေဆာင္ ေတြနဲ႔ေတြ႕ဆုံစဥ္မွာလည္း " က်ဴးဘားဟာ ေနာက္ဆုံး အေျခအေနကိုေရာက္ေနပါၿပီ " လို႔ ထရမ့္က ေျပာ ၾကားခဲ့ပါတယ္။ ဒါ့ျပင္ " ကြၽန္ေတာ္တို႔ ဗင္နီဇြဲလားမွာ သမိုင္းဝင္တဲ့အေျပာင္းအလဲႀကီးကို ေဖာ္ေဆာင္ႏိုင္ခဲ့ သလိုပဲ၊ မၾကာခင္မွာ က်ဴးဘားဆီေရာက္လာေတာ့ မယ့္အေျပာင္းအလဲႀကီးကိုလည္း ေမွ်ာ္လင့္ေနပါ တယ္" လို႔ သူက ထည့္သြင္းေျပာဆိုခဲ့ပါတယ္။
အီရန္ကိုမတိုက္ခိုက္ခင္ကတည္းက ထရမ့္က က်ဴးဘားကြၽန္းကို " ခ်စ္ၾကည္ရင္းႏွီးစြာ သိမ္းပိုက္ ျခင္း " (friendly takeover) မ်ိဳးလုပ္ခ်င္တယ္လို႔ အေသးစိတ္အခ်က္အလက္မေဖာ္ျပဘဲ ေျပာဆိုခဲ့ဖူး ပါတယ္။ အဲဒီေျပာဆိုခ်က္ေတြနဲ႔အတူ အီရန္နဲ႔ ဗင္နီ ဇြဲလားတို႔အေပၚ အေမရိကန္ရဲ႕တိုက္ခိုက္မႈေတြ ေၾကာင့္ က်ဴးဘားျပည္သူေတြရဲ႕ စိုးရိမ္ပူပန္မႈေတြ တိုးပြားေစခဲ့ပါတယ္။ ဒီလိုအေျခအေနေတြေၾကာင့္ က်ဴးဘားဟာ ဗင္နီဇြဲလားလို အစိုးရေျပာင္းလဲခံရမ လား ဒါမွမဟုတ္ အီရန္လို အင္အားသုံးေခ်မႈန္းခံရမ လားဆိုၿပီး ခန႔္မွန္းခ်က္ေတြ ထြက္ေပၚလာခဲ့ပါတယ္။
လက္ရွိမွာ က်ဴးဘားဟာ ဗင္နီဇြဲလားနဲ႔အီရန္ ေမာ္ဒယ္ႏွစ္ခုစလုံးေပါင္းစပ္ထားတဲ့ အေမရိကန္ရဲ႕ " ပစ္မွတ္သစ္ " ျဖစ္လာေနေပမယ့္ သူရဲ႕အေျခအေန က တျခားႏိုင္ငံေတြထက္ ပိုၿပီးထူးျခားသလို အက်ပ္ ႐ိုက္စရာလည္း ပိုေကာင္းေနပါတယ္။ အေမရိကန္ဟာ က်ဴးဘားကို ဗင္နီဇြဲလားမွာအသုံးျပဳခဲ့တဲ့ " အစိုးရ ျဖဳတ္ခ်ေရး " နည္းလမ္းအတိုင္း ပစ္မွတ္ထားေနတာ ျဖစ္ၿပီး မာဒူ႐ိုကိုဖမ္းဆီးႏိုင္ခဲ့သလို က်ဴးဘားမွာလည္း အေျပာင္းအလဲႀကီးတစ္ခုျဖစ္လာေတာ့မယ္လို႔ ထရမ့္ ကၿခိမ္းေျခာက္ထားပါတယ္။ အထူးသျဖင့္ ဗင္နီဇြဲလား ရဲ႕ ေရနံေထာက္ပံ့မႈကို ျဖတ္ေတာက္လိုက္တာဟာ က်ဴးဘားအစိုးရကို ဒူးေထာက္သြားေအာင္လုပ္တဲ့ နည္းဗ်ဴဟာျဖစ္ၿပီး ထရမ့္ေျပာေနတဲ့ " ခ်စ္ၾကည္ရင္း ႏွီးစြာသိမ္းပိုက္ျခင္း " ဆိုတာကလည္း စစ္ေရးအရ ဝင္ ေရာက္စြက္ဖက္ၿပီး အစိုးရကိုဖယ္ရွားပစ္မယ့္ အႏၲရာယ္ရွိေနပါတယ္။
တစ္ဖက္မွာလည္း က်ဴးဘားဟာ အီရန္ထက္ ေတာင္ ပိုၿပီးဆိုး႐ြားတဲ့ စီးပြားေရးပိတ္ဆို႔မႈဒဏ္ကို ခံေနရပါတယ္။ အီရန္ေခါင္းေဆာင္ အလီခါေမနီကို သုတ္သင္ခဲ့သလိုမ်ိဳး အေမရိကန္ရဲ႕ ျပတ္သားတဲ့အ ေရးယူမႈေတြေၾကာင့္ က်ဴးဘားအစိုးရဟာ အားနည္း လာခဲ့ပါတယ္။ ေလာင္စာဆီတင္သြင္းခြင့္ကို လုံးဝ ပိတ္ပင္ထားတဲ့ "အျပင္းထန္ဆုံးဖိအားေပးျခင္း"မူဝါ ဒေတြအျပင္ ပိုၿပီးခက္ခဲေစတဲ့အခ်က္ကေတာ့ အဓိ ကေက်ာေထာက္ေနာက္ခံျဖစ္တဲ့ ဗင္နီဇြဲလားဆီက ေရနံနဲ႔ ရန္ပုံေငြအရင္းအျမစ္ေတြ ဆုံးရႈံးသြားတာပဲျဖစ္ ပါတယ္။
ဒါ့ျပင္ က်ဴးဘားဟာ အီရန္လိုမ်ိဳး စစ္ေရးအရ တုံ႔ျပန္ႏိုင္စြမ္းမရွိဘဲ အေမရိကန္ရဲ႕အနီးအနားမွာ တင္ အထီးက်န္စြာပိတ္မိေနပါတယ္။ ၿပီးခဲ့တဲ့ (၄) ႏွစ္အတြင္းမွာ လူဦးေရ (၁၀)သန္းကေန (၈) သန္း ေအာက္ကိုေလ်ာ့က်သြားတာဟာလည္း က်ဴးဘားသ မိုင္းမွာ အဆိုး႐ြားဆုံး လူသားခ်င္းစာနာမႈဆိုင္ရာအ က်ပ္အတည္း ျဖစ္လာခဲ့ပါတယ္။ ဒီလိုအေျခအေန ေတြေၾကာင့္ က်ဴးဘားဟာ အေမရိကန္အတြက္ " ဗင္နီဇြဲလား ၂ " ျဖစ္လာဖို႔ အလားအလာအလြန္မ်ားေန ၿပီး အီရန္စစ္ပြဲၿပီးဆုံးတာနဲ႔တစ္ၿပိဳင္နက္ ထရမ့္ရဲ႕ ေနာက္ဆုံးပန္းတိုင္အျဖစ္ စစ္ေရးအရျဖစ္ေစ၊ အျပင္း ထန္ဆုံး စီးပြားေရးက်ဴးေက်ာ္မႈဒဏ္ကိုျဖစ္ေစ ခံရ မယ့္အေျခအေနမွာရွိေနပါတယ္။
က်ဴးဘားအစိုးရဟာ အေမရိကန္ရဲ႕ အျပင္းထန္ ဆုံးဖိအားေတြကို တိုက္႐ိုက္တုံ႔ျပန္ႏိုင္စြမ္းနည္းပါးေပ မယ့္ က်ဴးဘားအစိုးရသုံးႏိုင္ေျခရွိတဲ့ တုံ႔ျပန္မႈပုံစံတ ခ်ိဳ႕ေတာ့ရွိေနပါတယ္။ ပထမတစ္ခုကေတာ့ သံတ မန္ေရးနဲ႔ဝါဒျဖန႔္ခ်ိေရးျဖစ္ၿပီး ကုလသမဂၢလိုေနရာမ်ိဳး မွာ အေမရိကန္ရဲ႕ပိတ္ဆို႔မႈကို လူသားခ်င္းစာနာမႈကင္း မဲ့တဲ့လုပ္ရပ္အျဖစ္ပုံေဖာ္ကာ ႏိုင္ငံတကာရဲ႕ ေထာက္ခံမႈရေအာင္ ႀကိဳးစားတာပဲျဖစ္ပါတယ္။ အထူးသျဖင့္ အခုလို ေလာင္စာဆီျပတ္လပ္ၿပီး ေဆး ႐ုံ၊ ေက်ာင္းေတြပိတ္ထားရတဲ့အေျခအေနကိုသုံးၿပီး အေမရိကန္အေပၚ ႏိုင္ငံတကာဖိအားေတြ ျပန္တက္ လာေအာင္ လုပ္ေဆာင္ႏိုင္ပါတယ္။
ဒုတိယတုံ႔ျပန္မႈကေတာ့ အေမရိကန္ရဲ႕ၿပိဳင္ဘက္ ေတြျဖစ္တဲ့ ႐ုရွားနဲ႔တ႐ုတ္တို႔ကို က်ဴးဘားေျမေပၚမွာ ေျခကုပ္ပိုေပးလိုက္တာပဲ ျဖစ္ပါတယ္။ ဒါဟာ က်ဴး ဘားရဲ႕ အႀကီးမားဆုံးတုံ႔ျပန္မႈလို႔ေတာင္ေျပာလို႔ရၿပီး အေမရိကန္နဲ႔နီးကပ္တဲ့ က်ဴးဘားေျမေပၚမွာ တ႐ုတ္ ကို ေထာက္လွမ္းေရးစခန္းေတြ ပိုတိုးခ်ဲ႕ခြင့္ေပးတာ မ်ိဳး ဒါမွမဟုတ္ ႐ုရွားစစ္သေဘၤာေတြနဲ႔ န်ဴကလီးယား ေရငုပ္သေဘၤာေတြကို က်ဴးဘားဆိပ္ကမ္းေတြမွာ ဆိုက္ကပ္ခြင့္ေပးၿပီး အေမရိကန္ကို သြယ္ဝိုက္ၿခိမ္း ေျခာက္တာမ်ိဳးေတြ လုပ္လာႏိုင္ပါတယ္။ ေနာက္ထပ္ အေမရိကန္အေၾကာက္ဆုံးတုံ႔ျပန္မႈတစ္ခုကေတာ့ ေ႐ႊ႕ေျပာင္းအေျခခ်မႈလက္နက္ပါပဲ။ ျပည္တြင္းအေျခ အေနေတြ အရမ္းဆိုးလာရင္ က်ဴးဘားအစိုးရက နယ္စပ္လုံၿခဳံေရးကိုေလွ်ာ့ခ်လိုက္ၿပီး လူ ေထာင္ ေသာင္းခ်ီကို အေမရိကန္ဘက္ဆီ အလုံးအရင္းနဲ႔ထြက္ ခြာခြင့္ေပးလိုက္ႏိုင္တာေၾကာင့္ ဒါဟာ အေမရိကန္ ျပည္တြင္းလုံၿခဳံေရးနဲ႔ ႏိုင္ငံေရးအတြက္ အႀကီးအ က်ယ္ ေခါင္းခဲစရာျဖစ္လာေစမွာပါ။
က်ဴးဘားရဲ႕တုံ႔ျပန္မႈဟာ ရန္လိုတိုက္ခိုက္တာ ထက္ ရွင္သန္ႏိုင္ေအာင္ႀကိဳးစားတာနဲ႔ အေမရိကန္ အတြက္ ေခါင္းခဲစရာျပႆနာေတြ ဖန္တီးေပးတာမ်ိဳး ပဲ ျဖစ္ဖို႔မ်ားပါတယ္။ ဒါေၾကာင့္လည္း သမၼတ ဒီယက္စ္-ကာနယ္က ထိပ္တိုက္ေတြ႕တာထက္ ေဆြး ေႏြးပြဲလမ္းေၾကာင္းကိုပဲ ေ႐ြးခ်ယ္ေနရတာျဖစ္ပါ တယ္။
မၾကာေသးမီကပင္ အေမရိကန္သမၼတ ေဒၚ နယ္ထရမ့္က က်ဴးဘားႏိုင္ငံနဲ႔ မၾကာခင္မွာ သေဘာ တူညီခ်က္တစ္ခုရရွိႏိုင္တာ ဒါမွမဟုတ္ တျခားလို အပ္တဲ့ အေရးယူေဆာင္႐ြက္မႈေတြ လုပ္ေဆာင္သြား ႏိုင္တယ္လို႔ မတ္လ (၁၅)ရက္မွာ ေျပာၾကားလိုက္ ပါတယ္။ ဒါဟာ ႏွစ္ေပါင္းမ်ားစြာတင္းမာေနခဲ့တဲ့ ႏွစ္ ႏိုင္ငံဆက္ဆံေရးမွာ ထူးျခားတဲ့ေျပာင္းလဲမႈေတြ အ ရွိန္အဟုန္နဲ႔ျဖစ္ေပၚလာႏိုင္တယ္ဆိုတဲ့ အရိပ္အ ေယာင္ပဲျဖစ္ပါတယ္။ ထရမ့္က Air Force One သမၼတေလယာဥ္ေပၚမွာ သတင္းေထာက္ေတြကိုေျပာ ၾကားရာမွာ " က်ဴးဘားကလည္း သေဘာတူညီ ခ်က္ တစ္ခု ရခ်င္ေနတာပါ၊ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ မၾကာ ခင္မွာပဲ သေဘာတူညီခ်က္တစ္ခုရယူႏိုင္မယ္ ဒါမွမ ဟုတ္ လုပ္သင့္လုပ္ထိုက္တာေတြကို လုပ္သြားမွာပါ" လို႔ဆိုပါတယ္။ ဒါ့ျပင္ သူက " ကြၽန္ေတာ္တို႔ က်ဴးဘားနဲ႔ စကားေျပာေနပါတယ္၊ ဒါေပမဲ့ က်ဴးဘားထက္ အီရန္ ကိစၥကို အရင္လုပ္သြားမွာပါ " လို႔လည္း ထည့္သြင္း ေျပာဆိုခဲ့ပါတယ္။
တစ္ဖက္မွာလည္း က်ဴးဘားသမၼတ ဒီယက္စ္-ကာနယ္က က်ဴးဘားအေနနဲ႔ ဆယ္စုႏွစ္မ်ားစြာအ တြင္း အဆိုး႐ြားဆုံး စီးပြားေရးအက်ပ္အတည္းနဲ႔ ရင္ဆိုင္ေနရခ်ိန္မွာ အေမရိကန္နဲ႔ ေဆြးေႏြးမႈေတြ စတင္ေနၿပီျဖစ္ေၾကာင္း မတ္လ(၁၃)ရက္က အတည္ ျပဳေျပာၾကားခဲ့ပါတယ္။ ဒီယက္စ္-ကာနယ္က ႏိုင္ငံ ပိုင္႐ုပ္သံကေနတစ္ဆင့္ " ဒီေဆြးေႏြးမႈေတြဟာ ႏွစ္ ႏိုင္ငံၾကားမွာရွိေနတဲ့ကြဲလြဲခ်က္ေတြကို ေတြ႕ဆုံေဆြး ေႏြးတဲ့နည္းလမ္းနဲ႔ ေျဖရွင္းဖို႔ရည္႐ြယ္တာပါ" လို႔ ေျပာဆိုခဲ့သလို ဒီညႇိႏႈိင္းမႈေတြကေနတစ္ဆင့္ ႏွစ္ ရွည္လမ်ား ရန္ဘက္ျဖစ္ခဲ့ၾကတဲ့ႏွစ္ႏိုင္ငံကို "ထိပ္ တိုက္ေတြ႕မႈေတြကေန ေဝးရာသို႔"ေခၚေဆာင္သြား ႏိုင္ဖို႔ေမွ်ာ္လင့္တယ္လို႔လည္းဆိုပါတယ္။ သမၼတ ႏွစ္ဦးစလုံးက ေဆြးေႏြးမႈေတြရွိေနတယ္လို႔ ဝန္ခံ ထားၾကတာဟာ စစ္ပြဲထက္စာရင္ သေဘာတူညီ ခ်က္တစ္ခုဆီကို ဦးတည္ေနတဲ့ လကၡဏာျဖစ္ပါတယ္။ ဒါေပမဲ့ ထရမ့္ရဲ႕ " Friendly Takeover " ဆိုတဲ့ စကားလုံးက က်ဴးဘားအစိုးရအတြက္ေတာ့ အေတာ္ ေလး အဓိပၸာယ္ဖြင့္ရခက္ေစပါတယ္။ အေမရိကန္ ဘက္ကေတာင္းဆိုမယ့္ သေဘာတူညီခ်က္ (Deal) ထဲမွာ ကြန္ျမဴနစ္စနစ္ကိုၿဖိဳခ်ဖို႔ ဒါမွမဟုတ္ ဒီမိုက ေရစီျပဳျပင္ေျပာင္းလဲမႈေတြအထိပါ အက်ပ္ကိုင္လာ ႏိုင္ၿပီး က်ဴးဘားအစိုးရက ဒါကို လက္မခံရင္ေတာ့ စစ္ေရးအရ ဖိအားေပးတဲ့လမ္းေၾကာင္းကို ေရာက္ သြားႏိုင္ပါတယ္။ ဒါ့ျပင္ လူဦးေရ (၂) သန္းနီးပါး (၄) ႏွစ္အတြင္းထြက္ခြာသြားတာနဲ႔ ေလာင္စာဆီ တစ္ စက္မွမဝင္ေတာ့တဲ့အေျခအေနဟာ က်ဴးဘားအစိုးရ ကို ျပည္တြင္းကေန ျပန္လည္အာခံလာမယ့္ လူထု လႈပ္ရွားမႈေတြဆီ ဦးတည္ေစပါတယ္။ အေမရိကန္က စစ္တိုက္စရာမလိုဘဲ စီးပြားေရးအရ လုံးဝ ပိတ္ဆို႔ လိုက္႐ုံနဲ႔တင္ က်ဴးဘားအစိုးရဟာ အတြင္းကေန ၿပိဳ က်လာႏိုင္တဲ့အေနအထားမွာ ရွိေနပါတယ္။
အႏွစ္ခ်ဳပ္သုံးသပ္ရရင္ က်ဴးဘားရဲ႕အနာဂတ္ ဟာ " အတင္းအၾကပ္အေလွ်ာ့ေပးရတဲ့ သေဘာတူ ညီခ်က္ " ဆီကိုဦးတည္ေနပါတယ္။ ထရမ့္ဟာ စစ္ ေရးထက္စာရင္ က်ဴးဘားကို စီးပြားေရးအရ အက်ပ္ ကိုင္ၿပီး သူလိုခ်င္တဲ့ ႏိုင္ငံေရးပုံစံသစ္တစ္ခုျဖစ္ လာေအာင္ ပုံေဖာ္ဖို႔ႀကိဳးစားပါလိမ့္မယ္။ ဒါေပမဲ့ က်ဴး ဘားဘက္က အေလွ်ာ့မေပးဘူးဆိုရင္ေတာ့ ဗင္နီဇြဲ လားမွာ မာဒူ႐ိုကိုဖမ္းဆီးခဲ့တဲ့ပုံစံမ်ိဳး က်ဴးဘားမွာ လည္း ထပ္မံျမင္ေတြ႕ရႏိုင္ပါတယ္။

Related news

© 2021. All rights reserved.