အဆိုးမြင် ဝါဒီများ လှုံ့ဆော်နေသကဲ့သို့ တပ်မတော်က နိုင်ငံရေးကို ဦးဆောင်နေခြင်း မဟုတ်ကြောင်း ဗိုလ်ချုပ်မှူးကြီး ပြော

 448

သုတကျော် (NP News) - မတ် ၂၇
အဆိုးမြင် ဝါဒီများ လှုံ့ဆော်နေသကဲ့သို့ တပ်မတော်က နိုင်ငံရေးကို ဦးဆောင်နေခြင်း မဟုတ်ကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေး ကော်တီ ဥက္ကဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။
မတ်လ ၂၇ ရက်တွင် ကျရောက်သော ၈၁ ကြိမ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် မိန့်ခွန်း ပြောကြားစဉ် အထက်ပါ အတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် တပ်မတော် ၏ အခန်းကဏ္ဍကို ထည့်သွင်းဖော်ပြခြင်း နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အား ကာကွယ်စောင့်ရှောက်ရန် တပ်မတော်ကို တာဝန်ပေးထားခြင်းတို့သည် အတိတ်တွင် ကြုံတွေ့ခဲ့ရသော အားနည်းချက်များကို သင်ခန်းစာ ဖော်ထုတ်ပြီး မဖြစ်မနေလိုအပ်၍ ထည့်သွင်းပြန်ဌာန်းထားခြင်း ဖြစ်ကြောင်း ပြောကြားသည်။
နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍ တွင် တပ်မတော်က ပါဝင်ဆောင်ရွက်နိုင်ရေးကို အစဉ်တစိုက် ဦးတည်သည် ဆိုသည့် အချက်အား ထည့်သွင်းပြဌာန်းထားမှာလည်း အဆိုးမြင် ဝါဒီများ လှုံ့ဆော်နေသကဲ့သို့ တပ်မတော်က နိုင်ငံရေးကို ဦးဆောင်နေခြင်း မဟုတ်ပဲ နိုင်ငံ့အရေးအတွက် အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍ မှာ တို့နိုင်ငံရဲ့ လိုအပ်ချက်အရ တပ်မတော် အနေနဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ထို့အပြင်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး နှင့် ပတ်သက်၍လည်း “ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်ဖြည့်စွက်ရန် အတွက် သဘောတူညီချက် ၄၃ ချက်ကို လက်မှတ်ရေးထိုး အတည်ပြုနိုင်ခဲ့တဲ့ အပြင် ယခင်အစိုးရများ လက်ထက် ငြိမ်းချမ်းရေး ညီလာခံ ရလာဒ်တွေက စုစည်းထားတဲ့ ပြည်ထောင်စု သဘောတူညီချက်များကို ပြည်ထောင်စု လွှတ်တော်မှာ စုစည်း တင်ပြပြီး ပြင်ဆင်နိုင်ရေး ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြားလိုတယ်” ဟု ဗိုလ်ချုပ်မှူးကြီးက ပြောသည်။

Zawgyi Version;
အဆိုးျမင္ ဝါဒီမ်ား လႈံ႕ေဆာ္ေနသကဲ့သို႔ တပ္မေတာ္က ႏိုင္ငံေရးကို ဦးေဆာင္ေနျခင္း မဟုတ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး ေျပာ
သုတေက်ာ္ (NP News) - မတ္ ၂၇
အဆိုးျမင္ ဝါဒီမ်ား လႈံ႕ေဆာ္ေနသကဲ့သို႔ တပ္မေတာ္က ႏိုင္ငံေရးကို ဦးေဆာင္ေနျခင္း မဟုတ္ေၾကာင္း ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရး ႏွင့္ ေအးခ်မ္းသာယာေရး ေကာ္တီ ဥကၠဌ၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က မိန႔္ခြန္းတြင္ ထည့္သြင္း ေျပာၾကားသည္။
မတ္လ ၂၇ ရက္တြင္ က်ေရာက္ေသာ ၈၁ ႀကိမ္ေျမာက္ တပ္မေတာ္ေန႔ အခမ္းအနားတြင္ မိန႔္ခြန္း ေျပာၾကားစဥ္ အထက္ပါ အတိုင္း ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။
ဖြဲ႕စည္းပုံ အေျခခံဥပေဒ တြင္ တပ္မေတာ္ ၏ အခန္းက႑ကို ထည့္သြင္းေဖာ္ျပျခင္း ႏွင့္ ဖြဲ႕စည္းပုံ အေျခခံဥပေဒ အား ကာကြယ္ေစာင့္ေရွာက္ရန္ တပ္မေတာ္ကို တာဝန္ေပးထားျခင္းတို႔သည္ အတိတ္တြင္ ႀကဳံေတြ႕ခဲ့ရေသာ အားနည္းခ်က္မ်ားကို သင္ခန္းစာ ေဖာ္ထုတ္ၿပီး မျဖစ္မေနလိုအပ္၍ ထည့္သြင္းျပန္ဌာန္းထားျခင္း ျဖစ္ေၾကာင္း ေျပာၾကားသည္။
ႏိုင္ငံေတာ္၏ အမ်ိဳးသားႏိုင္ငံေရး ဦးေဆာင္မႈ အခန္းက႑ တြင္ တပ္မေတာ္က ပါဝင္ေဆာင္႐ြက္ႏိုင္ေရးကို အစဥ္တစိုက္ ဦးတည္သည္ ဆိုသည့္ အခ်က္အား ထည့္သြင္းျပဌာန္းထားမွာလည္း အဆိုးျမင္ ဝါဒီမ်ား လႈံ႕ေဆာ္ေနသကဲ့သို႔ တပ္မေတာ္က ႏိုင္ငံေရးကို ဦးေဆာင္ေနျခင္း မဟုတ္ပဲ ႏိုင္ငံ့အေရးအတြက္ အမ်ိဳးသား ႏိုင္ငံေရး ဦးေဆာင္မႈ အခန္းက႑ မွာ တို႔ႏိုင္ငံရဲ႕ လိုအပ္ခ်က္အရ တပ္မေတာ္ အေနနဲ႔ ပူးေပါင္းပါဝင္ ေဆာင္႐ြက္ျခင္း ျဖစ္ေၾကာင္း ေျပာၾကားသည္။
ထို႔အျပင္ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရး ႏွင့္ ပတ္သက္၍လည္း “ဖြဲ႕စည္းပုံ အေျခခံဥပေဒ ကို ျပင္ဆင္ျဖည့္စြက္ရန္ အတြက္ သေဘာတူညီခ်က္ ၄၃ ခ်က္ကို လက္မွတ္ေရးထိုး အတည္ျပဳႏိုင္ခဲ့တဲ့ အျပင္ ယခင္အစိုးရမ်ား လက္ထက္ ၿငိမ္းခ်မ္းေရး ညီလာခံ ရလာဒ္ေတြက စုစည္းထားတဲ့ ျပည္ေထာင္စု သေဘာတူညီခ်က္မ်ားကို ျပည္ေထာင္စု လႊတ္ေတာ္မွာ စုစည္း တင္ျပၿပီး ျပင္ဆင္ႏိုင္ေရး ေဆာင္႐ြက္သြားမွာ ျဖစ္ေၾကာင္း ေျပာၾကားလိုတယ္” ဟု ဗိုလ္ခ်ဳပ္မႉးႀကီးက ေျပာသည္။

Related news

© 2021. All rights reserved.