နာမည်ကျော် ဟာသ သရုပ်ဆောင် စတီဖင်ကိုးလ်ဘတ် က Lord of the Rings ရဲ့ Middle earth ကို ဇာတ်ညွှန်း ရေးဆရာအဖြစ် ဝင်ရောက်မည်

 227

ရောင်နီ (NP News) - မတ် ၂၈

Late Night Show လောကမှာ ဆယ်စုနှစ်ပေါင်းများစွာ နာမည်ကျော်ကြားခဲ့တဲ့ ဟာသသရုပ်ဆောင်နဲ့ ရုပ်သံတင်ဆက်သူ စတီဖင်ကိုးလ်ဘတ် ဟာ သူ့ရဲ့ဘဝသက်တမ်းတစ်လျှောက် အနှစ်သက်ဆုံးဖြစ်တဲ့ Lord of the Rings ကမ္ဘာထဲကို ဇာတ်ညွှန်းရေးဆရာအဖြစ် တရားဝင်ခြေလှမ်းစတင်လိုက်ပြီလို့ သိရပါတယ်။
မတ်လ ၂၅ ရက်က Warner Bros မှတစ်ဆင့် ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုကြေညာချက်အရ ကိုးလ်ဘတ်ဟာ မူရင်းဒါရိုက်တာ ပီတာဂျက်ဆန် နဲ့ ပူးပေါင်းကာ J.R.R. Tolkien ရဲ့ဂန္ထဝင်ဝတ္ထုတွေကို အခြေခံတဲ့ရုပ်ရှင်အသစ် တစ်ကား ဖန်တီးနေတယ်လို့ အတည်ပြုခဲ့ပါတယ်။ ကိုးလ်ဘတ် ရေးသားမယ့်ရုပ်ရှင်ဟာ ယခင် ဇာတ်လမ်းမှာ ချန်လှပ်ထားခဲ့တဲ့ The Fellowship of the Ring စာအုပ်ရဲ့အစောပိုင်းအခန်း (၆) ခန်းကို အဓိကထား ပုံဖော်မယ်လို့ သိရပါတယ်။ CBS ရုပ်သံလိုင်းက ကိုးလ်ဘတ်ရဲ့ The Late Show အစီအစဉ်ကို ၂၀၂၆ ခုနှစ်မှာ ရပ်နားမယ်လို့ ကြေညာထားတာကြောင့် သူဟာ အဲဒီအားလပ်ချိန်တွေကို ဒီပရောဂျက်အတွက် အသုံးပြုသွားမယ်လို့ သိရပါတယ်။
ကိုးလ်ဘတ် ဟာ ဇာတ်ညွှန်းအတွက် လွန်ခဲ့တဲ့ နှစ်နှစ်ခန့်ကတည်းက စတင်ပြင်ဆင်ခဲ့ပြီးဖြစ်ပြီး ဒါရိုက်တာ ပီတာဂျက်ဆန်နဲ့လည်း အနီးကပ် တိုင်ပင်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ Lord of the Rings ဟာ၂၀၂၇ ခုနှစ်မှာ ထွက်ရှိမယ့် The Hunt For Gollum အပါအဝင် spin-off များ စွာ ထွက်ရှိဖို့ ရှိနေပေမယ့် ကိုးလ်ဘတ်ရဲ့ပရောဂျက်ကတော့ မူရင်းစာအုပ်ပရိသတ်တွေအတွက် အထူးခြားဆုံး လက်ဆောင်တစ်ခုဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ ယူဆရပါတယ်။

Zawgyi Version;
နာမည္ေက်ာ္ ဟာသ သ႐ုပ္ေဆာင္ စတီဖင္ကိုးလ္ဘတ္ က Lord of the Rings ရဲ႕ Middle earth ကို ဇာတ္ၫႊန္း ေရးဆရာအျဖစ္ ဝင္ေရာက္မည္
ေရာင္နီ (NP News) - မတ္ ၂၈
Late Night Show ေလာကမွာ ဆယ္စုႏွစ္ေပါင္းမ်ားစြာ နာမည္ေက်ာ္ၾကားခဲ့တဲ့ ဟာသသ႐ုပ္ေဆာင္နဲ႔ ႐ုပ္သံတင္ဆက္သူ စတီဖင္ကိုးလ္ဘတ္ ဟာ သူ႔ရဲ႕ဘဝသက္တမ္းတစ္ေလွ်ာက္ အႏွစ္သက္ဆုံးျဖစ္တဲ့ Lord of the Rings ကမာၻထဲကို ဇာတ္ၫႊန္းေရးဆရာအျဖစ္ တရားဝင္ေျခလွမ္းစတင္လိုက္ၿပီလို႔ သိရပါတယ္။
မတ္လ ၂၅ ရက္က Warner Bros မွတစ္ဆင့္ ထုတ္ျပန္ခဲ့တဲ့ ဗီဒီယိုေၾကညာခ်က္အရ ကိုးလ္ဘတ္ဟာ မူရင္းဒါ႐ိုက္တာ ပီတာဂ်က္ဆန္ နဲ႔ ပူးေပါင္းကာ J.R.R. Tolkien ရဲ႕ဂႏၴဝင္ဝတၳဳေတြကို အေျခခံတဲ့႐ုပ္ရွင္အသစ္ တစ္ကား ဖန္တီးေနတယ္လို႔ အတည္ျပဳခဲ့ပါတယ္။ ကိုးလ္ဘတ္ ေရးသားမယ့္႐ုပ္ရွင္ဟာ ယခင္ ဇာတ္လမ္းမွာ ခ်န္လွပ္ထားခဲ့တဲ့ The Fellowship of the Ring စာအုပ္ရဲ႕အေစာပိုင္းအခန္း (၆) ခန္းကို အဓိကထား ပုံေဖာ္မယ္လို႔ သိရပါတယ္။ CBS ႐ုပ္သံလိုင္းက ကိုးလ္ဘတ္ရဲ႕ The Late Show အစီအစဥ္ကို ၂၀၂၆ ခုႏွစ္မွာ ရပ္နားမယ္လို႔ ေၾကညာထားတာေၾကာင့္ သူဟာ အဲဒီအားလပ္ခ်ိန္ေတြကို ဒီပေရာဂ်က္အတြက္ အသုံးျပဳသြားမယ္လို႔ သိရပါတယ္။
ကိုးလ္ဘတ္ ဟာ ဇာတ္ၫႊန္းအတြက္ လြန္ခဲ့တဲ့ ႏွစ္ႏွစ္ခန႔္ကတည္းက စတင္ျပင္ဆင္ခဲ့ၿပီးျဖစ္ၿပီး ဒါ႐ိုက္တာ ပီတာဂ်က္ဆန္နဲ႔လည္း အနီးကပ္ တိုင္ပင္ခဲ့တယ္လို႔ သိရပါတယ္။
လက္ရွိ Lord of the Rings ဟာ၂၀၂၇ ခုႏွစ္မွာ ထြက္ရွိမယ့္ The Hunt For Gollum အပါအဝင္ spin-off မ်ား စြာ ထြက္ရွိဖို႔ ရွိေနေပမယ့္ ကိုးလ္ဘတ္ရဲ႕ပေရာဂ်က္ကေတာ့ မူရင္းစာအုပ္ပရိသတ္ေတြအတြက္ အထူးျခားဆုံး လက္ေဆာင္တစ္ခုျဖစ္လာႏိုင္ဖြယ္ရွိတယ္လို႔ ယူဆရပါတယ္။

Related news

© 2021. All rights reserved.