မြန်မာ့ယဉ်ကျေးမှုနှင့်ဖီလာဆန့်ကျင်သော ပြုမူပြောဆိုများ မပြုလုပ်ရန် မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို) အသိပေး

403

စော(NP News)- မတ် ၁၈
မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို)မှ ဟာသပညာကိုတန်ဖိုးထားတတ်စေရန် အဓိက ရည်ရွယ်၍ နယ်ပယ်အသီးသီးမှ ဟာသပညာဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသော အနုပညာရှင်များနှင့် ဝါသနာရှင်များအနေဖြင့် ဟာသရုပ်ရှင်၊ ဗီဒီယို၊ အငြိမ့်၊ ဟာသဇာတ်လမ်းတိုနှင့် Online မီဒီယာများပေါ် တွင် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်သော အပြုအမူအပြောအဆိုများ မပြုလုပ်ရန် ယနေ့ (မတ်လ ၁၈ရက်)က အသိပေးထုတ်ပြန်ထားသည်။
ထို့ပြင် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်သော အပြုအမှုအပြောအဆိုများ ပြုလုပ်သည်ကိုတွေ့ရှိခဲ့ပါက မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို)သို့ သတင်းပို့တိုင်ကြားနိုင်ကြောင်းနှင့် အစည်း အရုံးအနေဖြင့် တိုင်ကြားမှုများအား သက်ဆိုင်ရာမှထုတ်ပြန်ထားသောတည်ဆဲဥပဒေများ၊ ညွှန်ကြားချက်များ နှင့်အညီ ညှိနှိုင်းအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
ထိုသို့ပြုလုပ်သည်ကိုတွေ့ရှိပါက ဖုန်းနံပါတ် 09 798194283 ၊ 09 662104250 တို့ကိုဆက် သွယ်တိုင်ကြားနိုင်သည့်အပြင် ရန်ကုန်မြို့ ၊ မြောက်ဒဂုံမြို့နယ်၊ (၄၈)ရပ်ကွက်၊ အောင်ဆန်းသူရိယလှသောင်းလမ်း၊ လူရွှင်တော်ရွာ သို့ သတင်းပေးပို့နိုင်ကြောင်း သိရသည်။

Zawgyi Version:
ျမန္မာ့ယဥ္ေက်းမႈႏွင့္ဖီလာဆန႔္က်င္ေသာ ျပဳမူေျပာဆိုမ်ား မျပဳလုပ္ရန္ ျမန္မာႏိုင္ငံဟာသပညာရွင္မ်ားအစည္းအ႐ုံး(ဗဟို) အသိေပး
ေစာ(NP News)- မတ္ ၁၈
ျမန္မာႏိုင္ငံဟာသပညာရွင္မ်ားအစည္းအ႐ုံး(ဗဟို)မွ ဟာသပညာကိုတန္ဖိုးထားတတ္ေစရန္ အဓိက ရည္႐ြယ္၍ နယ္ပယ္အသီးသီးမွ ဟာသပညာျဖင့္ အသက္ေမြးဝမ္းေက်ာင္း ျပဳေနေသာ အႏုပညာရွင္မ်ားႏွင့္ ဝါသနာရွင္မ်ားအေနျဖင့္ ဟာသ႐ုပ္ရွင္၊ ဗီဒီယို၊ အၿငိမ့္၊ ဟာသဇာတ္လမ္းတိုႏွင့္ Online မီဒီယာမ်ားေပၚ တြင္ ျမန္မာ့ယဥ္ေက်းမႈႏွင့္ ဖီလာဆန႔္က်င္ေသာ အျပဳအမူအေျပာအဆိုမ်ား မျပဳလုပ္ရန္ ယေန႔ (မတ္လ ၁၈ရက္)က အသိေပးထုတ္ျပန္ထားသည္။
ထို႔ျပင္ ျမန္မာ့ယဥ္ေက်းမႈႏွင့္ ဖီလာဆန႔္က်င္ေသာ အျပဳအမႈအေျပာအဆိုမ်ား ျပဳလုပ္သည္ကိုေတြ႕ရွိခဲ့ပါက ျမန္မာႏိုင္ငံဟာသပညာရွင္မ်ားအစည္းအ႐ုံး(ဗဟို)သို႔ သတင္းပို႔တိုင္ၾကားႏိုင္ေၾကာင္းႏွင့္ အစည္း အ႐ုံးအေနျဖင့္ တိုင္ၾကားမႈမ်ားအား သက္ဆိုင္ရာမွထုတ္ျပန္ထားေသာတည္ဆဲဥပေဒမ်ား၊ ၫႊန္ၾကားခ်က္မ်ား ႏွင့္အညီ ညႇိႏႈိင္းအေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း အသိေပးထုတ္ျပန္ထားသည္။
ထိုသို႔ျပဳလုပ္သည္ကိုေတြ႕ရွိပါက ဖုန္းနံပါတ္ 09 798194283 ၊ 09 662104250 တို႔ကိုဆက္ သြယ္တိုင္ၾကားႏိုင္သည့္အျပင္ ရန္ကုန္ၿမိဳ႕ ၊ ေျမာက္ဒဂုံၿမိဳ႕နယ္၊ (၄၈)ရပ္ကြက္၊ ေအာင္ဆန္းသူရိယလွေသာင္းလမ္း၊ လူ႐ႊင္ေတာ္႐ြာ သို႔ သတင္းေပးပို႔ႏိုင္ေၾကာင္း သိရသည္။