အီရန်နိုင်ငံအပေါ်ပြုလုပ်သည့် စစ်ရေးရည်မှန်းချက်များအားလုံးနီးပါး အောင်မြင်ပြီဖြစ်ဟု အမေရိကန်ဒုတိယသမ္မတ ပြော

243

ဂျန်ဇက် (NP News) - မတ် ၂၉
အမေရိကန်ဦးဆောင်သော အီရန်စစ်ဆင်ရေးသည် နောက်ဆုံးအဆင့်သို့ရောက်ရှိနေပြီဖြစ်ပြီး၊ ချမှတ်ထားသော စစ်ရေးရည်မှန်းချက် “အများစု” သို့မဟုတ် “အားလုံး” အောင်မြင်ပြီးစီးသွားပြီဖြစ်ကြောင်း အမေရိကန်ဒုတိယသမ္မတဂျေဒီဗန်စ့်က ထုတ်ဖော်ပြောကြားလိုက်သည်။ အမေရိကန်ဒုတိယသမ္မတသည် အင်တာဗျူးတစ်ခုတွင်ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။
အမေရိကန်ဒုတိယသမ္မတ က အီရန်အပေါ် ချမှတ်ထားသော အဓိကစစ်ရေးပန်းတိုင်များကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ အမေရိကန်သည် အီရန်ရှိ စစ်ရေးရည်မှန်းချက် အများစုကို ရရှိပြီးဖြစ်သလို၊ အားလုံးအောင်မြင်သွားပြီဟု ပြောဆိုနိုင်သည့်အခြေအနေဖြစ်ကြောင်း ထပ်မံပြောဆိုသည်။
ဒုတိယသမ္မတ ဂျေဒီဗန်စ့်က အမေရိကန်အနေဖြင့် အီရန်တွင် ရေရှည်တပ်စွဲထားရန် အစီအစဉ်မရှိကြောင်း ပြောသည်။ အမေရိကန်ဒုတိယသမ္မတက “ကျွန်တော်တို့ အလုပ်ကိစ္စတွေကို ပြတ်အောင်ရှင်းနေတာပါ။
မကြာခင် အဲဒီကနေ ထွက်လာတော့မှာပါ” ဟု ပြောသည်။
အီရန်နိုင်ငံအပေါ် ပြုလုပ်သည့် စစ်ပွဲကြောင့် ကမ္ဘာတစ်ဝန်းနှင့် အမေရိကန်ပြည်တွင်း၌ မြင့်တက်နေသော စက်သုံးဆီဈေးနှုန်းများမြင့်တက်နေပြီး စစ်ဆင်ရေးများ ပြီးဆုံးသွားသည်နှင့်အမျှ ယာယီမြင့်တက်နေသည့် လောင်စာဆီဈေးနှုန်းများ ပြန်လည်ကျဆင်းလာလိမ့်မည်ဟု အမေရိကန်ဒုတိယသမ္မတက ပြောသည်။
အမေရိကန်သည် အီရန်နိုင်ငံကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလကုန်ပိုင်းတွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ အီရန်၏ နျူကလီးယားအဆောက်အအုံများနှင့် စစ်ရေးဗဟိုချက်များကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အီရန်၏ ရေတပ်ခြိမ်းခြောက်မှုများမှာလည်း သိသိသာသာလျော့ပါးသွားပြီဖြစ်ကြောင်း အမေရိကန်စစ်ဘက်၏ ထုတ်ပြန်ချက်များအရ သိရသည်။
အမေရိကန်သည် လက်ရှိအချိန်တွင် မရိန်းတပ်ဖွဲ့များ စေလွှတ်ရန်ပြင်ဆင်နေပြီး အီရန်နိုင်ငံကလည်း ဒရုန်းများ နှင့် ဒုံးကျည်များ အသုံးပြုကာတုံ့ပြန်နေဆဲဖြစ်ကြောင်း သိရသည်။

Zawgyi Version;
အီရန္ႏိုင္ငံအေပၚျပဳလုပ္သည့္ စစ္ေရးရည္မွန္းခ်က္မ်ားအားလုံးနီးပါး ေအာင္ျမင္ၿပီျဖစ္ဟု အေမရိကန္ဒုတိယသမၼတ ေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၂၉
အေမရိကန္ဦးေဆာင္ေသာ အီရန္စစ္ဆင္ေရးသည္ ေနာက္ဆုံးအဆင့္သို႔ေရာက္ရွိေနၿပီျဖစ္ၿပီး၊ ခ်မွတ္ထားေသာ စစ္ေရးရည္မွန္းခ်က္ “အမ်ားစု” သို႔မဟုတ္ “အားလုံး” ေအာင္ျမင္ၿပီးစီးသြားၿပီျဖစ္ေၾကာင္း အေမရိကန္ဒုတိယသမၼတေဂ်ဒီဗန္စ့္က ထုတ္ေဖာ္ေျပာၾကားလိုက္သည္။ အေမရိကန္ဒုတိယသမၼတသည္ အင္တာဗ်ဴးတစ္ခုတြင္ယခုကဲ့သို႔ ထုတ္ေဖာ္ေျပာဆိုလိုက္ျခင္းျဖစ္သည္။
အေမရိကန္ဒုတိယသမၼတ က အီရန္အေပၚ ခ်မွတ္ထားေသာ အဓိကစစ္ေရးပန္းတိုင္မ်ားကို ေအာင္ျမင္စြာအေကာင္အထည္ေဖာ္ႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း၊ အေမရိကန္သည္ အီရန္ရွိ စစ္ေရးရည္မွန္းခ်က္ အမ်ားစုကို ရရွိၿပီးျဖစ္သလို၊ အားလုံးေအာင္ျမင္သြားၿပီဟု ေျပာဆိုႏိုင္သည့္အေျခအေနျဖစ္ေၾကာင္း ထပ္မံေျပာဆိုသည္။
ဒုတိယသမၼတ ေဂ်ဒီဗန္စ့္က အေမရိကန္အေနျဖင့္ အီရန္တြင္ ေရရွည္တပ္စြဲထားရန္ အစီအစဥ္မရွိေၾကာင္း ေျပာသည္။ အေမရိကန္ဒုတိယသမၼတက “ကြၽန္ေတာ္တို႔ အလုပ္ကိစၥေတြကို ျပတ္ေအာင္ရွင္းေနတာပါ။
မၾကာခင္ အဲဒီကေန ထြက္လာေတာ့မွာပါ” ဟု ေျပာသည္။
အီရန္ႏိုင္ငံအေပၚ ျပဳလုပ္သည့္ စစ္ပြဲေၾကာင့္ ကမာၻတစ္ဝန္းႏွင့္ အေမရိကန္ျပည္တြင္း၌ ျမင့္တက္ေနေသာ စက္သုံးဆီေဈးႏႈန္းမ်ားျမင့္တက္ေနၿပီး စစ္ဆင္ေရးမ်ား ၿပီးဆုံးသြားသည္ႏွင့္အမွ် ယာယီျမင့္တက္ေနသည့္ ေလာင္စာဆီေဈးႏႈန္းမ်ား ျပန္လည္က်ဆင္းလာလိမ့္မည္ဟု အေမရိကန္ဒုတိယသမၼတက ေျပာသည္။
အေမရိကန္သည္ အီရန္ႏိုင္ငံကို ၂၀၂၆ ခုႏွစ္၊ ေဖေဖာ္ဝါရီလကုန္ပိုင္းတြင္ စတင္တိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး၊ အီရန္၏ န်ဴကလီးယားအေဆာက္အအုံမ်ားႏွင့္ စစ္ေရးဗဟိုခ်က္မ်ားကို ပစ္မွတ္ထားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ အီရန္၏ ေရတပ္ၿခိမ္းေျခာက္မႈမ်ားမွာလည္း သိသိသာသာေလ်ာ့ပါးသြားၿပီျဖစ္ေၾကာင္း အေမရိကန္စစ္ဘက္၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။
အေမရိကန္သည္ လက္ရွိအခ်ိန္တြင္ မရိန္းတပ္ဖြဲ႕မ်ား ေစလႊတ္ရန္ျပင္ဆင္ေနၿပီး အီရန္ႏိုင္ငံကလည္း ဒ႐ုန္းမ်ား ႏွင့္ ဒုံးက်ည္မ်ား အသုံးျပဳကာတုံ႔ျပန္ေနဆဲျဖစ္ေၾကာင္း သိရသည္။