ထိုင်းတွင် AstraZeneca နှင့် Pfizer ကိုဗစ်ကာကွယ်ဆေးများကို ရောယှက်ထိုးနှံမည်

836

ရောင်နီ (NP News) - စက်တင်ဘာ ၄
ထိုင်းနိုင်ငံသည် နိုင်ငံအတွင်း Covid - 19 ကူးစက်မှုများကို တိုက်ဖျက်ရန်အတွက် လာမည့်လအတွင်း AstraZeneca နှင့် Pfizer ကိုဗစ်ကာကွယ်ဆေးများကို ရောယှက်ထိုးနှံရန် စီစဉ်နေကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၏အဆိုအရ သိရသည်။
ဝန်ကြီးဌာန၏ Covid-19 စစ်ဆင်ရေး စင်တာသည် AstraZeneca-Pfizer ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်ကို အတည်ပြုခဲ့ကြောင်း၊ ယခုလ နှောင်းပိုင်းတွင် Pfizer ကာကွယ် ဆေးများထိုးနှံပြီးနောက် နောက်လများတွင် AstraZeneca ကာ ကွယ်ဆေးများ ဖြန့်ချီထိုးနှံပေးရန် မျှော်မှန်းထားကြောင်း၊ အဆို ပါ ကာကွယ်ဆေး ရောယှက်ထိုးနှံမည့် ဆုံးဖြတ်ချက်သည် ကာ ကွယ်ဆေးဆိုင်ရာ ဆပ်ကော်မတီနှင့် ပြည်တွင်းပြည်ပ သုတေသ နတွေ့ရှိချက် အသစ်များမှ အကြံပြုချက်များအပေါ် အခြေခံခြင်းဖြစ်ကြောင်း ရောဂါထိန်းချုပ်ရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာ Sophon Iamsirithavorn က ပြောကြားခဲ့သည်။
Mix-and-match ကာကွယ်ဆေးထိုး အစီအစဉ်အသစ်အရ အ သက် (၁၈) နှစ်နှင့်အထက် အရွယ်များကို AstraZeneca ကာ ကွယ်ဆေး ပထမဆုံးအကြိမ် ထိုးစေမည်ဖြစ်ပြီး နောက် (၄)ပတ်မှ (၁၂) ပတ်အကြာတွင် ဒုတိယအကြိမ် ထိုးနှံမည့် ကာကွယ် ဆေးကို Pfizer ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိ ရောယှက်ထိုးနှံနေသည့် ကာကွယ်ဆေးထိုးနှံမှု ပုံစံသည် Sinovac ကာကွယ်ဆေးကို ပထမအကြိမ် ထိုးနှံပြီး AstraZeneca ကို (၃) ပတ်မှ (၄) ပတ်အကြာတွင် ဒုတိယအကြိမ် ထိုးနှံစေခြင်းဖြစ်ပြီး နောက်လမှစကာ Pfizer ကို AstraZeneca နှင့် ရောယှက်ထိုးနှံသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုလထဲတွင် Pfizer ကာကွယ်ဆေး (၁ဝ) သန်းခန့် ရရှိနိုင်မည်ဖြစ်ပြီး အောက်တိုဘာလတွင် လူထုကို ဖြန့်ဝေရန် စီစဉ်ထားကြောင်း၊ AstraZeneca-Pfizer အစီအစဉ်ကို လက်ရှိတွင်အကန့် အသတ်ဖြင့်သာ အသုံးပြုနေရကြောင်း၊ Sinovac ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီးသူများကိုလည်း AstraZeneca ကို booster shot အဖြစ် ထပ်မံထိုးနှံပေးသွားမည်ဖြစ်ကြောင်း ဒေါက်တာ Sophon က ပြောကြားခဲ့သည်။
#NPNews