ဂျပန်ရောက်မြန်မာလုပ်သားများကို တရားမဝင်ဖြစ်ရန် လှုံ့ဆော်နေသူများကို သံရုံးမှတစ်ဆင့် ထိန်းချုပ်အရေးယူရန် လိုအပ်

 453

Peral (NP News) - စက်တင်ဘာလ ၁ဝ
ဂျပန်ရောက်မြန်မာလုပ်သားများကို တရား မဝင်ဖြစ်ရန် လှုံ့ဆော်နေသူများကို သက်ဆိုင်ရာ သံ ရုံးမှတစ်ဆင့်ထိန်းချုပ်အရေးယူရန် လိုအပ်နေကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်း လုပ်ကိုင်နေသူများ၏ ပြောကြားချက်များအရ သိရသည်။
တရားဝင် အေဂျင်စီများမှတစ်ဆင့် ဂျပန် နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာ လုပ်သားများကို ဂျပန်နိုင်ငံတွင် ယခင်ကာလများက ပင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားအချို့က သွေးဆောင်ကာ သံရုံးများရှေ့ ဆန္ဒပြခိုင်းခြင်းအပါ အဝင် ဒုက္ခသည်အဖြစ်လျှောက်ထားခြင်း၊ ကိုဗစ်ကာ လအတွင်း မိခင်နိုင်ငံပြန်ရန် အခက်အခဲရှိသူများကို အခွင့်အရေးပေးသည့်ဗီဇာများသို့ ပြောင်းလဲ လျှောက်ထားစေခြင်းတို့ကို လုပ်ဆောင်လျက်ရှိ ကြောင်း သိရသည်။
“ကိုဗစ်ကာလမှာ သက်တမ်းကုန်သွားပြီး တော့မှ ပြန်ဖို့အခက်အခဲ ရှိတဲ့လူတွေဆိုရင် ဆက် နေဖို့အတွက် အခွင့်အရေးတစ်ခုပေးတာပေါ့နော်။ ဗီဇာတစ်မျိုးပေါ့။ အဲဒီဗီဇာက အလုပ်လုပ်ပိုင်ခွင့်ပေးတဲ့ ဗီဇာ။ အဲဒီတော့ သူတို့ကTraining Visa ဆို (၃) နှစ်မပြည့်ဘဲ တစ်နှစ်လောက်နဲ့ ပြဿနာဖြစ်တယ်ဆို ပြီး အဲဒီလိုဖန်တီးပြီး အဲဒီဗီဇာအမျိုးအစားကို ရ အောင်ယူကြတယ်။ ယူတဲ့အခါမှာလည်း မြန်မာပွဲစား တွေရှိတယ်။ အရင်ကတည်းက နိုင်ငံရေးသမားလိုလို ဘာလိုလိုပေါ့။ သင်္ဘောလိုက်ပြီး ခုန်ချခဲ့တဲ့ လူဟောင်း တွေရှိတယ်။ သူတို့တွေက ကလေးတွေကို အမျိုးမျိုး မက်လုံးပေးပြီးတော့ စည်းရုံးပြီး ပိုက်ဆံယူ လုပ်စား နေတဲ့လူရှိတယ်။ အဲဒီအဖွဲ့တွေကလည်း မြန်မာနိုင်ငံ သားလူငယ်တွေကို အယုံသွင်းပြီးတော့မှ တစ်ခုခု ဆိုရင် သံရုံးနားမှာ ဆန္ဒပြတယ်။ အဲဒါမျိုးတွေ ဖြစ် အောင် ဖန်တီးတယ်” ဟု ပြည်ပ အလုပ်အကိုင်ရှာ ဖွေရေးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက NP News သို့ ပြောသည်။
ထို့ပြင် ရခိုင်တိုင်းရင်းသားနှင့် မွန် တိုင်း ရင်းသားများအပါအဝင် အဖွဲ့အစည်းအချို့က တရားဝင်သွားရောက် အလုပ်လုပ်ကိုင်နေသည့် ၎င်းတို့လူမျိုးများကို စည်းရုံး၍ဂျပန်ပွဲစားများနှင့် ချိတ် ဆက်ကာ အလုပ်အကိုင်ရှာ ဖွေပေးမှုများရှိနေသည့် အတွက် တရားမဝင်လုပ်သားများလာကြောင်း သိရ သည်။ “ကျွန်တော်တို့ အေဂျင်စီတွေက ခံနေရ တာကြာပြီ။ (၂၀၁၄) လောက်ကတည်းက ဂျပန် ပို့တဲ့အခါမှာ တချို့ဆို လူမျိုးအလိုက် စည်းရုံးပြီး ကား တွေနဲ့လိုက်ပြီး ပတ်ခေါ်တယ်။ ပြီးရင် သူတို့က ဂျပန် မှာရှိတဲ့ပွဲစားတွေနဲ့ချိတ်ပြီး အလုပ်သွင်းပေးတယ်။ ပြီး တော့ လုပ်ခလစာထဲက ဖြတ်ယူတယ်။ တစ်နာရီကို (၁၂၀ဝ) ရရင် သူတို့က (၃၀ဝ) လောက် ဖြတ် ယူတယ်။ နောက်ပြီး ဒုက္ခသည်လျှောက်၊ ဘာ လျှောက်လည်း စာရွက်စာတမ်းကြေးတွေ ယူတယ်။ အဲဒီတော့ မသိတဲ့လူငယ်တွေက တဖြည်းဖြည်းနဲ့ တရားမဝင်ဖြစ်ကုန်တယ်” ဟု ၎င်းက ဆက်လက်ပြော သည်။
ထိုသို့ တရားမဝင်လုပ်သားများအပါအဝင် နိုင်ငံခြားသားများ ၎င်းတို့နိုင်ငံအတွင်း ပိုများလာသည့် အတွက် ပြီးခဲ့သည့် ရက်ပိုင်းက ဂျပန်နိုင်ငံသားများက ဆန္ဒထုတ်ဖော်ခဲ့ကြောင်းလည်း သိရသည်။ “နောက်ပိုင်းကျတော့ နိုင်ငံခြားသား‌တွေများလာတယ်ဆိုတာလည်း အဲဒီလိုမျိုးတရားမဝင် နိုင်ငံသား‌တွေ များ လာတော့ ပြဿနာတွေ များလာတယ်။ မြန်မာတွေဆို တော်တော်လေး အခုနောက်ပိုင်း နာမည်ပျက်လာတယ်။ ကလပ်မှာသွားပြီး လူသတ်မှုဖြစ်တယ်။ သောက်စားပြီး အချင်းချင်းလူသတ်မှုဖြစ်တယ်။ မုဒိမ်းမှုတွေဖြစ်တယ်။ အဲဒီလိုမျိုးပြဿနာတွေက များ လာတော့ မြန်မာနိုင်ငံသားမှ မဟုတ်ဘူး ဗီယက်နမ် နိုင်ငံသားတွေဆိုရင်လည်း ဥပဒေမဲ့လုပ်တဲ့ကိစ္စတွေ အများကြီးရှိတဲ့အတွက်ကြောင့်မို့ နိုင်ငံခြား သားတွေကို တင်းကြပ်ဖို့အတွက် ဆန္ဒပြတယ်ဆိုတာ တော့ ရွေးကောက်ပွဲပြီးမှ ဒါတွေပေါ်ပေါ်ထင်ထင် ဆန္ဒပြလာကြတာ။ ဒါကလည်း သူတို့ဆီက နိုင်ငံရေး အပြောင်းအလဲတစ်ခုပေါ့။ အမှန်ကတော့ အဲဒီထက် ပိုပြီးတော့ ပြင်းထန်တယ်။ လက်ရှိဂျပန်မှာ စောင့် ကြည့်နေတဲ့အဖွဲ့အစည်းတွေ။ တိုင်ဖို့လုပ်နေတဲ့လူ တွေရှိတယ်။ ဒါတွေက မြန်မာနိုင်ငံသားတွေကို ထိ ခိုက်နိုင်လားမေးရင် အများကြီးထိခိုက်နိုင်တယ်။ ဂျ ပန်မှာရှိနေတဲ့ မြန်မာနိုင်ငံသားက အလုပ်သမားပို့ထား တာ (၆)သောင်း၊ (၇)သောင်း လောက်ရှိတော့။ မြန် မာနိုင်ငံသားတွေလည်း ထိခိုက်မှာပဲ ဒါကတော့ သေ ချာတယ်။ မြန်မာနိုင်ငံသားဆို မခေါ်ချင်တော့ဘူး။ Training ဆိုရင် မခေါ်ချင်တော့ဘူးဆိုတာတွေ များ လာတာပေါ့နော်။ Training ကလည်း ပြေးတာများ တာကိုး။ ဒီ (၆)သောင်း၊ (၇)သောင်းက အလုပ်ကောင်းကောင်းမွန်မွန်လုပ်ရင် ပြဿနာမရှိဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။ လက်ရှိတွင် တရားမ ဝင် မြန်မာလုပ်သားများလာမှုနှင့်အတူ လူသတ်မှုဖြစ် စဉ်များလည်း ဖြစ်ပွားလာသည့်အတွက် မြန်မာလုပ် သားများ နာမည်ပျက်ကာ ဂျပန်လုပ်ငန်းရှင်အချို့အ နေဖြင့် မြန်မာ Training လုပ်သားခေါ်ယူရန် စိုးရိမ် မှုများရှိနေကြောင်းလည်း သိရသည်။
ထို့ကြောင့် ဂျပန်ရောက်မြန်မာလုပ်သား များကို တရားမဝင်ဖြစ်စေရန် သွေးဆောင်ဖြားယောင်း ၍ ဆောင်ရွက်နေသူများကိုလည်း သက်ဆိုင်ရာ ဝန် ကြီးဌာနများနှင့် ဂျပန်နိုင်ငံရှိ မြန်မာသံရုံးမှတစ်ဆင့် ထိရောက်သည့် အရေးယူမှုများ၊ ထိန်းချုပ်မှုများ ဆောင်ရွက်ပေးရန် လိုအပ်နေကြောင်းလည်း သိရ သည်။ “အဲဒီတော့ တရားမဝင်ဖြစ်အောင် လှုံ့ ဆော် နေတဲ့မြန်မာနိုင်ငံသားပွဲစား‌တွေကို တိုင်တန်း အရေး ယူဖို့လည်း လိုအပ်တာပေါ့နော်။ ဒါတွေက ဖေ့စ်ဘွတ် မှာကို ပေါ်တင်ကြော်ငြာပြီးတော့ လုပ်စားနေတာရှိ တော့ အထောက်အထားရှာရတာလည်း လွယ် ပါတယ်။ သူ့နိုင်ငံမှာ တိုင်မယ်ဆိုလည်း အဲဒီမှာ လူက ရှိမှ ဖြစ်မှာ။ ကျွန်တော်တို့က သူများနိုင်ငံကို သွားပြီး စွက်ဖက်တာမျိုးမဟုတ်ဘဲနဲ့ ကျွန်တော်တို့သံရုံးက တစ်ဆင့် ဒါတွေကို ထိန်းချုပ်ပေးဖို့ဆောင်ရွက်ပေးဖို့ လိုအပ်တယ်” ဟု ၎င်းက ပြောသည်။

Zawgyi Version:
ဂ်ပန္ေရာက္ျမန္မာလုပ္သားမ်ားကို တရားမဝင္ျဖစ္ရန္ လႈံ႕ေဆာ္ေနသူမ်ားကို သံ႐ုံးမွတစ္ဆင့္ ထိန္းခ်ဳပ္အေရးယူရန္ လိုအပ္
Peral (NP News) - စက္တင္ဘာလ ၁ဝ
ဂ်ပန္ေရာက္ျမန္မာလုပ္သားမ်ားကို တရား မဝင္ျဖစ္ရန္ လႈံ႕ေဆာ္ေနသူမ်ားကို သက္ဆိုင္ရာ သံ ႐ုံးမွတစ္ဆင့္ထိန္းခ်ဳပ္အေရးယူရန္ လိုအပ္ေနေၾကာင္း ျပည္ပအလုပ္အကိုင္ရွာေဖြေရးလုပ္ငန္း လုပ္ကိုင္ေနသူမ်ား၏ ေျပာၾကားခ်က္မ်ားအရ သိရသည္။
တရားဝင္ ေအဂ်င္စီမ်ားမွတစ္ဆင့္ ဂ်ပန္ ႏိုင္ငံသို႔ သြားေရာက္အလုပ္လုပ္ကိုင္ေနသည့္ ျမန္မာ လုပ္သားမ်ားကို ဂ်ပန္ႏိုင္ငံတြင္ ယခင္ကာလမ်ားက ပင္ေရာက္ရွိေနသည့္ ျမန္မာႏိုင္ငံသားအခ်ိဳ႕က ေသြးေဆာင္ကာ သံ႐ုံးမ်ားေရွ႕ ဆႏၵျပခိုင္းျခင္းအပါ အဝင္ ဒုကၡသည္အျဖစ္ေလွ်ာက္ထားျခင္း၊ ကိုဗစ္ကာ လအတြင္း မိခင္ႏိုင္ငံျပန္ရန္ အခက္အခဲရွိသူမ်ားကို အခြင့္အေရးေပးသည့္ဗီဇာမ်ားသို႔ ေျပာင္းလဲ ေလွ်ာက္ထားေစျခင္းတို႔ကို လုပ္ေဆာင္လ်က္ရွိ ေၾကာင္း သိရသည္။
“ကိုဗစ္ကာလမွာ သက္တမ္းကုန္သြားၿပီး ေတာ့မွ ျပန္ဖို႔အခက္အခဲ ရွိတဲ့လူေတြဆိုရင္ ဆက္ ေနဖို႔အတြက္ အခြင့္အေရးတစ္ခုေပးတာေပါ့ေနာ္။ ဗီဇာတစ္မ်ိဳးေပါ့။ အဲဒီဗီဇာက အလုပ္လုပ္ပိုင္ခြင့္ေပးတဲ့ ဗီဇာ။ အဲဒီေတာ့ သူတို႔ကTraining Visa ဆို (၃) ႏွစ္မျပည့္ဘဲ တစ္ႏွစ္ေလာက္နဲ႔ ျပႆနာျဖစ္တယ္ဆို ၿပီး အဲဒီလိုဖန္တီးၿပီး အဲဒီဗီဇာအမ်ိဳးအစားကို ရ ေအာင္ယူၾကတယ္။ ယူတဲ့အခါမွာလည္း ျမန္မာပြဲစား ေတြရွိတယ္။ အရင္ကတည္းက ႏိုင္ငံေရးသမားလိုလို ဘာလိုလိုေပါ့။ သေဘၤာလိုက္ၿပီး ခုန္ခ်ခဲ့တဲ့ လူေဟာင္း ေတြရွိတယ္။ သူတို႔ေတြက ကေလးေတြကို အမ်ိဳးမ်ိဳး မက္လုံးေပးၿပီးေတာ့ စည္း႐ုံးၿပီး ပိုက္ဆံယူ လုပ္စား ေနတဲ့လူရွိတယ္။ အဲဒီအဖြဲ႕ေတြကလည္း ျမန္မာႏိုင္ငံ သားလူငယ္ေတြကို အယုံသြင္းၿပီးေတာ့မွ တစ္ခုခု ဆိုရင္ သံ႐ုံးနားမွာ ဆႏၵျပတယ္။ အဲဒါမ်ိဳးေတြ ျဖစ္ ေအာင္ ဖန္တီးတယ္” ဟု ျပည္ပ အလုပ္အကိုင္ရွာ ေဖြေရးလုပ္ငန္းလုပ္ကိုင္သူတစ္ဦးက NP News သို႔ ေျပာသည္။
ထို႔ျပင္ ရခိုင္တိုင္းရင္းသားႏွင့္ မြန္ တိုင္း ရင္းသားမ်ားအပါအဝင္ အဖြဲ႕အစည္းအခ်ိဳ႕က တရားဝင္သြားေရာက္ အလုပ္လုပ္ကိုင္ေနသည့္ ၎တို႔လူမ်ိဳးမ်ားကို စည္း႐ုံး၍ဂ်ပန္ပြဲစားမ်ားႏွင့္ ခ်ိတ္ ဆက္ကာ အလုပ္အကိုင္ရွာ ေဖြေပးမႈမ်ားရွိေနသည့္ အတြက္ တရားမဝင္လုပ္သားမ်ားလာေၾကာင္း သိရ သည္။ “ကြၽန္ေတာ္တို႔ ေအဂ်င္စီေတြက ခံေနရ တာၾကာၿပီ။ (၂၀၁၄) ေလာက္ကတည္းက ဂ်ပန္ ပို႔တဲ့အခါမွာ တခ်ိဳ႕ဆို လူမ်ိဳးအလိုက္ စည္း႐ုံးၿပီး ကား ေတြနဲ႔လိုက္ၿပီး ပတ္ေခၚတယ္။ ၿပီးရင္ သူတို႔က ဂ်ပန္ မွာရွိတဲ့ပြဲစားေတြနဲ႔ခ်ိတ္ၿပီး အလုပ္သြင္းေပးတယ္။ ၿပီး ေတာ့ လုပ္ခလစာထဲက ျဖတ္ယူတယ္။ တစ္နာရီကို (၁၂၀ဝ) ရရင္ သူတို႔က (၃၀ဝ) ေလာက္ ျဖတ္ ယူတယ္။ ေနာက္ၿပီး ဒုကၡသည္ေလွ်ာက္၊ ဘာ ေလွ်ာက္လည္း စာ႐ြက္စာတမ္းေၾကးေတြ ယူတယ္။ အဲဒီေတာ့ မသိတဲ့လူငယ္ေတြက တျဖည္းျဖည္းနဲ႔ တရားမဝင္ျဖစ္ကုန္တယ္” ဟု ၎က ဆက္လက္ေျပာ သည္။
ထိုသို႔ တရားမဝင္လုပ္သားမ်ားအပါအဝင္ ႏိုင္ငံျခားသားမ်ား ၎တို႔ႏိုင္ငံအတြင္း ပိုမ်ားလာသည့္ အတြက္ ၿပီးခဲ့သည့္ ရက္ပိုင္းက ဂ်ပန္ႏိုင္ငံသားမ်ားက ဆႏၵထုတ္ေဖာ္ခဲ့ေၾကာင္းလည္း သိရသည္။ “ေနာက္ပိုင္းက်ေတာ့ ႏိုင္ငံျခားသား‌ေတြမ်ားလာတယ္ဆိုတာလည္း အဲဒီလိုမ်ိဳးတရားမဝင္ ႏိုင္ငံသား‌ေတြ မ်ား လာေတာ့ ျပႆနာေတြ မ်ားလာတယ္။ ျမန္မာေတြဆို ေတာ္ေတာ္ေလး အခုေနာက္ပိုင္း နာမည္ပ်က္လာတယ္။ ကလပ္မွာသြားၿပီး လူသတ္မႈျဖစ္တယ္။ ေသာက္စားၿပီး အခ်င္းခ်င္းလူသတ္မႈျဖစ္တယ္။ မုဒိမ္းမႈေတြျဖစ္တယ္။ အဲဒီလိုမ်ိဳးျပႆနာေတြက မ်ား လာေတာ့ ျမန္မာႏိုင္ငံသားမွ မဟုတ္ဘူး ဗီယက္နမ္ ႏိုင္ငံသားေတြဆိုရင္လည္း ဥပေဒမဲ့လုပ္တဲ့ကိစၥေတြ အမ်ားႀကီးရွိတဲ့အတြက္ေၾကာင့္မို႔ ႏိုင္ငံျခား သားေတြကို တင္းၾကပ္ဖို႔အတြက္ ဆႏၵျပတယ္ဆိုတာ ေတာ့ ေ႐ြးေကာက္ပြဲၿပီးမွ ဒါေတြေပၚေပၚထင္ထင္ ဆႏၵျပလာၾကတာ။ ဒါကလည္း သူတို႔ဆီက ႏိုင္ငံေရး အေျပာင္းအလဲတစ္ခုေပါ့။ အမွန္ကေတာ့ အဲဒီထက္ ပိုၿပီးေတာ့ ျပင္းထန္တယ္။ လက္ရွိဂ်ပန္မွာ ေစာင့္ ၾကည့္ေနတဲ့အဖြဲ႕အစည္းေတြ။ တိုင္ဖို႔လုပ္ေနတဲ့လူ ေတြရွိတယ္။ ဒါေတြက ျမန္မာႏိုင္ငံသားေတြကို ထိ ခိုက္ႏိုင္လားေမးရင္ အမ်ားႀကီးထိခိုက္ႏိုင္တယ္။ ဂ် ပန္မွာရွိေနတဲ့ ျမန္မာႏိုင္ငံသားက အလုပ္သမားပို႔ထား တာ (၆)ေသာင္း၊ (၇)ေသာင္း ေလာက္ရွိေတာ့။ ျမန္ မာႏိုင္ငံသားေတြလည္း ထိခိုက္မွာပဲ ဒါကေတာ့ ေသ ခ်ာတယ္။ ျမန္မာႏိုင္ငံသားဆို မေခၚခ်င္ေတာ့ဘူး။ Training ဆိုရင္ မေခၚခ်င္ေတာ့ဘူးဆိုတာေတြ မ်ား လာတာေပါ့ေနာ္။ Training ကလည္း ေျပးတာမ်ား တာကိုး။ ဒီ (၆)ေသာင္း၊ (၇)ေသာင္းက အလုပ္ေကာင္းေကာင္းမြန္မြန္လုပ္ရင္ ျပႆနာမရွိဘူး” ဟု ၎က ဆက္လက္ေျပာသည္။ လက္ရွိတြင္ တရားမ ဝင္ ျမန္မာလုပ္သားမ်ားလာမႈႏွင့္အတူ လူသတ္မႈျဖစ္ စဥ္မ်ားလည္း ျဖစ္ပြားလာသည့္အတြက္ ျမန္မာလုပ္ သားမ်ား နာမည္ပ်က္ကာ ဂ်ပန္လုပ္ငန္းရွင္အခ်ိဳ႕အ ေနျဖင့္ ျမန္မာ Training လုပ္သားေခၚယူရန္ စိုးရိမ္ မႈမ်ားရွိေနေၾကာင္းလည္း သိရသည္။
ထို႔ေၾကာင့္ ဂ်ပန္ေရာက္ျမန္မာလုပ္သား မ်ားကို တရားမဝင္ျဖစ္ေစရန္ ေသြးေဆာင္ျဖားေယာင္း ၍ ေဆာင္႐ြက္ေနသူမ်ားကိုလည္း သက္ဆိုင္ရာ ဝန္ ႀကီးဌာနမ်ားႏွင့္ ဂ်ပန္ႏိုင္ငံရွိ ျမန္မာသံ႐ုံးမွတစ္ဆင့္ ထိေရာက္သည့္ အေရးယူမႈမ်ား၊ ထိန္းခ်ဳပ္မႈမ်ား ေဆာင္႐ြက္ေပးရန္ လိုအပ္ေနေၾကာင္းလည္း သိရ သည္။ “အဲဒီေတာ့ တရားမဝင္ျဖစ္ေအာင္ လႈံ႕ ေဆာ္ ေနတဲ့ျမန္မာႏိုင္ငံသားပြဲစား‌ေတြကို တိုင္တန္း အေရး ယူဖို႔လည္း လိုအပ္တာေပါ့ေနာ္။ ဒါေတြက ေဖ့စ္ဘြတ္ မွာကို ေပၚတင္ေၾကာ္ျငာၿပီးေတာ့ လုပ္စားေနတာရွိ ေတာ့ အေထာက္အထားရွာရတာလည္း လြယ္ ပါတယ္။ သူ႔ႏိုင္ငံမွာ တိုင္မယ္ဆိုလည္း အဲဒီမွာ လူက ရွိမွ ျဖစ္မွာ။ ကြၽန္ေတာ္တို႔က သူမ်ားႏိုင္ငံကို သြားၿပီး စြက္ဖက္တာမ်ိဳးမဟုတ္ဘဲနဲ႔ ကြၽန္ေတာ္တို႔သံ႐ုံးက တစ္ဆင့္ ဒါေတြကို ထိန္းခ်ဳပ္ေပးဖို႔ေဆာင္႐ြက္ေပးဖို႔ လိုအပ္တယ္” ဟု ၎က ေျပာသည္။

Related news

© 2021. All rights reserved.