နိုင်ငံတကာအသိုက်အဝန်းကို ထပ်လောင်းတောင်းဆိုလိုက်သည့် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာန

1165

NP News - စက်တင်ဘာ ၂၄
တရားမဝင်အကြမ်းဖက်အဖွဲ့အစည်းများနှင့် ၎င်းတို့၏ကိုယ်စားလှယ်များနှင်ထိတွေ့ဆောင်ရွက်ခြင်း နှင့် အားပေးအားမြှောက်ပြုခြင်းမှရှောင်ကြဉ်ရန် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံတကာအသိုက်အဝန်းကို ထပ်လောင်းတောင်းဆိုကြောင်း စက်တင်ဘာလ (၂၃) ရက်က ထုတ်ပြန်လိုက်သည်။
စက်တင်ဘာလ (၂ဝ) ရက်က (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံပြင်ပ တွင်ကျင်းပခဲ့သည့် Annual Ministerial Meeting on the Responsibility to Protect အစည်းအဝေးကို Global Center for Responsibility to Protect (GCR2P) အဖွဲ့က ဦးဆောင်ပြုလုပ်ခဲ့ပြီး အဆိုပါအစည်းအဝေးကို ဦးကျော်မိုးထွန်းတက်ရောက်ခဲ့ကာ NUG အဖွဲ့ကိုကိုယ်စားပြု၍ မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်၍ ၎င်း၏ပါဝင်တက်ရောက်မှုသည် မြန်မာနိုင်ငံကို ကိုယ်စားပြုခြင်းမရှိကြောင်းထုတ်ပြန်ချက်တွင်ရေးသားထားသည်။ ထို့ကြောင့် ၎င်းကို ပါဝင်တက်ရောက်ခွင့်ပြုသည့် နိုင်ငံများနှင့်အဖွဲ့အ စည်းများ၏အပြုအမူကို မြန်မာနိုင်ငံက ပြင်းထန်စွာကန့်ကွက်ပယ်ချပြီး ယင်းသို့ဆောင်ရွက်ချက်များသည် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများနှင့် မတည်ငြိမ်မှုများဖြစ်ပေါ်စေရန် လှုံ့ဆော်အားပေးရာရောက်ကြောင်း သတိပေးအပ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ယနေ့ (စက်တင်ဘာလ ၂၄ ရက်) တွင်လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရစ်ချောလက်သည် ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းနှင့် နယူးယောက်တွင်တွေ့ဆုံဆွေးနွေးခဲ့ပြီး NUG မှ ကိုယ်စားလှယ်မျာနှင့်လည်းတွေ့ဆုံခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်ထားသည်။ တွေ့ဆုံစဉ်အတွင်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီ နှင့် တရားဥပဒေစိုးမိုးမှု အမြန်ဆုံးပြန်လည်အသက်ဝင်ရေးက အရေးကြီးသည့်အ ကြောင်း အလေးထားဆွေးနွေးခဲ့ကြပြီး တိုင်းရင်းသား နှင့် ဘာသာရေးအုပ်စုများအပါအဝင် လူ့အခွင့်အရေးနှင့် တန်းတူညီမျှရေးကိုလေးစားတန်ဖိုးထားရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
#NPNews