မြန်မာနိုင်ငံ၏ ပကတိမြေပြင် အခြေအနေများကို သံတမန်များအနေဖြင့် သက်ဆိုင်ရာအစိုးရများထံ မှန်ကန်စွာတင်ပြရန် တိုက်တွန်း

 182

သန့်ဇင်(NP News)-နိုဝင်ဘာ ၁၃

မြန်မာနိုင်ငံ၏ ပကတိမြေပြင် အခြေအနေများကို သံတမန်များအနေဖြင့် သက်ဆိုင်ရာအစိုးရများထံ မှန်ကန်စွာတင်ပြရန် နိုင်ငံခြားရေးဝန် ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
နိုင်ငံခြားရေးဝန် ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ယမန်နေ့(နိုဝင်ဘာ ၁၂ရက်) နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝ န်ကြီးဌာန၊ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပသော မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ် တိုးတက်မှု အခြေအနေများနှင့်ပတ်သက်၍ ရန်ကုန်မြို့ အခြေစိုက် သံတမန်များနှင့်ကုလသမဂ္ဂအဖွဲ့အစည်းမှ ကိုယ်စား လှယ်များအား ရှင်းလင်းပြောကြားစဉ် အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မကြာမီကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို လွတ်လပ်၍တရားမျှတပြီး အားလုံးပါဝင်သောရွေးကောက်ပွဲ ဖြစ်စေရန် ပြင်ဆင်နေမှုများ၊ ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပမည့်အစီအစဉ်များ၊ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လို သည့် နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများအား ကန့်သတ်ထားခြင်း မရှိဘဲ ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ မှတ်ပုံတင် ခွင့်ပြု ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲ ဖြစ်စေရန်အတွက် ပြည်တွင်းပြည်ပမှ လေ့လာသူအဖွဲ့များ၊ နိုင်ငံတကာမှ သံတမန်များနှင့် အဖွဲ့အစည်းများအား ဖိတ်ကြားထားကြောင်းနှင့် ပြည်တွင်းပြည်ပမှမီဒီယာများအား မှတ်ပုံ တင်ခွင့်ပြုထားကြောင်းလည်း ပြည်ထောင်စုဝန် ကြီးက ဆိုသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံးကို ငြိမ်းချမ်း ရေးဆွေး နွေးပွဲများတွင် ပါဝင်ရန်နှင့် ထိတွေ့ဆွေးနွေးမှုများမှတစ်ဆင့် နိုင်ငံရေးလုပ်ငန်းစဉ်တွင်ပါဝင်ရန်ဖိတ်ခေါ်မှု အခြေအနေများ ကိုလည်း ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

နယ်စပ်ဒေသများကိုအခြေပြု၍ဖြစ်ပေါ်နေသည့် နိုင်ငံဖြတ်ကျော်မှုခင်းများ၊ နယ်စပ်အခြေပြုလက်နက်ကိုင်အဖွဲ့များက ကာစီနို၊ အွန်လိုင်း လောင်း ကစားစသည်တို့ကို နိုင်ငံတကာရာဇဝတ်ဂိုဏ်းများနှင့်အတူ ကျူးလွန်ဆောင်ရွက်နေမှုများကို တိုက်ဖျက်နေသည့်ကိစ္စများ ကိုလည်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့‌ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလမှစ၍ ၂၀၂၅ ခုနှစ် နိုဝင်ဘာလအထိ နှစ်နှစ်ကျော်ကာလ အတွင်း မြန်မာနယ်စပ်သို့ အိမ်နီးချင်းနိုင်ငံမှတစ်ဆင့် တရားမဝင်ရောက်ရှိနေ သည့် နိုင်ငံပေါင်း ၅၂ နိုင်ငံမှ နိုင်ငံခြားသား ၆၇၉၈၂ ဦးအား အိမ်နီးချင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများထံသို့ ပြန်လည်လွှဲပြောင်းပေးထားကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
အိမ်နီးချင်း နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့ မဲ့ထော်သလေး KK Park နယ်မြေများ တွင် အခိုင်အမာအခြေချ၍ အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်နေသည့် ဂိုဏ်းများအား တိုက်ဖျက်ချေမှုန်းနေမှု အခြေအနေများကိုလည်း ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်သူများ၏ ၉၉ ဒသမ ၅ ရာခိုင်နှုန်းမှာ အိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် ကုန်းလမ်းမှဝင် ရောက် လာခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
ယင်းရာဇဝတ်ဂိုဏ်းများ၊ လက်နက်ကိုင် အဖွဲ့အစည်းများသည် အင်တာနက်၊ လျှပ်စစ်မီး၊ ငွေကြေးလွှဲပြောင်းမှုများကို အိမ်နီးချင်း နိုင်ငံ များမှ အခြေခံအဆောက်အအုံများကို အသုံးပြုဆောင်ရွက်ကြောင်း တွေ့ရှိရသဖြင့် အဆိုပါနယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ ကိုတိုက် ဖျက်နိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများ၏ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုလိုအပ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်း ပြောကြားခဲ့သည်။

Zawgyi Version:
ျမန္မာႏိုင္ငံ၏ ပကတိေျမျပင္ အေျခအေနမ်ားကို သံတမန္မ်ားအေနျဖင့္ သက္ဆိုင္ရာအစိုးရမ်ားထံ မွန္ကန္စြာတင္ျပရန္ တိုက္တြန္း
သန႔္ဇင္(NP News)-ႏိုဝင္ဘာ ၁၃

ျမန္မာႏိုင္ငံ၏ ပကတိေျမျပင္ အေျခအေနမ်ားကို သံတမန္မ်ားအေနျဖင့္ သက္ဆိုင္ရာအစိုးရမ်ားထံ မွန္ကန္စြာတင္ျပရန္ ႏိုင္ငံျခားေရးဝန္ ႀကီးဌာနျပည္ေထာင္စုဝန္ႀကီး ဦးသန္းေဆြက တိုက္တြန္းေျပာၾကားခဲ့ေၾကာင္း သိရသည္။
ႏိုင္ငံျခားေရးဝန္ ႀကီးဌာနျပည္ေထာင္စုဝန္ႀကီး ဦးသန္းေဆြက ယမန္ေန႔(ႏိုဝင္ဘာ ၁၂ရက္) နံနက္ ၉ နာရီတြင္ ရန္ကုန္ၿမိဳ႕ရွိ ႏိုင္ငံျခားေရးဝ န္ႀကီးဌာန၊ ဝန္ဇင္းမင္းရာဇာခန္းမ၌ က်င္းပေသာ ျမန္မာႏိုင္ငံ၏ လက္ရွိျဖစ္ေပၚ တိုးတက္မႈ အေျခအေနမ်ားႏွင့္ပတ္သက္၍ ရန္ကုန္ၿမိဳ႕ အေျခစိုက္ သံတမန္မ်ားႏွင့္ကုလသမဂၢအဖြဲ႕အစည္းမွ ကိုယ္စား လွယ္မ်ားအား ရွင္းလင္းေျပာၾကားစဥ္ အထက္ပါကဲ့သို႔ေျပာၾကားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
မၾကာမီက်င္းပျပဳလုပ္မည့္ ပါတီစုံဒီမိုကေရစီ အေထြေထြ ေ႐ြးေကာက္ပြဲကို လြတ္လပ္၍တရားမွ်တၿပီး အားလုံးပါဝင္ေသာေ႐ြးေကာက္ပြဲ ျဖစ္ေစရန္ ျပင္ဆင္ေနမႈမ်ား၊ ေ႐ြးေကာက္ပြဲကို အပိုင္းလိုက္က်င္းပမည့္အစီအစဥ္မ်ား၊ ေ႐ြးေကာက္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္လို သည့္ ႏိုင္ငံေရးပါတီမ်ား၊ ကိုယ္စားလွယ္ေလာင္းမ်ားအား ကန႔္သတ္ထားျခင္း မရွိဘဲ ဥပေဒစည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္အညီ မွတ္ပုံတင္ ခြင့္ျပဳ ခဲ့ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။

ပြင့္လင္းျမင္သာသည့္ ေ႐ြးေကာက္ပြဲ ျဖစ္ေစရန္အတြက္ ျပည္တြင္းျပည္ပမွ ေလ့လာသူအဖြဲ႕မ်ား၊ ႏိုင္ငံတကာမွ သံတမန္မ်ားႏွင့္ အဖြဲ႕အစည္းမ်ားအား ဖိတ္ၾကားထားေၾကာင္းႏွင့္ ျပည္တြင္းျပည္ပမွမီဒီယာမ်ားအား မွတ္ပုံ တင္ခြင့္ျပဳထားေၾကာင္းလည္း ျပည္ေထာင္စုဝန္ ႀကီးက ဆိုသည္။

ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ႏွင့္ပတ္သက္၍ ႏိုင္ငံေတာ္အစိုးရအေနျဖင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားအားလုံးကို ၿငိမ္းခ်မ္း ေရးေဆြး ေႏြးပြဲမ်ားတြင္ ပါဝင္ရန္ႏွင့္ ထိေတြ႕ေဆြးေႏြးမႈမ်ားမွတစ္ဆင့္ ႏိုင္ငံေရးလုပ္ငန္းစဥ္တြင္ပါဝင္ရန္ဖိတ္ေခၚမႈ အေျခအေနမ်ား ကိုလည္း ထည့္သြင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။

နယ္စပ္ေဒသမ်ားကိုအေျချပဳ၍ျဖစ္ေပၚေနသည့္ ႏိုင္ငံျဖတ္ေက်ာ္မႈခင္းမ်ား၊ နယ္စပ္အေျချပဳလက္နက္ကိုင္အဖြဲ႕မ်ားက ကာစီႏို၊ အြန္လိုင္း ေလာင္း ကစားစသည္တို႔ကို ႏိုင္ငံတကာရာဇဝတ္ဂိုဏ္းမ်ားႏွင့္အတူ က်ဴးလြန္ေဆာင္႐ြက္ေနမႈမ်ားကို တိုက္ဖ်က္ေနသည့္ကိစၥမ်ား ကိုလည္း ျပည္ေထာင္စုဝန္ႀကီးက ထည့္သြင္းေျပာၾကားခဲ့‌ေၾကာင္း သိရသည္။

၂၀၂၃ ခုႏွစ္ ေအာက္တိုဘာလမွစ၍ ၂၀၂၅ ခုႏွစ္ ႏိုဝင္ဘာလအထိ ႏွစ္ႏွစ္ေက်ာ္ကာလ အတြင္း ျမန္မာနယ္စပ္သို႔ အိမ္နီးခ်င္းႏိုင္ငံမွတစ္ဆင့္ တရားမဝင္ေရာက္ရွိေန သည့္ ႏိုင္ငံေပါင္း ၅၂ ႏိုင္ငံမွ ႏိုင္ငံျခားသား ၆၇၉၈၂ ဦးအား အိမ္နီးခ်င္းႏိုင္ငံမွတစ္ဆင့္ သက္ဆိုင္ရာႏိုင္ငံမ်ားထံသို႔ ျပန္လည္လႊဲေျပာင္းေပးထားေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
အိမ္နီးခ်င္း နယ္စပ္လမ္းေၾကာင္းမ်ားမွ တရားမဝင္ ဝင္ေရာက္လာၿပီး ကရင္ျပည္နယ္ ျမဝတီၿမိဳ႕ မဲ့ေထာ္သေလး KK Park နယ္ေျမမ်ား တြင္ အခိုင္အမာအေျခခ်၍ အြန္လိုင္းလိမ္လည္မႈမ်ား က်ဴးလြန္ေနသည့္ ဂိုဏ္းမ်ားအား တိုက္ဖ်က္ေခ်မႈန္းေနမႈ အေျခအေနမ်ားကိုလည္း ျပည္ေထာင္စုဝန္ႀကီးက ရွင္းလင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ျမန္မာႏိုင္ငံသို႔ တရားမဝင္ ဝင္ေရာက္သူမ်ား၏ ၉၉ ဒသမ ၅ ရာခိုင္ႏႈန္းမွာ အိမ္နီးခ်င္းႏိုင္ငံမ်ားမွတစ္ဆင့္ ကုန္းလမ္းမွဝင္ ေရာက္ လာျခင္းျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ဆိုသည္။
ယင္းရာဇဝတ္ဂိုဏ္းမ်ား၊ လက္နက္ကိုင္ အဖြဲ႕အစည္းမ်ားသည္ အင္တာနက္၊ လွ်ပ္စစ္မီး၊ ေငြေၾကးလႊဲေျပာင္းမႈမ်ားကို အိမ္နီးခ်င္း ႏိုင္ငံ မ်ားမွ အေျခခံအေဆာက္အအုံမ်ားကို အသုံးျပဳေဆာင္႐ြက္ေၾကာင္း ေတြ႕ရွိရသျဖင့္ အဆိုပါနယ္စပ္ျဖတ္ေက်ာ္ ရာဇဝတ္မႈမ်ား ကိုတိုက္ ဖ်က္ႏိုင္ေရးအတြက္ အိမ္နီးခ်င္းႏိုင္ငံမ်ား၏ အျပည့္အဝ ပူးေပါင္းေဆာင္႐ြက္မႈလိုအပ္ေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ထည့္သြင္း ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.