ကုန်သွယ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ရန် အမှုထမ်းရာထူးများအတွက် လူ (၅၀)ဦး ခေါ်ယူနေ

 203

စော(NP News)- နိုဝင်ဘာ ၁၃
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ရန် အမှုထမ်းရာထူးများအတွက် လူ (၅၀)ဦး ခေါ်ယူနေကြောင်း သိရသည်။
အဆိုပါရာထူးနေရာများမှာ အငယ်တန်းစာရေးရာထူးအတွက် (၃၃)ဦး၊ ဒုတိယလက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူးရာထူးအတွက် (၇)ဦး၊ ဆက်သွယ်ရေး(၅)ရာထူးအတွက် (၁)ဦး၊ ယာဉ်မောင်း (၅)ရာထူးအတွက် (၄)ဦး၊ ယာဉ်မောင်းစက်ပြင် (၅)ရာထူးအတွက် (၁)ဦး၊ လုံခြုံရေး (၅)ရာထူးအတွက် (၄)ဦးတို့ ဖြစ်ကြောင်း သိရသည်။
လျှောက်ထားသူများအနေဖြင့် နေပြည်တော်၊ ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်)သို့ နိုဝင်ဘာ (၂၈)နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ပြီး မိမိနှင့်သက်ဆိုင်သည့်ပညာအရည်အချင်းအထောက်အထားများ (မူရင်း)ယူဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် စာမေးပွဲဝင်ကြေး ကျပ် (၂၀၀၀)ကို နေပြည်တော်၊ မြန်မာ့စီးပွားရေး ဘဏ်ရှိငွေစာရင်းအမှတ် (MD-010022) သို့ ပေးသွင်းရမည်ဖြစ်ပြီး အခြားမြို့များမှ ပေးသွင်းပါက သက်ဆိုင်ရာမြို့၏ မြန်မာ့စီးပွားရေးဘဏ်မှ တစ်ဆင့် ငွေလွှဲလက်မှတ်ဖြင့် နေပြည်တော် မြန်မာ့စီးပွားရေးဘဏ် MD-010022 သို့ ပေးသွင်းရမည်ဖြစ်ကြောင်းနှင့် ဖြေဆိုခွင့်ကတ်ပြားများကို ဒီဇင်ဘာ ၅ရက်)တွင် ရုံးအမှတ်(၃)၊ ကုန်သွယ်ရေးဦးစီးဌာန၊ စီမံရေးရာဌာနခွဲ၌ နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)နှင့် အတူ ရုံးချိန်အတွင်း ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။
အငယ်တန်းစာရေးနှင့်အဆင့်တူ ရာထူး လျှောက်ထားသူများသည် ဒီဇင်ဘာ ၆ရက်၊ နံနက် (၁၀)နာရီတွင် ရုံးအမှတ်(၃)၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၌ အင်္ဂလိပ်စာရေးဖြေစာမေးပွဲ၊ ကွန်ပျူတာကျွမ်းကျင်မှု လက်တွေ့နှင့် အထွေထွေ‌ဗဟုသုတ လူတွေ့တို့ကို စစ်ဆေးခြင်းပြုလုပ်မည်ဖြစ်၍ ပဏာမရွေးချယ်ခံရသူများကို ဌာနမှဆက်သွယ် အကြောင်းကြားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ယာဉ်မောင်း (၅)နှင့် ယာဉ်မောင်းစက်ပြင် (၅) လျှောက်ထားသူများကို ဒီဇင်ဘာ ၇ရက်၊ နံနက် (၁၀)နာရီ၌ ယာဉ်မောင်းလက်တွေ့ကျွမ်းကျင်မှုစစ်ဆေး ခြင်းနှင့် လူတွေ့စစ်ဆေးခြင်းများ ပြုလုပ် သွားမည်ဖြစ်ပြီး ဆက်သွယ်ရေး(၅)နှင့် လုံခြုံရေး (၅)ရာထူးလျှောက်ထားသူများကိုလည်း ယင်းနေ့တွင် လူတွေ့စစ်ဆေးခြင်းကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ကုန္သြယ္ေရးဦးစီးဌာနတြင္ တာဝန္ထမ္းေဆာင္ရန္ အမႈထမ္းရာထူးမ်ားအတြက္ လူ (၅၀)ဦး ေခၚယူေန
ေစာ(NP News)- ႏိုဝင္ဘာ ၁၃
စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ ကုန္သြယ္ေရးဦးစီးဌာနတြင္ တာဝန္ထမ္းေဆာင္ရန္ အမႈထမ္းရာထူးမ်ားအတြက္ လူ (၅၀)ဦး ေခၚယူေနေၾကာင္း သိရသည္။
အဆိုပါရာထူးေနရာမ်ားမွာ အငယ္တန္းစာေရးရာထူးအတြက္ (၃၃)ဦး၊ ဒုတိယလက္ေထာက္ကြန္ပ်ဴတာလုပ္ေဆာင္ေရးမႉးရာထူးအတြက္ (၇)ဦး၊ ဆက္သြယ္ေရး(၅)ရာထူးအတြက္ (၁)ဦး၊ ယာဥ္ေမာင္း (၅)ရာထူးအတြက္ (၄)ဦး၊ ယာဥ္ေမာင္းစက္ျပင္ (၅)ရာထူးအတြက္ (၁)ဦး၊ လုံၿခဳံေရး (၅)ရာထူးအတြက္ (၄)ဦးတို႔ ျဖစ္ေၾကာင္း သိရသည္။
ေလွ်ာက္ထားသူမ်ားအေနျဖင့္ ေနျပည္ေတာ္၊ ကုန္သြယ္ေရးဦးစီးဌာန(႐ုံးခ်ဳပ္)သို႔ ႏိုဝင္ဘာ (၂၈)ေနာက္ဆုံးထား၍ ေလွ်ာက္ထားရမည္ျဖစ္ၿပီး မိမိႏွင့္သက္ဆိုင္သည့္ပညာအရည္အခ်င္းအေထာက္အထားမ်ား (မူရင္း)ယူေဆာင္ရမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ စာေမးပြဲဝင္ေၾကး က်ပ္ (၂၀၀၀)ကို ေနျပည္ေတာ္၊ ျမန္မာ့စီးပြားေရး ဘဏ္ရွိေငြစာရင္းအမွတ္ (MD-010022) သို႔ ေပးသြင္းရမည္ျဖစ္ၿပီး အျခားၿမိဳ႕မ်ားမွ ေပးသြင္းပါက သက္ဆိုင္ရာၿမိဳ႕၏ ျမန္မာ့စီးပြားေရးဘဏ္မွ တစ္ဆင့္ ေငြလႊဲလက္မွတ္ျဖင့္ ေနျပည္ေတာ္ ျမန္မာ့စီးပြားေရးဘဏ္ MD-010022 သို႔ ေပးသြင္းရမည္ျဖစ္ေၾကာင္းႏွင့္ ေျဖဆိုခြင့္ကတ္ျပားမ်ားကို ဒီဇင္ဘာ ၅ရက္)တြင္ ႐ုံးအမွတ္(၃)၊ ကုန္သြယ္ေရးဦးစီးဌာန၊ စီမံေရးရာဌာနခြဲ၌ ႏိုင္ငံသားစိစစ္ေရးကတ္ျပား(မူရင္း)ႏွင့္ အတူ ႐ုံးခ်ိန္အတြင္း ထုတ္ယူရမည္ျဖစ္ေၾကာင္း သိရသည္။
အငယ္တန္းစာေရးႏွင့္အဆင့္တူ ရာထူး ေလွ်ာက္ထားသူမ်ားသည္ ဒီဇင္ဘာ ၆ရက္၊ နံနက္ (၁၀)နာရီတြင္ ႐ုံးအမွတ္(၃)၊ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ ေရးဝန္ႀကီးဌာန၊ ကုန္သြယ္ေရးဦးစီးဌာန၌ အဂၤလိပ္စာေရးေျဖစာေမးပြဲ၊ ကြန္ပ်ဴတာကြၽမ္းက်င္မႈ လက္ေတြ႕ႏွင့္ အေထြေထြ‌ဗဟုသုတ လူေတြ႕တို႔ကို စစ္ေဆးျခင္းျပဳလုပ္မည္ျဖစ္၍ ပဏာမေ႐ြးခ်ယ္ခံရသူမ်ားကို ဌာနမွဆက္သြယ္ အေၾကာင္းၾကားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ယာဥ္ေမာင္း (၅)ႏွင့္ ယာဥ္ေမာင္းစက္ျပင္ (၅) ေလွ်ာက္ထားသူမ်ားကို ဒီဇင္ဘာ ၇ရက္၊ နံနက္ (၁၀)နာရီ၌ ယာဥ္ေမာင္းလက္ေတြ႕ကြၽမ္းက်င္မႈစစ္ေဆး ျခင္းႏွင့္ လူေတြ႕စစ္ေဆးျခင္းမ်ား ျပဳလုပ္ သြားမည္ျဖစ္ၿပီး ဆက္သြယ္ေရး(၅)ႏွင့္ လုံၿခဳံေရး (၅)ရာထူးေလွ်ာက္ထားသူမ်ားကိုလည္း ယင္းေန႔တြင္ လူေတြ႕စစ္ေဆးျခင္းကို ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.