အိန္ဒိယက ပြည်တွင်းထုတ် COVID-19 ကာကွယ်ဆေး (၈)သန်းကို ပြည်ပသို့ တင်ပို့မည်

657

ရောင်နီ (NP News) - စက်တင်ဘာ ၂၆
အိန္ဒိယနိုင်ငံဟာ ကာကွယ်ဆေးတင်ပို့မှုများ ပိတ်သိမ်းခြင်း အဆုံးသတ်တဲ့အနေနဲ့ COVID-19 ကာကွယ်ဆေး(၈) သန်းကို အောက်တိုဘာလကုန်မှာ ပြည်ပသို့ တင်ပို့ပေးသွားတော့မှာဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ထိပ်တန်းအရာရှိတစ်ဦးက စက်တင်ဘာ ၂၅ ရက်မှာ ပြောကြားခဲ့ပါတယ်။
ဝန်ကြီးချုပ်မိုဒီဟာ အိန္ဒိယ၊ ဂျပန်၊ သြစတေးလျတို့နဲ့ အမေရိကန်ဝါရှင်တန်ရှိ Quad (ခေါ် ) အစည်းအဝေးတစ်ခုမှာ Johnson & Johnson ကာကွယ်ဆေးတင်ပို့မှုများ ပြန်လည်စတင်ရန် ကတိပြုခဲ့ကြတယ်လို့ နိုင်ငံခြားရေးအတွင်းဝန် Harsh Vardhan Shringla က စက်တင်ဘာလ ၂၅ ရက်မှာ ပြောကြားခဲ့ပါတယ်။ "တင်ပို့မှုများဟာ အောက်တိုဘာလကုန်မှာ အဆင်သင့်ဖြစ်လာနိုင်မှာဖြစ်ပြီး အင်ဒို-ပစိဖိတ်ဒေသကို ချက်ချင်းပို့ဆောင်သွားမှာ ဖြစ်တယ်" လို့ Shringla က သတင်းထောက်တွေကို ပြောပါတယ်။
အိန္ဒိယဟာ ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေးထုတ်လုပ်မှုများထဲမှ တစ်နိုင်ငံဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက COVID-19 ကာကွယ်ဆေး တစ်ဘီလျံ တင်ပို့ဖို့ ယခုနှစ်အစောပိုင်းက ကတိပြုခဲ့ပေမယ့်လည်း ၎င်းတို့နိုင်ငံအတွင်းမှာတင် ဆိုးဝါးတဲ့ ကိုရိုနာဗိုင်းရပ် ကူးစက်မှုလှိုင်းကြောင့် တင်ပို့မှု ရပ်ဆိုင်းခဲ့ရပါတယ်။ အခုအချိန်မှာတော့ အိန္ဒိဟာ COVID-19 ကူးစက်မှုအသစ်များနဲ့ သေဆုံးမှုများ နှေးကွေးလာတာနဲ့ အခုတပတ်အတွင်း ၎င်းရဲ့ကာကွယ်ဆေး တင်ပို့မှုတားမြစ်ချက်ကို ရုတ်သိမ်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ်လနဲ့ မေလတုန်းက ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်ခဲ့တာကြောင့် နိုင်ငံဟာ ကာကွယ်ဆေးမလုံလောက်မှုကို ရက်သတ္တပတ်များစွာ ခံစားခဲ့ရပြီး လူသန်းပေါင်းများစွာကို ကူးစက်ပျံ့နှံ့စေခဲ့ပါတယ်။
လက်ရှိမှာတော့ နိုင်ငံရှိ အရွယ်ရောက်ပြီးသူ လူဦးရေ ထက်ဝက်နီးပါးခန့် ကာကွယ်ဆေး တစ်ကြိမ် ထိုးနှံထားပြီး ကာကွယ်ဆေးအပြည့်ထိုးနှံပြီးသူ ၁၆ ရာခိုင်နှုန်းခန့် ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။
#NPNews