လိုင်လီအသင်းနှင့်ပွဲတွင် ဒဏ်ရာရရှိခဲ့သဖြင့် အနားယူရမည့် ပီအက်စ်ဂျီတိုက်စစ်မှူးနေမာ

465

Pika (NP News) - ဖေဖော်ဝါရီ ၂ဝ
ပီအက်စ်ဂျီအသင်းတိုက်စစ်မှူးနေမာသည် ဖေဖော်ဝါရီလ(၁၉)ရက်က လိုင်လီအသင်းကို အနိုင်ရရှိခဲ့သည့် လီဂူးဝမ်းပွဲစဥ်တွင် ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့သောကြောင့် ဘိုင်ယန်မြူးနစ်အသင်းနှင့်ကစားမည့် ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ရှုံးထွက်ဒုတိယအကျော့ပွဲစဥ်တွင် ပါဝင်ကစားနိုင်ရန်အတွက် ဆေးကုသမှုများကို ဆက်လက်လုပ်ဆောင်နေကြောင်းသိရသည်။
လိုင်လီအသင်းကို (၄)ဂိုး (၃)ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် နေမာသည် ဒုတိယပိုင်းအစ၌ ညာခြေကျင်းဝတ်လည်သွားခဲ့ပြီးနောက် လူစားလဲခဲ့ရကြောင်းသိရသည်။ နေမာသည် ခြေကျင်းဝတ် အဆစ်လွဲခဲ့ခြင်းဖြစ်ကြောင်း ဆေးစစ်ချက်များအရသိရပြီး အရိုးကျိုးခြင်းမရှိကြောင်း ပီအက်စ်ဂျီအသင်းက အတည်ပြုခဲ့သည်ဟု နည်းပြခရစ်စတိုဖီဂယ်တီယာက ပြောကြားခဲ့သည်။ ပီအက်စ်ဂျီအသင်းထုတ်ပြန်ချက်တွင် "နေမာဟာ လိုင်လီအသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ပြီး ဒီနေ့မှာတော့ MRI စကင်န်ဖတ်ခဲ့ရပါတယ်။ ဆေးစစ်ချက်အရ အရိုးကျိုးတာမျိုးတော့မရှိပါဘူး၊၊ အရွတ်ပျက်စီးမှုနဲ့ပတ်သက်ပြီး ဆေးစစ်ချက်အသစ်ကို လာမည့် (၄၈)နာရီအတွင်းမှာ လုပ်ဆောင်သွားမှာပါ" ဟုထုတ်ပြန်ထားသည်။
လိုင်လီအသင်းနဲ့ ကစားခဲ့သည့်ပွဲတွင် ပီအက်စ်ဂျီအသင်းအတွက် တိုက်စစ်မှူးအမ်ဘာပေက(၂)ဂိုး၊ နေမာက(၁)ဂိုး နှင့် မက်ဆီက(၁)ဂိုးစီ အသီးသီးသွင်းယူပေးနိုင်ခဲ့ကြောင်းသိရသည်။ အသက်(၃၁)နှစ်အရွယ် နေမာသည် ခြေကျင်းဝတ်ဒဏ်ရာမှ ပြန်ကောင်းလာကာ လာမည့်သီတင်းပတ်တွင် မာဆေးလ်အသင်းနှင့်ကစားမည့် လီဂူးဝမ်းပွဲစဥ်နှင့် မတ်လ(၈)ရက်တွင်ကစားမည့် ဘိုင်ယန်မြူးနစ်အသင်းနှင့်ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲစဥ်တွင် ပြန်လည်ပါဝင်ကစားနိုင်မည်ဟု မျှော်လင့်မိကြောင်း ပီအက်စ်ဂျီအသင်းတာဝန်ရှိသူများကပြောကြားခဲ့သည်။

zawgyi version
လိုင္လီအသင္းႏွင့္ပြဲတြင္ ဒဏ္ရာရရွိခဲ့သျဖင့္ အနားယူရမည့္ ပီအက္စ္ဂ်ီတိုက္စစ္မႉးေနမာ
Pika (NP News) - ေဖေဖာ္ဝါရီ ၂ဝ
ပီအက္စ္ဂ်ီအသင္းတိုက္စစ္မႉးေနမာသည္ ေဖေဖာ္ဝါရီလ(၁၉)ရက္က လိုင္လီအသင္းကို အႏိုင္ရရွိခဲ့သည့္ လီဂူးဝမ္းပြဲစဥ္တြင္ ေျခက်င္းဝတ္ဒဏ္ရာရရွိခဲ့ေသာေၾကာင့္ ဘိုင္ယန္ျမဴးနစ္အသင္းႏွင့္ကစားမည့္ ခ်န္ပီယံလိဂ္(၁၆)သင္းအဆင့္ ရႈံးထြက္ဒုတိယအေက်ာ့ပြဲစဥ္တြင္ ပါဝင္ကစားႏိုင္ရန္အတြက္ ေဆးကုသမႈမ်ားကို ဆက္လက္လုပ္ေဆာင္ေနေၾကာင္းသိရသည္။
လိုင္လီအသင္းကို (၄)ဂိုး (၃)ဂိုးျဖင့္ အႏိုင္ရရွိခဲ့သည့္ပြဲတြင္ ေနမာသည္ ဒုတိယပိုင္းအစ၌ ညာေျခက်င္းဝတ္လည္သြားခဲ့ၿပီးေနာက္ လူစားလဲခဲ့ရေၾကာင္းသိရသည္။ ေနမာသည္ ေျခက်င္းဝတ္ အဆစ္လြဲခဲ့ျခင္းျဖစ္ေၾကာင္း ေဆးစစ္ခ်က္မ်ားအရသိရၿပီး အ႐ိုးက်ိဳးျခင္းမရွိေၾကာင္း ပီအက္စ္ဂ်ီအသင္းက အတည္ျပဳခဲ့သည္ဟု နည္းျပခရစ္စတိုဖီဂယ္တီယာက ေျပာၾကားခဲ့သည္။ ပီအက္စ္ဂ်ီအသင္းထုတ္ျပန္ခ်က္တြင္ "ေနမာဟာ လိုင္လီအသင္းနဲ႔ကစားခဲ့တဲ့ပြဲမွာ ေျခက်င္းဝတ္ဒဏ္ရာရရွိခဲ့ၿပီး ဒီေန႔မွာေတာ့ MRI စကင္န္ဖတ္ခဲ့ရပါတယ္။ ေဆးစစ္ခ်က္အရ အ႐ိုးက်ိဳးတာမ်ိဳးေတာ့မရွိပါဘူး၊၊ အ႐ြတ္ပ်က္စီးမႈနဲ႔ပတ္သက္ၿပီး ေဆးစစ္ခ်က္အသစ္ကို လာမည့္ (၄၈)နာရီအတြင္းမွာ လုပ္ေဆာင္သြားမွာပါ" ဟုထုတ္ျပန္ထားသည္။
လိုင္လီအသင္းနဲ႔ ကစားခဲ့သည့္ပြဲတြင္ ပီအက္စ္ဂ်ီအသင္းအတြက္ တိုက္စစ္မႉးအမ္ဘာေပက(၂)ဂိုး၊ ေနမာက(၁)ဂိုး ႏွင့္ မက္ဆီက(၁)ဂိုးစီ အသီးသီးသြင္းယူေပးႏိုင္ခဲ့ေၾကာင္းသိရသည္။ အသက္(၃၁)ႏွစ္အ႐ြယ္ ေနမာသည္ ေျခက်င္းဝတ္ဒဏ္ရာမွ ျပန္ေကာင္းလာကာ လာမည့္သီတင္းပတ္တြင္ မာေဆးလ္အသင္းႏွင့္ကစားမည့္ လီဂူးဝမ္းပြဲစဥ္ႏွင့္ မတ္လ(၈)ရက္တြင္ကစားမည့္ ဘိုင္ယန္ျမဴးနစ္အသင္းႏွင့္ခ်န္ပီယံလိဂ္ ဒုတိယအေက်ာ့ပြဲစဥ္တြင္ ျပန္လည္ပါဝင္ကစားႏိုင္မည္ဟု ေမွ်ာ္လင့္မိေၾကာင္း ပီအက္စ္ဂ်ီအသင္းတာဝန္ရွိသူမ်ားကေျပာၾကားခဲ့သည္။