ထိုင်းနိုင်ငံမှာ ရေကြီးမှုတွေကြောင့် သေဆုံးသူအရေအတွက် (၇)ဦးအထိရှိလာ

538

Pika (NP News) - စက်တင်ဘာ ၂၉
ထိုင်းနိုင်ငံမှာ မုတ်သုံမိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ရေကြီးမှုတွေကြောင့် သေဆုံးသူအရေအတွက်ဟာ (၇)ဦးအထိရှိလာပြီဖြစ်တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ရေကြီးတဲ့ နေရာတွေမှာ ရှာဖွေရေးနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်လျက်ရှိတယ်လို့ အာဏာပိုင်တွေ က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
ကျောက်ဖရားမြစ်တစ်လျှောက်မှာရှိတဲ့ ပြည်နယ်အများအပြားမှာ ရေကြီးမှုတွေကြောင့် လူပေါင်း(၂၆၀၀၀၀)ကျော် ရေဘေးသင့်ခဲ့ရတယ်လို့ ဘေးအန္တရာယ်ကာကွယ်ရေးနဲ့လျော့ပါးရေးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ရေကြီးမှုတွေကြောင့် အနည်းဆုံးလူ(၄)ဦးသေဆုံးခဲ့တယ်လို့ အစောပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ သေဆုံးသူအရေအတွက်ကို ထပ်မံပြောင်းလဲလိုက်တာဖြစ် တယ်လို့ သိရပါတယ်။
ဒါ့ပြင် ထိုင်းဝန်ကြီးချုပ် Anutin Charnvirakul ဟာ ရေကြီးမှုဒဏ်ကို အဆိုးရွားဆုံးခံစားခဲ့ရတဲ့ Ayutthaya ပြည်နယ်ကို သွားရောက်လည်ပတ်ခဲ့ပြီး လိုအပ်တဲ့အကူအညီတွေပေးအပ်ဖို့ တာဝန်ရှိသူတွေကို အမိန့်ပေးခဲ့တယ် လို့ သိရပါတယ်။ Ayutthaya က “ပြည်သူတွေရဲ့အခက်အခဲတွေကို သက်သာရာရစေဖို့ ကျွန်တော်တို့ အစွမ်းကုန် လုပ်ဆောင်သွားမှာပါ။ အကူအညီလိုအပ်နေသူအားလုံးကို ကူညီဖို့ တာဝန်ရှိသူတွေကို အမိန့်ပေးထားပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ထိုင္းႏိုင္ငံမွာ ေရႀကီးမႈေတြေၾကာင့္ ေသဆုံးသူအေရအတြက္ (၇)ဦးအထိရွိလာ
Pika (NP News) - စက္တင္ဘာ ၂၉
ထိုင္းႏိုင္ငံမွာ မုတ္သုံမိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔အတူ ေရႀကီးမႈေတြေၾကာင့္ ေသဆုံးသူအေရအတြက္ဟာ (၇)ဦးအထိရွိလာၿပီျဖစ္တယ္လို႔ အာဏာပိုင္ေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္လည္း ေရႀကီးတဲ့ ေနရာေတြမွာ ရွာေဖြေရးနဲ႔ကယ္ဆယ္ေရးလုပ္ငန္းေတြကို ဆက္လက္လုပ္ေဆာင္လ်က္ရွိတယ္လို႔ အာဏာပိုင္ေတြ က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ေက်ာက္ဖရားျမစ္တစ္ေလွ်ာက္မွာရွိတဲ့ ျပည္နယ္အမ်ားအျပားမွာ ေရႀကီးမႈေတြေၾကာင့္ လူေပါင္း(၂၆၀၀၀၀)ေက်ာ္ ေရေဘးသင့္ခဲ့ရတယ္လို႔ ေဘးအႏၲရာယ္ကာကြယ္ေရးနဲ႔ေလ်ာ့ပါးေရးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ မိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔အတူ ေရႀကီးမႈေတြေၾကာင့္ အနည္းဆုံးလူ(၄)ဦးေသဆုံးခဲ့တယ္လို႔ အေစာပိုင္းမွာ သတင္းထုတ္ျပန္ခဲ့ေပမယ့္လည္း ေနာက္ပိုင္းမွာ ေသဆုံးသူအေရအတြက္ကို ထပ္မံေျပာင္းလဲလိုက္တာျဖစ္ တယ္လို႔ သိရပါတယ္။
ဒါ့ျပင္ ထိုင္းဝန္ႀကီးခ်ဳပ္ Anutin Charnvirakul ဟာ ေရႀကီးမႈဒဏ္ကို အဆိုး႐ြားဆုံးခံစားခဲ့ရတဲ့ Ayutthaya ျပည္နယ္ကို သြားေရာက္လည္ပတ္ခဲ့ၿပီး လိုအပ္တဲ့အကူအညီေတြေပးအပ္ဖို႔ တာဝန္ရွိသူေတြကို အမိန႔္ေပးခဲ့တယ္ လို႔ သိရပါတယ္။ Ayutthaya က “ျပည္သူေတြရဲ႕အခက္အခဲေတြကို သက္သာရာရေစဖို႔ ကြၽန္ေတာ္တို႔ အစြမ္းကုန္ လုပ္ေဆာင္သြားမွာပါ။ အကူအညီလိုအပ္ေနသူအားလုံးကို ကူညီဖို႔ တာဝန္ရွိသူေတြကို အမိန႔္ေပးထားပါတယ္” လို႔ ေျပာခဲ့ပါတယ္။