အလေးချိန် ပေါင် (၂၀ဝဝဝ) နီးပါးရှိသော ထမင်းပွဲကိုချက်ပြုတ်မှုအတွက် ဂင်းနစ်စံချိန်ရရှိခဲ့သည့် နိုင်ဂျီးရီးယားနာမည်ကြီး စားဖိုမှူး

 100

Pika (NP News) - စက်တင်ဘာ ၂၉
နိုင်ဂျီးရီးယားနိုင်ငံမှ နာမည်ကြီး စားဖိုမှူးတစ်ဦးသည် အလေးချိန်ပေါင်(၂၀ဝဝဝ)နီးပါးရှိသော နိုင်ဂျီးရီးယားစတိုင် ထမင်းပွဲကို ချက်ပြုတ်ခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ရရှိခဲ့ကြောင်းသိရသည်။
နိုင်ဂျီးရီးယားနာမည်ကြီး စားဖိုမှူး Hilda Baci သည် (၂၀၂၃)ခုနှစ် မေလတွင် အချိန်(၉၃)နာရီနှင့် (၁၁) မိနစ်ကြာအောင် ချက်ပြုတ်မှုများလုပ် ဆောင်ခဲ့ပြီးနောက် အရှည်ကြာဆုံး ချက်ပြုတ်မှု စံချိန်ကို ချိုးဖျက်နိုင်ခဲ့သူတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။ Hilda Baci သည် အလေးချိန် (၁၉၃၅၆) ပေါင် နှင့် (၉) အောင်စရှိသော နိုင်ဂျီးရီးယားစတိုင် ထမင်းပွဲကို ချက်ပြုရန်အတွက် စားသောက်ကုန်ထုတ် လုပ် သည့်ကုမ္ပဏီ Gino Nigeria နှင့် ပူးပေါင်းခဲ့ ကြောင်းလည်းသိရသည်။
ဘာစမာတီဆန် (၈၈၁၈) ပေါင်၊ ဆိတ် သား(၃၆၂)ပေါင်၊ ငရုတ်ကောင်း ကြက်သားတုံး (၄၈၅) ပေါင်နှင့် ၎င်း၏ကိုယ်ပိုင်အရောအနှောပစ္စည်း (၁၃၂၂) ပေါင် ပါဝင်သော နိုင်ဂျီးရီးယားစတိုင်ထမင်းကို ချက်ပြုတ်ရန်အတွက် အချိန်(၉)နာရီခန့်ကြာမြင့် ခဲ့ကြောင်း Hilda Baci က ထုတ်ဖော်ပြောဆိုခဲ့သည်။
Hilda Baci က “ဒီနိုင်ဂျီးရီးယားစတိုင်ထမင်းပွဲကို ချက်ပြုတ်မှုက ခက်ခဲတဲ့စိန်ခေါ်မှုတစ်ခု ဖြစ် လာမယ်ဆိုတာ ကျွန်မလုံးဝမသိခဲ့ပါဘူး။ ဒါပေမဲ့လည်း ဒီကြိုးပမ်းမှုက ကမ္ဘာ့ဂင်းနစ်စံချိန်ကို ချိုးဖျက် နိုင်ခဲ့တဲ့အတွက် ကျွန်မတကယ်ကို ဝမ်းသာမိပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံသားတွေ အားလုံးက ဒီ အောင် မြင်မှုရရှိအောင် ကူညီပံ့ပိုးပေးခဲ့တဲ့အတွက် ဒီအောင်မြင်မှုက သူတို့နဲ့လည်း သက်ဆိုင်ပါတယ်” ဟု ထုတ် ဖော်ပြောဆိုခဲ့သည်။

Zawgyi Version:
အေလးခ်ိန္ ေပါင္ (၂၀ဝဝဝ) နီးပါးရွိေသာ ထမင္းပြဲကိုခ်က္ျပဳတ္မႈအတြက္ ဂင္းနစ္စံခ်ိန္ရရွိခဲ့သည့္ ႏိုင္ဂ်ီးရီးယားနာမည္ႀကီး စားဖိုမႉး
Pika (NP News) - စက္တင္ဘာ ၂၉
ႏိုင္ဂ်ီးရီးယားႏိုင္ငံမွ နာမည္ႀကီး စားဖိုမႉးတစ္ဦးသည္ အေလးခ်ိန္ေပါင္(၂၀ဝဝဝ)နီးပါးရွိေသာ ႏိုင္ဂ်ီးရီးယားစတိုင္ ထမင္းပြဲကို ခ်က္ျပဳတ္ခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ရရွိခဲ့ေၾကာင္းသိရသည္။
ႏိုင္ဂ်ီးရီးယားနာမည္ႀကီး စားဖိုမႉး Hilda Baci သည္ (၂၀၂၃)ခုႏွစ္ ေမလတြင္ အခ်ိန္(၉၃)နာရီႏွင့္ (၁၁) မိနစ္ၾကာေအာင္ ခ်က္ျပဳတ္မႈမ်ားလုပ္ ေဆာင္ခဲ့ၿပီးေနာက္ အရွည္ၾကာဆုံး ခ်က္ျပဳတ္မႈ စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့သူတစ္ဦးျဖစ္ေၾကာင္းလည္း သိရသည္။ Hilda Baci သည္ အေလးခ်ိန္ (၁၉၃၅၆) ေပါင္ ႏွင့္ (၉) ေအာင္စရွိေသာ ႏိုင္ဂ်ီးရီးယားစတိုင္ ထမင္းပြဲကို ခ်က္ျပဳရန္အတြက္ စားေသာက္ကုန္ထုတ္ လုပ္ သည့္ကုမၸဏီ Gino Nigeria ႏွင့္ ပူးေပါင္းခဲ့ ေၾကာင္းလည္းသိရသည္။
ဘာစမာတီဆန္ (၈၈၁၈) ေပါင္၊ ဆိတ္ သား(၃၆၂)ေပါင္၊ င႐ုတ္ေကာင္း ၾကက္သားတုံး (၄၈၅) ေပါင္ႏွင့္ ၎၏ကိုယ္ပိုင္အေရာအေႏွာပစၥည္း (၁၃၂၂) ေပါင္ ပါဝင္ေသာ ႏိုင္ဂ်ီးရီးယားစတိုင္ထမင္းကို ခ်က္ျပဳတ္ရန္အတြက္ အခ်ိန္(၉)နာရီခန႔္ၾကာျမင့္ ခဲ့ေၾကာင္း Hilda Baci က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
Hilda Baci က “ဒီႏိုင္ဂ်ီးရီးယားစတိုင္ထမင္းပြဲကို ခ်က္ျပဳတ္မႈက ခက္ခဲတဲ့စိန္ေခၚမႈတစ္ခု ျဖစ္ လာမယ္ဆိုတာ ကြၽန္မလုံးဝမသိခဲ့ပါဘူး။ ဒါေပမဲ့လည္း ဒီႀကိဳးပမ္းမႈက ကမာၻ႔ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ ႏိုင္ခဲ့တဲ့အတြက္ ကြၽန္မတကယ္ကို ဝမ္းသာမိပါတယ္။ ႏိုင္ဂ်ီးရီးယားႏိုင္ငံသားေတြ အားလုံးက ဒီ ေအာင္ ျမင္မႈရရွိေအာင္ ကူညီပံ့ပိုးေပးခဲ့တဲ့အတြက္ ဒီေအာင္ျမင္မႈက သူတို႔နဲ႔လည္း သက္ဆိုင္ပါတယ္” ဟု ထုတ္ ေဖာ္ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.