မီးလောင်နေသည့်အနေအထားဖြင့် ကားကို အကွာအဝေး(၃၂၈)ပေအထိရောက်အောင်ဆွဲပြခဲ့ပြီးနောက် ဂင်းနစ် စံချိန် ရရှိခဲ့သည့် ဩစတြေးလျအမျိုးသား

 82

Pika (NP News) - စက်တင်ဘာ ၂၅
ဩစတြေးလျနိုင်ငံမှအမျိုးသားတစ်ဦးသည် တစ်ကိုယ်လုံးမီးလောင်နေသည့်အနေအထားဖြင့် ကားတစ်စီးကို အချိန် (၅၆ ဒသမ ၄၂) စက္ကန့်အတွင်း အကွာအဝေး(၃၂၈)ပေအထိရောက်အောင်ဆွဲပြခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန် ရရှိခဲ့ကြောင်းသိရသည်။ Josef Tödtling ဆိုသည့်အမျိုးသားသည် တစ်ကိုယ်လုံးမီးလောင်ကျွမ်းနေသည့် အနေအထားဖြင့် ကားတစ်စီးကို အကွာအဝေးမီတာ(၁၀၀)အထိရောက်အောင် အမြန်ဆုံးဆွဲပြနိုင်မှုအတွက် ကမ္ဘာ့ဂင်းနစ်စံချိန်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဆိုရှယ်မီဒီယာပေါ်တွင်တင်ထားသည့် ဗီဒီယိုဖိုင်တစ်ခုတွင် Josef Tödtling က ကားတစ်စီးကို ဆွဲနေစဉ်အချိန်အတွင်း ၎င်း၏အဖွဲ့ဝင်တစ်ဦးက မီးငြိမ်းသတ်မှုများ လုပ်ဆောင်ရန်အတွက် မီးသတ်ဆေးဘူးကိုကိုင်ဆောင်ကာ အသင့်အနေအထားဖြင့် စောင့်နေသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။ အဆိုပါဂင်းနစ်စံချိန်အတွက်ကြိုးပမ်းမှုအပြီးတွင် Josef Tödtling ၏ အဖွဲ့ဝင်များသည် ၎င်း၏ခန္ဓာကိုယ်ကို မီးလောင်ကျွမ်းခြင်းမျိုးမရှိစေရန်အတွက် မီးသတ်ဆေးဘူး(၃)ဘူးကို အသုံးပြုကာ မီးငြိမ်းသတ် မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ Josef Tödtling သည် အောက်ဆီဂျင်မရှိဘဲ ခန္ဓာကိုယ်တစ်ခုလုံးကို အချိန်အကြာဆုံးမီးရှို့ပြမှု(အချိန်(၅)မိနစ်နှင့်(၄၁)စက္ကန့်)၊တစ်ကိုယ်လုံးမီးလောင်နေသည့်အနေအထားဖြင့် ကားတစ်စီးကို အကွာအဝေး အဝေးဆုံးအထိဆွဲပြနိုင်မှု(၁၉၀၉)ပေနှင့်(၅)လက်မ)၊ တစ်ကိုယ်လုံးမီးလောင်နေသည့် အနေအထားဖြင့် အကွာအဝေးမီတာ(၂၀၀)ကို အမြန်ဆုံးစက်ဘီးနင်းပြမှု(အချိန်(၄၉ဒသမ၅၅)စက္ကန့်)နှင့် တစ်ကိုယ်လုံး မီးလောင်နေသည့်အနေအထားဖြင့် အကွာအဝေး(၂၀၁ ဒသမ ၆) ပေအထိ ရောက်အောင် zip line စီးပြမှု ဂင်းနစ်စံချိန်များကို ကိုင်ဆောင်ထားသူတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version:
မီးေလာင္ေနသည့္အေနအထားျဖင့္ ကားကို အကြာအေဝး(၃၂၈)ေပအထိေရာက္ေအာင္ဆြဲျပခဲ့ၿပီးေနာက္ ဂင္းနစ္ စံခ်ိန္ ရရွိခဲ့သည့္ ဩစေၾတးလ်အမ်ိဳးသား
Pika (NP News) - စက္တင္ဘာ ၂၅
ဩစေၾတးလ်ႏိုင္ငံမွအမ်ိဳးသားတစ္ဦးသည္ တစ္ကိုယ္လုံးမီးေလာင္ေနသည့္အေနအထားျဖင့္ ကားတစ္စီးကို အခ်ိန္ (၅၆ ဒသမ ၄၂) စကၠန႔္အတြင္း အကြာအေဝး(၃၂၈)ေပအထိေရာက္ေအာင္ဆြဲျပခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ ရရွိခဲ့ေၾကာင္းသိရသည္။ Josef Tödtling ဆိုသည့္အမ်ိဳးသားသည္ တစ္ကိုယ္လုံးမီးေလာင္ကြၽမ္းေနသည့္ အေနအထားျဖင့္ ကားတစ္စီးကို အကြာအေဝးမီတာ(၁၀၀)အထိေရာက္ေအာင္ အျမန္ဆုံးဆြဲျပႏိုင္မႈအတြက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ရရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ဆိုရွယ္မီဒီယာေပၚတြင္တင္ထားသည့္ ဗီဒီယိုဖိုင္တစ္ခုတြင္ Josef Tödtling က ကားတစ္စီးကို ဆြဲေနစဥ္အခ်ိန္အတြင္း ၎၏အဖြဲ႕ဝင္တစ္ဦးက မီးၿငိမ္းသတ္မႈမ်ား လုပ္ေဆာင္ရန္အတြက္ မီးသတ္ေဆးဘူးကိုကိုင္ေဆာင္ကာ အသင့္အေနအထားျဖင့္ ေစာင့္ေနသည္ကိုလည္း ေတြ႕ျမင္ခဲ့ရသည္။ အဆိုပါဂင္းနစ္စံခ်ိန္အတြက္ႀကိဳးပမ္းမႈအၿပီးတြင္ Josef Tödtling ၏ အဖြဲ႕ဝင္မ်ားသည္ ၎၏ခႏၶာကိုယ္ကို မီးေလာင္ကြၽမ္းျခင္းမ်ိဳးမရွိေစရန္အတြက္ မီးသတ္ေဆးဘူး(၃)ဘူးကို အသုံးျပဳကာ မီးၿငိမ္းသတ္ မႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။ Josef Tödtling သည္ ေအာက္ဆီဂ်င္မရွိဘဲ ခႏၶာကိုယ္တစ္ခုလုံးကို အခ်ိန္အၾကာဆုံးမီးရႈိ႕ျပမႈ(အခ်ိန္(၅)မိနစ္ႏွင့္(၄၁)စကၠန႔္)၊တစ္ကိုယ္လုံးမီးေလာင္ေနသည့္အေနအထားျဖင့္ ကားတစ္စီးကို အကြာအေဝး အေဝးဆုံးအထိဆြဲျပႏိုင္မႈ(၁၉၀၉)ေပႏွင့္(၅)လက္မ)၊ တစ္ကိုယ္လုံးမီးေလာင္ေနသည့္ အေနအထားျဖင့္ အကြာအေဝးမီတာ(၂၀၀)ကို အျမန္ဆုံးစက္ဘီးနင္းျပမႈ(အခ်ိန္(၄၉ဒသမ၅၅)စကၠန႔္)ႏွင့္ တစ္ကိုယ္လုံး မီးေလာင္ေနသည့္အေနအထားျဖင့္ အကြာအေဝး(၂၀၁ ဒသမ ၆) ေပအထိ ေရာက္ေအာင္ zip line စီးျပမႈ ဂင္းနစ္စံခ်ိန္မ်ားကို ကိုင္ေဆာင္ထားသူတစ္ဦးျဖစ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.