ဂျပန်နိုင်ငံက ပန်ဒါလေး ရှောင်းရှောင်းကို သူမရဲ့မိခင်နိုင်ငံဖြစ်တဲ့ တရုတ်သို့ ပြန်ပို့

 916

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၂၁

ဖေဖော်ဝါရီ ၂၁ ရက်၊ အင်္ဂါနေ့က ဂျပန်နိုင်ငံမှ ပန်ဒါမလေး ရှောင်းရှောင်းဟာ မိခင်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကို ပြန်ဖို့အတွက် သူမမွေးဖွားကြီးပြင်းခဲ့တဲ့ တိုကျိုတိရစ္ဆာန်ရုံကို နှုတ်ဆက်ပြီး တရုတ်နိုင်ငံကို ခရီးထွက်လာခဲ့ပါ တယ်။

ရှောင်းရှောင်းရဲ့မိခင်ဟာ တရုတ်နိုင်ငံမှ ပေးအပ်တဲ့ လက်ဆောင်အဖြစ် ဂျပန်နိုင်ငံကို ရောက်ရှိလာခဲ့ပြီးနောက် လွန်ခဲ့တဲ့ ၆ နှစ်နီးပါးက ရှောင်းရှောင်းကို မွေးဖွားခဲ့တာဖြစ်ပါတယ်။ တိုကျိုမြို့ အူနို တိရစ္ဆာန်ရုံမှာ သူမမွေးဖွားခဲ့ တာဖြစ်ပြီး မွေးကတည်းက လူကြိုက်များတဲ့ ဆွဲဆောင်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ ရှောင်းရှောင်းဟာ တရုတ်နိုင်ငံရဲ့ လက်ဆောင်ပေးအပ်တဲ့ ပန်ဒါမိခင်မှ ဂျပန်နိုင်ငံမှာ မွေးဖွားခဲ့တာဖြစ်ပေမယ့် ယင်းလက်ဆောင်မှ ရရှိတဲ့ သားတိရစ္ဆာန်တွေကို တရုတ်နိုင်ငံကသာ ပိုင်ဆိုင်တာဖြစ်တာကြောင့် ယခုလို ပြန်ပို့ပေးရခြင်း ဖြစ်တယ်လို့ သိရပါ တယ်။

ရှောင်းရှောင်းကို မူလက ၂ဝ၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလမှာ တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်မယ်လို့ လျာထားပေမယ့် လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် နှောင့်နှေးခဲ့ရပါတယ်။ ရှောင်းရှောင်းဟာ အူနိုတိရစ္ဆာန်ရုံမှာ ပထမဆုံး သဘာဝအတိုင်း ပဋိသန္ဓေယူကာ မွေးဖွေးခဲ့တဲ့ ပန်ဒါဝက်ဝံလေးဖြစ်ပြီး နှစ်အတော်ကြာ သူမရဲ့ကျော်ကြားမှုကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ သူမရဲ့ မွေးချင်း ပန်တာတစ်ကောင်ကတော့ မွေးဖွားပြီး မကြာမီမှာ သေဆုံးသွားခဲ့ပါတယ်။

အင်္ဂါနေ့ မနက်အစောပိုင်းက ရှောင်းရှောင်းရဲ့ခရီးစဉ်ကို လူပေါင်း ၆ဝဝဝဝ ခန့်က လာရောက်ကြည့်ရှု နှုတ်ဆက်ကြပြီး အများပြည်သူပိုင်ရုပ်သံလိုင်း NHK က ရှောင်းရှောင်းရဲ့လေဆိပ်မှ ထွက်ခွာမှုကို တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။

Zawgyi Version;
ဂ်ပန္ႏိုင္ငံက ပန္ဒါေလး ေရွာင္းေရွာင္းကို သူမရဲ႕မိခင္ႏိုင္ငံျဖစ္တဲ့ တ႐ုတ္သို႔ ျပန္ပို႔
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၂၁

ေဖေဖာ္ဝါရီ ၂၁ ရက္၊ အဂၤါေန႔က ဂ်ပန္ႏိုင္ငံမွ ပန္ဒါမေလး ေရွာင္းေရွာင္းဟာ မိခင္ႏိုင္ငံျဖစ္တဲ့ တ႐ုတ္ႏိုင္ငံကို ျပန္ဖို႔အတြက္ သူမေမြးဖြားႀကီးျပင္းခဲ့တဲ့ တိုက်ိဳတိရစာၦန္႐ုံကို ႏႈတ္ဆက္ၿပီး တ႐ုတ္ႏိုင္ငံကို ခရီးထြက္လာခဲ့ပါ တယ္။

ေရွာင္းေရွာင္းရဲ႕မိခင္ဟာ တ႐ုတ္ႏိုင္ငံမွ ေပးအပ္တဲ့ လက္ေဆာင္အျဖစ္ ဂ်ပန္ႏိုင္ငံကို ေရာက္ရွိလာခဲ့ၿပီးေနာက္ လြန္ခဲ့တဲ့ ၆ ႏွစ္နီးပါးက ေရွာင္းေရွာင္းကို ေမြးဖြားခဲ့တာျဖစ္ပါတယ္။ တိုက်ိဳၿမိဳ႕ အူႏို တိရစာၦန္႐ုံမွာ သူမေမြးဖြားခဲ့ တာျဖစ္ၿပီး ေမြးကတည္းက လူႀကိဳက္မ်ားတဲ့ ဆြဲေဆာင္မႈတစ္ခုျဖစ္ခဲ့ပါတယ္။ ေရွာင္းေရွာင္းဟာ တ႐ုတ္ႏိုင္ငံရဲ႕ လက္ေဆာင္ေပးအပ္တဲ့ ပန္ဒါမိခင္မွ ဂ်ပန္ႏိုင္ငံမွာ ေမြးဖြားခဲ့တာျဖစ္ေပမယ့္ ယင္းလက္ေဆာင္မွ ရရွိတဲ့ သားတိရစာၦန္ေတြကို တ႐ုတ္ႏိုင္ငံကသာ ပိုင္ဆိုင္တာျဖစ္တာေၾကာင့္ ယခုလို ျပန္ပို႔ေပးရျခင္း ျဖစ္တယ္လို႔ သိရပါ တယ္။

ေရွာင္းေရွာင္းကို မူလက ၂ဝ၂ဝ ျပည့္ႏွစ္၊ ဒီဇင္ဘာလမွာ တ႐ုတ္ႏိုင္ငံသို႔ ျပန္လည္ပို႔ေဆာင္မယ္လို႔ လ်ာထားေပမယ့္ လည္း ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈေၾကာင့္ ေႏွာင့္ေႏွးခဲ့ရပါတယ္။ ေရွာင္းေရွာင္းဟာ အူႏိုတိရစာၦန္႐ုံမွာ ပထမဆုံး သဘာဝအတိုင္း ပဋိသေႏၶယူကာ ေမြးေဖြးခဲ့တဲ့ ပန္ဒါဝက္ဝံေလးျဖစ္ၿပီး ႏွစ္အေတာ္ၾကာ သူမရဲ႕ေက်ာ္ၾကားမႈကို ထိန္းသိမ္းႏိုင္ခဲ့ပါတယ္။ သူမရဲ႕ ေမြးခ်င္း ပန္တာတစ္ေကာင္ကေတာ့ ေမြးဖြားၿပီး မၾကာမီမွာ ေသဆုံးသြားခဲ့ပါတယ္။

အဂၤါေန႔ မနက္အေစာပိုင္းက ေရွာင္းေရွာင္းရဲ႕ခရီးစဥ္ကို လူေပါင္း ၆ဝဝဝဝ ခန႔္က လာေရာက္ၾကည့္ရႈ ႏႈတ္ဆက္ၾကၿပီး အမ်ားျပည္သူပိုင္႐ုပ္သံလိုင္း NHK က ေရွာင္းေရွာင္းရဲ႕ေလဆိပ္မွ ထြက္ခြာမႈကို တိုက္႐ိုက္ထုတ္လႊင့္ခဲ့ပါတယ္။

Related news

© 2021. All rights reserved.